ကမ္ဘာ့လောင်စာဆီ ဈေးကွက်အခြေအနေအား လေ့လာကြည့် ရာတွင် ဓာတ်ဆီဈေးနှုန်းသည် ၂၀၂၃ ခုနှစ် မေ ၁၅ ရက်တွင်Global Petrol Price Website ၌ ဖော်ပြထားရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၁၉ နိုင်ငံအနက် ဇင်ဘာဘွေနိုင်ငံသည် ယခုတစ် ပတ်တွင် ၁၅ ဒသမ ၁၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံး နိုင်ငံဖြစ်ခဲ့ပြီး ဆွာဇီလန်နိုင်ငံတွင် ၆ ဒသမ ၇၀ ရာခိုင်နှုန်း၊Seychelles နိုင်ငံတွင် ၅ ဒသမ ၄၀ ရာခိုင်နှုန်းနှင့် Curacao နိုင်ငံတွင် ၅ ဒသမ ၁၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်းမြင့်တက်ခဲ့ သည့် နိုင်ငံပေါင်း ၁၇ နိုင်ငံရှိကြောင်း တွေ့ရှိရသည်။
Global Petrol Price Website ၏ ဖော်ပြချက်၌ ယခုတစ်ပတ် အတွင်း အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ ဟောင်ကောင်၊ တောင်ကိုရီးယား၊ အန်ဒိုရာ၊ သြစတြေးလျ၊ ဘာဘေဒို၊ ဘယ်လ်ဂျီယံ၊ ဘူတန်၊ အီတလီနှင့် ပိုလန် စသည့်နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၆၇ နိုင်ငံတွင် ယခင်တစ်ပတ် ဈေးနှုန်းများ အတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဓာတ်ဆီဈေးနှုန်း တည်ငြိမ်နေကြောင်း တွေ့ရှိရသည်။
ဓာတ်ဆီဈေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် မြန်မာ၊ ကမ္ဘောဒီးယား၊ တရုတ်၊ ဂျပန်၊ ဘရာဇီး၊ အိုက်စလန်၊ အိုင်ယာလန်၊ ပေါ်တူဂီ၊ ဂရိ၊ နယ်သာလန်၊ ဟန်ဂေရီ၊ လက်ဘနွန်၊ ပြင်သစ်နှင့် ခရိုအေးရှား အပါအဝင် နိုင်ငံပေါင်း ၃၅ နိုင်ငံရှိပြီး ယခင် တစ်ပတ် ဈေးနှုန်းထက် သုည ဒသမ ၁၀ ရာခိုင်နှုန်းမှ ၅ ဒသမ ၇၀ ရာခိုင်နှုန်းထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။
အာဆီယံနိုင်ငံများ၏ မေ ၁၅ ရက်တွင်Global Petrol Price Website ၌ ဖော်ပြထားရှိသည့် ဓာတ်ဆီဈေးနှုန်းများအနေဖြင့် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံတွင် သုည ဒသမ ၄၀ ရာခိုင်နှုန်းနှင့် ကမ္ဘောဒီးယားနိုင်ငံတွင် ၇ ရာခိုင်နှုန်းဖြင့် ဈေးနှုန်း ကျဆင်းခဲ့ပြီး ကျန်အာဆီယံနိုင်ငံများ အားလုံးတွင် ဈေးနှုန်းအပြောင်း အလဲမရှိ တည်ငြိမ်နေကြောင်း လေ့လာတွေ့ရှိရသည်။
ဒီဇယ်ဆီဈေးနှုန်းသည် ၂၀၂၃ ခုနှစ် မေ ၁၅ ရက်တွင်Global Petrol Price Website ၌ ဖော်ပြထားရှိသည့် ကမ္ဘာ့နိုင်ငံပေါင်း ၁၁၉ နိုင်ငံအနက် အီဂျစ်နိုင်ငံသည် ယခုတစ်ပတ်တွင် ၁၃ ဒသမ ၈၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ်ခဲ့ပြီး ဇင်ဘာ ဘွေနိုင်ငံတွင် ၁၃ ဒသမ ၆၀ ရာခိုင်နှုန်း၊ ကင်ညာနိုင်ငံတွင် ၃ ဒသမ ၉၀ ရာခိုင်နှုန်းနှင့် ဖင်လန်နိုင်ငံတွင် ၃ ဒသမ ၄၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်ခဲ့ပြီး မြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ၁၃ နိုင်ငံရှိ ကြောင်း တွေ့ရှိရသည်။
Global Petrol Price Website ၏ ဖော်ပြချက်၌ ယခုတစ်ပတ် အတွင်း အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ ဒိန်းမတ်၊ ဂျာမနီ၊ အီတလီ၊ ဂျော်ဒန်၊ မိုနာကို၊ နယူးဇီလန်၊ တောင်အာဖရိကနှင့် တူရကီ စသည့်နိုင်ငံများ အပါအဝင် နိုင်ငံ ပေါင်း ၆၆ နိုင်ငံတွင် ယခင်တစ်ပတ် ဈေးနှုန်းများအတိုင်း ပြောင်းလဲ ခြင်းမရှိဘဲ ဒီဇယ်ဈေးနှုန်း တည်ငြိမ်နေကြောင်း တွေ့ရှိရသည်။
ဒီဇယ်ဈေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် မြန်မာ၊ ကမ္ဘောဒီးယား၊ ဂျပန်၊ စပိန်၊ ဂရိ၊ ဟန်ဂေရီ၊ လက်ဘနွန်၊ နယ်သာလန်၊ ဘရာဇီး၊ ပြင်သစ်နှင့် ပီရူးအပါအဝင် နိုင်ငံပေါင်း ၄၀ နိုင်ငံရှိပြီး ယခင်တစ်ပတ်ဈေးနှုန်းထက် သုည ဒသမ ၁၀ ရာခိုင်နှုန်းမှ ၇ ဒသမ ၆၀ ရာခိုင်နှုန်းထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။
အာဆီယံနိုင်ငံများ၏ ၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်နေ့Global Petrol Price Websiteတွင် ဖော်ပြထားရှိသည့် ဒီဇယ်ဈေးနှုန်းများ အနေဖြင့် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံတွင် ၁ ဒသမ ၈၀ ရာခိုင်နှုန်းနှင့် ကမ္ဘောဒီးယားနိုင်ငံတွင် ၆ ဒသမ ၂၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းကျဆင်းခဲ့ကာ ကျန်အာဆီယံနိုင်ငံများအားလုံးတွင် ဈေးနှုန်း အပြောင်းအလဲမရှိ တည်ငြိမ်နေကြောင်း လေ့လာတွေ့ရှိရသည်။ အာဆီယံနိုင်ငံများ၏ ၂၀၂၃ ခုနှစ် မေ ၁၅ ရက်တွင် ဖြစ်ပေါ်နေသော ဓာတ်ဆီ၊ ဒီဇယ် တစ်လီတာ ဈေးနှုန်းများအား ပူးတွဲပါအတိုင်း ဖော်ပြအပ်ပါသည်။ ၂၀၂၃ ခုနှစ် မေ ၁၅ ရက်တွင် Global Petrol Price Website ၌ ဖော်ပြထားရှိသည့် ကမ္ဘာ့စက်သုံးဆီဈေးနှုန်းမှာ ဓာတ်ဆီ တစ်လီ တာတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၄ နှင့် ဒီဇယ်ဆီ တစ်လီတာ တွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၇ ရှိပြီး စက်သုံးဆီဈေးနှုန်း နိုင်ငံအလိုက် နည်း/များတွင် မြန်မာနိုင်ငံသည် ဓာတ်ဆီဈေးနှုန်း တစ်လီတာ သုည ဒသမ ၉၉ ဒေါ်လာနှုန်းဖြင့် ၃၆ နိုင်ငံမြောက်နှင့် ဒီဇယ်ဆီဈေးနှုန်း တစ်လီတာ သုည ဒသမ ၉၂ ဒေါ်လာနှုန်းဖြင့် ၃၃ နိုင်ငံမြောက်တွင် ရှိနေကြောင်း တွေ့ရှိရသည်။
မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုအများဆုံး ဆောင်ရွက်နေသော တရုတ်၊ ဂျပန်နှင့် အိန္ဒိယ နိုင်ငံတို့၏ စက်သုံးဆီ တစ်လီတာ ဈေးနှုန်း များအား တစ်ဖက်ပါအတိုင်း ဖော်ပြအပ်ပါသည်။ ပြည်တွင်းဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စက်သုံး ဆီ ဈေးနှုန်းများမှာ ၂၀၂၃ ခုနှစ် မေ ၁၈ ရက်တွင် အောက်တိန်း-၉၂ တစ်လီတာလျှင် ၉၁၅ ကျပ်၊ အောက်တိန်း-၉၅ တစ်လီတာလျှင် ၂၀ဝ၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၈၈၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၁၉၆၅ ကျပ် အသီးသီး ဈေးနှုန်းများဖြင့် ရောင်းချ လျက်ရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော စက်သုံးဆီ ဈေးနှုန်းများအား လေ့လာရာ တွင် ဟားခါးမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၃၉၅၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၃၈၈၀ ကျပ်၊ ကျိုင်းတုံမြို့တွင် ဓာတ်ဆီ တစ်လီတာ လျှင် ၂၈၈၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၉၀ဝ ကျပ်ဖြင့် အမြင့်ဆုံး ဖြစ်ပေါ်နေပြီး၊ ရန်ကုန်မြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၂၀ဝ၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၈၉၅ ကျပ်၊ ပဲခူးမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၂၀၁၅ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၁၉၀၅ ကျပ်ဖြင့် အနည်းဆုံး ဖြစ်ပေါ်နေကြောင်း တွေ့ရှိရသည်။ မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများ၏ ပြည်တွင်း စက်သုံးဆီဈေးနှုန်းများမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခင်တစ်ပတ်ထက် ဓာတ်ဆီ တစ်လီတာလျှင် ၁၅ ကျပ်နှင့် ဒီဇယ်တစ်လီတာလျှင် ငါးကျပ် ဈေးနှုန်းကျဆင်းခဲ့ကြောင်း လေ့လာသုံးသပ် တင်ပြအပ်ပါသည်။
Background