Main menu

Background

ရွှေဘိုတွင် ပဲစင်းငုံနှင့် မတ်ပဲများ အရောင်းအဝယ်သွက်လျက်ရှိ

Sat, 02/04/2023 - 22:37 -- journal_editor

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီး အသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်း များနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ ဇန်နဝါရီလ ဒုတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့် ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိ သူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သိရှိရသည်။

ပဲစင်းငုံ

ပဲစင်းငုံမှာ ဒီဇင်ဘာလ နောက်ဆုံးပတ်မှ စတင်၍ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုအချိန်တွင် လှိုင်လှိုင်ဝင်ရောက်လျက်ရှိကြောင်း၊ ဇန်နဝါရီလ ဒုတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းများမှာ ပဲစင်းငုံတစ်တင်းလျှင် ကျပ် ၅၅၀ဝ၀ ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ ၂၀ဝ၀ဝ တင်း/ ၆၅၃ တန်ဖြစ်ကြောင်း၊ ပဲစင်းငုံတစ်တင်း၏ ယခင်တစ်ပတ် ပေါက်ဈေးမှာလည်း ၅၅၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် ယခင်တစ်ပတ်နှင့် ယခုတစ်ပတ် အရောင်း  အဝယ်ဖြစ်သည့် ဈေးနှုန်းမှာတူညီပြီး ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

မတ်ပဲ

မတ်ပဲမှာ ဇန်နဝါရီလ ပထမတစ်ပတ်မှစတင်၍ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဇန်နဝါရီလ ဒုတိယပတ်တွင် မတ်ပဲတစ်တင်းလျှင် ၅၂၀ဝ၀ ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ တင်း ၂၀ဝ၀ (၆၅)တန်ဖြစ်ကြောင်း၊ မတ်ပဲတစ်တင်း၏ ယခင်တစ်ပတ်ပေါက်ဈေးမှာ ကျပ် ၅၃၀ဝ၀ ရှိခဲ့သဖြင့် ယခုတစ်ပတ်တွင် ယခင်တစ်ပတ်အောက် တစ်တင်းလျှင် ကျပ် ၁၀ဝ၀ လျော့နည်းခဲ့ပြီး ဝင်ရောက်သမျှ မတ်ပဲများအား ဒေသတွင်း တစ်ဆင့်ပြန်လည်ရောင်းချသူများမှ အများဆုံးဝယ်ယူ သိုလှောင်ကြကြောင်း သိရသည်။

နှင်းနှင်းခိုင်  (ရွှေဘို)