Main menu

Background

လက်ကျန်စပါးဖြစ်ချိန်ထိ ဈေးကောင်းတဲ့တောင်ပျံမွှေးစပါး

Thu, 09/25/2014 - 15:00 -- ydnar

 

ပြည်ဈေးကွက် ဆန်စပါးလောက တွင်တိုင်းဒေသကြီး(ပြည်)အတွင်းမှတစ် နှစ်ကို တစ်သီးစားစိုက်ပျိုးထွက်ရှိတဲ့ နတ္တလင်းတောင်ပျံမွှေးစပါးဟာစပါးစပေါ်ချိန်မှယခုအချိန်ထိစပါးဈေးဟာတစ်ဆင့်ပြီးတစ်ဆင့် ဈေးကောင်းခဲ့တာ တွေ့ရပါ တယ်။ယခုစက်တင်ဘာလတွင် တောင်ပျံမွှေးစပါးဟာ တောင်သူလက်ဝယ်မရှိ တော့ဘဲအရောင်းအဝယ်သမားများထံမှာသာ လက်ကျန်ရှိတော့ပေမဲ့ ဈေးကတော့ ထိပ်ဆုံးရောက်နေဆဲပါပဲ၊ စိုက်တောင်သူရော၊ အရောင်းအဝယ်သမားပွဲစားများပါ အကျိုးအမြတ်များခံစားရတဲ့ စပါးဖြစ်ကြောင်းလည်း သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ စပါးဈေး ၄၆ ပေါင် ကိုက်ကို ၇၁၇၆၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ် ဆက်လက်ဖြစ်ခဲ့ပါတယ်။ ယခုစက်တင်ဘာလမှာတော့ ၄၆ ပေါင်ကိုက်ကို ၇၃၆၀၀၀ကျပ်ဈးဖြင့်ဈေးမြင့်ကာအရောင်းအဝယ်ဖြစ်နေပါတယ်။လက်ကျန်စပါးနည်းနေချိန်ထိဈးကောင်းလျက်ရှိနေပါတယ်။

စပါးပေါ်ချိန်မှစပြီး တစ်လထက် တစ်လ နှိုင်းယှဉ်ကြည့်ရင် တောင်ပျံမွှေး စပါးဟာ စပါးတင်း ၁၀၀ ကို ၃၀၀၀၀ ကျပ်မှ ၄၀၀၀၀ ကျပ် ကြားဈေးတက်ကာ အမြတ် ရရှိနေကြောင်းလည်း တွေ့ရပါတယ်။ မနှစ်ကနဲ့နှိုင်းယှဉ်ရင်လည်း ဒီနှစ်စပါးဈေးက ပိုမိုဈေးကောင်းရခဲ့ပါတယ်။ မနှစ်ကတင်း ၁၀၀ စပါးဈေးဟာ ၇၁၅၀၀၀ ကျပ်ထိသာ နောက်ဆုံးပေါက် ခဲ့ပါတယ်။ ဆန်ဈေးအနေဖြင့်တောင်ပျံမွှေးတစ်အိတ် ၃၀၀၀၀ ကျပ်- ၃၁၀၀၀ ကျပ်နဲ့ဈးငြိမ်ပြီး အရောင်းအဝယ်   ဖြစ်လျက် ရှိပါတယ်။ဧည့်မထ(မိုး)စပါး၊ဧည့်မထ(နွေ)စပါးဈေးကတော့အပြောင်းအလဲမရှိဈေးငြိမ်ပြီးအရောင်းအဝယ်ဖြစ်နေကြောင်း လည်းတွေ့ရပါတယ်။