Main menu

Background

ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

Mon, 01/30/2023 - 15:12 -- journal_editor

ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဇန်နဝါရီလ ‌စတုတ္ထ ပတ်တွင် စပါး၊ ဆန်ဈေးနှုန်းမှာ တည်ငြိမ်နေသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ဇန်န ဝါရီလ  တတိယပတ်တွင်  ရန်ကုန်သို့  အိတ်ရေ  ၄၄၀ဝ၀၊ မန္တလေးသို့ အိတ်ရေ  ၅၄၀ဝ၀၊ နေပြည်တော်သို့ အိတ်ရေ ၁၁၅၀ဝ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)သို့ အိတ်ရေ ၁၀၅၀ဝ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့ အိတ်ရေ ၁၀၅၀ဝ၊ ပခုက္ကူသို့ အိတ်ရေ ၁၀ဝ၀၊ စုစုပေါင်းအိတ်ရေ ၁၃၁၅၀ဝ၊ တန်အားဖြင့် ၆၅၇၅ တန်  စီးထွက်ခဲ့သည်။ ယခုပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၉၀ဝ၀၊ မန္တလေးသို့ အိတ်ရေ ၅၂၅၀ဝ၊ နေပြည် တော်သို့ အိတ်ရေ ၁၃၀ဝ၀၊   ရှမ်းပြည်နယ်(တောင်ပိုင်း)သို့ အိတ်ရေ ၁၀၅၀ဝ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့ အိတ်ရေ ၁၀၅၀ဝ၊  ပခုက္ကူသို့  အိတ်ရေ ၁၀ဝ၀၊ စုစုပေါင်းအိတ်ရေ ၁၂၆၅၀ဝ၊ တန်အားဖြင့် ၆၃၂၅တန် စီးထွက်ခဲ့သည့်အတွက် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုတစ်ပတ်အတွင်း အိတ် ရေ ၅၀ဝ၀၊ တန်အားဖြင့် ၂၅၀ တန် လျော့၍ စီးထွက်ခဲ့သည်။
ရွှေဘိုမြို့၏ ဇန်နဝါရီလ စတုတ္ထပတ်တွင် ဖြစ်ပေါ်နေ သော စပါး၊ ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း ၁၀ဝ လျှင် ကျပ်၂၆၀ဝ၀ဝ၀၊ ရွှေဘိုပေါ်ဆန်း ဆန်၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၉၀ဝ၀ဝ၊ ဧရာမင်းစပါး တင်း ၁၀ဝ လျှင် ကျပ် ၁၄၅၀ဝ၀ဝ၊ ဧရာမင်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၆၅၀ဝ၀၊ ရွှေဘိုပေါ်ဆန်းစပါး(သစ်) တင်း ၁၀ဝ လျှင် ကျပ် ၂၀ဝ၀ဝ၀ဝ၊ ရွှေဘိုပေါ်ဆန်းဆန်(သစ်) ၂၄ ပြည်ပါ တစ် အိတ်လျှင် ကျပ် ၇၀ဝ၀ဝ၊ ဧရာမင်း စပါး (သစ်) တင်း ၁၀ဝ လျှင် ကျပ် ၁၅၀ဝ၀ဝ၀၊ ဧရာမင်းဆန် (သစ်)၂၄ ပြည်ပါ တစ် အိတ်လျှင် ကျပ်၆၀ဝ၀ဝဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရသည်။                                        

အေးသိင်္ဂီစိုး(ရွှေဘို)