Main menu

Background

စတုတ္ထစက်မှုတော်လှန်ရေးနှင့် ဒစ်ဂျစ်တယ်အသိပညာမြင့်မားရေး

Wed, 04/09/2025 - 12:09 -- journal_editor

ရိုးရှင်းစွာဆိုရလျှင် ၄-ျွှု ဟုခေါ်သည့် စတုတ္ထစက်မှုတော် လှန်ရေးဆိုသည်မှာ  ဒစ်ဂျစ်တယ်၊ ရုပ်ပိုင်းဆိုင်ရာနှင့် ဇီဝဗေဒ နည်းပညာများ ပေါင်းစည်းမှု၏  သွင်ပြင်လက္ခဏာဖြစ်သည်။ ဤနည်းပညာများ ပေါင်းစည်းမှုသည် ဉာဏ်ရည်တုနည်းပညာ (AI) ၊ စက်ရုပ်နည်းပညာ၊ ဘိုင်အိုနည်းပညာနှင့် Internet of Things (IoT) ) ဟု ခေါ်သည့် အင်တာနက်ဆက်စပ်ပစ္စည်းများနှင့် အာရုံခံ နည်းစနစ် ပေါင်းစည်းသည့် နည်းပညာများ၏  အောင် မြင်မှုများကို အထောက်အကူဖြစ်စေမည်ဖြစ်သည်။ ဤကဲ့သို့ အလိုအလျောက် စနစ် automation  နှင့် AI  ပေါင်းစည်းမှုသည် တစ်ကမ္ဘာလုံးဆိုင်ရာ လုပ်သားအင်အားစုအတွက် စိန်ခေါ်မှုများ ဖြစ်ပေါ်စေခဲ့သည်။
သမားရိုးကျ  အလုပ်အကိုင် ပုံစံများပြောင်းလဲလာခြင်း (သို့) ခေတ်ကုန်သွားခြင်း မှတစ်ဆင့် အလုပ်အကိုင် အခွင့်အလမ်း များ  ဆုံးရှုံးနိုင်‌ခြေများအတွက်  စိုးရိမ်ဖွယ်ဖြစ်လာပြီးနောက်  ပြောင်းလဲလာသည့် အလုပ်အကိုင် နည်းစနစ် ၊ အခင်းအကျင်း များနှင့် လိုက်လျောညီထွေဖြစ်နိုင်စေရေးအတွက်  လုပ်သားများ ၏ ကျွမ်းကျင်မှုများကို မြှင့်တင်ရန်၊ အရည်အချင်းများကို မြှင့်တင်ရန် အချိန်ကျရောက်လာပြီဖြစ်သည်။ 
အာဆီယံဒေသသည် အင်တာနက် အသုံးပြုသူလျင်မြန်စွာ တိုးတက်လာသည့် ဒေသတစ်ခုဖြစ်ပြီး တစ်နေ့လျှင် အင်တာနက် သုံးစွဲသူ အသစ် ၁၂၅၀ဝ၀ ဝင်ရောက်လျက်ရှိသည်။ ဤနေရာ တွင် နည်းပညာ လက်လှမ်းမီသူများနှင့် မမီသူများကြား ဒစ်ဂျစ် တယ်ကွာဟမှုသည်   ပိုမိုနက်ရှိုင်းလာကာ ပညာရေး၊ အလုပ် အကိုင်  အခွင့်အလမ်းနှင့် သတင်းအချက်အလက် ရယူနိုင်မှု ကွာဟချက်များကို ဖြစ်ပေါ်စေသည်။ ကျေးလက်ဒေသများ နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံများ တွင် ဆက်သွယ်ရေးစနစ်များ၊  ဒစ်ဂျစ်တယ်  ကိရိယာများ အကန့် အသတ်ရှိမှုကြောင့် ဒစ်ဂျစ်တယ်စီးပွားရေးစနစ်တွင် ပါဝင်နိုင်ရန် အဟန့်အတားများ ဖြစ်ပေါ်လျက်ရှိသည်။
ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေး ရေလှိုင်းကြီးသည် ကုန်စည်နှင့် ဝန်ဆောင်မှုကဏ္ဍကို  သိသာထင်ရှားသည့် ပြောင်း လဲမှုများဖြစ်စေရုံသာမက ဆန်းသစ်သည့်အလုပ်အကိုင်ပုံစံသစ် များ၊ အနာဂတ်အတွက် အလုပ်အကိုင် အခင်းအကျင်းသစ်များ ကိုလည်း ပြောင်းလဲစေမည်ဖြစ်သည်။ ဌာနနှင့် ဝေးကွာသည့် အရပ်မှ  လှမ်း၍ တာဝန်ထမ်းဆောင်မှုများသည် မရှိမဖြစ် စံနှုန်း တစ်ခုဖြစ်လာပြီး ကိုဗစ်ကပ်ရောဂါသည် “ွငါ နခသညသာပ” ဟု ခေါ်သည့် လုပ်ငန်းရှင်များနှင့် လုပ်သားများအတွက် လွတ်လပ် သည့် လုပ်ငန်းပုံစံအသစ်တစ်ခုကိုဖြစ်ပေါ်စေခဲ့ကာ အာဆီယံ ဒေသအတွက် သိသာထင်ရှားသည့် အပြောင်းအလဲတစ်ခုကိုဖြစ် ပေါ်စေခဲ့သည်။
ဤအပြောင်းအလဲကာလအတွင်း လူတစ်ဦးချင်းစီအတွက် အလုပ်နှစ်ခု  သို့မဟုတ် သုံးခု တစ်ပြိုင်နက် ဆောင်ရွက်သည့် အလေ့အထလည်း ပေါ်ပေါက်လာခဲ့သည်။ ထို့အပြင် ပုဂ္ဂလိက အငှားယာဉ်မောင်းများ၊ အစားအသောက် ပို့ဆောင်ပေးသူများ နှင့် အွန်လိုင်းဝန်ဆောင်မှုပေးသူများစသည့် ကဏ္ဍအသီးသီးတွင် စွန့်ဦးတီထွင်သူ အရေအတွက်လည်း တိုးပွားလာသည်။
အနာဂတ် အာဆီယံလုပ်သားအင်အားစုကို အကာအကွယ်‌ပေးမှု
စတုတ္ထစက်မှုတော်လှန်ရေး 4-IR ကို ထိရောက်စွာ အသုံး ချနိုင်ရေးအတွက်  အာဆီယံအနေနှင့် ဤပြောင်းလဲနေသည့် ခေတ်ကြီးနှင့် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်မည့် ခိုင်မာပြီး ကျွမ်း ကျင်မှုပြည့်ဝသည့် လုပ်သားအင်အားစုကို ဦးစားပေး ဖန်တီးရန် လိုအပ်မည်ဖြစ်သည်။ 4-IR သည် ဒစ်ဂျစ်တယ်တော်လှန်ရေး အရ ပေါ်ပေါက်လာသည့် အီးကောမတ်စ်Fintech  ၊ ဒစ်ဂျစ်တယ် ဖျော်ဖြေရေးများအတွက် စီးပွားရေးမော်ဒယ်အသစ်များကို ဖန် တီး  ပေးနိုင်သည့်  အခွင့်အလမ်းများကို  ဖော်ဆောင်ပေးမည် ဖြစ်သည်။
ထိုင်းနိုင်ငံတွင် အစိုးရအနေဖြင့် “Thailand 4.0” စီးပွား‌ ရေးမူဝါဒကိုချမှတ်ကာ နိုင်ငံ၏ စီးပွားရေးစနစ်ကို  အသစ်တီထွင် မှုများဖြင့်မောင်းနှင်သည့် စနစ်ကို ‌ဆောင်ရွက်သွားမည်ဖြစ်သည်။ ၎င်း၏ အဓိကလုပ်ဆောင်မှုများအတက် တစ်ခုမှာ စမတ်-ကုန် ထုတ်လုပ်မှု အပါအဝင် စမတ်စက်မှုလုပ်ငန်းမြှင့်တင်ရေးများ ဖြစ်သည်။   အဆိုပါ“Thailand 4.0” ၏  အစိတ်အပိုင်းတစ်ခုမှာ ]]အရှေ့ဘက်ခြမ်း စီးပွားရေးကော်ရစ်ဒါ} Eastern Economic Corridor (EEC)) ကို ထူထောင်ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံအရှေ့ဘက် ခြမ်းများတွင် အထူးစီးပွားရေးဇုန်များ ထူ‌ထောင်ကာ နည်းပညာ မြင့်မားပြီး  တီထွင်မှုများပါဝင်သည့်  စီးပွားရေးဗဟိုချက်ကို ထူထောင်ခြင်းဖြစ်သည်။ အဆိုပါ EEC တွင် ထိုင်းအရှေ့ဘက် ခရိုင်သုံးခု ပါဝင်မည်ပြီး ၁၃၀ဝ၀ စတုရန်းမိုင်အကျယ်အဝန်းရှိ သည်။
 ၂၀၂၄ နှစ် ပထမဆယ်လ (ဇန်နဝါရီ-အောက်တိုဘာလ) အတွင်း (EEC) တွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၂၅၁ ခုသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူအားလုံး၏ ၃၂ ရာခိုင်နှုန်းကို ကိုယ် စားပြုသည်ဟု စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာနမှ ထုတ်ပြန် ခဲ့သည်။ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ ဘတ် ၄၅၇၃၉ သန်း (အမေရိကန်ဒေါ်လာ ၁.၃၂ ဘီလီယံ) ဖြစ်ပြီး စုစုပေါင်း ရင်းနှီး မြှုပ်နှံမှုတန်ဖိုး၏ ၂၈ ရာခိုင်နှုန်းကို ကိုယ်စားပြုသည်။  အဆိုပါ ပမာဏမှာ ယမန်နှစ် အလားတူကာလထက် လုပ်ငန်း ၁၄၁ ခု တိုးတက်လာပြီး ရာခိုင်နှုန်းအားဖြင့် ၁၂၈ ရာခိုင်နှုန်း ရှိသည်။
၂၀၂၄ ခုနှစ်စာရင်း အရ ထိုင်း EEC တွင် ရင်းနှီးမြှုပ်နှံမည့် အကြီးဆုံး ရင်းနှီးမြှုပ်နှံမည့်သူများမှာ ပထမ ဂျပန်နိုင်ငံဖြစ်ပြီး လုပ်ငန်းပေါင်း ၈၆ ခု USD  ၄၆၈ သန်း ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။ ဒုတိယအနေနှင့်  တရုတ်နိုင်ငံမှ လုပ်ငန်းပေါင်း ၅၉ ခု တန်ဖိုး ှီ့ ၂၃၂ သန်း ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး တတိယအနေနှင့် ဟောင်ကောင်မှ လုပ်ငန်းပေါင်း ၁၈ ခု မှ  USD ၁၅၁ သန်းဖိုး ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။  
အာဆီယံနိုင်ငံများအနေနှင့်  4IR  ၏ တောင်းဆိုချက် များ နှင့်အညီ ၎င်းတို့၏ ပညာရေးစနစ်များကို ပြန်လည် အကဲဖြတ် ရန်လိုအပ်မည်ဖြစ်သည်“STEM”” ဟုခေါ်သည့် (သိပ္ပံ၊ နည်း ပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာ) အတတ်ပညာများကို  တိုးတက် လာသည့် ဒစ်ဂျစ်တယ်နည်းပညာများဖြင့်ပေါင်းစပ်သင်ကြားရေး ကို   အလေးပေးသင်ကြားရန်နှင့်  ပြည်သူတို့ အား ယင်းလုပ်ငန်း များနှင့်ဆက်နွှယ်သည့်  ဘွဲ့ရများဖြစ်စေရေးတို့ကို အထူးအာရုံ စိုက်သွားရန်   လိုအပ်သည်။ အာဆီယံ အစိုးရများအနေနှင့် ၎င်းတို့၏အသက်မွေးဝမ်းကျောင်း သက်တမ်းတစ်လျှောက် ကျွမ်း ကျင်မှုကိုမြှင့်တင်ရေး Upskilling၊ ပြောင်းလဲနေသည့် နည်း စနစ်များနှင့်အညီ ဆောင်ရွက်နိုင်ရေး Reskilling) တို့အတွက် တာဝန်ယူဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်သည်။ 
စမတ်ကျသည့်ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို တွန်းအား ပေးသည့်အနေနှင့် အထူးပြုလေ့ကျင့်ရေး သင်တန်းကျောင်းများ ဖွင့်လှစ်ရန်  လိုအပ်သလို ပြည်တွင်းလုပ်သားအင်အားစုများ အတွက် အိုင်စီတီနှင့် လုပ်ငန်းလည်ပတ်မှု စနစ်များနှင့်သက်ဆိုင် သည့် သင်တန်းများကို ဖွင့်လှစ်‌ဆောင်ရွက်ရန်လိုအပ်သည်။ ထိုင်း နိုင်ငံတွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများပိုမိုခေတ်မီလာသည်နှင့် အမျှ ယင်းလုပ်ငန်းများနှင့်လိုက်လျောညီထွေဖြစ်စေမည် အဆင့် မြင့်ဒေတာ-သိပ္ပံပညာရှင်များ ၊ အော်တိုမေးရှင်းအင်ဂျင်နီယာများ နှင့် ွှှု-ဥွှ ပညာရှင်များအတွက် အခွင့်အလမ်းပေါင်းများစွာ ဖန်တီးပေးလျက်ရှိသည်။
စင်ကာပူနိုင်ငံသည် ၎င်းကိုယ်တိုင် Skillfuture ဆို သည့် အစပျိုးမှုမှတစ်ဆင့် ကမ္ဘာ့နည်းပညာ ဗဟိုချက်မ ဖြစ်လာ စေရန် မဟာဗျူဟာချမှတ်ဆောင်ရွက်လျက်ရှိသည်။ စင်ကာပူ အစိုးရသည် ဒေတာသုတေသီများ၊ Óဏ်ရည်တုနည်းပညာများ၊ ဆိုက်ဘာ လုံခြုံရေးနည်းပညာများ အစရှိသည့် 4-IR နည်း ပညာ များကို လူတစ်ဦချင်းစီ တတ်ကျွမ်းနားလည်စေရေး၊ ပညာရပ်များ အဆင့်မြှင့်တင်နိုင်ရေးအတွက် စဉ်ဆက်မပြတ် သင်ကြားရေး စနစ်များ ပြုလုပ်ပေးခြင်း၊ ငွေကြေးထောက်ပံ့မှုများပေးခြင်းတို့ ကို ဆောင်ရွက်လျက်ရှိသည်။ ဤသည်က  စင်ကာပူ၏ လုပ်သား အင်အားကို နည်းပညာကျွမ်းကျင်သော ပညာရှင်များအဖြစ်သို့ ကူးပြောင်းနိုင်စေခဲ့ပြီး နိုင်ငံစုံကုမ္ပဏီများကို ဆွဲဆောင်နိုင်ကာ ဒေသတွင်း ဆန်းသစ်တီထွင်မှု၏ ဦးဆောင်လမ်းပြဖြစ်လာခဲ့သည်။
ဒစ်ဂျစ်တယ် နည်းပညာရယူခြင်း၏ အရေးပါမှု
4-IR တွင် အပြည့်အဝပါဝင်နိုင်ရေးအတွက် ဒစ်ဂျစ်တယ် နည်းပညာကို ရယူသုံးစွဲရန် အရေးကြီးသည်။ အစိုးရများသည် ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံရန် လိုအပ်မည်ဖြစ်ပြီး ကျေးလက်နှင့် ဘေးဖယ်ထားခြင်းခံရသည့် လူ့အသိုင်းအဝိုင်းများတွင် အင်တာနက်နှင့် ဒစ်ဂျစ် တယ်ကိရိယာ များကို သုံးစွဲနိုင်စေရန် စီစဉ်ပေးရမည်ဖြစ်သည်။ အင်ဒိုနီးရှား နိုင်ငံသည် ၎င်း၏ များပြားလှသည့် ကျွန်းစုများကြောင့် 4-IR  အခွင့်အလမ်းများကို သာတူညီမျှရရှိစေရေးတွင် ထူးခြားသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။   အစိုးရ၏Indonesia Broadband Plan သည် ဝေးလံခေါင်သီသော  ဒေသများတွင်  အင်တာနက် အသုံးပြုခွင့်ရရှိရန်နှင့် ကျေးလက်နေလူထုအား ဒစ်ဂျစ်တယ်စီးပွားရေးတွင် ပါဝင်နိုင်စေရန်ရည်ရွယ်သည်။
ထို့အပြင် ပညာရေးကဏ္ဍနှင့် စက်မှုကဏ္ဍမှ တာဝန်ရှိသူ များ နီးကပ်စွာပူးပေါင်းဆောင်ရွက်မှု  လိုအပ်လျက်ရှိပြီး လက် တွေ့ကဏ္ဍမှ ကျွမ်းကျင်မှုများနှင့် ပညာရပ်ဆိုင်ရာကျွမ်းကျင်မှု များကို ပေါင်းကူးပေးသည့် အစီအစဉ်များကိုချမှတ်သွား ရန်လို အပ်သည်။ လက်တွေ့လေ့လာရေးအစီအစဉ်များ၊ အလုပ်သင် အစီအစဉ်များနှင့် နည်းပညာကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက် မှုများမှတစ်ဆင့် ကျောင်းသားများအနေနှင့် လက်တွေ့ဘဝတွင် ဖြစ်ပေါ်နေမှုများ၊ လုပ်ငန်းအတွေ့အကြုံများကို ရရှိစေမည်ဖြစ် သည်။ ထိုင်းနိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုး တက်ရေးအစီအစဉ် သို့မဟုတ်  “Digital Thailand” သည် အစိုးရ- ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုများ၏ စွမ်းအားကို မီး မောင်းထိုးပြလျက်ရှိသည်။
အစိုးရ ၊ တက္ကသိုလ်များနှင့် နည်းပညာကုမ္ပဏီများအကြား ပူးပေါင်းဆောင်ရွက်မှုများသည် စက်မှု လုပ်ငန်းလို အပ်ချက်များ ကို ဖြည့်ဆည်းပေးသည့် အထူးပြုသင်တန်းများ ဖန်တီးရာတွင် လွယ်ကူ ချောမွေ့စေမည်ဖြစ်သည်။ တက္ကသိုလ်များသည် ပညာ သင်ကြားပေးသည့်ဌာနတစ်ခု ဖြစ်ရုံမကstart up  လုပ်ငန်းများ ၊entrepreneur  များ လေ့ကျင့်မွေးထုတ်ရာ ဌာနများအဖြစ်ပါ ဆောင်ရွက်လာကြပြီဖြစ်သည်။  ယင်းက  ထိုင်းတက္ကသိုလ်ဘွဲ့ရ များသည် နည်းပညာဆိုင်ရာ နယ်ပယ်များတွင် ထူးချွန်ရန် လိုအပ်သော အရည်အချင်းများ ပိုင်ဆိုင်ကြောင်း သက်သေပြ နိုင်သည့် လုပ်ငန်းစဉ်များဖြစ်သည်။
အာဆီယံဒေသတစ်ဝန်းရှိ  အစိုးရများအနေနှင့် ၎င်းတို့၏ ပညာရေးစနစ်များကို ပြုပြင်ပြောင်းလဲရန်အတွက် ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများ  ပြုလုပ်ရမည်ဖြစ်သလို  လူတစ်ဦးချင်းစီအား ဒစ်ဂျစ်တယ်ခေတ်တွင် ရှင်သန်ရန်လိုအပ်သည့်  ကျွမ်းကျင်မှုများ ကို ပေးဆောင်နိုင်ရန် အလေးပေး‌ဆောင်ရွက်ရမည်ဖြစ်သည်။ ထို့အတူ တစ်သက်တာ သင်ယူမှုစနစ်ကိုအားပေးခြင်းဖြင့် လုပ် သားအင်အားစုသည် ပြောင်းလဲနေသည့် နည်းပညာများကို မျက် ခြည်မပြတ်ထိတွေ့နိုင်သည့် အခွင့်အလမ်းများကို ရရှိစေမည် ဖြစ်သည်။
Reference: www.asianewsnetworks.com/https:// thailand.go.th/

ထွန်းသက်ထွန်း