Main menu

Background

"မြန်မာ့လက်မှု ပစ္စည်းတွေကို နိုင်ငံခြားသားတွေက အများဆုံး စိတ်ဝင်စားတာပေါ့ "

Mon, 07/07/2025 - 15:32 -- journal_editor

ဓနအောင် မြန်မာ့လက်မှုပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းပိုင်ရှင် ဦးမောင်မောင်အေးနှင့် တွေ့ဆုံမေးမြန်းခြင်း

မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များထဲမှ  (ပဲ၊ တိမ်၊ တဉ်း၊ တော့၊ ရန်၊ ပု၊ မော့၊ ပွတ်၊ ချီ၊ ယွန်း) ဟူသည့်  ရိုးရာလက်မှုအနုပညာဆယ်မျိုးအနက်မှ လက်မှုပညာရပ်အချို့ဖြင့် ထုတ်လုပ် ထားသည့် မြန်မာ့လက်မှုပစ္စည်းများသည် ဈေးကွက်ထဲတွင် လူကြိုက်များလျက်ရှိသည်။ ဈေးနှုန်းအားဖြင့် သက်သာပြီး အရည်အသွေးကောင်းမွန်သည့်  မြန်မာမှု Handmade ဖြင့် ထုတ် လုပ်ထားသော ယွန်းထည်၊ သစ်သားထည် ဒီဇိုင်းများအား နိုင်ငံခြားသားအများစုမှ စိတ်ဝင်စားမှုမြင့်မားသလို ပြည်တွင်းမှလည်း ကြိုက်နှစ်သက်မှု မြင့်မားလျက်ရှိသည်။ သို့ဖြစ်ရာ ဈေးကွက် အတွင်း မြန်မာ့လက်မှုပစ္စည်းများအား ဖြန့်ဖြူးပေးလျက်ရှိသည့် ဓနအောင် မြန်မာ့လက်မှုပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းပိုင်ရှင် ဦးမောင်မောင်အေးနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ရပါသည်။ 

မြန်မာ့လက်မှုပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းကို ဘယ်တုန်းကစတင်ပြီး လုပ်ကိုင်ခဲ့တာပါလဲ။
ဒီလုပ်ငန်းကို ၂၀၁၂ ခုနှစ်မှာ စတင်ပြီးတော့ လုပ်ကိုင်ခဲ့တာပါ။ လက်ရှိအနေအထားကတော့ အရောင်းအဝယ်လေးတွေကမဆိုးဘူးပြောရမှာပေါ့။ ကျွန်တော်ကကျတော့ အနယ်နယ်အရပ်ရပ်က ဒေသတွေဆီက မြန်မာ့လက်မှုပစ္စည်းလုပ်ပြီးသားကိုတစ်ဆင့်ပြန်လည် ဖြန့်ဖြူးရောင်းချပေးတာဖြစ်ပါတယ်။ အခုလတ်တလောမှာတော့ ယွန်းထည် မြန်မာ့လက်မှုပစ္စည်းလေးတွေကဈေးကွက်ထဲမှာ အရောင်းအဝယ်သွက်နေပါတယ်။ ယွန်းနဲ့ လုပ်ထားတဲ့ပစ္စည်းလေးတွေ၊ ဆွမ်းအုပ်၊ နားဆွဲလေးတွေ ကျွန်တော့်ဆီမှာ အစုံရှိပါတယ်။ ဒီမြန်မာလက်မှု ပစ္စည်းလေးတွေက ခေတ်ကာလအခြေအနေအရတော့ ဈေးလေးတွေက သူဟာနဲ့သူအသင့်အတင့်ရှိပါတယ်။ ဒီပစ္စည်းလေးတွေကို နိုင်ငံခြားသားတွေ အများဆုံး စိတ်ဝင်စားကြသလို တချို့ကျတော့လည်း နိုင်ငံခြားသွားမယ့်သူတွေကနေပြီးတော့ လက်ဆောင်ပေးဖို့အတွက် ဝယ်ကြယူတာတွေလည်း ရှိပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ဘတ်ဂျက်ပေါ်မူတည်ပြီးတော့ ပစ္စည်းလေးတွေကို ထိန်းပြီး တင်ရောင်းရတာပေါ့။တချို့ပစ္စည်းလေးတွေ ကျတော့လည်း ဟောင်းသွားတာလေးတွေလည်း ရှိတာပေါ့။ အဲဒီအတွက် နောက်ပိုင်းကျတော့ ဆိုင်မှာ ချိန်ပြီးတော့ တင်လို့ရတာပေါ့။ဒီပစ္စည်းလေးတွေက ဈေးကတော့ အနိမ့်ဆုံး ကျပ် တစ်သောင်းကနေ ကျပ်သိန်း ၂၀၊ ၃၀ အထိ ရှိပါတယ်။ ဈေးရောင်းပွဲတော်တွေမှာလည်း မြန်မာ့လက်မှုပစ္စည်းတွေကို ရောင်းချပေးလျက်ရှိပါတယ်။ ယွန်းထည်ပစ္စည်းရော၊ သစ်သားပစ္စည်းရောကိုတော့ အများဆုံး ဝယ်ယူကြပါတယ်။ မြန်မာလက်မှုပစ္စည်းတွေကိုအော်ဒါလည်း မှာလို့ရပါတယ်။ သစ်သားပစ္စည်းပဲဖြစ်ဖြစ် ယွန်းထည်ပစ္စည်းပဲဖြစ်ဖြစ် အဓိကတော့ အချိန်ပါပဲ။ အော်ဒါမှာတဲ့အခါကျရင် အချိန်ပေးနိုင်ရမယ်။ ဒီပစ္စည်းလေးတွေက အရေအတွက်ပေါ်မှာ မူတည်သလို ပစ္စည်းအပေါ်မှာလည်း မူတည်ပြီးတော့ တစ်လကနေ တစ်လခွဲလောက်တော့ ကြာပါတယ်။
လက်ရှိမှာရော မြန်မာ့လက်မှုပစ္စည်းတွေကို စိတ်ဝင်စားမှု အခြေအနေ ဘယ်လိုရှိပါသလဲ
ဒီလိုမျိုး မြန်မာလက်မှုပစ္စည်းတွေကို နိုင်ငံခြားသားတွေကတော့ အများဆုံး စိတ်ဝင်စားတာပေါ့။ လက်ရှိအနေအထားအရလည်း ပြည်တွင်းကလည်း စိတ်ဝင်စားမှု များပြားပါတယ်။ ပြည်တွင်းမှာရှိတဲ့ ကုမ္ပဏီတွေကသော် လည်းကောင်း၊ တစ်ဦးချင်းကသော်လည်းကောင်း သူတို့ရဲ့ ပြည်ပမှာရှိနေတဲ့ ဆွေမျိုးသားချင်း၊မိတ်ဆွေသူငယ်ချင်းလေးတွေကို လက်ဆောင်ပေးရင်တော့ အဲလိုမျိုး မြန်မာလက်မှုပစ္စည်းတွေကို ဝယ်ကြပါတယ်။ အွန်လိုင်းကနေမှာယူကြတာတွေလည်း များပါတယ်။ အများဆုံးကတော့ သစ်သားပစ္စည်း၊ ယွန်းထည်ပစ္စည်းလေးတွေ တစ်နိုင်တစ်ပိုင်လေးတွေ
ကို မှာယူကြပါတယ်။ သေတ္တာလေးတွေ၊ ဘောပင်ထည့်တဲ့ ခွက်လေးတွေ မှာယူကြပါတယ်။ လက်ရှိ ဈေးကွက်အနေအထားကတော့အခုကာလမှာ အရောင်းအဝယ်လေး နည်းနည်းတော့ အေးတာပေါ့။ မိုးတွင်းကာလလည်းဖြစ်သလို ဧည့်သည်လည်း နည်းနည်းရှားတဲ့အချိန် ဖြစ်နေတာကြောင့်ပါ။ ဒါပေမယ့် သူ့ဟာနဲ့သူတော့အရောင်းအဝယ်တွေက ရှိနေပါတယ်။ ပြည်တွင်းလက်မှု အထည်ပစ္စည်းတွေနဲ့ပတ်သက်ပြီး ဈေးကွက်မြှင့်တင်ဖို့ဆိုရင်တော့ကုန်ကြမ်းတွေ ဒီပစ္စည်းတွေမှာ သုံးရတဲ့ဆေးတွေဒါလေးတွေကို ဈေးသက်သက်သာသာလေးနဲ့ရမယ်ဆိုရင်တော့  ပိုပြီးအဆင်ပြေပါ
တယ။် ကုန်ကြမ်းရရှိမှုအပိုင်းရယ်၊ ဒီပစ္စည်းထဲမှာ သုံးရတဲ့ဆေးရဲ့ဈေးနှုန်းလေးတွေရယ် အဲဒါနဲ့ပတ်သက်တဲ့ အခက်အခဲလေးတွေတော့ ရှိပါတယ်။
ဘယ်လိုမျိုး မြန်မာ့လက်မှုပစ္စည်းတွေကို ဈေးကွက်ထဲ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသလဲ။
မြန်မာ့လက်မှုပစ္စည်းလေးတွေကတော့ သစ်သားထဲမှာဆိုရင်Luck Fish ၊ မြင်းရုပ်လေးတွေ ရှိမယ်။ မြင်းအတွဲလေးတွေရှိမယ်။ Lucky Fish ရင် သေးသေးလေးကနေစပြီး ဆိုဒ်မျိုးစုံရှိပါတယ်။ မြင်းရုပ်ဆိုလည်း ဆိုဒ်စုံ၊ ပုံစံစုံရှိပါတယ်။ နောက်ပြီးတော့ခြင်္သေ့ရုပ်၊ ဆင်ရုပ်၊ ကျားရုပ်တို့ နောက်ပြီးတော့ ပုဂံသူ အရုပ်လေးတွေလည်းရှိပါတယ်။ ရွက်လှေ၊ နာရီ၊ ယွန်းထည်၊ ဆွမ်းအုပ်လေးတွေ နွားရုပ် ၊ ဇီးကွက်ရုပ် ဒီဇိုင်းအမျိုးမျိုးရှိပါတယ်။
ဖြည့်စွက်ပြောချင်တာများ ရှိပါသလား။
ဓနအောင် မြန်မာ့လက်မှုပစ္စည်းတွေကို မှာယူချင်တယ်ဆိုရင်တော့ ဖေ့ဘွတ်(င်္ခေနဘသသု) ပေ့ဂျ်ကသော် လည်းကောင်း၊ဗိုက်ဘာ(ဠငဘနမ)အက်ပလီကေးရှင်းကနေသော် လည်းကောင်းမှာယူနိုင်ပါတယ်။ လူကိုယ်တိုင် လာရောက်ဝယ်ယူမယ်ဆိုရင်တော့ ရန်ကုန်မြို့က ဝန်ကြီးများရုံးထဲမှာ ရှိပါတယ်။ ပရိုမိုးရှင်းပွဲလေးတွေလည်း မကြာခဏဆိုသလို ကျင်းပပေးလျက်ရှိပါတယ်။ဒီလထဲမှာဆိုရင်လည်း ရန်ကုန်မြို့ ကန်သာယာ ဈေးဝယ်စင်တာမှာလည်း မြန်မာ့လက်မှုပစ္စည်းတွေကို ဈေးသက်သက်သာသာနဲ့လွယ်လင့်တကူ ဝယ်ယူနိုင်အောင်လို့ ပရိုမိုးရှင်း လုပ်ပေးသွားမှာ
ဖြစ်ပါတယ်။ အများပြည်သူအနေနဲ့လည်း မြန်မာလက်မှုပစ္စည်းတွေကို လာရောက်လေ့လာ အားပေးနိုင်ပါတယ်လို့ ဖိတ်ခေါ်ပါတယ်။