Main menu

Background

အက်စ်ငါးလုံးအခြေခံ မူနှင့် လုပ်ဆောင်ချက်များ (၂)

Mon, 07/03/2023 - 14:37 -- journal_editor

(ယခင်တစ်ပတ်မှအဆက်)
5S ပေါ်ပေါက်လာပုံ
ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဂျပန်တို့သည် စက်မှုနိုင်ငံ(Industrialized nation) ပြန်လည်တည်ဆောက်ရေးအတွက် နိုင်ငံ၏ အခြေအနေ၊ ယဉ်ကျေးမှုနှင့် ကိုက်ညီသည့် ဂျပန်ပုံစံစီမံ ခန့်ခွဲမှု (Japanese Style Management) ကို အသုံးပြုခဲ့သည်။ ထိုကဲ့သို့ဆောင်ရွက်ရာတွင် အမေရိကန်နိုင်ငံနှင့် ဥရောပသမဂ္ဂတို့၏နည်းစနစ်များကို တိုက်ရိုက်အသုံးမပြုခဲ့ပေ။ လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ကျော်က သုတေသနပညာရှင်များသည် ဂျပန်စက်မှုလုပ်ငန်းများ Japanese Style Management) ၏ အောင်မြင်မှု၏လျှို့ဝှက်ချက် (Secret of Success) ကို လေ့လာခဲ့ကြသည်။ ထိုအခါ အထင်ကြီးစရာအကောင်းဆုံး လျှို့ဝှက်ချက်အဖြစ်5S ကို တွေ့ရှိခဲ့ကြသည်။ ယခုအခါ အက်(စ်)ငါးလုံး ဥပဒေသကို
ဂျပန်နိုင်ငံအပြင် အခြားသော ကမ္ဘာနိုင်ငံများ၌လည်း လက်တွေ့အသုံးပြုပြီး အောင်မြင်မှုရရှိနေကြောင်း တွေ့ရှိရသည်။ ဂျပန်လူမျိုးတို့သည် 5S ကဲ့သို့သော စီမံခန့်ခွဲမှု အခြေခံ ကောင်းများရှိမှသာလျှင် စီးပွားရေးလုပ်ငန်း သို့မဟုတ် အဖွဲ့အစည်း၌ ရင်ဆိုင်ကြုံတွေ့ရမည့် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ယုံကြည်ကြသည်။ ထို့ကြောင့် ၎င်းတို့သည်စက်ရုံများကို အလွန်စနစ်ကျစွာ စုဖွဲ့လည်ပတ်ကြသည်။ အကျိုးဆက်အနေဖြင့် ပုံမှန်မဟုတ်သော အခြေအနေများ(Abnormalsituations) ကို အလွယ်တကူ သိမြင်ဖြေရှင်းနိုင်သည်။ စက်ပစ္စည်းကိရိယာများကို အလွန်သန့်ရှင်းစင်ကြယ်စွာ ထားရှိပြီး ကောင်းမွန်စွာ ပြုပြင်ထိန်းသိမ်းသောကြောင့် မူလီချောင်ခြင်း သို့မဟုတ် စက်
သုံးဆီ၊ ချောဆီများ ယိုထွက်နေခြင်း ကဲ့သို့သော ပြဿနာများကိုလွယ်ကူစွာမြင်တွေ့ ပြုပြင်နိုင်သည်။ ဤကဲ့သို့ အလွန်သန့်ရှင်းခြင်းနှင့် စနစ်တကျထားရှိခြင်းသည် ဂျပန်လုပ်ငန်းအဖွဲ့အစည်းများ၏မှတ်ကျောက်တစ်ခု ဖြစ်လာခဲ့သည်။

ရည်မှန်းချက်များ

5S  ကို စတင်ရာတွင် ဝန်ထမ်းများသည် အသင်းအဖွဲ့ စိတ်ဓာတ်ဖြင့် စုပေါင်းသန့်ရှင်းရေးလုပ်ဆောင်သည့် အစီအစဉ်ဖြင့်စတင်ပါသည်။ ထိုကဲ့သို့ စတင်ရာတွင် လုပ်ငန်းအတွက် လိုအပ် သော ပစ္စည်းများကိုချန်ထားပြီး မလိုအပ်သော ပစ္စည်းများကို ဖယ်ရှားခြင်း ဖြင့်  စတင်သည်။ ထို့နောက် ကျန်ရှိသည့် လုပ်ငန်းအတွက် လိုအပ်သော ပစ္စည်းများကို နေရာတကျထားရှိသည်။ ဆက်လက်၍ အစွန်းအထင်း၊ အမှိုက်နှင့် အမှုန်အမွှားများကို သန့်ရှင်းရေးပြုလုပ်ပြီး အလုပ်ခွင်နေရာ သန့်ရှင်းတောက်ပြောင် နေစေရန် ဆောင်ရွက်သည်။ ဤလုပ်ဆောင်ချက်သုံးမျိုးသည် 5S အခြေခံမူ၏ အဓိကအကျဆုံးအဆင့်များဖြစ်သည်။ သို့သော် လည်း 5S အစီအစဉ်ကို အကောင်အထည်ဖော်ခြင်း၏ နောက်
ကွယ်ရှိ အဓိကရည်ရွယ်ချက်ကိုသိရှိရန် အရေးကြီးသည်။ အဆိုပါ ရည်ရွယ်ချက်မှာ လုပ်ငန်းတိုးတက်ရေး (Work Improvement)ဟူသော မြင့်မားသည့်အကျိုးဆက်ကို ရရိရန်ဖြစ်သည်။ အက်(စ်) ငါးလုံးကို စနစ်တကျ စဉ်ဆက်မပြတ် ကျင့်သုံးခြင်းမရှိပါက လုပ်ငန်းတိုးတက်ရေးဟူသော ရည်ရွယ်ချက်ကို ရရှိနိုင်မည်မဟုတ်ပေ။
အက်(စ်)ငါးလုံး ကျင့်သုံးခြင်း၏ ရည်မှန်းချက်များမှာလုပ်ငန်းစွမ်းဆောင်ရည် ပိုမိုတိုးတက်ရန်၊ ကုန်ပစ္စည်းစောင့်ဆိုင်းချိန် ပိုမိုတိုတောင်းစေရန်၊ ကုန်ပစ္စည်းကို သတ်မှတ်ချိန်အတွင်းအချိန်မီပို့ဆောင်ရန်၊ ကုန်လက်ကျန်သိုလှောင်မှု လျှော့ချရန်၊အရည်အသွေး တိုးတက်ကောင်းမွန်စေရန်၊ ဘေးအန္တရာယ် ကင်းရှင်းစေရန်၊ ကုန်ကျစရိတ်လျှော့ချရန်၊ ဝန်ထမ်းများ၏ အသင်းအဖွဲ့စိတ်ဓာတ်ကို မြှင့်တင်ရန်နှင့် ရုံးဌာန သို့မဟုတ် ကုမ္ပဏီ
သို့မဟုတ် လုပ်ငန်းအဖွဲ့အစည်း၏ ပုံရိပ် ပိုမိုကောင်းမွန်စေရန်ဖြစ်သည်။ကောင်းကျိုးအမျိုးမျိုး 5S ကို အကောင်အထည်ဖော်ရာတွင် နယ်ပယ်အမျိုးမျိုး၌ ကောင်းကျိုးမျိုးစုံ ဖြစ်ထွန်းစေသည်။ 5S အကောင်အထည်ဖော် ခြင်းကြောင့် ကောင်းကျိုးဖြစ်ထွန်းစေသော နယ်ပယ်များမှာ ဘေး အန္တရာယ်ကင်းရှင်းမှု (Safety)၊ အရည်အသွေး Quality)၊ ထုတ်လုပ်မှုစွမ်းအား (Productivity)၊ စွမ်းဆောင်ရည် (Efficiency) နှင့် စရိတ်(Cost) တို့ဖြစ်သည်။ ထို့ပြင် ဌာန သို့မဟုတ် ကုမ္ပဏီ၏ ပုံရိပ်နှင့် ဝန်ထမ်းများ၏ အကျင့်စာရိတ္တကို တိုးတက်ကောင်းမွန် စေသည်။ 5Sအခြေခံမူများကို အကောင်အထည်ဖော်နေစဉ် ကာလအတွင်း စွမ်းဆောင်ရည်မပြည့်ဝမှု၊ ပုံမှန်မဟုတ်ခြင်းသို့မဟုတ် မူမမှန်ခြင်း၊ အလေအလွင့်များခြင်းနှင့် ဘေးအန္တရာယ်မကင်းရှင်းခြင်း စသည့် အခြေအနေများကို ဖော်ထုတ်သိရှိခွင့် ရရှိပြီး ကိုင်တွယ်ဖြေရှင်းနိုင်မည်ဖြစ်သည်။ ထို့ပြင် 5S ကို အကောင် အထည်ဖော်ခြင်းအားဖြင့် လုပ်ငန်းလည်ပတ်မှု အခြေ အနေနှင့် အဆင့်အတန်းကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်သည်။ လိုအပ်သော ပစ္စည်းများကို သူ့နေရာနှင့်သူ နေရာချထားသော ကြောင့် လိုအပ်သည့်အချိန်တွင် စက္ကန့်ပိုင်းအတွင်း အလွယ်တကူ ရရှိနိုင်သည်။ ထိုမျှသာမက ရုံးဌာန သို့မဟုတ် ကုမ္ပဏီလုပ်ငန်း အဖွဲ့အစည်းအတွက် အောက်ပါကောင်းကျိုးများကိုလည်း ရရှိနိုင်သည်။ပထမကောင်းကျိုးမှာ ဘေးအန္တရာယ်ကင်းရှင်းမှု သို့မဟုတ်လုံခြုံစိတ်ချမှုကို တိုးတက်ကောင်းမွန်စေခြင်းဖြစ်သည်။ 5Sကို အကောင်အထည်ဖော်ခြင်းကြောင့် မတော်တဆ ထိခိုက်မှုနှင့် ထူးခြားသော ဖြစ်ရပ်များ လျော့နည်းသွားမည်။ အဘယ်ကြောင့်ဆိုသော် ဘေးအန္တရာယ်ရှိသော အခြေအနေများကို အလွယ်တကူမြင်နိုင်ပြီး ကိုင်တွယ်ဖြေနိုင်သောကြောင့်ဖြစ်သည်။ ဥပမာအား
ဖြင့် ဘေးအန္တရာယ်ဖြစ်စေနိုင်သော ပစ္စည်းများအား သေချာစွာသိုလှောင်ထားရှိခြင်း၊ မတော်တဆ ခလုပ်တိုက်လဲစေနိုင်သောအရာများအား ဖယ်ရှားခြင်း၊ သတိပေးဆိုင်းဘုတ် သို့မဟုတ်
သင်္ကေတများ တပ်ဆင်ထားရှိခြင်း၊ ဘေးအန္တရာယ် ကင်းရှင်းစေသော သို့မဟုတ် ဘေးအန္တရာယ်ကာကွယ်သော ဝတ်စုံနှင့် အသုံးအဆောင်များ တပ်ဆင်သုံးစွဲခြင်း၊ လူသွားလမ်း သို့မဟုတ် ပစ္စည်းသယ်ဆောင်သော ယာဉ်သွားလမ်းနှင့် လုပ်ငန်းခွင်ဧရိယာကိုရှင်းရှင်းလင်းလင်း ခွဲခြားထားခြင်း စသည်ဖြင့် စီမံဆောင်ရွက်ဖြေရှင်းနိုင်သည်။ဒုတိယကောင်းကျိုးမှာ အရည်အသွေး တိုးတက်စေခြင်းဖြစ်သည်။ 5Sကို တစ်ကြိမ်လုပ်ဆောင်ပြီးပါက လိုအပ်သောအရာ တိုင်းအတွက် နေရာချထားပြီးဖြစ်သောကြောင့် သတ်မှတ်ထားသောနေရာ၌ လိုအပ်သောပစ္စည်းကို မှန်ကန်မြန်ဆန်စွာ ရရှိနိုင်သည်။ အကျိုးဆက်အနေဖြင့် အချိန်ကုန်သက်သာပြီး အမှားအယွင်း နည်းပါးသောကြောင့် လုပ်ငန်း၏အရည်အသွေး(Qualiy of Work) တိုးတက်စေသည်။ ထို့ပြင် 5S ကို အကောင်အထည်ဖော်ခြင်းအားဖြင့် လုပ်ငန်းခွင်၌ဖြစ်ပေါ်လာသော အခက်အခဲ၊ ပြဿနာ
နှင့် ပုံမှန်မဟုတ်သောကိစ္စရပ်များကို တည့်မတ်ဖြေရှင်းပေးနိုင်သည်။ တတိယကောင်းကျိုးမှာ ထုတ်လုပ်မှုစွမ်းအား တိုးတက်စေခြင်းဖြစ်သည်။ lean Tool တွင် ပါဝင်သော အခြားနည်းလမ်း တစ်ခုခုကို ကျင့်သုံးသကဲ့သို့ပင် 5S  နည်းလမ်းကို အသုံးပြုခြင်း သည် အလေအလွင့် အနည်းဆုံးဖြင့် ထုတ်လုပ်မှုစွမ်းအား တိုးတက်ခြင်း၊ စွမ်းဆောင်ရည် ပိုမိုမြင့်မားခြင်းနှင့် အလုပ်လုပ်ချိန်ပိုမိုရရှိခြင်းတို့ကို ဖြစ်စေသည်။ ူနညေ ွှသသူ ဆိုသည်မှာ ထုတ်လုပ်မှု
စွမ်းအားအမြင့်ဆုံးနှင့် အလေအလွင့် အနည်းဆုံး ကုန်ထုတ်လုပ်မှုနည်းလမ်းဖြစ်သည်။ နောက်ထပ် ကောင်းကျိုးတစ်ခုမှာ ဝန်ထမ်းများ၏ အကျင့်စာရိတ္တကို မြှင့်တင်ပေးခြင်းဖြစ်သည်။ 5S ကိုအကောင်အထည်ဖော်ခြင်းက ဝန်ထမ်းများ၏ ရုပ်ပိုင်းဆိုင်ရာလုပ်ဆောင်ချက်များသာမက ဝန်ထမ်းများ၏ လုပ်ငန်းလုပ်ဆောင်လိုစိတ်ကို မြှင့်တင်ပေးသည်။ အထူးသဖြင့် လုပ်ငန်းခွင်အတွင်းဝန်ထမ်းများ၏ ပူးပေါင်းပါဝင်မှုနှင့် လုပ်ငန်းဆက်လက်တိုးတက်ရေးအတွက် ယင်းတို့၏ အကြံပေးမှုတို့ကို ဖြစ်ပေါ်စေသည်။ သန့်ရှင်းသပ်ရပ်ပြီး စနစ်တကျရှိသော လုပ်ငန်းခွင်၌ လုပ်ကိုင်ခွင့်ရသော အဆိုပါဝန်ထမ်းများ၏ ပူးပေါင်းပါဝင်မှုက စိတ်ဓာတ်ခွန် အား သို့မဟုတ် အလုပ်လုပ်ကိုင်လိုစိတ် (Quality of Work)ကို မြှင့်တင်ပေးရာရောက်သည်။ အကျိုးဆက်အနေဖြင့် လုပ်ငန်းတိုးတက်အောင်မြင်မှုကို ရရှိစေသည်။နောက်ဆုံးကောင်းကျိုးမှာ လုပ်ငန်း၏ပုံရိပ်ကို ပိုမိုကောင်းမွန်စေခြင်းဖြစ်သည်။ သန့်ရှင်းတောက်ပြောင်ပြီး စနစ်တကျ ဖွဲ့စည်းထားသော လုပ်ငန်းခွင်နေရာက ရုံးဌာန သို့မဟုတ် ကုမ္ပဏီ/ အဖွဲ့အစည်း၏ ပုံရိပ်ကို သေချာပေါက် ကောင်းမွန်စေသည်။ ဌာန သို့မဟုတ် အဖွဲ့အစည်းများကြားတွင်လည်း စံနမူနာပြ ဌာန/အဖွဲ့ အစည်းအဖြစ် လက်ခံရှုမြင်ကြပါမည်။ ဤကဲ့သို့ လုပ်ငန်းပုံရိပ်တိုးတက်ကောင်းမွန်ခြင်းက ဖောက်သည် စိတ်ကျေနပ်ခြင်း၊ဖောက်သည်တည်မြဲခြင်းနှင့် လုပ်ငန်းတိုးတက်ခြင်းတို့ကို ဆက်လက်ဖြစ်ပေါ်စေသည်။
အရေးကြီးသည့် နည်းလမ်း
နိဂုံးချုပ်အားဖြင့် 5s  သည် အလေအလွင့်လျှော့ချပြီး ထုတ်လုပ်မှုစွမ်းအားတိုးတက်စေသော အရေးကြီးသည့် နည်းလမ်းတစ်ခု (An important Lean Tool) ဖြစ်သည်။ ရုံးဌာန သို့မဟုတ် လုပ်ငန်းအဖွဲ့အစည်းတိုင်းရှိ လူတိုင်းအသုံးပြုနိုင်သော၊ အသုံးပြု သင့်သော နည်းလမ်းတစ်ခုဖြစ်သည်။ အလုပ်အမှုဆောင် အရာရှိချုပ် (CEO) မှသည် သာမန်ဝန်ထမ်း သို့မဟုတ် သာမန်လုပ်သားအထိ အသုံးပြုနိုင်၊ အသုံးပြုသင့်သည်။ ရုံးဌာန၊ လုပ်ငန်း အဖွဲ့အစည်းအတွင်း နေရာတိုင်း၌ အသုံးပြုနိုင်၊ အသုံးပြုသင့်သည်။ဥပမာအားဖြင့် စတိုးဆိုင်ကြမ်းပြင်၊ ရုံးခန်းဧရိယာ၊ အိမ်နောက်ဖေးကွက်လပ်၊ ယာဉ်ရပ်နားစခန်း (Parking Lot) စသည့် နေရာများ၌ အသုံးပြုနိုင်သည်။ ထိုကဲ့သို့ အသုံးပြုခြင်းက မြင်သာသော စီမံခန့်ခွဲမှု (Visual management) အတွက် အခြေခံအဆောက် အအုံ ပြင် ဆင်ရာရောက်သည်။  ထို ပြင် ဝန်ထမ်းများ အလုပ်လုပ်  ကိုင်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော (လုံခြုံစိတ်ချရသော)၊ အမှားကင်း သော Error-Free ၊ ထုတ်လုပ်နိုင်စွမ်းရှိသော လုပ်ငန်း ခွင်နေရာကို ဖန်တီးရာရောက်သည်။ ထိုမျှသာမက လုပ်ငန်းအဖွဲ့ အစည်း၏ ကောင်းမွန်သော ဂုဏ်သတင်း Healthy reputation နှင့် အဓိကအချက်ဖြစ်သော အကျိုးအမြတ် (Bottom-line) ကို
ဖြစ်စေနိုင်သည်။
Source: jica.go.jp; pt.slideshare.net

သိန်းမြင့်ဝေ