Main menu

Background

တိုးချဲ့စိုက်ပျိုးသင့်သည့် ဈေးကွက်ဝင် ပီလောပီနံ

Mon, 10/07/2024 - 12:04 -- journal_editor

ပီလောပီနံကို ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ နယ်တွင် ၃၇၅၆ ဧက၊ ဇလွန်မြို့နယ်တွင် ၆ ဧက၊ လေးမျက်နှာ မြို့နယ်တွင် ၅၅၀၉ ဧက စိုက်ပျိုးသည်။ ပီလောပီနံသည် မိုး ရေချိန် ၃၀ လက်မမှ ၁၂၀ လက်မနှင့် အပူချိန် ၂၅ ဒီဂရီစင်တီ ဂရိတ်နှင့် ၃၂ ဒီဂရီ စင်တီဂရိတ်အကြား စိုက်ပျိုးဖြစ်ထွန်းသဖြင့် မိုးရေချိန် ပျမ်းမျှ ၈၀ လက်မရရှိသော ဟင်္သာတခရိုင်ရှိ ရေ မတင်သဲဆန်သည့် မြေများတွင် စိုက်ပျိုးဖြစ်ထွန်း အောင်မြင် လျက်ရှိသည်။ မိရိုးဖလာမြေပုံ၍ စိုက်ပျိုးခြင်းကို အများဆုံးပြု လုပ်ကြပြီး စိုက်ဘောင်စနစ်ဖြင့်လည်း စိုက်ပျိုးကြသည်။ 
ပီလောပီနံကို  မေလဆန်းတွင် စတင်စိုက်ပျိုးကြပြီး ဒီဇင်ဘာလကုန်တွင် စတင်တူးဖော်ကြသည်။ ပီလောပီနံမျိုး အဖြစ် ဒေသမျိုး ဆင်တစ်ဆွဲနှင့် ယိုးဒယားမျိုး ျွပေသညါ-၉ မျိုး များကို အများဆုံးစိုက်ပျိုးကြသည်။ တစ်ဧကတွင် ပီလောပီနံ မြေပုံ ၁၂၀ဝ ခန့် ဝင်ဆံ့ပြီး မြေပုံတစ်ပုံလျှင် မျိုး နှစ်ပင်ကို  ၄၅ ဒီဂရီစောင်း၍ စိုက်ပျိုးကြသည်။ မျိုးကိုင်းများကို အပင်မှ ခုတ်ပြီး ၂၄ နာရီအတွင်း စိုက်ပျိုးရန်  လိုအပ်ကြောင်း သိရ သည်။ မျိုးတစ်ပင်လျှင် ပျမ်းမျှ ၁ ဒသမ၂၅ ပိဿာခန့် ဥ၍ မြေတစ်ပုံလျှင် ၂ ဒသမ ၅ ပိဿာခန့် ဥနိုင်သည့်အတွက် တစ် ဧကလျှင် ပျမ်းမျှ ပိဿာ ၃၀ဝ၀ ခန့်ထွက်ရှိသည်။
ထွက်ရှိလာသော   ပီလောပီနံဥများကို ရေဆေး၍ ဒလက်စက်ဖြင့် ရိုက်ပြီး အခွံချွတ်ရသည်။ အခွံချွတ်ပြီး ပီလော ပီနံဥများကို ကြိတ်စက်နှင့်ကြိတ်ခွဲခြင်းဖြင့် ပီလောပီနံကြိတ် ဖတ်ကို ရရှိသည်။ ရရှိလာသော ကြိတ်ဖတ်များကို ဒလက်တပ် ဆင်ထားသော ပုံးအတွင်းတွင် ရေနှင့် အချိုးကျရောထည့်၍ မွှေခြင်းဖြင့်  ဗဟိုခွာအားကြောင့် ဘေးသို့ထွက်လာသော အဖတ်များကို  အဖတ်ကန်သို့ ပို့ဆောင်ပြီး အနှစ်များကို အောက်ဘက်ရှိ အနှစ်ကန်သို့‌ ဖောက်ချရသည်။ ရရှိလာသော ပီလောပီနံ အနှစ်များကို တာပေါ်လင်စဖြင့် ပြုလုပ်ထားသော စစ်ကန်များတွင်ထည့်၍  အနှစ်များကို အနည်ထိုင်စေပြီး၊ အပေါ်ယံရေများကို  စွန့်ထုတ်ခြင်းဖြင့် ပီလောပီနံ အမှုန့် ဖြစ်လာမည့် အနှစ်ခဲလေးများကို ရရှိသည်။ ၎င်းအနှစ်ခဲလေး များကို နေရောင်တွင် အခြောက်ခံပြီး၊ ခြောက်သွေ့သွားသော အနှစ်ခဲများကို ဆန်ခါတိုက်ဖိခြေခြင်းဖြင့် ပီလောပီနံ အချော မှုန့်များကိုရရှိသည်။ အဖတ်ကန်မှ အဖတ်များကို လူအားဖြင့် လုံးပါက အမှုန့်ထုတ်ပြီး ပီလောပီနံအလုံးများကို ရရှိသည်။ ပီလောပီနံဥ ပိဿာ ၃၀ဝ၀ ကို အမှုန့်ပြုလုပ်ပါက ပိဿာ ၃၀ ဝင် အမှုန့်အိတ် ၃၀ ခန့်နှင့် အမှုန့်ထုတ်ပြီး ပီလောပီနံ ပိဿာ ၄၅၀ ခန့်ရရှိသည့်အတွက် ပိဿာ စုစုပေါင်း ၁၃၅၀ ခန့် ပြန် လည်ရရှိသည်။ ပိဿာ ၁၆၅၀ ခန့်မှာ အရည်အဖြစ်စွန့်ထုတ် ပျောက်ဆုံးသွားသည်။ မေလတွင် စိုက်ပျိုးသော ပီလောပီနံ များကို ဒီဇင်ဘာလကုန်တွင် တူးဖော်ကြိတ်ခွဲခြင်းဖြင့် အမှုန့် ထွက်အား ပိုမိုကောင်းမွန်ပြီး သစ်ရည်ပြန်သောလများဖြစ် သည့် ဖေဖော်ဝါရီလ၊ မတ်လတို့တွင် တူးဖော်ပါက အရည် ဓာတ်ပါဝင်မှု များလာသည့်အတွက် အမှုန့်ထွက်နှုန်းကျဆင်း နိုင်ကြောင်း သိရသည်။
ပီလောပီနံ တစ်ဧက ကုန်ကျစရိတ်မှာ မျိုး၊ မြေပြင် မြေပုံပြုလုပ်ခြင်း၊ စိုက်ပျိုးခြင်း၊ မြေသြဇာကျွေးခြင်း၊ ပေါင်း လိုက်ခြင်း၊ တူးဖော်ခြင်းတို့အတွက် တစ်ဧက ပျမ်းမျှကုန်ကျ စရိတ် ကျပ်ကိုးသိန်းခန့်ကုန်ကျပြီး တစ်ဧကထွက်ရှိမှု ပိဿာ ၃၀ဝ၀ ကို ဥဈေးနှုန်း ပျမ်းမျှ ကျပ် ၆၀ဝ နှင့်တွက်ပါက ကျပ် ၁၈ သိန်းခန့်ရရှိနိုင်ပြီး တစ်ဧက ပျမ်းမျှအကျိုးအမြတ် ကျပ်  ကိုးသိန်းခန့် ရရှိသည်။
တချို့ ပီလောပီနံစိုက် တောင်သူကြီးများသည် အမှုန့် ကြိတ်စက်ပါ တည်ဆောက်လည်ပတ် ထုတ်လုပ်ကြသည့် အတွက် အချောအမှုန့်တစ်ပိဿာ ပျမ်းမျှ  ကျပ် ၂၅၀ဝ ဖြင့် ပိဿာ ၉၀ဝ အတွက် ကျပ် ၂၂၅၀ဝ၀ဝ နှင့်  အမှုန့်ထုတ်ပြီး ပီလောပီနံ အလုံးတစ်ပိဿာ ၃၀ဝ ကျပ်ဖြင့် ပိဿာ  ၄၅၀  အတွက် ကျပ် ၁၃၅၀ဝ၀ ရရှိမည်ဖြစ်သဖြင့်  ဝင်ငွေ စုစုပေါင်း ကျပ် ၂၃၈၅၀ဝ၀ ရရှိမည်ဖြစ်သည်။ ပီလောပီနံဥ တိုက်ရိုက် ရောင်းချခြင်းထက် ကျပ်ငါးသိန်းကျော်  ပိုမိုအကျိုးအမြတ် ရရှိနိုင်ကြောင်း သိရသည်။
ပီလောပီနံသည် သီးနှံများတွင် ကာဘိုဟိုက်ဒြိတ်ပါဝင်မှု တတိယ အများဆုံးသီးနှံဖြစ်ပြီး သင့်တင့်သောကုန်ကျစရိတ် ဖြင့် ထုတ်လုပ်နိုင်သည့်အတွက် စိုက်ပျိုးထုတ်လုပ်သင့်သော  သီးနှံတစ်မျိုးဖြစ်သည်။ ဟင်္သာတခရိုင်မှ ထွက်ရှိသော ပီလော ပီနံ အချောမှုန့်များကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချ ခြင်း၊ ကော်မှုန့်အဖြစ်အသုံးပြုခြင်း၊ ကတ္ထူစက္ကူပုံးများ ပြုလုပ် ရာတွင် အသုံးပြုခြင်း၊ အချိုရည်/အဖျော်ယမကာလုပ်ငန်းများ တွင် အသုံးပြုကြသည်။ အမှုန့်ထုတ်ပြီး ပီလောပီနံ အလုံးများ ကို မွေးမြူရေးအစာ ထုတ်လုပ်ရာတွင်လည်း အသုံးပြုကြ သည်။
ပီလောပီနံသည် ပြည်ပဝယ်လိုအားရှိသော သီးနှံဖြစ် သည့်အပြင် မြန်မာ့မြေရာသီနှင့် ကိုက်ညီထုတ်လုပ်နိုင်သည့် သီးနှံဖြစ်သည့်အတွက် တိုးတက်စိုက်ပျိုးထုတ်လုပ်သင့်သော  သီးနှံဖြစ်ပါကြောင်း လေ့လာတင်ပြအပ်ပါသည်။

 

အိရတနာစိုး