နတ်ဆေးပင် (ခေါ်) ရှားစောင်းလက်ပပ် အပင်ကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက် နှင့် ကျေးရွာများ၊ နေအိမ်များတွင် အများအပြား စိုက်ပျိုးလာကြသည်ကို တွေ့ရှိရသည်။ ရှားစောင်း လက်ပပ်အပင်သည် မြေကြီးအစိုဓာတ် အသင့် အတင့်ရရှိရုံဖြင့် စိုက်ပျိုးနိုင်ပြီး နေ့စဉ်လုပ်အားခ မကုန်၊ ရင်းနှီးစရိတ်မကုန်ဘဲ ဝင်ငွေရရှိနိုင်သည့် အပင်လည်းဖြစ်သည်။ အိမ်တိုင်းတွင် စိုက်ထား သင့်သည့် အပင်ဖြစ်ပြီး နတ်ဆေးပင်(ခေါ်) ရှား စောင်းလက်ပပ်ပင်မှာ များစွာအသုံးဝင်ကြောင်း တွေ့ရှိရမည်ဖြစ်သည်။
ရှားစောင်းလက်ပပ်ကို ယခုအခါ လူအများ အပြား အသုံးပြုလာကြသည်ကို တွေ့ရသည်။ ရှား စောင်းလက်ပပ်ကို စားသောက်ကုန်များ၊ လူသုံး ကုန်များကို ဥပဒေနှင့်အညီ ထုတ်လုပ်လာကြ သည်။ ရှားစောင်းလက်ပပ်နှင့် ပြုလုပ်ထားသော စားသောက်ကုန်များမှာ ရှားစောင်းလက်ပပ် သကြားလုံး၊ လက်ဖက်ခြောက်၊ ရှားစောင်းလက် ပပ်အမှုန့်၊ ရှားစောင်း လက်ပပ်လျက်ဆား၊ ရှား စောင်းလက်ပပ်ယို၊ ရှားစောင်းလက်ပပ်ခေါက်ဆွဲ၊ အုန်းတစ်လုံး ဆေး၊ ရှားစောင်းလက်ပပ် အချိုရည် စသည့် ပစ္စည်းများဖြစ်ကြသည်။
လူသုံးကုန် အလှကုန်ပစ္စည်းအနေနှင့် ရှား စောင်းလက်ပပ်ခေါင်းလျှော်ရည်၊ ရှားစောင်းလက် ပပ် ဆံပင်သန်ဆေး၊ အလှဆီ၊ ကိုယ်တိုက်ဆပ်ပြာ၊ ရှားစောင်းလက်ပပ် မျက်နှာသစ်၊ မျက်နှာပေါင်း တင်ဆေး၊ ဆံပင်လိမ်းသည့် ဂျယ်၊ စနိုး၊ မိတ်ကပ်၊ ကိုယ်လိမ်းပေါင်ဒါ၊ လိုးရှင်း၊ တိုနာ စသည့် နေ့စဉ် သုံးပစ္စည်းအလှက ုန်မျိုးစုံကိုလည်း ထုတ်လုပ်လာ ကြသည်။ ရှားစောင်းလက်ပပ် နှင့်ပြုလုပ်ထားသည့် ျွနေောိူန များကို အသုံးမပြုချင်သူများအတွက် ရှားစောင်းလက်ပပ်ကို အိမ်တွင်စိုက်ပျိုးထားပြီး လိုအပ်သလို အသုံးပြု၍ရသည်။ စားသုံးမည်ဆို လျှင် စစချင်း တစ်ခါတည်း အများကြီးမစားသင့်ပါ၊ နည်းနည်းချင်းကနေ စပြီးစားသင့်ပါသည်။ ရောဂါ ကြောင့် ဝမ်းပူခြင်းနှင့် အပူအစပ်စား၍ဝမ်းပူခြင်း အတွက် ရှားစောင်းလက်ပပ်ကို စားလိုက်လျှင် ဝမ်း အေးသွားသည်။ အစာအိမ်ရောင်ခြင်းကိုလည်း သက်သာစေသည်။
စိုက်ပျိုးသူအနေဖြင့် ရှားစောင်းလက်ပပ်ကို အပင်လိုက်သော်လည်းကောင်း၊ အလှပန်းအိုးနှင့် သော်လည်းကောင်း ရောင်းချကြသည်။ စီးပွားရေး လုပ်ငန်းရှင်များ၊ တိုင်းရင်းဆေးဆရာများ၊ ၊ ယိုထိုး ပြီး ရောင်းချသူများ၊ ကုန်ကြမ်းအဆင့်မှ ကုန်ချော အဆင့်သို့ပြုလုပ်ထားသည့် အလှကုန်၊ စားသောက် ကုန်၊ လူသုံးကုန် ထုတ်လုပ်ရောင်းချသည့် လုပ်ငန်း ရှင်များက ရှားစောင်းလက်ပပ်အပင်ကို ယခုနှစ် တွင် အလျားပေ ၄၀ မှ ၆၀ ဝန်းကျင်ရှိ စိုက်ခင်း တစ်ခုကို ကျပ် ၄၀ဝ၀ဝ ဝန်းကျင်ပေါက်ဈေးရှိပြီး အနိမ့်ဆုံးစိုက်ခင်းတစ်ခုကို အပင်ကိုကြည့်ပြီး ကျပ် ၄၀ဝ၀ဝ မှ ၄၅၀ဝ၀ ပေးဝယ်သည်။ ယခင်နှစ်က အလျားပေ ၄၀ မှ ၆၀ ဝန်းကျင်ရှိ စိုက်ခင်းတစ်ခုကို ကျပ် ၃၀ဝ၀ဝ၊ အနိမ့်ဆုံး စိုက်ခင်းတစ်ခုကို ကျပ် ၃၀ဝ၀ဝ မှ ၃၅၀ဝ၀ ဖြင့် ရောင်းချရသည်။ ဧက အလိုက်မဟုတ်ဘဲ ပေနှင့်သာ ရောင်းချရကြောင်း၊ ယခင်နှစ်နှင့် ယခုနှစ် နှိုင်းယှဉ်ပါက ဈေးပိုမိုရရှိ လာကြောင်း သိရသည်။ တစ်ဖက်တစ်လမ်းက မိသားစုဝင်ငွေရရှိရန် ရှားစောင်း လက်ပပ်အပင်ကို ဆားလင်းကြီးမြို့နယ်တွင် ပိုမိုစိုက်ပျိုးလာကြ ကြောင်း သိရသည်။
ရှားစောင်းလက်ပပ်အပင်မှ အလက်များ ကို ဓားဖြင့် လှီးဖြတ်၍ တစ်ထပ်ချင်း အစီအရီထပ် ထည့်ပြီး ရှားစောင်းလက်ပပ် အတွင်းသားအနှစ်ကို ခြစ်ယူကာ အနှစ်ကိုပိဿာဖြင့် ရောင်းချရသလို အပင်လိုက်၊ အခင်းလိုက် ပုတ်ပြတ်လည်း ရောင်း ချရသည်။ အခင်းလိုက် ပုတ်ပြတ်ဝယ်ယူသည့် ပွဲစားများက ကုန်ကြမ်းမှ ကုန်ချောသို့ တန်ဖိုးမြှင့် ထုတ် ကုန်ထုတ်လုပ်သူများထံ တစ်ဆင့်ရောင်းချ ကြောင်း သိရသည်။
ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်သည့် လုပ် ငန်းရှင်များသည် ရှားစောင်းလက်ပပ်ကို ရှား စောင်းလက်ပပ်ယို၊ အုန်းတစ်လုံးဆေး၊ ဆီးဆေး၊ ဝမ်းမှန်ဆေး၊ ပန်းနာရင်ကြပ်ဆေး၊ အစာအိမ်နာ ခြင်း အောင့်ခြင်းများအတွက် အထူးသက်သာ ပျောက်ကင်းစေသည့်ဆေး၊ ဆီးပူခြင်း၊ အပူကန် ခြင်း စသည့်ရောဂါများအတွက်နှင့် ကျန်းမာရေး နှင့် ကိုက်ညီသည့် လူသုံးကုန်၊ အလှကုန်၊ စား သောက်ကုန်များစသည့် ဠေူကန ေိနိ များ အမျိုး မျိုးပြုလုပ်၍ ထုတ်လုပ်လာကြသည်။ ရှားစောင်း လက်ပပ်ကို သဘာဝပစ္စည်းများဖြစ်သော ပျား ရည်တို့ဖြင့် ကျိုချက်စားသုံးပါက အမျိုးသမီးများ အတွက် အသားအရေလှပကာ ကျန်းမာဝဖြိုး အလှတိုးစေသည်။ ရှားစောင်းလက်ပပ်အပင်က အောက်ဆီဂျင်ဓာတ်ကို အပေးနိုင်ဆုံးအပင်ဟု သုံးသပ်ကြသည်။ ရှားစောင်းလက်ပပ်အပင်သည် တစ်နှစ် ထက်တစ်နှစ် ဈေးပိုမိုလာပြီး ရှားစောင်း လက်ပပ်အလက်ထဲမှ အဖြူရောင်အနှစ် ဂျယ်လီ လေးများသည် ]]အနှစ်ကလေးကလည်းလှ ဈေး လေးကလည်းြွက}}ဟု ဆိုလာနိုင်မည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။
သင်းသင်းအေး(မုံရွာ)
