Main menu

Background

မုံရွာမြို့၏ ကြက်သွန်နီ ဈေးကွက်အခြေအနေ

Tue, 03/14/2023 - 11:32 -- journal_editor

မတ်လ   ဒုတိယပတ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်း  မုံရွာ ပွဲရုံသို့ ကြက်သွန်နီများ နေ့စဉ် ပိဿာ ချိန် ၃၀ဝ၀ဝ ကျော်  ဝင်ရောက်လျက်ရှိ သည်။ ပွဲရုံသို့ဝင်ရောက်လာသော ကြက်သွန်နီများ ဒေသတွင်း အဆွဲများရှိခြင်း၊ ရန်ကုန်၊ မန္တလေးနှင့် ချင်းတွင်းအထက် မြစ်ရိုးတစ်လျှောက်    တင်ပို့လျက်ရှိ ကြောင်း သိရသည်။
မတ်လ ဒုတိယပတ်အတွင်း မုံရွာ ပွဲရုံများတွင်  ဝင်ရောက်လျက်ရှိသော ကြက်သွန်နီ ပေါက်ဈေးနှုန်းများမှာ တစ်ပိဿာ  လက်ကားဈေးနှုန်းများမှာ (ကြီး)  ၁၀၅၀မှ ၁၂၀ဝ ကျပ်၊ (လတ်)  ၉၀ဝ မှ ၁၀ဝ၀ ကျပ်၊ (သေး) ကျပ် ၈၀ဝ-၈၅၀ ပေါက်ဈေးရှိပြီး အလုံးဆိုက်၊ အစို အခြောက် အရောင်အသွေးပေါ် မူတည်၍   ဈေးနှုန်းကွာခြားမှုများ   ရှိသည်။ လက်လီဈေးနှုန်းများမှာ တစ်ပိဿာ (ကြီး)  ကျပ် ၁၂၀ဝ မှ ၁၄၀ဝ၊  (လတ်) ကျပ် ၁၀ဝ၀မှ၁၁၀ဝ၊ (သေး) ကျပ်  ၈၀ဝ မှ ၉၀ဝ ထိ ပေါက်ဈေးရှိသည်။  ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက  ဈေးအနည်းငယ် ကျဆင်းလာကြောင်း သိရသည်။ ကြက်သွန်ဖြူဈေးနှုန်းမှာ   လက်လီ တစ်ပိဿာ  (ဗမာ)  ကျပ် ၅၀ဝ၀မှ၆၀ဝ၀၊ (ရှမ်းစ) ကျပ် ၄၀ဝ၀ မှ ၄၅၀ဝ၊ ကြူကုတ် ကျပ်  ၅၅၀ဝမှ၆၀ဝ၀ တို့ဖြင့်  ပစ္စည်း အရည်အသွေးပေါ်  မူတည်ပြီး အသီးသီး အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။ 
ဇေယျာကုန်သွယ်မှုဗဟိုဌာန