Main menu

Background

ပြည်ပပို့ကုန်အမယ်သစ် ဆေးဖက်ဝင် တောထန်းဥ

Mon, 02/24/2014 - 12:24 -- ydnar

စစ်ကိုင်းတိုင်းဒေသကြီး၊ ကော လင်းမြို့နယ်နဲ့ ပင်လည်ဘူးမြို့နယ်များ မှာ နိုင်ငံခြားဝင်ငွေရရှိနိုင်တဲ့ ဆေး ဖက်ဝင် အပင်အမျိုးမျိုးပေါက်ရောက် လျက်ရှိပါတယ်။ သဘာဝဆေးဖက်ဝင် အပင်များထဲမှ ယခုနှစ်အတွင်း တရုတ် နိုင်ငံကို တင်ပို့နေတဲ့ အမယ်သစ်ပို့ကုန် ဆေးဖက်ဝင်တောထန်းဥဟာတောတောင် သစ်တောများအတွင်းသဘာဝအလျှောက် အရိပ်ကောင်းတဲ့နေရာများမှာ ပေါက် လေ့ရှိပြီး၊ အမြင့်မှာ ၂ ပေမှ ၃ ပေခန့် သာမြင့်ပါတယ်။တောထန်းပင်ရဲ့ အမြစ် ရင်းကို တူးဖော်ပြီး တောထန်းဥကို ဖော် ထုတ်ယူရပါတယ်။

ပင်လည်ဘူးမြို့နယ်မှာရွာသာယာ ကျေးရွာအပါအဝင် ကျေးရွာ ၅ ရွာမှ ရွာသူရွာသားများမှာ တောတောင်များ အတွင်းကိုသွားရောက်ကာတောထန်းဥ တူးဖော်ရှာဖွေလျက် ကျေးရွာရှိ အဝယ် ကိုယ်စားလှယ်များထံမှာအစိုတစ်ပိဿာ ၁၂၀၀ ကျပ်နဲ့ ရောင်းချကြပါတယ်။ တောထန်းဥအစို၁၀ပိဿာအားအခြောက် လှမ်းရင် ၃ပိဿာရရှိပြီး၊တစ်ရက်ကို လူ တစ်ဦး ၃ ပိဿာကျော် ရှာဖွေရရှိကြလို့ နေ့စဉ်ဝင်ငွေရလျက်ရှိပါတယ်။ တော ထန်းဥကို နှစ်စဉ် နိုဝင်ဘာလမှ မတ်လ အထိတူးဖော်ရရှိပါတယ်။ ကျေးရွာများ မှာရှိတဲ့ အဝယ်တော်မှ မန္တလေးပွဲရုံများ ကိုပို့ဆောင်ရောင်းချရာမှာ အခြောက် တစ်ပိဿာကို အရည်အသွေးပေါ်မူ တည်ပြီး ၆၀၀၀ ကျပ်မှ ၆၅၀၀ ကျပ် အထိရောင်းရကြောင်း၊ မန္တလေးပွဲရုံများ မှတဆင့် တရုတ်ပြည်ကို ရောင်းချရာမှာ တောထန်းဥ အခြောက်တစ်ပိဿာ ၅၀ ယွမ်မှ ၅၅ယွမ်အထိရရှိကြောင်း၊ အဝယ် တော်တစ်ဦးထံမှ သိရပါတယ်။
ဒေသခံကျေးရွာများမှ တိုင်းရင်း ဆေးဝါးအဖြစ် ပွေး၊ သဲဝဲ၊ ယားနာဖြစ် ခြင်းအားတောထန်းဥကိုသွေးလိမ်းသလို မီးနဲ့လှော်ပြီးလည်း စားသုံးကြပါတယ်။ ကောလင်းမြို့နယ်နဲ့ ပင်လည်ဘူးမြို့ နယ်တို့မှ တစ်နှစ်ကို တောထန်းဥ အခြောက် ၁၃၀၀၀ ပိဿာကျော်ရရှိ ကာ ၂၀၁၁ ခုနှစ်မှစပြီး၊ တောထန်းဥကို တရုတ်နိုင်ငံမှဝယ်ယူခဲ့ကြောင်းသဘာ၀ တောတောင်များမှထွက်ရှိတဲ့ဆေးဖက်ဝင် တောထန်းဥများမှာ မန္တလေးဈေးကွက် မှာ သာမက တရုတ်နိုင်ငံဈေးကွက် အထိ နှစ်စဉ်ရောင်းချရလို့ နိုင်ငံအတွက် နိုင်ငံခြားဝင်ငွေရရှိလျက်ရှိတဲ့ အမယ် သစ် ပို့ကုန်ဖြစ်ကြောင်း သိရပါတယ်။
ကျော်စိန်ဌေး - ကောလင်း