Main menu

Background

တောင်ကြီးမြို့၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၏ ထောပတ်စိုက်ပျိုးမှုနှင့်ရောင်းဝယ်မှုအခြေအနေ

Tue, 10/20/2020 - 10:59 -- journal_editor

ရှမ်းပြည်နယ်တွင် ထောပတ်သီးကို တောင်ကြီး၊ ရွာငံ၊ ပင်လောင်း၊ ဟိုပုံး၊ ပင်းတယ၊ ကလော၊ ရပ်စောက်၊ ညောင်ရွှေ၊ ဖယ်ခုံ၊ လွိုင်လင်၊ ဆီဆိုင်မြို့နယ်များတွင် အများဆုံးစိုက်ပျိုးကြပါတယ်။ ယခင်က ထောပတ်ကို အိမ်ခြံဝင်းများ အတွင်း တစ်ပိုင်တစ်နိုင်သာ စိုက်ပျိုးခဲ့ကြပြီး ဒေသတွင်းစားသုံးမှုမှသည် ရှမ်းပြည် နယ်(တောင်ပိုင်း) ထောပတ် အသင်းအဖွဲ့ကို စတင်ဖွဲ့စည်းပြီးခဲ့သည့် ၂၀၁၈ခုနှစ်မှစ၍ ထောပတ်စိုက်ပျိုးမှု နည်းပညာပေးသင်တန်း၊ ကိုင်းကူး ကိုင်းဆက်မှုနည်းပညာပေးသင်တန်း၊ ထောပတ်သီးစားဖွယ်ရာများ ပြင်ဆင် ချက်ပြုတ်မှုနည်းပညာပေးသင်တန်း၊ ထောပတ်သီး Value Add ပြုလုပ်မှုသင်တန်း၊ ထောပတ် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပေးခြင်း၊ ထောပတ်သီး အရည်အသွေးစစ်ဆေးပေးခြင်းတို့ကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ MFVP နှင့်ချိတ်ဆက်ပူးပေါင်းဆောင်ရွက် လာမှုများကြောင့် ထောပတ်စိုက်ဧကများ တိုးတက်များပြာလားခြင်း၊ ထောပတ်သီးအထွက်နှုန်းပိုမိုလာခြင်း၊ အရည်အသွေးကောင်းထောပတ်သီးများ ထွက်ရှိလာ၍ ဈေးကောင်းရရှိကာ ပြည်တွင်းပြည်ပ ဈေးကွက် ကျယ်ပြန့်လာတာတွေ့ရပါတယ်။ ယနေ့ ဆိုလျှင်ခူးဆွတ်နိုင်သော ထောပတ်ဧက(၂၀ဝဝ)ခန့်ထိ ရှိလာပြီဖြစ်ရာ ထောပတ်သီးတန်ချိန်(၅၀ဝဝ)ခန့် ထွက်ရှိနိုင်မယ်လို့သိရပါတယ်။ တောင်ကြီးဈေးကွက်အတွင်းမှာတော့ ထောပတ်သီး အလုံးအရွယ်အစားလိုက်ပြီး လက်လီဈေးတစ်လုံးလျှင် ငွေကျပ် ၃၀ဝမှ ၆၀ဝ၊ လက္ကားဈေး (၁၀)လုံးနှင့်အထက်ယူ ငွေကျပ် ၂၀ဝမှ ၄၀ဝ အထိဈေးရှိပါတယ်။ ထောပတ်သီးကို အောက်တိုဘာလမှ ဖေဖော်ဝါရီထိ ဈေးကွက်များအတွင်း ရောင်းဝယ် ဖောက်ကားမှုရှိကြပြီး၊ ထောပတ်သီးကား အပင်ပေါ်မှာ အချိန်ကာလအတော်ကြာကြာဈေးကွက် စောင့်ပြီး ထားနိုင်ကာ၊ ခူးဆွတ်ပြီးပါကလည်း အချိန်ကာလတစ်ရပ်ထားကာ စားသုံးနိုင်သည့်အားသာချက်ရှိပါတယ်။

            ရှမ်းပြည်နယ်တွင် MFVP မှ ထောပတ်မျိုးကောင်း(၁၇)မျိုးကို ရွှေးချယ် သတ်မှတ်ပေးခဲ့ရာ င်းမျိုးများထဲမှ အကောင်းဆုံး(၃)မျိုးဖြစ်သည့် ပင်လောင်းမြို့နယ် ထောပတ်ပင်မှ မျိုး၊ ပင်းတယမြို့နယ် ထောပတ်ပင်မှ မျိုး၊ ရပ်စောက်မြို့နယ် ထောပတ်ပင်မှမျိုး င်းမျိုး(၃)မျိုးကို (၃)လတစ်ခါ မျိုးကိုင်းဖြတ်ယူပြီး ဖြန်ဖြူးရောင်းချ ပေးလျက်ရှိခဲ့ရာ မြို့နယ်အသီးသီးတွင် အတော်ပင်ကျယ်ပြန့်စွာ စိုက်ပျိုးပြီးဖြစ်ပါတယ်။ ယခင်နှစ်က သီတင်း ကျွတ်ကာလမတိုင်မီရန်ကုန်၊ မန္တလေးမြို့ကြီးများ ဈေးကွက်အတွင်း ထောပတ်သီးများ တင်ပို့နိုင်ခဲ့သော်လည်း ယခုနှစ်တွင် Covid-19 ကာလအခြေအနေအရ ထောပတ်သီးတင်ပို့မှု နောက်ကျ နေတာကိုတော့တွေ့ရပါတယ်။ ယခင်နှစ်ကတော့ ပြည်တွင်းဈေးကွက်အပြင် တရုတ်နှင့် ထိုင်းနိုင်ငံသို့ ထောပတ်သီးတစ်တန်လျှင် မြန်မာငွေကျပ် ၃၂၁၅၀ဝ မှ ၄၀ဝဝဝ၀ ဈေးထိရှိခဲ့ပြီး၊ တရုတ်နိုင်ငံသို့ တန်ချိန် ၅၀ဝခန့်နှင့် ထိုင်းနိုင်ငံသို့ တန်ချိန် ၃၅၀ဝခန့်တင်ပို့နိုင်ခဲ့တယ်လို့ ထောပတ်အသင်းဒု-ဥက္ကဌ ဦးလင်းသန့်အောင် ရဲ့ပြောပြချက်အရ သတင်းရရှိပါသည်၊

 

                                                                        စောမောင်(တောင်ကြီး)