အကျဉ်းချုပ်
၂၀၂၃ ခုနှစ်တွင် အာဆီယံကုန်သွယ်မှု၌ အဓိကကျသော ပုံစံ သုံးရပ် ဖြစ်ပေါ်ခဲ့သည်။ ပထမအချက်မှာ ဒေသတွင်း အရောင်း အဝယ်နည်းပါးခြင်းနှင့် ပြင်ပမိတ်ဖက်များ အထူးသဖြင့် တရုတ်နိုင်ငံ အပေါ် ပိုမိုမှီခိုရခြင်းဖြစ်သည်။ ဒုတိယပုံစံမှာ ခေါက်ဆွဲ ပန်းကန်လုံး ဖြစ်စဉ်Spaghetti Bowl Phenomenon) ) ဆက်တိုက် ဖြစ်ပေါ်ခြင်း ဖြစ်သည်။ ခေါက်ဆွဲပန်းကန်လုံး ဖြစ်စဉ်ဆိုသည်မှာ လွန်ခဲ့သော ဆယ်စုနှစ်သုံးခုအတွင်း လက်မှတ်ရေးထိုးခဲ့သည့် ဒေသတွင်း ကုန် သွယ်ရေး သဘောတူညီချက်များ Regional Trade Agreements - RTAsကြောင့် ဖြစ်ပေါ်လာသော ကုန်သွယ်ရေး ဆိုးကျိုးသက်ရောက် မှုများဖြစ်သည်။ တတိယအချက်မှာ ကိုယ်ကျိုးစီးပွား ကာကွယ်သည့် ကုန်သွယ်မှုဝါဒ ((Protectionism) နှင့် နိုင်ငံ၏ သဘာဝအရင်းအမြစ် ထိန်းချုပ်သော အမျိုးသားရေးဝါဒ Resource Nationalism ပိုမို ကျင့်သုံးခြင်းဖြစ်သည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် လျင်မြန်စွာတိုးတက်ပြောင်း လဲနေသော ကမ္ဘာ့ဈေးကွက်နှင့် လိုက်လျောညီထွေဖြစ်စေရန် လိုက်ပါပြောင်းလဲလျက်ရှိသည်။ ထို့အတွက် ကိုယ်ကျိုးစီးပွား ကာ ကွယ်သည့် ကုန်သွယ်ရေးမဟာဗျူဟာများ(Protectionist Strategies) ကို နောက်ထပ်ဖြေလျှော့မှုများဖြင့် ဟန်ချက်ညီစေရန် လုပ်ဆောင် လျက်ရှိသည်။ သို့သော်လည်း အဆိုပါကုန်သွယ်မှု အလားအလာများ သည် ၂၀၂၄ ခုနှစ်ထိ သို့မဟုတ် ထို့ထက်ပို၍ ဆက်လက်တည်ရှိ နေမည်ဟု မျှော်လင့်ရသည်။
စီးပွားရေး ဗဟိုချက်
အာဆီယံသည် ကမ္ဘာ့စီးပွားရေး၌ အောင်မြင်သော ဒေသ World’s economic dark horse ဖြစ်သည်။ အာဆီယံသည် ကမ္ဘာ့ စီးပွားရေးတိုးတက်မှု ဗဟိုချက် Global centre of growth ဖြစ်လာ ရန် လမ်းစပေါ်နေပြီဖြစ်သည်။ ယေဘုယျအားဖြင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများသည် ကုန်သွယ်မှုအပေါ် မှီခိုနေရသောကြောင့် ၂၀၂၃ ခုနှစ်တွင် ၎င်း၏ကုန်သွယ်မှု မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာသည်ကို လေ့လာသုံးသပ်သင့်သည်။ ဒေသတွင်းကုန်သွယ်မှု (ှုIntra-regional trade)) မြှင့်တင်ရန် အဖွဲ့ဝင်နိုင်ငံများ ကြိုးပမ်းသော်လည်း ၂၀၂၃ ခုနှစ် အာဆီယံ ကုန်သွယ်မှုအများစုသည် ဒေသပြင်ပနိုင်ငံများ (Extra-regional countries) ) နှင့် ချိတ်ဆက်ခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် ၂၂ ဒသမ ၅ ရာခိုင်နှုန်းရှိခဲ့သော အဖွဲ့ဝင်နိုင်ငံအချင်းချင်း၏ စုစု ပေါင်း ကုန်သွယ်မှု Intra-ASEAN trade) သည် ၂၀၂၃ ခုနှစ်တွင် ၂၁ ဒသမ ၈ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့သည်။
အဖွဲ့ဝင်နိုင်ငံများ၏ ကြိုးပမ်းမှုနှင့်အတူ လုပ်ငန်းများသည် ထုတ်လုပ်မှုနေရာ ပြောင်းရွှေ့ပြီး အရှေ့တောင်အာရှသို့ ထောက်ပံ့ ရေးကွင်းဆက်များ ပြောင်းရွှေ့လျက်ရှိသည်။ ဤပြောင်းလဲမှုက အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အကျိုးပြုနိုင်သည်။ အာဆီယံနိုင်ငံများသည် ကုန်သွယ်ဖက်နိုင်ငံ ပိုမိုများပြားလာစေရန် ကြိုးပမ်းနေသော်လည်း ၎င်းတို့၏ကုန်သွယ်မှုသည် တရုတ်နိုင်ငံ အပေါ် ပိုမိုအားထားလျက်ရှိသည်။ တရုတ်နှင့် အာဆီယံကြား ကုန် သွယ်မှုသည် လာမည့်ဆယ်စုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၆၁၆ ဘီလီယံအထိ တိုးတက်လာနိုင်သည်။ ဤကုန်သွယ်မှုပမာဏသည် ကမ္ဘာ့အကြီးဆုံး တိုးတက်မှုဖြစ်လာပါမည်။
အရေးပါသော နိုင်ငံနှင့် ဒေသ
တရုတ်နိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် ကမ္ဘောဒီးယား၊ မြန်မာ၊ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်တို့၏ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံအဖြစ် ဆက်လက်တည်ရှိခဲ့သည်။ ဘရူနိုင်း၊ လာအို၊ ထိုင်းနှင့် ဖိလစ်ပိုင်တို့အတွက် တရုတ်နိုင်ငံ၏ အရေးပါမှု တဖြည်းဖြည်း တိုးလာသည်။ ဥပမာအားဖြင့် တရုတ်သည် ဖိလစ်ပိုင် ၏ တစ်နှစ်တာ ကုန်ပစ္စည်းအများဆုံး တင်သွင်းသည့်နိုင်ငံ Largest supplier of imported goods) ဖြစ် ပေါ်ထွက်လာရုံသာမက လစဉ် လတိုင်း သွင်းကုန်တန်ဖိုး အများဆုံးနိုင်ငံလည်းဖြစ်သည်။
ဤကဲ့သို့ တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုတိုးလာခြင်းသည် တရုတ်နှင့် အနောက်အုပ်စု (အထူးသဖြင့် အမေရိကန်ပြည်ထောင်စု) တို့ကြား ပထဝီဝင်နိုင်ငံရေးတင်းမာမှု ဆက်လက်ဖြစ်ပွားနေခြင်း ကြောင့်ဖြစ်သည်။ တရုတ်နိုင်ငံသည် နည်းပညာနှင့် စက်မှု အဆင့် မြှင့်တင်ရေးအတွက် လည်းကောင်း၊ ယင်း၏ကိုယ်ပိုင် ဖူလုံရေးမဟာ ဗျူဟာ Self-sufficiency strategy)) အတွက်လည်းကောင်း အာဆီယံ နိုင်ငံများထံမှ ကုန်ကြမ်း ပိုမိုဝယ်ယူတင်သွင်းရန် လိုအပ်သည်။ တစ် ဖက်တွင် အရှေ့တောင်အာရှသည် အနောက်နိုင်ငံများနှင့် တရုတ် နိုင်ငံကို ဆက်သွယ်ပေးသည့် အရေးပါသော ကုန်သွယ်ရေးစင်္ကြံတစ်ခု အဖြစ် တည်ရှိနေသည်။
အာဆီယံသည် အာရှတိုက်၌ တတိယစီးပွားရေးအင်အားအကြီး ဆုံးဖြစ်ပြီး ပဉ္စမမြောက် ကမ္ဘာ့စီးပွားရေးအင်အား အကြီးမားဆုံးဒေသ ဖြစ်သည်။ ထို့ပြင် အရွယ်အစား အကြီးမားဆုံး ထွန်းသစ်စ ဈေးကွက် များ၌ပါဝင်သော အာဆီယံဈေးကွက်သည် စားသုံးမှု အလားအလာ ကောင်းများစွာ ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် အာဆီယံသည် ပြည်တွင်းဝယ်လိုအား ကျဆင်းခြင်းနှင့် ထုတ်လုပ်မှု လွန်ကဲခြင်းတို့ ကြောင့် ပြဿနာများ ရင်ဆိုင်ဖြေရှင်းနေရသည့် တရုတ်နိုင်ငံအတွက် အရေးပါသော ဒေသဖြစ်လာသည်။
အရှိန်ကောင်းဆဲ ကုန်သွယ်ရေး စာချုပ်များ
ခေါက်ဆွဲပန်းကန်လုံးဖြစ်စဉ် (Spaghetti Bowl Phenomenon) ) ဟူသော ကုန်သွယ်ရေး သဘောတူညီချက်များ အရှိန်ကောင်းနေဆဲ ဖြစ်သည်။ အာဆီယံသည် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု Regional Comprehensive Economic Partnership) နှင့် အာဆီယံ-သြစတြေးလျ-နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှု နယ်မြေ (ASEAN–Australia–New Zealand Free Trade Area)) တို့ကို လက်မှတ်ရေးထိုးခဲ့သည်။ ထို့ပြင် အာဆီယံသည် လွတ်လပ် သော ကုန်သွယ်မှု အဆင့်မြှင့်တင်ရန်အတွက် တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် (China–ASEAN Free Trade Agreement 3.0) ချုပ်ဆိုရန် တရုတ်နိုင်ငံနှင့် ဆွေးနွေး လျက်ရှိသည်။
အာဆီယံ အဖွဲ့ဝင်နိုင်ငံများသည် ၂၀၂၃ ခုနှစ်တွင် နောက်ထပ်Free Trade Agreement (FTA)) များ ချုပ်ဆိုခဲ့ကြသည်။ ဥပမာအားဖြင့် ဗီယက်နမ်သည် ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် အစ္စရေးနိုင်ငံနှင့် FTA လက်မှတ်ရေးထိုးခဲ့ပြီး တူရကီနိုင်ငံနှင့် ကုန်သွယ်မှုသဘောတူညီချက် ရယူရန် နိုဝင်ဘာလတွင် ကြေညာခဲ့သည်။ ထိုင်းနှင့် ဥရောပသမဂ္ဂ တို့သည် ၂၀၂၃ ခုနှစ် မတ်လတွင် ၎င်းတို့၏ FTA ညှိနှိုင်းမှု ပြန်လည် စတင်ခဲ့သည်။ အင်ဒိုနီးရှားသည် ယူရေးရှင်း စီးပွားရေးသမဂ္ဂ (Eurasian Economic Union) နှင့် သဘောတူစာချုပ် ချုပ်ဆိုရန် ၂၀၂၃ ခုနှစ် ဧပြီလမှ စတင်ညှိနှိုင်းခဲ့သည်။ ကုန်သွယ်မှု သဘောတူ စာချုပ်များ တိုးချဲ့ချုပ်ဆိုခြင်းသည် လက်ရှိ ကုန်သွယ်မှုသဘောတူ စာချုပ် အသုံးချမှုနည်းပါးခြင်း သို့မဟုတ် FTAဗ များ၏ သက်ရောက်မှု သည် စီးပွားရေးနယ်ပယ်ထက် ကျော်လွန်နေခြင်းကြောင့် ဖြစ်နိုင် သည်။
ပေါ်လစီ ဝိရောဓိ
အရှေ့တောင်အာရှနိုင်ငံများသည် ကိုယ်ကျိုးစီးပွား ကာကွယ် သည့် ကုန်သွယ်မှုဝါဒ ပိုမိုကျင့်သုံးခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွား ရေးပေါင်းစည်းမှု အားနည်းခြင်း Deglobalisation တို့အတွက် စိုးရိမ်ပူပန်နေကြသည်။ သဘာဝအရင်းအမြစ် ထိန်းချုပ်သော အမျိုး သားရေးဝါဒ ကျင့်သုံးမှု ပိုမိုမြင့်တက်လာသည်။ အင်ဒိုနီးရှားသည် မသန့်စင်ရသေးသော နီကယ် Unprocessed Nickel)) နှင့် ဘောက် ဆိုဒ်သတ္တု Bauxite) တင်ပို့ခြင်းကို ၂၀၂၃ ခုနှစ် ဇွန်လတွင် ဆက် လက်ပိတ်ပင်ခဲ့သည်။ မလေးရှားနိုင်ငံသည် မြေရှားသတ္တုရိုင်း Raw rare earth materials) ) တင်ပို့ခြင်းကို ၂၀၂၃ ခုနှစ် အောက်တိုဘာ လတွင် ပိတ်ပင်ခဲ့သည်။ ထိုကဲ့သို့ ပိတ်ပင်ခြင်းအားဖြင့် အဆိုပါနိုင်ငံ များသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပိုမိုဆွဲဆောင်ရန်နှင့် ပြည်တွင်း စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ခဲ့သည်။ ထို့ပြင် ၎င်းတို့ သည် ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးကွင်းဆက်များ Global value chains) မြှင့်တင်ရန် မျှော်လင့် ကြသည်။ သို့သော်လည်း အဆိုပါမူဝါဒများ၏ ထိရောက်မှုကို စောင့်ကြည့်ရမည်ဖြစ်သည်။
ဒေတာ လုံခြုံရေး Data security) နှင့် နိုင်ငံတော်လုံခြုံရေး National security) စိုးရိမ်မှုများကြောင့် ဒစ်ဂျစ်တယ်ကာကွယ်ရေး ဝါဒ (Digital protectionism မရေမရာဖြစ်နေသည်။ ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ကမ္ဘောဒီးယားသည် နိုင်ငံအတွင်း သုံးစွဲသူများ၏ ဒေတာသိမ်းဆည်းရန် ဒေတာထိန်းချုပ်သူအားလုံး လိုအပ်သည့် ပုဂ္ဂိုလ်ရေးဒေတာကာကွယ်မှုဥပဒေ (Personal data protection law) ) ရေးဆွဲခဲ့သည်။ နယ်စပ်ဖြတ်ကျော် ဒေတာလွတ်လပ်စွာ စီးဆင်းမှု ထောက်ခံအားပေးသည့် ဖိလစ်ပိုင်နိုင်ငံပင်လျှင် နိုင်ငံရပ်ခြားသို့ ဒေတာလွှဲပြောင်းမှုကို ပြင်းထန်စွာ ကန့်သတ်မည့် သမ္မတ အမှုဆောင် တစ်ဦး စက်တင်ဘာလတွင် အဆိုပြုခဲ့သည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံ အများစုသည် ပို့ကုန်ဦးစားပေးသည့် စီးပွားရေးမဟာဗျူဟာများ (Export-oriented economic strategies အကောင်အထည်ဖော်ခဲ့ကြသည်။ ထို့ကြောင့် ပို့ကုန်သည် လွန်ခဲ့ သည့် ဆယ်စုနှစ်များအတွင်း ၎င်းတို့၏ စီးပွားရေးတိုးတက်မှု အားလုံး ကို တွန်းအားပေးခဲ့သည်။ သို့သော် ကိုယ်ကျိုးစီးပွား ကာကွယ်သည့် အမျိုးသားရေးဝါဒနှင့် ပွင့်လင်းသော ကုန်သွယ်မှုအတွက် စိတ်အား ထက်သန်မှုတို့ကြား ဝိရောဓိဖြစ်နေသည်။ အမျိုးသားရေးဝါဒနှင့် ပွင့် လင်းသော ကုန်သွယ်မှုတို့ကြား ဆန့်ကျင်ဘက်ဖြစ်နေသည်။ ဤ အချက်က အာဆီယံအဖွဲ့ ဝင်နိုင်ငံများသည် လွတ်လပ်ပွင့်လင်းပြီး ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းသော ကုန်သွယ်မှုဆိုင်ရာ စိန်ခေါ်မှု များကြောင့် ပြည်တွင်းဖွံ့ဖြိုးတိုးတက်မှုသစ်ကို မည်သို့ဆက်လက် လုပ်ဆောင်ရမည်ဆိုသည့် ပြဿနာ ရင်ဆိုင်ရကြောင်း ညွှန်ပြနေ သည်။
အာဆီယံနိုင်ငံများသည် လျင်မြန်စွာ ပြောင်းလဲနေသော ကမ္ဘာ့ဈေးကွက်နှင့် လိုက်လျောညီထွေ ရှိနေဆဲဖြစ်သည်။ တရုတ်နှင့် အနောက်နိုင်ငံများကြား ပထဝီဝင်နိုင်ငံရေး တင်းမာမှုသည် မကြာမီ ဖြေလျှော့နိုင်ဖွယ်မရှိပါ။ ထို့ကြောင့် အာဆီယံဈေးကွက်သည် တရုတ် နိုင်ငံ၏ စီးပွားရေးတိုးတက်မှုအတွက် အရေးပါလာမည်ဖြစ်သည်။ အရှေ့တောင်အာရှနိုင်ငံများသည် ကိုယ်ကျိုးစီးပွားကာကွယ်သည့် ဝါဒနှင့် စီးပွားရေးလွတ်လပ်ခွင့်ကြား မှန်ကန်သော မျှတမှု Right balance) ရှာဖွေနေဆဲဖြစ်သည်။ ထို့ကြောင့် အာဆီယံ၏ ကုန်သွယ်မှု ပုံစံ သို့မဟုတ် ကုန်သွယ်မှု အလားအလာ သုံးခုစလုံး ၂၀၂၄ ခုနှစ်ထိ သို့မဟုတ် ထို့ထက်ပို၍ ဆက်ရှိနေနိုင်သည်။
Source: eastasiaforum.org
သိန်းမြင့်ဝေ