Main menu

Background

ယခုတစ်ပတ် ဆန်နှင့်ဆန်ကွဲတန်ချိန် ငါးသောင်းခန့်တင်ပို့

Thu, 12/08/2022 - 10:31 -- journal_editor

နိုဝင်ဘာ ၁၉ ရက်မှ ၂၅ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှအမေရိကန်ဒေါ်လာ ၁၂ ဒသမ ၃၁၁သန်းတန်ဖိုးရှိဆန်တန်ချိန် ၃၁၃၂၀ ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ တင်ပို့မှုများအနေဖြင့်  အာရှနိုင်ငံများသို့  ဆန် တန်ချိန် ၂၇၃၆၀ ကျော်၊ အီးယူအဖွဲ့ဝင် နိုင်ငံများသို့ ဆန်တန်ချိန် ၃၉၆၀နီးပါးတင်ပို့ခဲ့သည်။ တင်ပို့မှုအများဆုံးနိုင်ငံများမှာ အာရှ နိုင်ငံများဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့ ဆန်တန်ချိန် ၁၅၃၂၀ ကျော်၊ တရုတ် နိုင်ငံသို့ ဆန်တန်ချိန် ၇၂၈၀ ခန့်၊ ဖိလစ်ပိုင်နိုင်ငံသို့  ဆန်တန်ချိန် ၄၁၀၈ တန်၊ မလေးရှားနိုင်ငံသို့ ဆန်တန်ချိန် ၅၀ဝ နှင့်ဟောင်ကောင်သို့ ဆန်တန်ချိန် ၁၅၅ တန် တင်ပို့နိုင်ခဲ့သည်။  အီးယူအဖွဲ့ဝင် နိုင်ငံများဖြစ်သော  ပိုလန်နိုင်ငံသို့ ဆန်တန်ချိန် ၁၅၀ဝ တန်၊  စလိုဗေးနီးယားနိုင်ငံသို့ ဆန်တန်ချိန် ၃၈၀၊ စပိန်နိုင်ငံ သို့ ဆန်တန်ချိန် ၅၀ဝ၊ အီတလီနိုင်ငံသို့ ဆန်တန်ချိန် ၂၅၀၊ပေါ်တူဂီနိုင်ငံသို့ ဆန်တန်ချိန် ၂၅၀၊ လစ်သူရေးနီးယား နိုင်ငံသို့ ဆန်တန်ချိန် ၂၅၀၊ ဘူလ်ဂေးရီးယားနိုင်ငံသို့ ဆန်တန်ချိန် ၁၈၀ ကျော်၊ ဂျာမနီနိုင်ငံသို့ ဆန်တန်ချိန် ၁၃၀၊ ရိုမေးနီးယားနိုင်ငံသို့ ဆန် ၁၂၅ တန် ခန့်၊ ချက်သမ္မတနိုင်ငံသို့ ဆန် ၁၇၅ တန်နှင့် အခြားအဖွဲ့ဝင်နိုင်ငံများသို့လည်းအနည်းငယ်စီ တင်ပို့ခဲ့ကြောင်း သိရသည်။ယခုတစ်ပတ်    မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုမှ အမေရိကန် ဒေါ်လာ ၃ဒသမ ၃၆၂ သန်း တန်ဖိုးရှိဆန် ၉၄၈၈တန်တင်ပို့ခဲ့သည်။ 
နိုဝင်ဘာ ၁၉ ရက်မှ ၂၅ ရက်ထိ ကာလအတွင်း  ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ  အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၁၆ သန်း   တန်ဖိုးရှိ ဆန်ကွဲ တန်ချိန်  ၄၁၄၀ ကျော်  တင်ပို့ခဲ့သည်။ ဆန်ကွဲတင်ပို့သော နိုင်ငံများမှာ တရုတ် နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၁၁၇၀၊စင်ကာပူ နိုင်ငံသို့ ဆန်ကွဲ ၁၂၅ တန် တင်ပို့ခဲ့ပြီး၊ အီးယူအဖွဲ့ဝင် နိုင်ငံများဖြစ်သောဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၁၇၅၀၊ ပိုလန်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၆၀ဝ၊ လစ်သူရေးနီးယားနိုင်ငံနှင့် ဂျာမနီ နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂၅၀ စီ တင်ပို့ နိုင်ခဲ့သည်။
ယခုတစ်ပတ်  မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုမှ အမေရိကန် ဒေါ်လာ ၁ ဒသမ ၂၉၉ သန်း  တန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၃၆၂၀ ခန့် တင်ပို့ခဲ့ကြောင်း သိရသည်။ယခင်တစ်ပတ် ဆန်ကွဲတင်ပို့မှုနှင့်နှိုင်းယှဉ်ပါက ဆန်ကွဲ တန်ချိန် တစ်သောင်းကျော် လျော့နည်းတင်ပို့ခဲ့သည်။
ယခုတစ်ပတ်နည်းလမ်းနှစ်သွယ်မှ ဆန်တင်ပို့မှု တန်ချိန် ၄၀၈၀၈ နှင့် ဆန်ကွဲတင်ပို့မှု တန်ချိန် ၇၇၆၀ ကျော် တင်ပို့သဖြင့် စုစုပေါင်း ဆန်နှင့်ဆန်ကွဲ တင်ပို့မှု ၄၈၅၆၈ တန်ကျော် တင်ပို့နိုင်ခဲ့သည်။
အေးအေးသန့်(DOT)