Main menu

Background

အော်ဂဲနစ်ပန်းသီးဝယ်လိုအား တိုးတက်လျက်ရှိသော သြစတြီးယားနိုင်ငံ

Thu, 02/13/2014 - 06:47 -- ydnar

သြစတြီးယားနိုင်ငံရှိ စူပါမားကတ် များတွင် အော်ဂဲနစ်အသီးအနှံများကို ကျယ်ကျယ်ပြန့်ပြန့် ရောင်းချလျက်ရှိရာ အော်ဂဲနစ်ပန်းသီးသည် နံပါတ်တစ် ဝယ်လိုအားအများဆုံးဖြစ်ကြောင်း သိရှိ ရပါသည်။

၂၀၁၃ ခုနှစ်တွင် သြစတြီးယား နိုင်ငံသည် အော်ဂဲနစ်ပန်းသီးတန်ချိန် ၁၂၀၀၀ ထုတ်လုပ်ခဲ့ပြီး သြစတြီးယား စူပါမားကတ်များတွင် ရောင်းချခဲ့သော ပန်းသီးစုစုပေါင်း၏ ၅ ရာခိုင်နှုန်းခန့် သည် အော်ဂဲနစ်ပန်းသီးများဖြစ်ကာ ရောင်းချခဲ့သောပန်းသီးစုစုပေါင်းတန်ဖိုး ၏ ၉ ဒသမ ၁ ရာခိုင်နှုန်းရှိကြောင်း Agricultural Market Austria (AMA) မှ ထုတ်ပြန်ခဲ့သော သတင်း အချက်အလက်များအရသိရှိရပါသည်။
ဖြူနှင်းဝတ်ရည်၊စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့