Main menu

Background

၂၀၂၅ ခုနှစ်ခန့်တွင် အာဆီယံဒေသတွင်းရှိ ဘဏ်များငွေပေးချေမှုမှ ဝန်ဆောင်ခရငွေ အမေရိကန်ဒေါ်လာ ၅ ဘီလီယံအထိ ဆုံးရှုံးရဖွယ်ရှိ

Wed, 12/04/2019 - 12:58 -- journal_editor

      ဘဏ်လုပ်ငန်းမဟုတ်သော နည်းပညာလုပ်ငန်းများ၏ ပြိုင် ဆိုင်မှုနှင့်အတူ ဒီဂျစ်တယ်ငွေပေးချေမှုများ တိုးတက်လာခြင်း ကြောင့် ၂၀၂၅ ခုနှစ်ခန့်တွင် အာဆီယံဒေသတွင်းရှိ ဘဏ်လုပ်ငန်း များသည် ၎င်းတို့၏ငွေပေးချေခြင်း ဝန်ဆောင်မှုမှ  ဝင်ငွေ၏ ၁၄ ဒသမ ၃ ရာခိုင်နှုန်း  သို့မဟုတ် အမေရိကန်ဒေါ်လာ ၅ ဘီလီယံ အထိ ဆုံးရှုံးရဖွယ်ရှိနေကြောင်း Accenture ၏ လေ့လာမှု အစီရင်ခံစာအရ သိရှိရသည်။ အာဆီယံတွင် ငွေပေးချေမှုများမှ  ဝန်ဆောင်ခရငွေသည် တစ်နှစ်လျှင် ၆ ဒသမ ၁ ရာခိုင် နှုန်းဖြင့် ဆက်လက်တိုးတက်လာ ဖွယ်ရှိပြီး ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၆ ဘီလီယံမှ ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၇ ဘီလီယံအထိ တိုးတက် လာနိုင်ကြောင်း၊ သို့သော်ယင်းတိုးတက်ရရှိလာသည့် ဝန်ဆောင်ခ ရငွေ၏ဝေစုကို နောက်ဆုံးပေါ် နည်းပညာများအသုံးပြု၍ ကောင်းမွန်သော  ဝန်ဆောင်မှုများပေးနိုင်သည့် ဘဏ်လုပ်ငန်းများသာ ရယူနိုင်မည်ဖြစ်ကြောင်း၊ ဘဏ်ကတ်စနစ်များအား   အသုံးပြု၍ ငွေပေးချေမှုများမှ လွှဲ၍ လက်ရှိအခြေအနေမှာ ချက်ချင်းငွေပေး ချေနိုင်သည့်စနစ်များကို  အသုံးပြုလာခြင်းကြောင့် ဘဏ်များ၏ ဝန်ဆောင်ခရငွေသည်  လွန်စွာနည်းပါးလာနေသည့်အတွက် ဘဏ်လုပ်ငန်းများအပေါ် ဖိအားများရှိလာကြောင်း၊ အခမဲ့ငွေ ပေးချေမှုစနစ်များကြောင့် နောင်ခြောက်နှစ်ကာလတွင် အဆိုပါ ဘဏ်ကတ်စနစ်ဖြင့် ငွေပေးချေမှုစနစ်မှ  ဝင်ငွေ၏ ၉ ဒသမ ၆ ရာခိုင်နှုန်းကိုပင် ဆုံးရှုံးနိုင်ဖွယ်ရှိကြောင်း၊ ထို့ပြင် ချက်ချင်း ငွေပေးချေသည့်စနစ်များကြောင့် ဘဏ်တိုးနှုန်းရရှိမှု နည်းပါးလာသော အခြေအနေသည်လည်း ဘဏ်များ၏ ဝန်ဆောင်ခရငွေအပေါ် ၁ ဒသမ ၇ ရာခိုင်နှုန်းအထိ ထပ်မံထိခိုက်နိုင်ပြီး  လက်ကိုင်ဖုန်းအပလီ ကေးရှင်းဖြင့် ငွေပေးချေမှုစနစ်များကြောင့် ဘဏ်လုပ်ငန်းများ၏ ဝင်ငွေသည် ၃ ဒသမ ၁ ရာခိုင်နှုန်းအထိ ဆုံးရှုံးနိုင်ကြောင်း ဖော်ပြထားသည်။
     စင်ကာပူနိုင်ငံတွင် ဘဏ်များ၏ငွေပေးချေမှုမှ ဝန်ဆောင်ခ ရငွေ၏ ၂၀ ရာခိုင်နှုန်း သို့မဟုတ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံခန့်အထိကို ဒီဂျစ်တယ်ငွေပေးချေမှုစနစ်များဖြင့် အစားထိုးပြုလုပ်လာမည်ဖြစ်ကြောင်း၊ ဝန်ဆောင်ခရငွေသည် ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆ ဘီလီယံမှ  ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇ ဒသမ ၅ ဘီလီယံအထိ  နှစ်စဉ် ၃ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်လာမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။ ငွေပေးချေမှုစနစ်တွင် ဒီဂျစ်တယ်အသွင်ကူးပြောင်းမှုသည် ဘဏ်လုပ်ငန်းများသာမက  အခြားလုပ်ငန်းကဏ္ဍများကိုလည်း သက်ရောက်မှုရှိမည်ဖြစ်ပြီး အထူးသဖြင့် ဘဏ်လုပ်ငန်းများသည် ဒီဂျစ်တယ်ခေတ်တွင် ယှဉ်ပြိုင်နိုင်မှုရှိရေးအတွက် လက်ရှိလုပ်ငန်း ဆောင်ရွက်မှုပုံစံများကို ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ် ကြောင်း၊ ဘဏ်လုပ်ငန်းများ၏ ငွေပေးချေမှုစနစ်နှင့် အမြတ်ရရှိမှု တိုးတက်လာရေးအတွက် ၎င်းတို့၏ ဖောက်သည်များကို ဗဟိုပြုသော အဆင့်မြင့်ဝန်ဆောင်မှုများပေးနိုင်ရန်၊ ဘဏ်လုပ်ငန်းမဟုတ်သော အခြားနည်းပညာလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် နှင့် မိမိတို့တွင်  ရရှိထားသည့် အချက်အလက်များအား စီပွားရေး အကျိုးအမြတ်အတွက်  အသုံးပြုဆောင်ရွက်သွားရန် လိုအပ်ပါ ကြောင်း အကြံပြုထားသည်။

 

မြတ်နိုး