Main menu

Background

အသေးစား စက်မှုလက်မှုလုပ်ငန်းများနှင့် လုပ်ငန်းမှတ်ပုံတင်ဆောင်ရွက်

Thu, 10/13/2022 - 11:16 -- journal_editor

ပြည်တွင်းထုတ်ကုန်တိုးတက်စေရေး ပြည်ပမှ  သွင်းကုန်လျှော့ချနိုင်ရေးအတွက်  ပြည်တွင်းထုတ်ကုန်လုပ်ငန်းများ၏ကဏ္ဍကို  တစ်ဖက်တစ် လမ်းမှ  အထောက်အကူဖြစ်စေရန် အောက်တိုဘာ ၆ရက်က ရန်ကုန်တိုင်းဒေသကြီး  အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးသက်နိုင်ဦးနှင့် တွေ့ဆုံမေးမြန်းဆွေးနွေးခဲ့ည်။ဆွေးနွေးမှုများအရ အသေးစားစက်မှုလက် မှုလုပ်ငန်းများကို မိသားစုဝင်များနှင့်ဖြစ်စေ၊အလုပ် သမား ငှားရမ်းသုံးစွဲ၍ဖြစ်စေ စုပေါင်း ၍ ဖြစ်စေ ပြုလုပ်နိုင်ပြီး ကုန်ပစ္စည်းထုတ်လုပ်ရန် 
(သို့မဟုတ်) ပြုပြင်မွမ်းမံရန် မြင်းကောင်ရေ ဝ ဒသမ ၂၅ နှင့် အထက် ၅ကောင်အားနှင့်အောက်  အသုံးပြုသည့် အလုပ်သမား   ကိုးဦးထက်မပိုသော    အိမ်တွင်း စက်မှုလုပ်ငန်းနှင့် အလုပ်သမားသုံးဦးနှင့်အထက် ရှိသော အိမ်တွင်းလက်မှု လုပ်ငန်းများ လုပ်ကိုင်သူများဖြစ်ရန်လိုကြောင်း၊ လုပ်ငန်းအမျိုးအစား အလိုက်မှတ်ပုံတင်ပေးသော  လုပ်ငန်းများမှာ စားသောက်ရေးဆိုင်ရာလုပ်ငန်းများ၊ ဝတ်ဆင်ရေး ဆိုင်ရာ လုပ်ငန်းများ၊ နေထိုင်ရေးဆိုင်ရာ လုပ်ငန်း များ (အိမ် ဆောက် ကုန်များ) ၊ လူသုံးပစ္စည်းလုပ်ငန်း၊ အိမ်သုံးကုန်များ၊ စာပေအနုပညာဆိုင်ရာ လုပ်ငန်း (ပုံနှိပ်ထုပ်ပိုးလုပ်ငန်းများ)၊ကုန်ကြမ်းပစ္စည်း လုပ်ငန်း၊ ဓာတ်သတ္တုလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း များ၊ စက်မှုလက်မှုသုံး ကိရိယာလုပ်ငန်း  (စက်မှုအလုပ်ရုံလုပ်ငန်း)၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊  လျှပ်စစ်ပစ္စည်းလုပ်ငန်း၊   အထွေထွေ အသေးစား လက်မှုလုပ်ငန်းတို့ဖြစ်ကြောင်း သိရသည်။အဆိုပါလုပ်ငန်းများအတွက် လုပ်ငန်းရှင်က လုပ်ငန်းမှတ်ပုံတင်ရာတွင် မှတ်ပုံတင်လျှောက်လွှာ ကြေး ကျပ်၁၀ဝ၀နှင့် မှတ်ပုံတင်ကြေး ကျပ်၁၀ဝ၀ဝ စုစုပေါင်း  ကျပ်  ၁၁၀ဝ၀ သာ  ကုန်ကျမည်ဖြစ် ကြောင်းနှင့်   မှတ်ပုံတင်ထားခြင်းကြောင့်   နည်း ပညာအကူအညီအထောက်အပံ့များ  ရရှိနိုင်ခြင်း၊ ဈေးကွက်ရရှိနိုင်ခြင်း၊ငွေကြေးအကူအညီအထောက် အပံ့များရရှိနိုင်ခြင်း (သို့) ဘဏ်မှ ချေးငွေရရှိနိုင် ခြင်း၊ ပြည်တွင်းပြည်ပရှိ  အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်နိုင်ခြင်း၊ တိုင်းဒေသကြီး/ပြည်နယ် များတွင် နှစ်စဉ်ကျင်းပပြုလုပ်ပေးသည့် ကုန်စည် ပြပွဲ၊ ပြိုင်ပွဲများတွင် ပါဝင်ပြသခြင်းဖြင့် ပြည်တွင်း ပြည်ပဈေးကွက်များ  ရရှိနိုင်ခြင်း၊ ပြည်ပမှ ကျွမ်း ကျင်သူများ၏ အကူအညီ ရယူနိုင်ခြင်းနှင့် ပြည်ပ နှင့် စီးပွားရေးလုပ်ငန်းများ စာချုပ်များချုပ်ဆို လုပ် ကိုင်နိုင်ခြင်း၊ အသစ်ထူထောင်သော ထုတ်လုပ်မှု ကိုအခြေခံသည့်  အသေးစားလုပ်ငန်းများအတွက် လုပ်ငန်းစတင်သောနှစ် အပါအဝင်တစ်ဆက် တည်း သုံးနှစ်ကာလအတွင်း နှစ်တစ်နှစ် စုစုပေါင်း အသားတင်အမြတ်ဝင်ငွေ ကျပ်သိန်း၁၀ဝ အထိ ဝင်ငွေခွန်ကင်းလွတ်ခွင့် ရရှိနိုင်ခြင်း၊ နိုင်ငံတော်က အသိအမှတ်ပြုသည့် ဆုချီးမြှင့်မှုများ ရရှိနိုင်ခြင်း၊ လုပ်ငန်းများ ပိုမိုအောင်မြင်လာစေရန်  လုပ်ငန်း သဘောသဘာဝတူညီသည့်    မျိုးတူစုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နိုင်ခြင်း၊ ဦးစီးဌာနနှင့်အစိုးရ ဌာနများက အခါအားလျော်စွာ သတ်မှတ်ပေးသော အခြားအခွင့်အရေးများကို ခံစားခွင့်ရှိခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်းသိရသည်။
   CJ