ရန်ကုန်မြို့တော်ကြီးဟာ နိုင်ငံတော်ရဲ့ အထင်ကရ စီးပွားရေးအချက်အခြာ မြို့တော်ကြီးပီပီ တစ်နေ့တခြား ကြီးမား စည်ကား တိုးတက်ဖွံ့ဖြိုးပြီး လူဦး ရေလည်းများပြားလှတာတွေ့ရပါတယ်။ လူတွေနဲ့အညီ တစ်ပြိုင်တည်း တိုးတက် များပြားလာတာတွေကတော့အဆောက် အဦအသစ်တွေနဲ့ ကားအသစ်တွေပါပဲ။
လူတွေလူတွေကလည်း မြို့နယ် ဒေသအနှံ့ကလူပေါင်းစုံ ရန်ကုန်မှာလာ ပြီးရှာဖွေစားသောက်နေကြတာ တွေ့ရ ပါတယ်။ အလုပ်တွေပေါလို့ လူတွေများ လာတာလား။ လူတွေများလို့ အလုပ် အသစ်အဆန်းတွေတီထွင်ပေါများလာ တာလားဆိုတာ ကြက်မနဲ့ကြက်ဥ သံသရာလိုနေမှာပါပဲ။
အချို့ကလည်း အလုပ်တွေရှား လိုက်တာ၊ ဘာလုပ်ရမှန်းမသိဘူးဆိုတဲ့ ပညာမတတ် ဘွဲ့ရတွေဆီကကြားရ ပါတယ်။ တွေ့တဲ့ကြုံတဲ့အလုပ်များ ကို လည်း သူတို့ရဲ့ဘွဲ့ရ၊ ငါဘွဲ့ရဆိုတဲ့ ၁၂ လက်မ မပြည့်တဲ့ပေတံနဲ့ထုတ်ထုတ် တိုင်းပြီးပယ်လွှတ်နေလို့သူတို့အတွက်အလုပ်တွေဟာရှားနေပါတယ်။ဒါကလည်းသူတို့တကယ်မပြတ်သေး၊ မလပ်ေ သး၊မငတ်ကြသေးလို့ဖြစ်ပါလိမ့်မယ်။ အနှံ ပြည့်တဲ့စပါးနှံတွေကတော့ ပြောခဲ့တဲ့ ပတံတိုတွေကို လွှင့် ပစ်ပြီး တွေ့တဲ့၊ ကြုံ တဲ့အလုပ်တွေမှာ ကြုံသလိုစခန်းသွား၊ အတွေ့အကြုံတွေ များများရယူရင်း သင်တန်းတွေမှာ အချိန်ပိုင်း လုတက် ရင်းနဲ့ အချို့ဆိုလုပ်ငန်းရှင်ဘ၀ ရောက် ခဲ့ကြသူများလည်း မနည်းပါ။
နယ်ကနေ အခြားဘာမှ မငဲ့ကွက် နေဘဲ ရန်ကုန်တက်ပြီး ရရာအလုပ်လုပ် မယ် ဆိုတဲ့လူတွေကတော့ ယနေ့ ရန်ကုန်လူနေမှုဝန်းကျင်မှာ တွေ့သလို၊ ကြုံသလိုနဲ့ စီးမျောလိုက်ပါနေကြပါ တယ်။ ငွေရှိတဲ့လူက ငွေစိုက်၊ လူရှိတဲ့ လူက လုပ်အားစိုက်ပေါ့။ အဲ ..ဘာမှ မရှိတဲ့လူက လေစိုက်ပေါ့။
တစ်နေ့ကတော့ ရန်ကုန်မြို့လည် လေးလွှာ တိုက်ခန်းဝရံတာမှာရပ်ပြီး လမ်းထဲကရှုခင်းတွေကိုငေးနေတုန်း မျက်စေ့ကသာ လူသွားလူလာ ကား အဝင်အထွက်တွေကိုငေးနေရတာ။ နားထဲကတော့ အသံမျိုးစုံကြား နေရ တယ်။ မနက်စောစော ပဲပြုတ်သည် အသံကအစ၊ ရေဘူးသည်၊ ထီသည်၊ မုန့်သည်၊ ဝါးလုံးသည်စသည်ဖြင့် အသံ အတိုးအကျယ်၊ အနိမ့်အမြင့်၊ အတို
အရှည် အဖြတ်အတောက်အစုံပါပဲ။
ဒီလိုကြည့်နေတုန်း လွယ်အိတ် တစောင်းနဲ့ လူနှစ်ယောက်ရဲ့အသံက ဖောက်ထွက်လာတယ်။ လူသုံးကုန် ပစ္စည်း အပျက်အဟောင်းတွေဝယ်တဲ့ လူတွေပါ။ သူ့အသံနဲ့ရေးပြပါ့မယ်။ကွန်ပျူတာအဟောင်းဝယ်ဒယ်။ကက် ဆက်အဟောင်းဝယ်ဒယ်၊ရေဒီယိုအ ဟောင်း၊နာရီအဟောင်း၊ရေခဲသေတ္တာအဟောင်း၊ပရိဘောဂ အဟောင်စသဖြင့် သူတို့ မဝယ်ချင်တဲ့ပစ္စည်း မရှိ သလောက်။ ဘယ်ညာလှည့်ပြီး အော် ပါတယ်။ အာဟောင်း ဆိုတာ အ ဟောင်းကို ပြောတာပါ။ သံရှည်ဆွဲ တော့ အာဟောင်းလို့ကြားရပါတယ်။
ဒီဘက်လှည့်အအော်မှာ ဝရံတာ ရဲ့နောက်ကို ဆတ်ကနဲဆုတ်လိုက်မိ တယ်။ သူရုတ်တရက်မမြင်ရအောင်ပါ။ စိုးရိမ်သွားတာလည်းပါပါတယ်။ခေါင်းဖြူ ဖြူနဲ့ အဖိုးအိုတစ်ယောက်ကိုမြင်သွား ရင် အကြံရပြီး သိပ်အသုံးမဝင်တော့မဲ့ လူအာဟောင်းဝယ်ဒယ် လို့အော်မှာစိုး လို့ပါ။ကိုယ့်ကိုကိုယ်တော့အထင်တကြီး နဲ့ ၁၀၀ လောက်တန်မယ်ထင်ပေမဲ့ သူ က ၅၀ နဲ့ ဈေးဖြတ်လိုက်ရင် ကျန်တဲ့ ဘ၀ သက်တမ်းတလျှောက်လုံး ဝမ်း နည်းနေရဦးမယ်။
ဆိုလိုတာက ရန်ကုန်မှာရယ်လို့ မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးမှာ လုပ် စရာကိုင်စရာအလုပ်တွေက များလှပါ တယ်။ ကိုယ့်ပြည်တွင်းက မူလမိခင် အလုပ်နဲ့ထွက်ကုန်ကိုအထင်သေးပြီး ပြည်ပကဝင်တဲ့ပစ္စည်းတွေကိုမှ ပိုမို အထင်ကြီးနေတတ်ကြလို့ပါ။ သူတို့က နည်းပညာကျွမ်းကျင်တော့ စနစ်တကျ နဲ့ လှလှပပ လိုချင်အောင် ဆွဲဆောင် မှု ရှိအောင် စက်ရုံထုတ်အနေနဲ့ ထုတ်လုပ် ကြတယ်။ ဒါပေမဲ့ သူတို့က ဒါတွေကို ငြီးငွေ့နေကြပြီ။
ဖွံ့ဖြိုးဆဲ နိုင်ငံတွေက ဒေသထွက် သဘာဝပစ္စည်းအစစ်အမှန်တွေ၊ ဓာတု ပစ္စည်းအဖြည့်အစွက်ကင်းတဲ့ လက်မှု ထုတ်ကုန်တွေကို မက်မက်မောမော နှစ်သက်ကြပါတယ်။ အမှတ်တရအနေ နဲ့ ဝယ်ယူသယ်ဆောင်သွားလိုကြ ပါ တယ်။ နှစ်သက်ပြီဆိုရင်လည်း အရေ အတွက်ထောင်ချီ၊ သောင်းချီ စာချုပ် စာတမ်းနဲ့ ချုပ်ဆိုဝယ်ယူလိုကြပါတယ်။ ဒီဘက်ကတွင်တွင်ကျယ်ကျယ်နဲ့အရည် အသွေးမှန်မှန်နဲ့ ထုတ်လုပ်ပေးနိုင်ဖို့ လို ပါတယ်။
ဥပမာ-ကုန်ပစ္စည်းကလေးတစ်ခု တင်ပြပါရစေ၊ အညာဒေသရဲ့ထွက်ကုန် ပစ္စည်းဖြစ်တဲ့ ထန်းအခြေခံတဲ့ ပစ္စည်း တွေဟာ ပေါမှပေါ။ များမှများပါ။ ထန်း လျက်၊ ထန်းလက်၊ ထန်းရွက်၊ ထန်းမြစ်၊ ထန်းသား စသဖြင့်ပေါ့ ။ဥပမာ-ထန်းရွက်ဆိုပါစို့၊ နှစ်စဉ်ထန်းလက်ချိုင်ပြီး ထန်းရွက်တဲကအစထန်းရွက်ဖာ၊ ကလေး အရုပ်မျိုးစုံစသဖြင့် လုပ်ကြ၊ ရောင်းကြရပါတယ်။ ဒါပေမဲ့ ပြည်တွင်း ဘုရားပွဲဈေး၊ ၁၂ ပွဲဈေးကွက်ပဲရှိကြ တာပါ။
ထန်းနဲ့ပတ်သက်တဲ့ လုပ်ငန်းရှင် ငယ်ကလေးတွေ လုပ်သားတွေလည်း ဝင်ငွေပိုရအောင် လက်မှုလုပ်ငန်း တွေ လည်း ဖွံ့ဖြိုးတိုးတက်အောင်၊ ဈေးကွက် တစ်ခုလည်း ထိုးဖောက်နိုင်အောင်၊ ဟိုတယ် လုပ်ငန်းရှင်ကြီးများက မြှင့် တင်ပေးနိုင်လိမ့်မယ်လို့ ယူဆပါတယ်။ နိုင်ငံခြားသားတွေ တည်းခိုတတ်တဲ့ ဟိုတယ်ကြီးတွေမှာက လေအေးစက် အမြဲတတ်ထားတော့ အပူကြောက်တဲ့ ထန်းရွက်ပစ္စည်းက သက်တမ်းပိုရှည် နိုင်ပါတယ်။ အနံ့ကလေးကလည်း ကြာ ရှည်မွှေးနိုင်ပါတယ်။ဟိုတယ်ခန်းအတွင်း အသုံးပြုနိုင်တဲ့ထန်းရွက်ဗန်းကြီး၊ ဗန်းငယ်၊ ရေဘူးနဲ့ဖန်ခွက် တင် ရန်၊ ဘောပင် ထည့်ရန်၊ နံရံမှာချိတ်တဲ့ သွားတိုက် ဆေး၊ သွားတိုက်တံထည့်ရန်ခွက်၊ ကြိုးဆွဲအရုပ်မျိုးစုံ၊ ဖျာအရွယ် စုံစသဖြင့်မှာယူ ကြမယ်၊ ပြသအသုံးပြုပေးကြမယ်။ ရောင်းချပေးကြမယ်ဆိုရင် ဆင်းရဲနွမ်းပါးမှုကိုလည်း အတိုင်း အတာ တစ်ခု အထိ လွန်မြောက်နိုင်မှာပါ။ လက်မှု ပစ္စည်း ဆိုပေမဲ့ လက်ရာများကတော့ လှပသေသပ်နေဖို့တော့ လိုပါတယ်။
ဒါကလည်း အလုပ်ရှားပါးလှပါတယ်ဆိုတဲ့ထန်းထွက်တဲ့ဒေသမှာ လုပ်မယ်ဆိုရင် ဈေးကွက်ရှာမယ်ဆို ရင် ဖြစ်နိုင်ခြေကို တင်ပြပေးခြင်းပါ။ လုပ်ချင် စိတ်လည်းရှိမယ်။ တီထွင်ဖန်တီးလိုစိတ် လည်းရှိမယ်။ စူးစမ်းလေ့လာမှု လည်း ကောင်းမယ်ဆိုရင် စား၊ ဝတ်၊ နေရေး အတွက် စီးပွားရှာရတာ မပင်ပန်းတော့ဘဲ ပျော်စရာကောင်း ပါ တယ်။ တောက ထန်းရွက်နဲ့ မြို့ပေါ်ကဟိုတယ် ဘာမှမဆိုင်ဘူးလို့ထင်စရာရှိပါတယ်။ဥပမာ-တစ်ခုထပ်ပြီး တင်ပြပါ ရစေ။
တစ်နေ့ကရုပ်မြင်သံကြားမှာ လိုင်း တွေလိုက်ဖမ်းကြည့်ရင်း တင်ကြီးငှက် တွေအကြောင်းကြည့်လိုက်ရတယ်။ ငှက်ဆိုမှတော့ လေထဲမှာပျံဝဲကျက်စား တဲ့ သတ္တဝါခင်ဗျ။ သူ့စားရေးအတွက် အစာရှာရင် အလွန်ဆုံး ကုန်းပေါ်က သတ္တဝါပေါ့ခင်ဗျာ။ ဒါပေမဲ့ မဟုတ် သေးဘူး ခင်ဗျ။
ပင်လယ်ပြင်ထက်မှာ ခပ်မြင့်မြင့် က နေပျံပြီး ရေထဲကိုမမှိတ်မသုန်ကြည့် တတ်သတဲ့။ ရေနက်ထဲမှာ သူတို့ကြိုက်တဲ့ငါးအုပ်၊ ငါးတွေ့ပြီဆိုရင် အမြင့်ပျံရာ ကနေတောင်ပံနှစ်ဖက်ကို ခန္ဓာကိုယ် မှာ ကပ်ပြီး၊တစ်ဟုန်ထိုးရေ ထဲကို စိုက်ဆင်း သွားပါတယ်။ ပြန်အတက်မှာတော့ သူ့ နှုတ်သီးမှာငါးတစ်ကောင်ကောင်ပါလာ တတ်ပါတယ်။ အဲဒီအစာကို ကျောက် ဆောင်တစ်နေရာရာမှာ ထိုးဆိတ်စား သောက်လိုက်တာတွေ့ရပါတယ်။ လေ ထဲမှာ အမြင့်ပျံ တဲ့ တင်ကြီးငှက်ရဲ့ စား ရေး ဖြေရှင်းနည်းက ပင်လယ်သမုဒ္ဒရာ ထဲမှာပါ။
ကျွန်တော်တို့ကော နေ့စဉ်စား ဝတ်နေရေးဖြေရှင်းရတာ၊ အလုပ် အကိုင်တွေ ရှာဖွေရတာ ပင်ပန်း ဆင်းရဲ နေပြီလား၊တင်ကြီးငှက်လောက်မစွန့်စား ရသေးဘူးထင်ပါတယ်။ ကဲ.. အလုပ် လုပ်ကြရအောင်ပါ။ အလုပ် သိပ် မရွေးပဲ လူတိုင်း အလုပ်လုပ်နိုင်တဲ့ အသက်အရွယ်တိုင်း အလုပ်လုပ်ကြရ အောင်ပါ။
လူတိုင်းအလုပ်လုပ်ကြမှ လုပ် အားတွေပေါင်းစည်းမိမယ်။ အရင်းအနှီး တွေ စုစည်းလည်ပတ်မယ်။ ကုန်ကြမ်း တွေအသက်ဝင်၊အသုံးဝင်လာမယ်။ အရည်အသွေးမြင့်ကုန်ချောတွေ တိုး ထုတ်လာနိုင်ပြီး၊ ကုန်ထုတ်စွမ်း အား ပမာဏတွေ တိုးတက်လာမယ်။ ဝန် ဆောင်မှုလုပ်ငန်းတွေဖွံ့ဖြိုးလာမယ်။
စီးပွားရေး အခွင့်အလမ်းတွေ ပွင့် လန်းလာပြီး ဆင်းရဲနွမ်းပါးမှု လျော့ကျ လာမယ်။ ကုန်စည်စီးဆင်းမှုတွေ မြန် ဆန်သွက်လက်လာပြီး ကုန်သွယ်မှုတွေ မြင့်မားတိုးတက်လာမယ်။ တစ်ဦးချင်း ဝင်ငွေတွေ တိုးတက်လာမယ်။ ကဲ.. စာဖတ်သူရဲ့ပတ်ဝန်းကျင်မှာရှိတဲ့အလုပ် မရှိသေးတဲ့ အလုပ်ရွေးနေတဲ့ သူတွေကို လက်တို့ပြီးပြောပြပေးလိုက်ပါဗျာ။ ကဲ ...အလုပ်လုပ်ကြစို့လို့။