မြန်မာနိုင်ငံတွင် ဧရာဝတီတိုင်းဒေသကြီးသည် စပါးကို အဓိက စိုက်ပျိုးနေသော ဆန်အိုးကြီးဖြစ်ပြီး ဧရာဝတီပေါ်ဆန်းဆန် သည် ရှေးယခင်တည်းက အရည်အသွေ ကောင်းမွန်ခြင်း နအေငညါ ျှကေူငအပ ကောင်းမွန်ပြီး နူးညံ့၍ အရသာကောင်းမွန်သည့်အတွက် ဈေးကွက်ဝင် လူကြိုက်များခဲ့သည်။ ယခုအခါ ရွှေဘိုပေါ်ဆန်း ဆန်မှာ ဈေးကွက် အတွင်း နာမည်ရရှိကာ ဈေးကောင်းရရှိလာပြီး ဧရာဝတီပေါ်ဆန်း ဆန်ဈေးနှုန်းရရှိမှု လျော့ကျလာခြင်းကြောင့် အမှန်တကယ်အရည် အသွေးကောင်းမွန်သော ပေါ်ဆန်းစပါးမျိုး ကို စိုက်ပျိုး၍ ဈေးကွက်အတွင်း မြညေိနိ တစ်ခု ဖော်ဆောင်၍ ပြည်တွင်း၊ ပြည်ပ ဈေးကွက်ထိုးဖောက်နိုင်ရန် စပါးစိုက်ကွင်း ကောင်းပြီး နုန်းမြေကျဆင်းသည့် နေရာတွင် ပိုမိုအောင်မြင်ဖြစ် ထွန်းသည့် ပေါ်ဆန်းစပါးများကို ရေကြည်မြို့နယ်အတွင်းရှိ နွား ရေတိုက် ကျေးရွာအုပ်စုတွင် စမ်းသပ်စိုက်ပျိုးခဲ့သည်။
အရည်အသွေးကောင်းမွန်သော ထုတ်ကုန်ရရှိရန် ပေါ်ဆန်းစပါးကို ဧရာဝတီတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသ ကြီးတို့တွင် အများဆုံး စိုက်ပျိုးလျက်ရှိပြီး ကျန်တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင်လည်း စိုက်ပျိုးကြသည်။ ပေါ်ဆန်းစပါး စိုက်ပျိုးရာတွင် စပါးအထွက် နှုန်းကောင်းစေရန် ဓာတ်မြေသြဇာ များ အလွန်အကျွံထည့်သွင်းခြင်းကိုလည်း ရှောင်ကြဉ်သင့်သည်။
စိုက်ပျိုးမည့်ဒေသတွင် သွင်းရေရရှိမှု၊ ပန်းပွင့်မည့်အချိန် သည် မိုးလွတ်ချိန်ဖြစ်ပြီး ရရှိမည့်အပူချိန်နှင့် ချိန်ညှိပြီး ပျိုး ထောင်စိုက်ပျိုးချိန်ကို မှန်ကန်စွာ ရွေးချယ်စိုက်ပျိုးနိုင်မှသာ အထွက်နှုန်း မြင့်မားပြီး အရည်အသွေးကောင်းမွန်သော ထုတ် ကုန်ရရှိနိုင်မည်ဖြစ်သည်။ ပေါ်ဆန်းစပါးမျိုးသည် အပင်မြင့်ပြီး ပင်စည်ပျော့သဖြင့် အခြားအထွက်ကောင်းမျိုးများကဲ့သို့ ကောက် ကွက်စိပ်စိပ် စိုက်ပါက အပင်ဟုန်ပြီး ယိုင်လဲတတ်သည်။
အကောင်းဆုံး ပင်ကြား၊ တန်းကြား အကွာအဝေးမှာ မြေဆီထက် သန်မှုအလိုက် ၈ _ ၈ လက်မ ၉ _ ၉ လက်မ ၁၀ _ ၁၀ လက်မ စိုက်ပျိုးသင့်သည်။ ပေါ်ဆန်းစပါးမျိုး စိုက်ပျိုးရာ တွင် သွင်းအားစုအချိုးအစား မှန်ကန်မှသာ အပင်သန်မည် ဖြစ် သည်။
ဧရာဝတီတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အရည်အသွေးကောင်းပြီး တူညီသောပေါ်ဆန်းမျိုးများ စိုက်ပျိုး ကြသော်လည်း ပေါ်ဆန်းစပါး၏ အထွက်နှုန်းနှင့် စားသုံးမှု အရည်အသွေးမှာ အနည်းငယ် ကွာခြားလျက်ရှိကြောင်း သိရ သည်။
ထိုသို့ကွာခြားရခြင်းမှာ စိုက်ပျိုးရာဒေသအလိုက် ရေမြေ
ရာသီဥတု သဘာဝပေါ် မူတည်၍သော်လည်းကောင်း၊ မိုးရေချိန် ကွာခြားမှု၊ အပူချိန်ကွာခြားမှု၊ မြေဆီလွှာ ကွာခြားမှု၊ စသည့် အကြောင်းအရင်းများကြောင့် ဖြစ်နိုင်သည့်အပြင် မြေဆီလွှာ အာဟာရဓာတ်ညီမျှမှုသည်လည်း အရေးကြီးသော အချက်တစ် ချက်ဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပေါ်ဆန်းစပါးမျိုးများ၏ အရည်အသွေးမြှင့်တင်ရန်နှင့် မြေဆီလွှာပျက်စီးမှုကိုလျှော့ချရန် သာမက ၎င်းအပြင် မြေကြီးကျန်းမာရေးသည် လူသားတို့၏ ကျန်းမာရေးနှင့် တိုက်ရိုက်အချိုးကျသဖြင့် စားသုံးသူများ၏ ကျန်း မာရေးကို ကာကွယ်စောင့်ရှောက်ရန် အရေးကြီးသော ကဏ္ဍတစ် ရပ်ပင်ဖြစ်သည်။
မြေဆီလွှာထိန်းသိမ်းရန်နှင့် အရည်အသွးမြှင့်တင်ရန်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့် အတူ ရေကြည်ပေါ်ဆန်း အရည်အသွေးမြှင့်တင်ရေးနှင့် မြေဆီ လွှာထိန်းသိမ်းရေး သုတေသနဆောင်ရွက်ရန် ၂၀၂၂ခုနှစ် မိုးစပါး ရာသီတွင် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် နွားရေတိုက်ကျေးရွာရှိ တောင်သူ တစ်ဦး၏ လယ်မြေ၌ သုတေသနဆောင်ရွက်ချက်နှစ် မျိုးဖြင့် သုတေသနပြု ဆောင်ရွက်ခဲ့သည်။ ထိုအပြင် ၂၀၂၃ ခုနှစ် မိုးရာသီတွင်လည်း ဖော်ပြပါ သုတေသနပြုဆောင် ရွက်ချက်နှစ် မျိုးအား ၎င်းတောင်သူ၏ လယ်မြေတွင်ပင် ဒုတိယအကြိမ် ထပ်မံ ၍ သုတေသနပြုဆောင်ရွက်ရာ ဟူးမစ်အခြေခံ သဘာဝဓာတ် မြေသြဇာကို သုံးစွဲလျက်ရှိပြီး သစ်ရွက်များ၊ ကျိုးပဲ့သော အရွက် အြွေကများ၊ သက်ရှိသဘာဝပိုးကောင်ငယ်များ၊ မီးရှို့ပြီးကျန်သော အမှိုက်များ၊ အပင်နှင့် သတ္တဝါများ၏ သဘာဝအတိုင်း ကြေပျက် ဆွေးမြည့်ပြီး နောက်ဆုံးကျန်သော အရာများ၊ ပျက်စီးမှုပမာဏ လုံးဝပြည့်စုံသွားသောအခါ သဘာဝအော်ဂဲနစ် အြွကင်းအကျန် များကို ဟူးမစ်ဟု ခေါ်ဆိုသည်။
သဘာဝမြေသြဇာ ဟူးမစ်ကို စပါးမျိုးပျိုးထောင်ရာတွင်၊ မြေပြင်ဆင်ရာတွင် အများဆုံးအသုံးပြု၍ သီးနှံများစိုက်ပျိုးရာ တွင်လည်း အထူးကောင်းမွန်သည်။ သီးနှံစိုက်ပျိုးရာတွင် မြေကြီး အတွက် လိုအပ်သော မြေချဉ်ငန်ကိန်းကို ပြောင်းလဲပေးနိုင်ပြီး အပင်ကြီးထွားစေကာ မြေသားဖွဲ့စည်းပုံကို တိုးတက်ကောင်းမွန် စေသည်။ မြေဆီလွှာကို နူးညံ့စေပြီး အပင်စိုက်ပျိုးရာတွင်လည်း လွယ်ကူစေ၍ မြေကြီး၏ ရေဓာတ်ကို ထိန်းသိမ်းပေးကာ မြေဆီ လွှာကို မြှင့်တင်ပေးသည့် အပင်အတွက်လိုအပ်သော အာဟာရ ဓာတ်များစွာ ရရှိလာအောင် ကူညီပေးသည်။
ဟူးမစ် စမ်းသပ်ချက်များနှင့်အတူ (တစ်ဧကလျှင်) စပါး ပင်များ ထွက်ရှိချိန်တွင် နွားချေးမြေဆွေး ၆၅ ကီလိုဂရမ်၊ ဖွဲနု ၁၇ ကီလိုဂရမ်နှင့် သဘာဝဟူးမစ်မြေသြဇာ နှစ်ကီလိုဂရမ်ရော၍ ကျွေးခဲ့သည်။ မှိုကပ်စအချိန်တွင်လည်း နွားချေးမြေဆွေး ၆၅ ကီလိုဂရမ်၊ ဖွဲနု ၁၇ ကီလိုဂရမ်နှင့် သဘာဝဟူးမစ် မြေသြဇာ ၃ ခဲ့ သည်။ နှံစုပ်ကြမ်း ပိုးကျရောက်ချိန်တွင် ကွန်ကွာဇီဝပိုးသတ်ဆေး တစ်မျိုးသာ အသုံးပြုခဲ့ပြီး စပါးကုတ်ကျိုးရောဂါ ကျရောက်ချိန် တွင် ထရိုင်ဂိုးဒါးမား မှိုးသတ်ဆေးအား တစ်ဧကလျှင် ငါးထုပ်နှုန်း ဖြင့် ငါးကြိမ် အသုံးပြုခဲ့သည်။
သုတေသနဆောင်ရွက်ချက်များနှင့် အထွက်နှုန်း
၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ခုနှစ် မိုးရာသီ သုတေသနဆောင် ရွက်ချက်များအရ ၂၀၂၄ ခုနှစ်တွင် ပေါ်ဆန်းစပါးခြောက်မျိုးဖြစ် သည့် မြောင်းမြပေါ်ဆန်းရင်၊ ရွှေဘိုပေါ်ဆန်းရင်၊ ဖျာပုံပေါ်ဆန်း ရင်၊ ရွှေဝါရင်၊ ဧရာဝတီပေါ်ဆန်းကြီးနှင့် ဖျာပုံပေါ်ဆန်းကြီးတို့ကို စမ်းသပ်စိုက်ပျိုးခဲ့ရာတွင် စပါးမျိုးများအလိုက် အထွက်နှုန်းများ သိသာစွာ ကွာခြားသည်ကို တွေ့ရှိရသည်။ ရွှေဘိုပေါ်ဆန်းရင် သည် အသက်ရက် ၁၂၅ ရက်ဖြင့် သက်တမ်းအတိုဆုံးမျိုးဖြစ်ပြီး ဧရာဝတီ ပေါ်ဆန်းကြီးသည် ၁၆၁ ရက်ဖြင့် အသက်ရက်အကြီးဆုံး မျိုးဖြစ်သည်ကို လေ့လာတွေ့ရှိရသည်။ မြောင်းမြ ပေါ်ဆန်းရင်နှင့် ရွှေဝါရင် သည် အနှံပင်ပွား အနည်းဆုံးဖြစ်သည်ကို တွေ့ရှိရပြီး အောင်စေ့ ရာခိုင်နှုန်းအနေဖြင့် ဖျာပုံပေါ်ဆန်း ရင် ၉၃ ရာခိုင်နှုန်း၊ ဖျာပုံပေါ်ဆန်းကြီးနှင့် ဧရာဝတီပေါ်ဆန်းကြီးတို့သည် ၉၂ ရာခိုင် နှုန်းဖြင့် အများဆုံးဖြစ်သည်ကို လေ့လာတွေ့ရှိရသည်။
အထွက်နှုန်းအနေဖြင့်လည်း ဖျာပုံပေါ်ဆန်းရင် ၁၂၃ တင်း၊ ဖျာပုံပေါ်ဆန်းကြီးနှင့် ဧရာဝတီပေါ်ဆန်းကြီးသည် ၁၁၇တင်း ထွက်ရှိ၍ ကျန်မျိုးသုံးမျိုး၏ ပျမ်းမျှနှုန်းထက်သိသာစွာ များပြား သည်ကို တွေ့ရှိရသည့်အတွက် ဧရာဝတီပေါ်ဆန်းကြီး၊ ဖျာပုံ ပေါ်ဆန်းရင်၊ ဖျာပုံပေါ်ဆန်းကြီးမျိုးများသည် စီးပွားရေးအရ တွက်ခြေကိုက်သည် မျိုးများဖြစ်သည်။ တောင်သူတစ်ဦး၏ လယ် မြေတွင် ပေါ်ဆန်းကြီး ဧက ၃၀ ကိုဟူးမစ်အခြေခံသဘာဝမြေသြဇာ စမ်းသပ်ချက်အတိုင်း စိုက်ပျိုးခဲ့ရာ စုစုပေါင်းပျှမ်းမျှ အထွက်နှုန်း တင်း ၁၀ဝ ထွက်ရှိပြီး ၂၀၂၄ ခုနှစ် မိုးရာသီတွင်လည်းအထက်ပါ တောင်သူ၏ လယ်မြေ၌ ၆၆ ဧက စိုက်ပျိုးခဲ့ရာ စုစုပေါင်းပျှမ်းမျှ အထွက်နှုန်း ၁၀၃ တင်း ထွက်ရှိခဲ့သည်။
ဆန်အရည်အသွေး မြင့်တက်လာခြင်း
စမ်းသပ်စိုက်ပျိုးခြင်းမှ ရရှိလာသော ဆန်အား ဓာတ်မြေသြ ဇာ အသုံးပြု၍ စိုက်ပျိုးထားသော ပေါ်ဆန်းဆန်နှင့်အတူ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဇီဝနည်းပညာသုတေသနဦးစီးဌာန ဓာတ် ခွဲခန်းသို့ ပေးပို့စမ်းသပ်ခဲ့ရာ ဟူးမစ်အခြေခံ သဘာဝမြေသြဇာ အသုံးပြု ၍ စိုက်ပျိုးထားသော ပေါ်ဆန်းဆန်မှာ စူးရှသော မွှေး ရနံ့ရှိခြင်း၊ ဆန်သားအနည်းငယ် ပျော့ပျောင်းမှုရှိခြင်း၊ ဆန်သား အနည်းငယ် စေးကပ်ခြင်းဟူ၍ ဆန်အရည်အသွေး မြင့်တက် လာသော ဂုဏ်သတ္တိများရရှိလာသည်ကို တွေ့ရှိရသည်။ မြေ နမူနာဓာတ်ခွဲစမ်းသပ်မှု အဖြေများတွင် အပင်မှ စုပ်ယူစားသုံးနိုင် သော တီစူပါဓာတ် (ု) ၊ ပိုတက်ဆီယမ် (ဏ) ဓာတ်နှင့် သစ်ဆွေး ဓာတ်မြေများသည် မစိုက်ပျိုး မီအချိန်ထက် စိုက်ပျိုးပြီးချိန် ပိုမို တိုးတက်လာကြောင်း တွေ့ရှိရသည်။
ဓာတ်ခွဲစမ်းသပ်မှုအဖြေများအရ ဓာတုကင်းလွတ်ရေကြည် ပေါ်ဆန်းဟူ၍ အမည်တွင်ကာ ဟူးမစ်အခြေခံသဘာဝမြေသြဇာ အသုံးပြုပြီး ဓာတုကင်းလွတ်ရေကြည်ပေါ်ဆန်း စိုက်ပျိုးထုတ် လုပ်ခြင်းအား မြဝတီရုပ်သံလွှင့်အစီအစဉ်တွင်လည်း ရိုက်ကူး ထုတ်လွှင့်ခဲ့ပြီး ၂၀၂၅ မိုးရာသီ ရေကြည်မြို့နယ်တွင် ဓာတုကင်း လွှတ် ပေါ်ဆန်းစပါး စိုက်ပျိုးလိုသော တောင်သူများ ရှိလာခဲ့မှု အပေါ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွားရေတိုက်ကျေးရွာ၊ ကွင်းကြီးကျေးရွာ၊ မကျည်းလဟာကျေးရွာ၊ ပန်းဇံကွင်းကျေးရွာ၊ ကွမ်းသီး ချောင်းကျေးရွာများတွင် ဧက ၂၀ဝ ကျော် တိုးချဲ့စိုက်ပျိုး ခဲ့ရာ တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်းမှာ ၉၂ တင်းဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၏ ပေါ်ဆန်းစပါးအရည်အသွေး မြှင့်တင်ရေးနှင့် မြေဆီလွှာ ထိန်းသိမ်းရေး သုတေသနဆောင် ရွက်ရာတွင် ဟူးမစ်အခြေခံသဘာဝမြေသြဇာ ထည့်သွင်းစိုက်ပျိုး နည်းစနစ်ဖြင့် စိုက်ပျိုးခဲ့ရာတွင် မြေဆီလွှာ၏ ဂုဏ်သတ္တိများ တိုးတက်စေခြင်း၊ သွင်းအားစုကုန်ကျစရိတ်သက်သာခြင်း၊ ဈေး ကွက်ဝင်၍ မြင်သာသော အကျိုးအမြတ်ရရှိသည့်အတွက် ဖော်ပြပါ ဟူးမစ်အခြေခံ သဘာဝမြေသြဇာအသုံးပြု၍ ပေါ် ဆန်းစပါးစိုက်ပျိုးခြင်းအား ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြေဒေသကွာခြားမှုရှိသော ဒေသများတွင်လည်း ဆက်လက်၍ သုတေသနပြုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဈေးကွက်ဝင် ရေကြည်ပေါ်ဆန်း
ရေကြည်ပေါ်ဆန်းကို ဧရာဝတီတိုင်းဒေသကြီးအတွင်း စက်မှုထုတ်ကုန်ပြပွဲများ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ တောင်သူလယ်သမားနေ့၊ အထိမ်းအမှတ်ပြခန်းများတွင် သုံး ကီလိုဂရမ် ဆန်အိတ်များထုပ်ပိုး၍ ရောင်းချခဲ့ရာတွင် စားသုံး သူများကြိုက်နှစ်သက်မှုရှိကြောင်း သိရသည်။ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှလည်း ၂၀၂၅ ခုနှစ် မတ်လက ပုသိမ်မြို့ မြို့တော်ခန်းမတွင် ပေါ်ဆန်းစပါးစိုက်ပျိုးသော မြို့နယ်များမှ စပါး၊ ဆန်နမူနာများအား ခင်းကျင်းပြသ၍ မြေမှန်၊ မျိုးမှန်၊ စိုက် နည်းစနစ်မှန်ကန်စေရေး အရည်အသွေးမြင့်ဆန်များ ထုတ်လုပ် နိုင်ရေး ပေါ်ဆန်းဖိုရမ် ကျင်းပခဲ့သည်။
ပြည်ပပို့ကုန်မြှင့်တင်ရေးနှင့် ဈေးကွက်အလားအလာ
ဧရာဝတီတိုင်းဒေသကြီးသည် ရှေးယခင်တည်းက အရည် အသွေးကောင်းမွန်သော ပေါ်ဆန်းဆန်များ စိုက်ပျိုးထုတ်လုပ် လျက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့်အတူ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၊ စားသုံးသူရေးရာဦးစီးဌာန တို့ ပူးပေါင်း၍ ပြည်ပပို့ကုန်မြှင့်တင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိရာ ဧရာဝတီပေါ်ဆန်း၊ ဖျာပုံပေါ်ဆန်း၊ ရေကြည်ပေါ်ဆန်းတို့ကို တရုတ်နိုင်ငံ နန်နင်းမြို့တွင် ကျင်းပသော ကုန်စည်ပြပွဲတွင် ပါဝင် ပြသခဲ့သည်။
ပြည်ပနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်၊စစ်သံမှူးများနှင့် ချိတ် ဆက်ဆောင်ရွက်ခြင်း၊ ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိသည့် အရည်အသွေးမြင့် ပေါ်ဆန်းဆန်များ ပြည်ပတင်ပို့နိုင်ခြင်းဖြင့် စီးပွားရေး အခွင့်အလမ်းများရရှိလာမည်ဖြစ်သလို မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်များတွင် အလားအလာကောင်းများ ရရှိနေသော ဧရာဝတီတိုင်းဒေသကြီး ထွက်ကုန်ပေါ်ဆန်းအကြောင်း ရေးသား လိုက်ရပါသည်။
မင်းမင်းဦး(ဧရာဝတီ)
