Main menu

Background

ယခင်အပတ်ထက် တစ်ပိဿာ တစ်ရာကျပ် ဈေးမြောက်သွားတဲ့ မန်းဒိုင်မှမတ်ပဲ

Tue, 07/22/2014 - 08:34 -- ydnar

 

မန္တလေးမြို့ပေါ်ရှိ ပဲအရောင်း အဝယ်ပြုလုပ်တဲ့ ပွဲရုံများသို့ လယ်ဝေး၊ ပျဉ်းမနား၊ တပ်ကုန်း၊ စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်း ၊ ချောင်းဦး၊ မုံရွာစတဲ့ဒေသ များမှ မတ်ပဲအဓိက ဝင်ရောက်လျက် ရှိပါတယ်။ မန္တလေးတိုင်းဒေသကြီး အတွင်းမှာ စဉ့်ကူးမြို့နယ် က မတ်ပဲအများဆုံး စိုက်ပျိုးထွက်ရှိပါတယ်။ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ၊ဖေဖော်ဝါရီလနဲ့မတ်လများ မှာ မတ်ပဲ တစ်ပိဿာ၁၀၀၀ ကျပ် အောက်မှာသာ အရောင်းအဝယ်ဖြစ် ခဲ့ပြီး၊ ဧပြီလဆန်းပိုင်းမှစပြီး တစ်ပိဿာ ၁၀၀၀ ကျပ်အထက်မှာ အရောင်း အဝယ် ဖြစ်တာ ယခုအချိန်အထိလို့ ဆို ရပေမဲ့ ဇူလိုင်လ တတိယအပတ်မှာ တော့ ယခုနှစ်ရဲ့လက်ရှိအ ချိန်အထိ မှာ တော့ ဈေးအမြင့် ဆုံး ကို ရောက်ေ နပါ တယ်။

ပွဲစား၊ ကုန်သည် စက်ပိုင်များ ကထိန်တော်အသင်း (မန္တလေးကုန်စည် ဒိုင်)မှာ ဇူလိုင်လ တတိယအပတ် အရောင်းအဝယ်ပြုလုပ်တဲ့မတ်ပဲရဲ့ ဈေး နှုန်းမှာ အောက်စတစ်ပိဿာ ၁၃၃၃ ကျပ် (တစ်တန် ၈၁၆၃၁၆ ကျပ်)၊ ထိပ်စ တစ်ပိဿာ ၁၄၁၇ ကျပ် (တစ်တန် ၈၆၇၇၅၇ ကျပ်) နဲ့ နေ့စဉ် (ပိဿာ ၆၀ ဝင်အိတ်) အိတ် ၇၀၀ မှ ၁၀၀၀ အကြား အရောင်းအဝယ် ဖြစ်ကြောင်း သိရ ပါတယ်။
တောင်သူရော ကုန်သည်မှာပါ လက်ကျန်နည်းနေပြီး၊ ရန်ကုန်ဝယ်လက် က အဝယ်လိုက်နေလို့ ပွဲရုံကို အဝင် ရှိသလောက် အရောင်းအဝယ် ဖြစ် လျက် ရှိပါတယ်။ ဝယ်လိုအားကောင်း၊ ဈေးကောင်းပေမဲ့ ကုန်ပစ္စည်း လက်ကျန် နည်းနေ တာေ ကြာင့် ရောင်းလိုအား နည်းပါးကြောင်း၊ အိန္ဒိယမှလည်း ဝယ် လိုအားပြန်လိုက်နေတာကြောင့် ရန်ကုန် ဝယ်လက်ဆွဲအားေ ကာင်း သလို မန်းပွဲရုံ များမှတစ်ဆင့် တရုတ်ကိုလည်း မြေစမ်း ခရမ်းပျိုး ဝယ်ယူမှု၊ တင်ပို့မှု ရှိကြောင်း၊ ယခုတစ်ပတ်အတွင်းမှာ မတ်ပဲတစ် ပိဿာ ၁၃၁၇ ကျပ်မှ ၁၄၁၇ ကျပ် ဈေးမြောက်သွားတာကြောင့် တစ် ပိဿာဈေးနှုန်းကွာခြားချက် ၁၀၀ ကျပ် (တစ်တန် ၆၁၂၃၉ ကျပ်) ဈေးမြင့်တက် ကြောင်းသိရပါတယ်။ ရုတ်တရက် ဈေး မြင့်တက်ရသည်မှာ ပစ္စည်းရှားပါးခြင်း၊ ဝယ်လိုအားများပြားခြင်း တို့ကြောင့် ဖြစ် ကြောင်း ကုန်သည်ကြီးတစ်ဦးမှ ပြော ပါတယ်။