Main menu

Background

ရာသီပေါ် နနွင်းဖူးများ ဈေးကောင်းရ

Tue, 11/01/2022 - 14:21 -- journal_editor

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံတစ်မျိုး ဖြစ်သော နနွင်းကိုလည်း စိုက်ပျိုး    ကြသည်။
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင်  နနွင်းစိုက်ဧက ၂၅၁၈ ဧက  စိုက်ပျိုးနိုင်ခဲ့ကြောင်း၊   ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နနွင်းစိုက်ဧက ၂၂၉၆ ဧက စိုက်ပျိုးနိုင် ခဲ့ပြီး ယခင်နှစ်ထက်လျော့နည်းစိုက်ပျိုးခြင်းမှာ မိုးစပါး များ ပိုမိုစိုက်ပျိုးသောကြောင့်   လျော့နည်းရခြင်းဖြစ် ကြောင်းသက်ဆိုင်ရာဌာန၏စာရင်းများအရ သိရသည်။
နနွင်းဈေးနှုန်းအနေဖြင့်  ယခင်ဈေးနှုန်းအနေ ဖြင့် နနွင်းတက်(အဟောင်း)   တစ်ပိဿာလျှင် ၄၃၀ဝ ကျပ်၊ နနွင်းခေါင်းတစ်ပိဿာလျှင်  ၄၀ဝ၀ ကျပ်နှင့် နနွင်းမှုန့် နို့ဆီဘူးတစ်ဘူးလျှင် ၁၀ဝ၀ ကျပ်ဖြစ်ပြီး ယခု ဈေးနှုန်းအနေဖြင့်   နနွင်းတက်(အဟောင်း) တစ် ပိဿာလျှင် ၃၅၀ဝကျပ် ၊ နနွင်းခေါင်း တစ်ပိဿာလျှင် ၃၀ဝ၀ ကျပ်နှင့် နနွင်းမှုန့် နို့ဆီဘူးတစ်ဘူးလျှင် ၈၀ဝ ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိသည်။
ယခုအချိန်တွင် နနွင်းစိုက်ခင်းများ အောင်မြင် စွာ ဖြစ်ထွန်းလျက်ရှိပြီး  နနွင်းဖူးများလည်း စတင်ထွက် ရှိနေပြီဖြစ်ရာ နနွင်းအဖူး ၁၀ဝ လျှင် ၃၅၀ဝ ကျပ် ဈေး ရရှိပြီး အခင်းထဲအရောက် လာရောက်ချိုးယူဝယ်ယူ လျက်ရှိသည်။ လက်လီဈေးနှုန်းအနေဖြင့်   နနွင်းဖူး ငါးဖူး တစ်စီးလျှင် ၂၅၀ကျပ် ဈေးနှုန်းဖြင့်ရောင်းချလျက် ရှိသည်။                                                  
မျိုးမင်းသန်း