Main menu

Background

ရေဘေးဒဏ်သင့် ဒေသများတွင် လိုအပ်သည့် မျိုး၊ သွင်းအားစုများ ထောက်ပံ့ပေးမည်

Mon, 10/07/2024 - 14:28 -- journal_editor

ရေဘေးမှ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ် ဆောင်ရာတွင်  အထူးသဖြင့် ကျေးလက်ဒေသများရှိ ရေဘေး ဒဏ်သင့် လယ်မြေများတွင် သင့်လျော်သော သီးနှံများ ပြန် လည် စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သော မျိုး၊ သွင်းအားစု ငွေကြေးထောက်ပံ့မှုများအား မြန်မာနိုင်ငံ ဆန်စပါးအသင်း ချုပ်မှ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 
ထို့ပြင် မတည်ငွေ ကျပ်သိန်းတစ်ထောင် မတည်ကာ အသင်းဝင်များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။  ယင်းအပြင်  ရေဘေးသင့်ဒေသများသို့ ပေါ်ဆန်း၊ ဧည့်မထဆန်အိတ်များ  လှူဒါန်းလိုသော  အလှူရှင်များအတွက် ရည်ညွှန်းဆန်ဈေးနှုန်း များအတိုင်း ဆန်အိတ်များကို သက်သာသောဈေးဖြင့် ရောင်း ချပေးရန် စီစဉ်လျက်ရှိ သည်။ 
မြန်မာနိုင်ငံတွင် ယာဂီမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွား သော ရေကြီးရေလျှံမှုများကြောင့် စပါးစိုက်ဧက ၇၃၅၄၆၁ ဧက ပျက်စီးခဲ့ရပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်  ကိုးခုရှိ မြို့နယ် ၅၄ မြို့နယ်တွင်  ရေကြီးရေလျှံမှုနှင့် ကြုံတွေ့နေရ  ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံ  ဆန်စပါးအသင်းချုပ်အနေဖြင့် ပြည်တွင်းတွင် ဆန်စပါးဖူလုံရေး၊ ပြည်ပသို့ စနစ်တကျ တင်ပို့ ရောင်းချနိုင်ရေး၊ ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ်စေ ရေးတို့အား အလေးထား ဆောင်ရွက်လျက်ရှိပြီး ဆန်စပါးလုပ် ငန်းတွင် ပါဝင်လုပ်ကိုင်နေကြသည့် တောင်သူလယ်သမား များ၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများဖြစ်သည့် ကုန် သည်၊ စက်ပိုင်၊  ကုမ္ပဏီများအတွက် ထုတ်လုပ်မှု နည်းပညာ ရရှိမှု၊ ဈေးကွက်ဝေစုရရှိမှု၊ ဘဏ္ဍာငွေကြေးပိုင်းနှင့် အရည် အသွေး စီမံခန့်ခွဲမှုအပိုင်းတို့တွင် တတ်နိုင်သမျှ ကူညီပံ့ပိုး ပေးလျက်ရှိကြောင်း သိရသည်။ 

 

ကိုတိုး