Main menu

Background

ယမမင်းနဲ့ တွေ့ဆုံခြင်း

Fri, 03/06/2015 - 21:46 -- journal_editor

အတွဲ(၁၅)အမှတ်(၉)

စနေ၊ တနင်္ဂနွေရုံးအားရက် နံနက်ခင်းလက်ဖက်ရည်လေး သောက်ပြီး သမိုင်းပေးတာဝန်အရ အိမ်က အိမ်ရှင်မကို ဈေးလိုက်ပို့ရ ပါတယ်။ စီးတော်ယာဉ်မော်တော်ဆိုင်ကယ် (ဆိုင်မှာ ခဏခဏသွား ပြင်ရတဲ့  ဆိုင်ကကယ်နေရတဲ့ဆိုင်ကယ်) ကလေးနဲ့ပေါ့။ လူတွေဟာ အိပ်ရာကနိုးလို့ထလာရင် ပါးစပ်ကြီးတွေဟလာပြီး အစားအသောက် ကို တောင်းဆိုကြတယ်။ ဒါကြောင့် ''ငါ့သား အလုပ်လုပ်မယ်ဆိုရင် အစားအသောက်ကိုရောင်း'' ဆိုတဲ့ ပေါက်ဖော်တရုတ်ကြီးရဲ့ စကား ကို သွားပြီးအမှတ်ရမိပါတယ်။ စနေနေ့ရုံးပိတ်ရက်ဆိုတော့ တစ်ဆက် တည်း အိမ်ရှင်မကိုပြောမိပါတယ်။ ''မအေရေ ဒီနေ့နံနက်စာကို ငါပဲမီးဖိုချောင်ဝင်ပြီး ချက်ပေးပါ့မယ်ကွာ'' လို့ပြောရသေးတယ်။ တော်ကြာ အမျိုးသမီးက စိတ်တွေဘာတွေ ဆိုးနေရင်ဒုက္ခ။ ူေိပ ၤငမျအ အမျိုးသမီးကို ဦးစားပေးရပါသော်ကောဗျာ။ သမိုင်းပေးတာဝန် ပါလို့နော်။ ဟုတ်ဖူးလားစာရှုသူခင်ဗျာ။
ဈေးထဲမှာ ဝက်သားလည်းအိုး သား ၅၀ သားဝယ်၊ ပဲကြီး အရော်ဝယ်၊ အညာနွေဦးရာသီမှာ ပေါ်နေပြီဖြစ်တဲ့ တမာရွက် နုနုလေး လေးငါးစီးဝယ်၊ ကျွန်းခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ နံနံပင် ဝယ်၊ ကျွန်းခရမ်းချဉ်သီးဆိုတာ အခုခေတ်စားနေတဲ့ တိုင်ထောင် ခရမ်းချဉ်သီးတို့၊ မေမြို့ခရမ်းချဉ်သီးတို့နဲ့ မတူပါဘူး။ မြစ်ရေကျ လို့ပေါ်လာတဲ့ မြေနုကျွန်းပေါ်မှာစိုက်တဲ့ဒေသမျိုးပါ။ ဖော်ပြပါ ခရမ်း ချဉ်သီးတို့ထက် အခွံပါးတယ်။ အနှစ်များတယ်။ အချဉ်ဓါတ် ပိုပါ တယ်။ သူ့အားနည်းချက်ကတော့ ကြာကြာအထား မခံပါဘူး။ ဈေး အလယ်တန်းမှာ  မရမ်းသီးတွေတွေ့တာနဲ့ ဘယ်ဈေးလဲဆိုတော့ တစ်ပိဿာ ၆၀၀၀ ကျပ်၊ မများဘူးလားဆိုတော့ ဒါဈေးကျသွားတာ ပါ။ ပေါ်ဦးပေါ်ဖျားတုန်းက တစ်ပိဿာ ၂ သောင်းကျပ်ပါတဲ့ဗျာ။ သူ လည်းနည်းနည်းဝယ် အိမ်ပြန်ခဲ့ပါတယ်။
အိမ်ရောက်တော့ ဝက်သား ကို ကြက်သွန်အဖြူအနီ၊ ချင်းနဲ့ အနှစ်များများ၊ အချိုချက်ချက်၊ ပဲကြီး အရော်ကို အိုးကပ်နှပ်၊ မရမ်းသီးကို ငါးပိမီးကင်၊ ပုစွန်ခြောက်၊ ကြက် သွန်ဖြူနဲ့ထောင်း၊ ခရမ်း ချဉ်သီးနဲ့ ငြုပ်သီးစိမ်းကို မီးဖုတ်ထောင်း၊ နံနံပင် ထည့်ချက်ပြုတ်ပြီး တော့ ရေမိုးချိုးပြီးတော့ မိသားစုထမင်းဝိုင်း စားကြပါပြီ။ ချက်ပြုတ် ထားတဲ့ ဟင်းတွေအပြင် ခိုးခိုးခါခါရာသီစာ တမာရွက်နုနုအတို့က လေးနဲ့ပေါ့ဗျာ။
ထမင်းဝိုင်းသိမ်းတော့ အိပ်ရာပေါ်ပက်လက်ကလေးလှန်၊ အိပ်ရာဘေးစားပွဲပေါ်မှာရှိတဲ့ လက်လှမ်းမှီရာ စာအုပ်တစ်အုပ် ဆွဲဖတ်မိပါတယ်။ စာအုပ်က ပခုက္ကူမြို့ မဟာဝိသုတာရာမအလယ် တိုက်ဆရာတော် အရှင်ကေလာသ (ဗြ သီရိလင်္ကာ) ရေးထားတဲ့ ဓယမမင်းထံအစစ်ခံ သံပေါက်အဖွင့်ကျမ်းဓဆိုတဲ့ စာအုပ်ပါ၊လူ့ပြည် လူ့လောက လူ့ပတ်ဝန်းကျင်မှာ မသေခင် ကိုယ်လုပ်ခဲ့တဲ့ကောင်းမှု ကုသိုလ်၊ မကောင်းမှုအကုသိုလ်ဆိုတာတွေကို လူ့ပြည်က သေဆုံး တော့ ငရဲပြည်ယမမင်းထံ အစစ်ဆေးခံရတဲ့ ယမမင်းထံ အစစ်ခံ သံပေါက်အဖွင့်ကျမ်းပါစာအုပ်ကလေး ဖတ်ရင်း ကိုယ်စားထားတဲ့ အစားအစာတွေက တက်စာတွေဆိုတော့ ဖတ်လက်စ စာအုပ်ကလေး လက်ကပြုတ်ကျ အိပ်ပျော်သွားပါလေရောဗျာ။
လား ..လား ..အိပ်နေရင်းကသတိရတော့ ကျွန်တော်ဘယ် ရောက်နေတယ်ထင်ပါသလဲစာရှုသူ၊ ကျွန်တော်ကိုယ်တိုင် ယမမင်း ရှေ့မှောက်မှာပါဗျာ။ အလား .. ဘေးမှာလည်း ငရဲသားကြီးတွေက ဘယ်လို လက်နက်တွေမှန်းမသိတဲ့ အရာကြီးတွေကိုင်လို့ ကြီးမား ထွားကြိုင်းတဲ့ ခန္ဓာကိုယ်ကြီးတွေနဲ့ပေါ့ဗျာ။ ကြောက်လန့် စရာတွေ ပါပဲ။ ယမမင်းကြီးက ကြီးမားလှတဲ့ကုလားထိုင်ကြီးပေါ်မှာထိုင်လို့ ကိုယ်ကသူ့ရှေ့မှာ မတ်တပ်ကလေးရပ်၊ ကိုယ့်ဘေးတစ်ဘက်တစ်ချက် မှာ လက်နက်ကိုင်ထားတဲ့ ငရဲသားကြီးတွေနှစ်ယောက်က မတ်တပ် ရပ်လို့ ...။
ယမမင်း    -    မောင်မင်းနာမည်ပြော၊
ကျွနု်ပ    ်    -    ကျွန်တော်မျိုးနာမည် မြင့်ဦးပါခင်ဗျာ၊ (ရိုသေလိုက်ပုံ များ ကြောက်တာကိုးဗျ)
ယမမင်း    -    ဟေ့တစ်ယောက် ဒီပုဂ္ဂိုလ်ရဲ့ ကိုယ်ရေးမှတ်တမ်းဖိုင် သွားယူစမ်း၊
ငရဲသား    -    ဟုတ်ကဲ့ပါမင်းကြီး၊
            သိပ်မကြာလိုက်ပါဘူး။ နီညိုရောင်ဖိုင်တစ်ခုနဲ့ငရဲသား ပြန်ဝင်လာပါတယ်။ ကိုယ့်ကိုယ်ရေးဖိုင်က နည်းနည်း ထူနေသလားအောက်မေ့ပါတယ်။
ယမမင်း    -    ဘာလဲ မင်းက မင်းကိုယ်ရေးဖိုင်ထူလို့ သဘောကျနေ တာလား။ တို့ငရဲပြည်မှာ ကိုယ်ရေးဖိုင်ထူလို့ မင်းတို့ လူ့ပြည်လို အမှုထမ်းသက်ရင့်လို့ထူတာမဟုတ်ဘူး။ လူ့ဘဝက မင်းပြုခဲ့၊ လုပ်ခဲ့တဲ့ကုသိုလ်၊ အကုသိုလ်တွေ များနေလို့ကွ၊ ကုသိုလ်များရင်တော့တော်ရဲ့၊ အကု သိုလ်များလို့ကတော့ သေချာပေါက်မင်းငရဲခံရမယ် သာမှတ်၊
ကျွနု်ပ်        -    ဘုရား ..ဘုရား လူ့ဘဝက ငါဘာတွေလုပ်ခဲ့ပါလိမ့်၊ ဘာမှလည်းမမှတ်မိပါလား၊ ကုသိုလ်ကောင်းမှုတွေ များများလုပ်ခဲ့ပါစေ၊ လူတွေများ မီးခဲကိုကိုယ်တိုင် ကိုင်ကြည့်မှ ပူမှန်းသိတာမျိုးပါလား၊ လူ့ဘဝတုန်းက ဆရာတော်၊ သံဃာတော်တွေ ဟောကြားခဲ့တဲ့တရား တွေကို  လိုက်နာဆောင်ရွက်မှုဆိုတာ သိပ်အလေး  မထားခဲ့ပေမယ့် ယခုယမမင်းထံ အစစ်ခံရတော့မှ နောင်တရမိသလိုလို နောက်မှ ရမိတဲ့နောင်တ ဘုရား .. ဘုရား၊
ယမမင်း    -    မောင်မင်းက လူ့ပြည်တုန်းက ကုန်သွယ်ရေးမှာလုပ် ခဲ့တာဟုတ်ရဲ့လား၊
ကျွန်ုပ်        -    မှန်ပါတယ်မင်းကြီးခင်ဗျာ၊
ယမမင်း    -    ပုံမှန်ဆက်ဆံပါ။ ငါ့ကိုမင်းကြီးတွေ ဘာတွေနဲ့ မဖား ပါနဲ့။ ဒါလူ့ပြည်မဟုတ်ဘူး၊ ငရဲပြည်ကွ၊
            မင်းတို့လူ့ပြည်တုန်းက ဆရာတော်တွေရဲ့တရားထဲမှာ ထည့်ထည့်ဟောတဲ့ တရားတော်တွေ ထဲကလို ]]ကိုယ် ပြုသည့်ကံ ပဲ့တင်သံ ကိုယ့်ထံပြန်လိမ့်မည်}} ဆိုသလို မင်းရဲ့ကုသိုလ်၊ အကုသိုလ်က မင်းကိုပြန်အကျိုးပေး လိမ့်မယ်၊ နေဦး ငါသေချာအောင်ပြန်စစ်ဦးမယ်။
ကျွန်ုပ်        -    ဟုတ်ကဲ့ပါခင်ဗျာ၊
ယမမင်း    -    မင်းကုန်ဝယ်ဒိုင်မှာနေ့စား၊ နောက်ပြီး ပိုးမွှားကာကွယ် ရေးဌာနမှာ နှစ်များခဲ့တယ်။ ကုန်သွယ်ရေး မူဝါဒ ပြောင်းမှ ပိုးသတ်တဲ့ဘဝကလွတ်တာ၊ ပြီးတော့ ဆန် သိုလှောင်မှူး၊ နောက်ရုံးပေါ်၊ နယ်ဘက်မှာ တစ်ခါ ထမ်းဆောင်၊ အခုရုံးပေါ်မှာ သုတေသနနည်းပညာ ပေးရေး၊
ကျွနု်ပ်        -    ဟ ..စုံလှချည်လား၊ သိလှချည်လား၊  လူ့ပြည်တုန်း ကရုံးမှာရှိတဲ့ ကိုယ်ရေးဖိုင်မှာတောင် ဒီလိုစုံရဲ့လား၊ ဟုတ်ပါတယ်ခင်ဗျာ ဟုတ်ပါတယ်။
ယမမင်း    -    ကုန်ဝယ်ဒိုင်မှာ နေ့စားလုပ်တော့ ကုန်ချိန်မယ်၊ ကတ္တားခိုးမယ်။ ပိုးမွှားကာကွယ်ရေးမှာလုပ်တော့ ပိုး တွေသတ်တယ်၊ သူတစ်ပါးအသက်သတ်တာ။ ဆန်သို လှောင်ရုံမှူးလုပ်တယ်၊ မင်းဆန်ခိုးခဲ့မှာပဲ။ နယ်မှာဆင်း ပြီး လုပ်တုန်းကလည်း လုပ်သားပြည်သူတွေကို မဟုတ်တာပြော၊ လိမ်ခဲ့ဦးမယ်။ သုတေသနနဲ့နည်း ပညာမှာ ဘာမှမသိ ဘာမှမတတ်ဘဲ မသိသူတွေကို မတတ်သူက  ဘာသုတေသန လုပ်ပြီး ဘာနည်းပညာ ပေးမလဲ ဒါလဲညာတာပဲ ဒီပြစ်ချက်တွေဆိုရင် မင်းငရဲက မလွတ်နိုင်ပါဘူး။
ကျွန်ုပ်        -    ဘုရား .. ဘုရား ဆရာရန်အောင်မောင်မောင်ရေးတဲ့ ]]ထောင်တစ်သက်လွတ်ရက်မရှိ}} ဆိုတာမျိုးလို ငရဲ မင်းကြီးပြောတဲ့အတိုင်းဆိုရင် ငါ့ဘ၀ ]]ငရဲတစ်သက် လွတ်ရက်မရှိ}} ဆိုလိုဖြစ်တော့ မှာပဲ၊ ယမမင်းကြီး ခင်ဗျာ၊ လူ့ပြည်တုန်းက ကျွန်တော်ကောင်းမှုကုသိုလ် တွေလည်း လုပ်ခဲ့ပါသေးတယ်ခင်ဗျာ။
ယမမင်း    -    မင်းတော်တော်လျှာရှည်ပါလား၊ မှတ်တမ်းတွေမှာ အကုန်ပါတယ်။ ကိုရင်ဝတ်တာ ရဟန်းဝတ်တာ နှစ် ကြိမ်၊ ရဟန်းခံတာ၊ ဝါတွင်းဥပုသ်စောင့်တာ၊ ဘုရား ဆီမီးပူဇော်တာ၊ လှူတာ၊ ဒါတွေငါ့မှာ မှတ်တမ်း အကုန်ရှိတယ်။
ကျွန်ုပ်    -    ဒီလိုကုသိုလ်တွေ လုပ်ခဲ့တာဆိုတော့ ကျွန်တော်ငရဲ    မကျနိုင်ဘူးပေါ့နော်။
ယမမင်း    -    အောင်မယ် ကိုယ့်အတွက်တော့ တော်တော်သိတယ်။ လိပ်မျိုး ကိုယ့်ဘက်ကိုယ်တော့ အတော်ယက်တတ် တဲ့ကောင် မင်းကြားဖူးတယ်မဟုတ်လား၊ ကုသိုလ် တစ်ပဲ ငရဲတစ်ပိဿာဆိုတာလေ မင်းပြုခဲ့တဲ့ကုသိုလ် နဲ့အကုသိုလ်၊ အကုသိုလ်ကပိုများနေတယ်ကွ။ ဒီတော့ ..
ကျွနု်ပ်        -    နေပါဦးမင်းကြီးရယ်၊ ကျွန်တော်ပြုမူဆောင်ရွက်ခဲ့တဲ့ မင်းကြီးတို့သတ်မှတ်ထားတဲ့ အကုသိုလ် ဆိုတာကို ကျွန်တော်ကိုနည်းနည်းကလေးတော့ ရှင်းပြခွင့်ပြုပါ ခင်ဗျာ၊
ယမမင်း    -    ဒါကဖြစ်ပါတယ်။ ငါတို့ငရဲပြည်မှာ သမာသမတ်ကျ ပါတယ်။ တစ်ဖက်သတ်မဆုံးဖြတ်ပါဘူးကွ။ မင်း ဘက်က ပြန်လည်တင်ပြခွင့်ရှိပါတယ်။ ရှင်းလင်း    တာကို အကျိုးအကြောင်းခိုင်လုံအောင်သာ ရှင်းပြ၊
ကျွန်ုပ်        -    တော်ပါပေတယ်မင်းကြီးခင်ဗျာ။ ကျွန်တော်တို့ လူ့ပြည်နဲ့တော့ကွာပါ့ဗျာ။
ယမမင်း    -    ဟေ့ကောင်၊ မောင်မင်းတော်တော့ ငါ့ကိုပုံမှန်ဆက်ဆံ ပါ ကဲရှင်းတော့၊
ကျွန်ုပ်        -    ကုန်ဝယ်ဒိုင်မှာ နေ့စားလုပ်တုန်းက ကတ္တားအလေးခိုး တာ ကောင်းကောင်းမွန်မွန်နားမလည်ပါဘူး။  အထက်ကဒိုင်မှူးခိုင်းတဲ့အတိုင်း လုပ်ခဲ့ရတာပါ။ ပိုးမွှားကာကွယ်ရေးလုပ်တုန်းက ဝယ်ယူထားတဲ့ သီးနှံတွေ ပိုးကျပိုးထိုးရင် နိုင်ငံခြားတင်ပို့၊ နိုင်ငံခြား ငွေရှာဖွေရာမှာ ဈေးနှုန်းကောင်းကောင်းမရမှာ စိုးလို့ နိုင်ငံတော်ဝင်ငွေ ကောင်းကောင်းရဖို့ ပိုးတား၊ ပိုးသတ်ရတာဆိုတော့ ကိုယ်ကျိုးမဟုတ်ဘဲ နိုင်ငံ  အကျိုးအတွက် ဆောင်ရွက်တာဆိုတော့ အပြစ်မရှိပါ ဘူး။ ဆန်သိုလှောင်ရုံမှာလုပ်တုန်းက ဆန်ခိုးခဲ့တယ် ဆိုရာမှာ ကျွန်တော်ကိုင်ရတဲ့ပစ္စည်းက <ကက်ငှက် တိရစ္ဆာန်၊ လူသားအားလုံး ကြိုက်နှစ်သက်တဲ့အတွက် အလျော့တွက်လေးကာမိအောင် ယူတဲ့သဘောပါ ဗျာ။ နယ်မှာလုပ်တုန်းက လုပ်သားပြည်သူတွေကို လိမ်ညာပြောတာမဟုတ်ပါဘူး။ နိုင်ငံတော်ရဲ့ လုပ် ထုံး လုပ်နည်း နည်းဥပဒေနဲ့ပတ်သက်လို့ ရှင်းလင်း ပြောကြားခဲ့တာပါ။ ဟုတ်တာတွေပဲပြောခဲ့တာပါ။ ယခုသုတေသနနဲ့နည်းပညာပေးရေးကိစ္စမှာလည်း အတတ်နိုင်ဆုံး ကြိုးစားပြီးဆောင်ရွက်နေပါတယ်။
ယမမင်း    -    ဒီလိုဆိုတော့လည်း မောင်မင်းအဖြေနဲ့ မောင်မင်း တော့ ဟုတ်နေတာပါပဲလား။ ဒါပေမယ့် မင်းအဖြေပဲ ရှိသေး တာ။ ဟုတ်မဟုတ် မှန်မမှန်ဆိုတာ ပြန်လည်  တိုက် ဆိုင်စစ်ဆေးပြီး တို့အဖွဲ့ထပ်မံစစ်ဆေးရဦးမယ်။ (အဲဒီ အချိန်မှာ ငရဲသားငယ်တစ်ယောက်ဝင်လာ ခဲ့ပါတယ်။ လက်ထဲမှာလည်း စာရွက်စာတမ်းဖိုင်တွဲတွေနဲ့ပါ။ တစ်ဆက်တည်းမှာပဲ မင်းကြီးခင်ဗျာ .. ကျွန်တော် တို့တစ်တွေ လူမှားနေတယ် ထင်ပါတယ်။) မင်းတို့ ပြောတော့ မြင့်ဦးဆိုကွ။ ငါကလည်း မင်းတို့  ပြောတဲ့ အတိုင်း သူ့မှတ်တမ်းကြည့်ပြီး စစ်ဆေးနေတာပေါ့။
ငရဲသားငယ်-    မှန်ပါတယ်မင်းကြီး၊ မြင့်ဦးဆိုပေမဲ့ ဒီမြင့်ဦးမဟုတ်ပါ ဘူး။ လူ့ပြည်မှာ မြင့်ဦးတွေကများတော့ လူချင်းလွဲ သွားတဲ့သဘောပါ။ ကျွန်တော်မျိုးသေသေချာချာပြန် စစ်တော့ လွဲနေတာကိုသိလို့ အချိန်မီသတင်းလာပို့  တာပါ။
 စာမျက်နှာ ၁၄ ယမမင်းနှင့်  . . . မှ အဆက်
ယမမင်း    -    တယ်လည်းခက်တဲ့ကောင်တွေပဲ။ သေသေချာချာစစ် ဆေးလုပ်ကြမှပေါ့။ ကိုယ်ကစစ်ဆေးရတဲ့သူ၊ စစ် ဆေးတဲ့သူက အမှားပါရင် ဘယ်ကောင်းတော့မလဲ။ မင်းတို့ကွာ ငရဲမှာလွဲရတယ်လို့။
ငရဲသားငယ်-    မှန်လှပါ..နောက်ဒီလိုမဖြစ်စေရပါဘူး။
ယမမင်း    -    ဟေ့မောင်မင်းမြင့်ဦး၊ မြင့်ဦးတော့မြင့်ဦးပါပဲ။ ဒါပေမဲ့ နာမည်တူလူချင်းလွဲနေလို့ မောင်မင်းမဟုတ် တော့ ဘူး။ ဒီတစ်ပတ်က မောင်မင်းအပတ်မဟုတ်ဘူး။ ဒါပေမဲ့ ဒီအခြေအနေရောက်နေမှတော့ တို့ငရဲပြည်ကိုလှည့် ပတ်လေ့လာဦးပေါ့ကွာ။ ရောက်တုန်းဗဟုသုတ အဖြစ်ပေါ့။ ပြီးရင် ကောင်းကောင်းမွန်မွန် လူ့ပြည်ပြန် ပို့လိုက်ပေါ့ကွာ။     
ငရဲပြည်ရောက်တုန်း လေ့လာလိုက်ဦးတဲ့ဗျာ။ သွားလာလည်ပတ်လေ့လာစရာကောင်းတဲ့နေရာများ မှတ်နေ သလား မသိပါဘူး။ နောက်လည်းကင်းကွာရမဲ့နေရာမဟုတ်လေတော့ ကြောက်လည်း ကြောက်ပေမယ့် လိုက်တော့ကြည့်ဖြစ်ပါတယ်။ မီးလျှံငရဲနေရာရောက် တော့ အားပါး ..တယ်ကြောက်စရာကောင်းတယ်ကိုး။ တလျှံလျှံ တညီးညီးတောက်လောင်နေတဲ့ မီးလျှံတွေကြားမှာ ဒုက္ခပေါင်းစုံခံစား နေကြရတာ။ ကြောက်စရာကောင်းပုံစုံပါတယ်။ သူတို့ငရဲခံနေရတာ ကြည့်ရင်း တစ်နေရာ မီးတွင်းကြီးနားအရောက် ကျွန်တော်ခြေချော် လဲပြီး မီးတွင်းထဲအကျ အား..ပူလိုက်တာ တစ်ကိုယ်လုံးချွေးတွေနစ် လို့ ရင်ဘတ်ထဲကလည်းပူလိုက်တာ။ ရေတအားဆာနေတဲ့ သဘော ပါ။ အိပ်ရာကလန့်နိုးပြီး ရေတစ်ခွက်အေးအေးလေးတစ်ဝသောက်၊ ထွက် နေတဲ့ခန္ဓာကိုယ်က ချွေးတွေကိုသုတ်ရင်း မက်မိခဲ့တဲ့ အိပ်မက် ကြောက်စရာကောင်းလိုက်တာ။ လူတွေလူတွေ ပုထုဇဉ်နယ်မှာ နေ ထိုင်ကြ၊ လှုပ်ရှားလုပ်ကိုင် ဆောင်ရွက်နေကြ၊ လောဘ၊ ဒေါသ၊ မောဟဆိုတဲ့တရားတွေဖုံးလွှမ်း၊ သမုဒ္ဒရာဝမ်းတစ်ထွာအတွက် ကိုယ့် မိသားစု စားဖို့သောက်ဖို့ လုပ်ကိုင်ဆောင်ရွက်ကြရင်း အမှားနဲ့   ကင်းနိုင်ကြပါ့မလား။ မကင်းတဲ့အမှား ဘယ်သူလာပြီး ဝင်ခံစားကြပါ့ မလဲ။ ကိုယ်ပြုတဲ့ကံ ပဲ့တင်သံ ကိုယ့်ထံပြန်လိမ့်မယ်ဆိုတဲ့ တရားလို ကိုယ်ပြုတဲ့အမှား ကိုယ်သာခံကြ ရမှာပါ။ အရှင်ကေလာသ (BA  သီရိလင်္ကာ) ရေးတဲ့ ယမမင်းထံအစစ်ခံ သံပေါက်အဖွင့်ကျမ်းထဲကလို နုနုရွရွ၊ ကြီးကြီးငယ်ငယ် ပုထုဇဉ်လူသားမှန်သမျှ လူ့ဘဝကကွယ်လွန် ရင် ယမမင်းထံ အစစ်ခံကြရမှာမဟုတ်ပါတကား။ ဒီတော့ ကျွန်တော် တို့လူသားတွေ ပညာရေးပဲဖြစ်ဖြစ်၊ ကျန်းမာရေးပဲဖြစ်ဖြစ်၊ ဝန်ထမ်းပဲ လုပ်လုပ်၊ စီးပွားရေးပဲ လုပ်လုပ်၊ စိုက်ပျိုးထုတ်လုပ်ရေးပဲလုပ်လုပ် ၊ နောက်ဆုံးနိုင်ငံရေးပဲလုပ်လုပ် အမှားကင်းစင်တဲ့လူသားတွေ မဟုတ် ရင်တောင် အမှားနည်းတဲ့လူများဖြစ်အောင် လုပ်ကိုင်ကြဖို့လိုအပ်ပါ လိမ့်မယ်ဆိုတာ အသိတရားနဲ့သတိထား လုပ်ကြရအောင်ပါလားဗျာ။
            မြင့်ဦး-ပခုက္ကူ