Main menu

Background

တရုတ် ရေငန်စပါး သုံးနှစ်အတွင်း အထွက်နှုန်း နှစ်ဆတိုး

Fri, 10/28/2022 - 14:39 -- journal_editor

တရုတ်နိုင်ငံတွင် ဆားငန်ဒဏ် ခံနိုင်ရည် ရှိသည့် ရေငန်စပါးကို စမ်းသပ်စိုက်ပျိုးလျက်ရှိရာ ယခုအချိန်တွင် အောင်မြင်ဖြစ်ထွန်းနေပြီဖြစ် သည်။ အဆိုပါ စပါးစိုက်ပျိုးမှုမှာ သုံးနှစ်အတွင်း အထွက်နှုန်း  နှစ်ဆတိုးလာခဲ့ကြောင်း ဆင်ဟွာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။တရုတ်နိုင်ငံသည် စားနပ်ရိက္ခာဖူလုံရေး အတွက် ကြိုးပမ်းနေချိန်တွင် မရှိမဖြစ်လိုအပ်သော  ဆန်စပါးအတွက် ဆားငန်ဒဏ် ခံနိုင်ရည်ရှိသည့် ဆန်ထုတ်လုပ်မှုတွင် တရုတ်စိုက်ပျိုးရေး ပညာရှင် များသည် နောက်ထပ်  စံချိန်တစ်ခု  ရရှိခဲ့ခြင်းဖြစ် သည်။ စမ်းသပ်မှု အောင်မြင်လာခဲ့ခြင်းကြောင့် လာမည့်  ရှစ်နှစ်မှ ၁၀ နှစ်အတွင်း  ဆားငန်ဒဏ်ခံ စပါး ဟက်တာ   ခုနစ်သန်းနီးပါး    စိုက်ပျိုးသွားရန် သုတေသီများက စီစဉ်နေသည် ဟု သိရသည်။ ဟက်တာ ခုနစ်သန်း စိုက်ပျိုးပါက လူဦးရေ သန်း ၈၀ ကို ကျွေးမွေးရန် လုံလောက်ကြောင်း၊ အဆိုပါ ဆားငန်ဒဏ်ခံနိုင်ရည်ရှိသည့် စပါးများကို ပုံမှန် အားဖြင့် ရေငန်ဖုံးလွမ်းလေ့ရှိသည့် ဆားငန်ဒေသ များတွင် စိုက်ပျိုး နိုင်ပြီး  နိုင်ငံ၏  စားနပ်ရိက္ခာဖူလုံ ရေး ရည်မှန်းချက်များကိုလည်း မြှင့်တင်ပေးနိုင် မည်ဖြစ်ကြောင်း သိရသည်။
ရှန်ဒေါင်းပြည်နယ်    အရှေ့ဘက်ခြမ်းရှိ Qingdao Saline-Alkali Tolerant Rice Research and Development Center  မှ  သုတေသီများ၏ အဆိုအရ ယင်းစပါးမျိုးသည် ဆားဓာတ်ပါဝင်မှု များသည့် မြေဆီလွှာတွင် ပေါက်ရောက် သည့် မျိုးစိတ်သစ်တစ်မျိုးဖြစ်သည်ဟု ဆိုသည်။
၂၀၂၁ ခုနှစ်က တစ်ဟက်တာလျှင် ၈ ဒသမ ၈ တန်အထိ နှစ်ဆနီးပါး  တိုးလာပြီး ယခု ၂၀၂၂ ခုနှစ်တွင်တစ်ဟက်တာလျှင် ၁၀ တန်ကျော်အထိ တိုးလာခဲ့ကြောင်း  အစိုးရသိပ္ပံနှင့်နည်းပညာနေ့စဉ်သတင်းစာက အောက်တိုဘာ ၁၉ ရက် တွင် ဖော်ပြခဲ့သည်။
Qingdao ရှိ သုတေသနစင်တာမှ မန်နေဂျာ ဖြစ်သူ  Wan Jili  က စပ်မျိုးစပါး အထွက်နှုန်းသည် သမားရိုးကျသီးနှံများထက်  ယေဘုယျအားဖြင့် မြင့်မားနေပြီး စပ်မျိုး  မျိုးစိတ် တစ်ဟက်တာလျှင် ၂၀၁၇ ခုနှစ်က ၁၀ တန်အထိ ရောက် ရှိကာဆားဓာတ်၆ ရာခိုင်နှုန်းအောက်ရှိကြောင်း ပြောခဲ့သည်။ တရုတ်နိုင်ငံ စိုက်ပျိုးရေး ပညာရှင်များသည် ဆားငန်ဒဏ်ခံနိုင်သော  ဆန်ကို ၂၀၁၂ ခုနှစ်တွင် စတင်   သုတေသနပြုခဲ့ပြီး   ၂၀၁၆ ခုနှစ်တွင် စမ်းသပ်ရန်အတွက် မ တူညီ သော  မြေဆီလွှာ အခြေအနေများဖြင့်   နိုင်ငံတစ်ဝန်းရှိ   နေရာ ခြောက်ခုကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
"ဂရမ်ထွက်ရှိနိုင်ပြီး ဟူနန်ပြည်နယ်ရဲ့ စုစုပေါင်း စပါးထွက်ရှိမှုနဲ့ ညီမျှပါတယ်။ ၂ ဒသမ ၅ ဧက စိုက်မယ်ဆိုရင် စပါး ၁၀တန် ထွက်ပါတယ်"ဟု Wan Jili  က ပြောသည်။ ယမန်နှစ်စာရင်းများအရ  တရုတ်နိုင်ငံ၏ ဆားငန်ရေ ဆန်စိုက် ပျိုးဧရိယာ သည် အရှေ့မြောက်ဘက်ရှိ  Heilongjiangနှင့် အနောက်မြောက်ဒေသ Xinjiang၊ တရုတ်နိုင်ငံ တောင်ပိုင်းZhejiang  ပြည်နယ်အထိ ပြည်နယ် တစ်ဒါဇင်ကျော်ကို   လွှမ်းခြုံထားပြီး  ဟက်တာ လေးသိန်းရှိကြောင်း အစိုးရ သိပ္ပံနှင့် နည်းပညာ နေ့စဉ်သတင်းစာတွင်     ဖော်ပြထားသည်ကို ကိုးကားပြီး ဆင်ဟွာက ရေးသားထားသည်။
Source; Xinhua