ပြည်ပနိုင်ငံများသို့ ပြောင်းတင်ပို့မှု၏ ၇၀ ရာခိုင်နှုန်းကျော်သည် နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် တင်ပို့နေခြင်းဖြစ်ပြီး အဓိကအားဖြင့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး စခန်းများမှ တင်ပို့နေခြင်းဖြစ်သည်။ ယခုနှစ်တွင် နယ်စပ်ကုန်သွယ်ရေးစခန်းအပြင် ပင်လယ်ရေကြောင်းမှ တင်ပို့မှုဘက်သို့ ပြောင်းလဲလာနိုင်ခြေရှိနေရာ မည်သို့အကျိုးသက်ရောက်မှု ရှိနိုင်ပါသလဲ။ ပို့ကုန်ရငွေ ဒုတိယ အများဆုံးရရှိနေသည့် ပြည်တွင်းစိုက်ပျိုးရေးသီးနှံဖြစ်သည့် မြန်မာ့ပြောင်းအား အာဆီယံဒေသတွင်း နိုင်ငံအပြင် အာရှဒေသနိုင်ငံများမှ ဝယ်လိုအားအခြေ အနေ မည်သို့ရှိနေပါသလဲဆိုခြင်းအား မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း အထွေထွေအတွင်းရေးမှူး ဒေါက်တာဖြိုးကိုကိုနိုင်နှင့်တွေ့ဆုံခိုက် မေးမြန်းထားသည်များကို ဖော်ပြလိုက်ရပါသည်။
အာဆီယံနိုင်ငံတွေဆီ မြန်မာ့ပြောင်းတင်ပို့မှု အခြေအနေ ပြောပြပေးပါဦး။
ထိုင်းနိုင်ငံရဲ့ ဝယ်လိုအားက မက်ထရစ်တန် ရှစ်သန်းရှိတယ်။ ထိုင်းရဲ့ ပြောင်းထုတ်လုပ်မှုက ငါးသန်းရှိတယ်။ အဲတော့ မဖြစ်မနေ သုံးသန်း သွင်းရတယ်။ အဲသုံးသန်းသွင်းဖို့ဟာကလည်း မြန်မာနိုင်ငံက အနီးကပ်ဆုံးဖြစ်နေတယ်။ပြောင်းပို့တဲ့နိုင်ငံဖြစ်တဲ့ လာအိုနဲ့ကမ္ဘောဒီးယား ဆိုတာ ပြောင်းပို့တဲ့တန်ချိန် သိန်းဂဏန်းတောင် မပိုဘူး။ မပိုတဲ့အတွက် သူတို့လိုအပ်ချက် သန်း ဂဏန်းကို မဖြည့်နိုင်ဘူး။ သန်းဂဏန်းရောင်းနိုင် တာ အာဆီယံမှာ မြန်မာပဲရှိတယ်။ ဒါတောင် ကျွန်တော်တို့က သုံးသန်းပဲထွက်တဲ့နိုင်ငံ ဖြစ် နေလို့။ ထိုင်းဆိုရင် ထုတ်လုပ်မှုက ငါးသန်းထွက် တာ။ သူတို့က ဖွံ့ဖြိုးတော့ ဝယ်လိုအားက အရမ်း လိုတယ်။ သူတို့က အီသနောလည်း ချက်တယ်။ပြောင်းမှုန့်လည်း ထုတ်တယ်။ ကျွန်တော်တို့ဆီ မှာက တိရစ္ဆာန်အစာလောက်ပဲလုပ်တယ်။ ဆို တော့ ထိုင်းက ဝယ်လိုအားက မြင့်တာပေါ့။
မြန်မာ့ပြောင်းကို နယ်စပ်ကုန်သွယ်ရေးအပြင် ပင်လယ်ရေကြောင်းကနေ ပြောင်းလဲတင်ပို့မှု အလေးထားနေတယ်လို့ သိရပါတယ်။ ဘာကြောင့်ပါလဲ။
မနှစ်ကလည်း အခက်အခဲ အများကြီးဖြစ်ပါ တယ်။ မြန်မာ့ပြောင်းတင်ပို့မှုနှစ်သန်းမှာ နယ်စပ် ကုန်သွယ်ရေးကနေ ရှစ်ဆယ်ရာခိုင်နှုန်း သွား တယ်။ ကျန်တဲ့ နှစ်ဆယ်ရာခိုင်နှုန်းက ပင်လယ် ရေကြောင်းကသွားတယ်။ ဒါပေမဲ့ နိုင်ငံတော် ကကျတော့ ပင်လယ်ရေကြောင်းကနေ တင်ပို့မှု ကို ပိုအားပေးတယ်။ ပြောင်းကုန်သည်တွေတော် တော်များများ နယ်စပ်ကနေသွားတာအကြောင်း ပြချက်ရှိတယ်။ ငွေအရမ်းမြန်ပြီး ချက်ချင်းရ တယ်။ ထိုင်းကဖြစ်ဖြစ်၊တရုတ်ကဖြစ်ဖြစ် ပြောင်း တင်ပေးလိုက်တယ်ဆိုရင် တံတားမကျော်ခင်မှာ တင် ပိုက်ဆံထည့်ပေးလိုက်တာဖြစ်တော့ ချက် ချင်းရတယ်။ အပြင်မှာလည်း ဟွန်ဒီစနစ်နဲ့ ထည့် လိုက်တယ်။ လုပ်ထုံးလုပ်နည်းအမှန်ကို ဗဟိုဘဏ်ကို ပြန်ထည့်တဲ့စနစ် သုံးတာပေါ့။ အဲလို လုပ်တဲ့အတွက် ပိုက်ဆံရတာက အရမ်းမြန် တယ်။ ပင်လယ်ရေကြောင်းက ရောင်းတယ်ဆိုရင် အနည်းဆုံး ပိုက်ဆံက နှစ်ပတ် သုံးပတ် စောင့်ရ တယ်။ ပစ္စည်းကအရင်ပေးလိုက်ရတယ်။ ဟိုဘက် ရောက်မှပိုက်ဆံချေတာဖြစ်တဲ့အတွက် ပင်လယ် ရေကြောင်းကဆိုရင် ကိုယ့်ငွေက တစ်လမှ တစ်ကြိမ်လောက်ပဲ လှည့်လို့ရတယ်။ နယ်စပ်ကဆို တစ်လမှာ လေးကျော့လောက် လှည့်လို့ရတယ်။လှည့်လို့ရတဲ့အတွက် ကုန်သည်အကုန်လုံးက နယ်စပ်ကုန်သွယ်ရေးကို အားထားတယ်။ နယ်စပ်ကုန်သွယ်ရေးမှာလည်း လုပ်ထုံးလုပ်နည်းက တရားဝင် ငွေစီးဆင်းမှုလမ်းကြောင်းထက်စာရင် ဟွန်ဒီကို အားပြုတာများတယ်။ ကျွန် တော်တို့ကတော့ နယ်စပ်ကုန်သွယ်ရေးကိုလုပ် တယ်။ ကိုယ်နဲ့လုပ်တဲ့ Buyer တွေကိုလည်း ဗဟို ဘဏ်ထဲကို သွင်းလို့ရမယ့် နည်းလမ်းပေါ့။ အဲဒါ ကို အားပေးပါတယ်။ နောက်တစ်ခုက နယ်စပ် ဒေသ ပြဿနာက မှောင်ခိုထွက်တာများတယ်။အဲဘက်ကို ပြောင်းက ရောက်လာပြီးပြီဆိုရင် တရားဝင်တံတားပေါ်က မထွက်ဘဲနဲ့ နည်းလမ်း ပေါင်းစုံက ထွက်တာများတယ်။ ဆိုတော့ လူကြီး တော်တော်များများက နယ်စပ်ဒေသကုန်သွယ် ရေးကို ၅၀ ရာခိုင်နှုန်းလောက်ပဲလုပ်ပြီး ပင်လယ် ရေကြောင်းကနေ ၅၀ ရာခိုင်နှုန်း ထွက်စေချင် တာပေါ့။ ဥပမာ နယ်စပ်ကနေ ရောင်းမယ်ဆို ပို့ကုန်ငွေ တစ်ရာ ရာခိုင်နှုန်းကို ကြိုသွင်းရတယ်။ထိုင်းက ပိုက်ဆံမပေးသေးဘူး။ သွင်းမှ လိုင်စင် ချပေးတာ။ လိုင်စင်နဲ့မှ မျှောစာထုတ်ပေးတယ်။မျှောစာနဲ့မှ မြဝတီသွားခွင့်ရှိတယ်။ ချင်းရွှေဟော် သွားခွင့်ရှိတယ်။ မြဝတီသွားမယ့် မျှောစာဆို ဘုရားကြီးမှာ ထုတ်ရတယ်။ ချင်းရွှေဟော်သွား မယ့်မျှောစာဆို လားရှိုးမှာထုတ်ရတယ်။ ပင်လယ် ရေကြောင်းက သွားမယ်ဆို ပိုက်ဆံကြိုထည့်စရာ မလိုဘူး။ ပစ္စည်းထွက်လာရင် သုံးလအတွင်း ထည့်ရင်ထည့် ၄၅ ရက်အတွင်း ထည့်ရင်ထည့် အဲလိုဖွင့်ပေးထားတယ်။ နယ်စပ်ကကျတော့ အဲလိုမဟုတ်ဘူး။အရင်ကို ထည့်ရတာဖြစ်တယ်။ နယ်စပ် (Border Trade) ကနေ ရောင်းတဲ့အတွက် စိန်ခေါ်မှုက ဘာလဲဆိုတော့ ပိုက်ဆံနှစ်ရင်းကုန် တယ်။ ပြောင်းက သိန်းတစ်သောင်းရင်းထားရ တယ်ဆိုရင် ဗဟိုဘဏ်ကို သိန်းတစ်သောင်း ကြို ထည့်ရတယ်။ ထည့်ပြီးမှ ဗဟိုဘဏ်ထွက်တာကို ၆၅ ရာခိုင်နှုန်းပေးပြီး ကျန်တာယူပြီးမှ ဒီသိန်း တစ်သောင်းကို ပို့ခွင့်ရတာ။ အဲဒီတော့ ပင်လယ် ရေကြောင်းကပို့မယ်ဆို အားသာချက်က ဘယ် လိုပေးထားလဲဆိုတော့ ပိုက်ဆံကြိုမသွင်းနဲ့၊ အရင်ထွက်သွားလိုက်။ ထွက်ပြီး ၄၅ ရက်နေမှ ဝင်သွားတဲ့ ပိုက်ဆံပြန်သွင်းရပြီဆိုတဲ့ မူဝါဒရှိ တယ်။ ထိုင်းနယ်စပ်ကုန်သွယ်ရေးမှာလည်း ပင်လယ်ရေကြောင်းထက်စာရင် နယ်စပ်ကုန် သွယ်ရေး အားသာနေတဲ့အချက်တွေက ထိုင်း နယ်စပ်မှာရှိတယ်။ လက်ရှိကတော့ နှစ်ဖက်ချိန် ရတာပေါ့ ။ နယ်စပ်မှာ ဈေးပိုကောင်းတယ်ဆို နယ်စပ်ကိုသွားတာပေါ့။
ပြီးခဲ့တဲ့နှစ်နဲ့ ယခုနှစ် ပြောင်းဈေး အခြေအနေ လေး နှိုင်းယှဉ်သုံးသပ်ပေးပါဦး။
ပြီးခဲ့တဲ့နှစ် ဧပြီမှာ ဒေါ်လာရည်ညွှန်းနှုန်းကို တစ်ဒေါ်လာ ၁၈၅၀ ကျပ်နဲ့ဖြတ်တော့ အဲအချိန် မှာ ပြောင်းဈေးတက်နေတဲ့အချိန်မှာ ပြောင်း ဈေးပြုတ်ကျသွားတယ်။ ဇွန်မှာ ဈေးပြန်တက် လာတဲ့အချိန်မှာ နယ်စပ်ကနေ တင်ပို့တာကို ခေတ္တရပ်ဆိုင်းလိုက်တယ်။ လာမယ့် လိုင်စင် အသစ်မှာ တစ်ရာ ရာခိုင်နှုန်း ပိုက်ဆံကြိုဝင်မှပဲ ပေးပို့မယ်ဆိုတော့ ပြောင်းကုန်သည် ၁၀ ဦးမှာ ကိုးဦး မလုပ်နိုင်တော့ဘူး။ ပိုက်ဆံနှစ်ရင်းမရှိ လို့။ နှစ်ရင်းရှိရင်တောင်မှ နိုင်ငံခြားကနေ ကြို ထည့်နိုင်တဲ့ Facilities မရှိဘူး။ လေးငါး ဆယ်ဦး လောက်ပဲ လုပ်နိုင်တော့တယ်။ကုမ္ပဏီကြီးတွေ လောက်လုပ်နိုင်တယ်။ ဇွန်၊ ဇူလိုင်၊ သြဂုတ်မှာ မူဝါဒအားဖြင့် ထိန်းချုပ်တော့ ပြောင်းဈေးက ကျပ် ၁၂၀ဝ လောက်ကပဲ ထိန်းသွားတယ်။အဲအချိန်မှာ ပြောင်းဈေးက ပြီးခဲ့တဲ့နှစ်ကပဲ ကျပ် ၁၅၀ဝ ကျော်သင့်တာပေါ့။ အဲတော့ ကျွန်တော် တို့လည်း အခက်အခဲဖြစ်တာပေါ့။ တကယ်က ပြည်တွင်းမှာ လက်ကျန်အများကြီး ကျန်သေး တယ်။ တန်ချိန် တစ်သန်းလောက် ကျန်သေး တယ်။ အဲအချိန်မှာ တန်ချိန် တစ်သန်းပိုနေတဲ့ အတွက် ပြန်ဖွင့်ပေးပါလို့ စာတင်တော့ ဇူလိုင် လောက်မှာ ပြန်ဖွင့်ပေးတယ်။ အဲတော့မှ ပြောင်း တန်ချိန် တစ်သန်းထွက်သွားတာ။ ဇူလိုင်မှာ ပြန် ဖွင့်သေးသော်လည်း ပရောဆက်က ရှုပ်နေတော့ သြဂုတ်လမှ ပို့နိုင်တယ်။ ပို့နိုင်တဲ့အချိန် သြဂုတ် ၃၁ ရက်မှာ ထိုင်းက အကောက်ခွန်ကိစ္စပိတ်သွား တော့ မနှစ်ကတော့ ကွက်တိဖြစ်သွားတာပေါ့။
တိဗ္ဗ