Main menu

Background

ရွှေဘိုမြို့ ပဲ၊ နှမ်း ကုန်စည်ဒိုင်၏ သီးနှံအရောင်းအဝယ်ဖြစ်မှု အခြေအနေ

Tue, 02/21/2023 - 12:10 -- journal_editor

 စားသုံးသူရေးရာဦးစီးဌာန ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့်  ကုန်စည်ဒိုင်များ၏ သီးနှံ ဈေးနှုန်း များနှင့် အရောင်းအဝယ် ဖြစ်မှု တင်း/တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြ လျက်ရှိရာ ဇန်နဝါရီလအတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံ နှင့် ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းရာ ပဲစင်းငုံနှင့် မတ်ပဲများ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရသည်။

ပဲစင်းငုံ

ပဲစင်းငုံမှာ ဒီဇင်ဘာလနောက်ဆုံးပတ်မှစတင်၍ အရောင်း အဝယ်ဖြစ်ခဲ့ပြီး  ယခုအချိန်တွင်  လှိုင်လှိုင် ဝင်ရောက်လျက်ရှိ ကြောင်း၊ ဇန်နဝါရီလအတွင်း အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်း များမှာ ပဲစင်းငုံတစ်တင်းလျှင်အနိမ့်ဈေး ကျပ် ၅၅၀ဝ၀ မှ အမြင့် ဈေး ကျပ် ၅၇၀ဝ၀ ထိ ပေါက်ဈေးရှိခဲ့ကြောင်း၊ ပဲစင်းငုံ တစ်တင်း ၏ ယခင်လပေါက်ဈေးမှာ  ကျပ် ၅၄၀ဝ၀ ဈေးတစ်မျိုးတည်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သဖြင့်  ယခင်လနှင့် ယခုလ အရောင်း အဝယ်ဖြစ်သည့် ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုလတွင် ယခင်လ ထက်  တစ်တင်းလျှင် ကျပ် ၁၀ဝ၀ မှ  ကျပ် ၃၀ဝ၀ အထိ ဈေးပိုခဲ့ ကြောင်းနှင့် ကုန်သည်များအနေဖြင့် မိမိဝယ်ယူရသည့် ဈေးနှင့်  ရောင်းချရသည့်ဈေးနှုန်းအပေါ်  အကျိုးအမြတ်ရရှိပါက နေ့ချင်း ရောင်းချကြပြီး  ဈေးမကိုက်ပါက  လက်ဝယ်သိုလှောင်ထားကာ ဈေးနှုန်းကိုက်မှသာ ရောင်းချကြကြောင်း သိရှိရသည်။

မတ်ပဲ

မတ်ပဲမှာ ဇန်နဝါရီလ ပထမပတ်မှစတင်၍ အရောင်း အဝယ်ဖြစ်ခဲ့ပြီး ဇန်နဝါရီလအတွင်း မတ်ပဲတစ်တင်းလျှင် အနိမ့် ဈေး ကျပ် ၅၂၀ဝ၀ မှ အမြင့်ဈေး ကျပ် ၅၃၀ဝ၀ ပေါက်ဈေးရှိခဲ့ ကြောင်း၊  ဝင်ရောက်သမျှ မတ်ပဲများအား ဒေသတွင်း တစ်ဆင့် ပြန်လည်ရောင်းချသူများက အများဆုံး ဝယ်ယူသိုလှောင်ကြ ကြောင်း သိရသည်။                                      

နှင်းနှင်းခိုင် (ရွှေဘို)