Main menu

Background

ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်ဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် လုပ်မည်ဟုဆို

Thu, 10/27/2022 - 10:55 -- journal_editor

လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်ကာလက ပဲမျိုးစုံ (Special Quality SQ) ကိုစက်ရုံများ၌ အလုပ်သမားရာချီ၍လက်ရွေး(Hand pick) လုပ်ခဲ့ကြရသည်။ ယခုတွင်လက်ရွေးမှ စက်ရွေးအဆင့်သို့ကူးပြောင်းခဲ့ပြီ။ (ဆန်၊ ပဲ၊နှမ်း စသည့်) ၏ အရည်အသွေးအရွယ်အစား များကို ကင်မရာ၊ အလင်းတန်းဖြင့် ဖမ်းယူရွေးချယ်ခွဲခြားပေးနိုင်သည့် စက်ကိရိယာ (Machine Vision System MVS) နှင့် ကွန်ပျူတာပရို ဂရမ်သွင်း၍ အလိုအလျောက်စနစ်(Progra mmable Logic Controller  System) ပေါင်းစပ်အသုံးပြု မောင်းနှင်လည်ပတ်နိုင်မှုကြောင့် လုပ်သားဦးရေများစွာလျှော့ချလုပ်ကိုင်နိုင်သည်ကိုတွေ့ရသည်။
    Industry 3အဆင့်အထိရောက်လာပြီဟု ဆိုရမလားမသိ။ဆိုင်ရာတို့က ဆန်းစစ်ကြည့်ဖို့ကောင်းသည်။အဘယ်ကြောင့်ဆိုသော် "ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်ဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် လုပ်မည်"ဟု နစက၏ ဦးတည် ချက်ကိုးရပ်တွင်ပါရှိသောကြောင့်ဖြစ်သည်။ ယခုအခါနိုင်ငံတကာဈေးကွက်က အရည်အသွေးစံချိန်စံညွှန်း နှင့် အစားအစာ ဘေးကင်းလုံခြုံမှု ဦးစားပေးစစ်ဆေး လက်ခံပြီးမှသာလက်ခံဝယ်ယူသည့် ခေတ်သို့ ကူးပြောင်းရောက်ရှိ လာ သည်။ထို့ကြောင့် ပုဂ္ဂလိကကုန်ထုတ်လုပ်ငန်းများသည် ဈေးကွက်ယှဉ်ပြိုင်နိုင်စေရန်အတွက် ကုန်ထုတ်လုပ်မှုကိုခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်လာကြသည်။ နိုင်ငံတကာအရည်အသွေးစံချိန်စံညွှန်း အဖွဲ့ (ISO)အသိအမှတ်ပြုလက်မှတ်ရ မြန်မာကုမ္ပဏီ ၂၁၅ ခုရှိကြောင်း စာရင်းအရတွေ့ရသည်။ မြန်မာနိုင်ငံဆန်စပါး အဖွဲ့ချုပ်သို့မေးမြန်းကြည့်ရာISO17301-1:2016 (E)လက်မှတ်ရ ဆန်စက်၄၀ လုံးခန့်ရှိလာပြီဟုသိရသည်။ ပဲ၊ ပြောင်း၊ နှမ်းအသင်းသို့မေးကြည့်ရာ ISO 9001(Quality Management System) လက်မှတ်ရစက်ရုံ၁၀ ရုံ ခန့်ရှိမည်ဟုဆိုသည်။သစ်သီးဝလံအသင်းတွင်လည်း လက်ဖက်၊ ကော်ဖီအဖွဲ့တွင် ISO လက်မှတ်ရပြီး၊ သရက်သီးအဖွဲ့ ကလုပ် ဆောင်ဆဲဟု သိရသည်။ ရော်ဘာအသင်းတွင်လည်းအများနှင့်သက်ဆိုင်သောကုမ္ပဏီ (Dewei Golden Land RSS Factory)ထူထောင်ပြီးISO 9001, ISO 14401 စံချိန်စံညွှန်းများနှင့် အညီ ထုတ်လုပ်သော Bridgesto ne Group သို့ ကုန်ကြမ်း ပေးသွင်းနေ သည်ဟု သိရသည်။  
    စာရေးသူမသိသေးသော ကုမ္ပဏီ၊ စက်ရုံများလည်း ရှိနိုင်သည်။ ဆိုင်ရာအစိုးရဌာနများတွင် စာရင်းရှိလိမ့်မည်ဟုထင်သည်။ သေချာ သည်ကISO လက်မှတ်ရလာသည်နှင့်အမျှ နိုင်ငံတကာဈေးကွက်သို့ ယခင်ကထက် ပိုမိုရရှိ လာခြင်းဖြစ်သည်။ပဲသန့်စင်ချောစက်နှင့် ဆန်စက်လုပ်ငန်းရှင်များအနက် ဥရောပဈေးကွက်ခိုင်မာစွာရရှိရန်BRC (British Retail Consortium) အစားအသောက်ဘေးကင်းရေးစနစ် Food safety System Certification) ကြိုးစား နေ ဆဲ၌ယူကေနိုင်ငံက မိမိတို့နိုင်ငံကို BRCလက်မှတ်မပေးတော့သည့်အတွက်  အစားအသောက်ဘေးကင်းရေးစီမံခန့်ခွဲမှုစနစ် (ISO 22000 Food Safety Management System)    သို့မဟုတ် FSSC 22000ပြောင်းလဲရယူရန် ကြိုးစား နေ ကြကြောင်းသိရသည်။ ကမ္ဘာ့နိုင်ငံအချို့ကို တစေ့ တစောင်း လေ့လာကြည့်သောအခါ အိမ်နီးချင်းတရုတ်နိုင်ငံတွင် ISO9001(Quality Mangement system)) လက်မှတ်ရ စက်မှုကုန်ထုတ် လုပ်မှု ၃၂၄၆၂၁ ခုရှိပြီး အိန္ဒိယနိုင်ငံတွင် ၃၂၂၃၆ ခုသာရှိကြောင်းတွေ့ရသည်။ ထို့ကြောင့် တရုတ်ကအိန္ဒိယထက်ပိုမို၍ ဈေးကွက်ရရှိ ကြောင်း တွေ့ရှိရသည်။ ISO လက်မှတ်ရ စီးပွားရေးကုန်ထုတ်လုပ်ငန်းအရေအတွက်များတွင် ထိုင်းနိုင်ငံတွင် ၉၂၄၀ ခု၊ အင်ဒိုနီးရှား နိုင်ငံ တွင် ၆၈၆၁ခု၊ ဗီယက်နမ်နိုင်ငံတွင် ၄၂၀၇ ခုရှိသည်။
    ထိုင်းနိုင်ငံတွင် စက်မှုဝန်ကြီးဌာနလက်အောက်ရှိThai Industrial Standards Institute TISI  သည်  ထိုင်းနိုင်ငံအတွက် အမျိုးသားစံနှုန်း အဖွဲ့အစည်းဖြစ်ပြီး  International Organization For Standard- ization (ISO) နှင့် International Electrontechnical Commission (IEC) ၏ အဖွဲ့ဝင်ဖြစ်သည်။International Accre- ditation Forum (IAF)နှင့် International Laboratory Accerditation Cooperation (ILAC)  တို့တွင်လည်း ပါဝင်ပါသည်။ အရှေ့ တောင်အာရှတွင်ASEAN Cosultative Committee for Standards and Qualtiy (ACCSQ)၏ အဖွဲ့ဝင်ဖြစ်သည်။ အချုပ်အားဖြင့်ဆိုသော် ကုန်ထုတ် လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် လုပ် မည်ဟုဆိုပါက ပုဂ္ဂလိကကဏ္ဍကသူ့နည်းသူ့ဟန်ဖြင့် ကြိုးစားနေရသည်ထက်အစိုးရဌာနများကပြည်တွင်း၊ပြည်ပ Third Party  Agenciesများနှင့် ကျယ်ကျယ်ပြန့်ပြန့် ချိတ်ဆက်ဆွေးနွေးညှိနှိုင်းအားပေးကူညီကြရပေမည်။                                        
 သုတနိုင်