Main menu

Background

ပခုက္ကူမြို့ နဂါးမောက်သီး ဈေးနှုန်းဈေးကွက်

Mon, 10/07/2024 - 13:14 -- journal_editor

ပခုက္ကူမြို့မ စည်ပင်သာယာဈေး၊ အမှတ်(၂)ဈေးနှင့် ပျံကျဈေးတို့ တွင် မန္တလေးတိုင်းဒေသကြီး  ကျောက်ပန်းတောင်း ပုပ္ပားဒေသမှ ထွက်ရှိ သော နဂါးမောက်သီးများ အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ နဂါး မောက်သီးကို နာတာရှည်ရောဂါ ခံစားနေရသူများ၊ နှလုံးရောဂါ၊ ဆီးချို ရောဂါ၊ သွေး တိုးရောဂါနှင့် အစာအိမ်အူလမ်းကြောင်း ရှိသူများ ဝယ်ယူ စားသုံးသော အသီးအနှံတစ်မျိုးလည်းဖြစ်သည်။ 
နဂါးမောက်သီးကို ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပားနယ်များတွင် တစ်ကွင်းတစ်စပ် အများဆုံးစိုက်ပျိုးကြကြောင်း၊ ပခုက္ကူဈေးကွက်သို့ နေ့စဉ်ဝင်ရောက်လျက်ရှိကြောင်း မြို့မ ဈေးသည်များထံမှ သိရသည်။ 
ပခုက္ကူမြို့မဈေးတွင် ရောင်းချနေသော နဂါးမောက်သီး ဈေးနှုန်း များမှာ အလုံးအကြီးအသေးပေါ် မူတည်၍ ဈေးနှုန်းများလည်း ကွာခြား လျက်ရှိသည်။ နဂါးမောက်သီး အလုံးကြီး တစ်ပိဿာလျှင် ကျပ် ၃၅၀ဝ-၄၅၀ဝ၊ အလုံးအလတ် တစ်ပိဿာလျှင် ကျပ်  ၂၅၀ဝ၊ အလုံးလတ် တစ် ပိဿာလျှင် ကျပ် ၁၅၀ဝ ဖြင့် ရောင်းချနေကြောင်း၊ နေ့စဉ်ဝင်ရောက်မှုမှာ ကုန်ချိန် ၁၀ဝ၀ ကျော် ဝင်ရောက်အရောင်းအဝယ်ဖြစ်နေကြောင်း မြို့မ ဈေးသည်များထံမှ သိရသည်။                                

 

 လှိုင်ဥမ္မာဦး (ပခုက္ကူ