Main menu

Background

ကာကွယ်ကြမယ် အဏုဇီ၀ မှိုအန္တရာယ်

Tue, 11/15/2011 - 07:28 -- Anonymous (not verified)
                   စိုက်ပျိုးသီးနှံများ ပျက်စီးဆုံးရှုံးနိုင်တဲ့ အကြောင်းရင်းတွေ  ထဲမှာ အဏုဇီဝမှိုကြောင့် ပျက်စီးဆုံးရှုံးခြင်းဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အဏုဇီဝမှိုတွေဟာ အဏုဇီဝမှိုဆိပ် (Mycotoxin) တွေကို ထုတ်လုပ်ပေးနိုင်ပါတယ်။ အဆိုပါအဏုဇီဝမှိုဆိပ် ဟာ လူအပါအဝင် အိမ်မွေးတိရစ္ဆာန်များကိုပါ ကျန်းမာရေးနှင့် ပတ် သက်သောအန္တရာယ်ပေးနိုင်ပါတယ်။ အဏုဇီဝမှိုဆိပ်များစွာ ရှိသည့် အနက် အာဖလာတော့ဆင် (Aglatoxin) မှိုဆိပ်ကတော့ အထင် ရှားဆုံးဖြစ်ပါတယ်။
- အာဖလာတော့ဆင် မှိုဆိပ်ကို အဏုဇီ၀ မှိုအမျိုးအစားများ ဖြစ်သော Aspergillus Flavus နှင့် Aspergillus Parasiticus လို့ခေါ်တဲ့ မှိုမျိုးစိတ်တို့မှ ထုတ်လုပ်ပေးပါတယ်။
- အဓိက အာဖလာတော့ဆင်မှိုဆိပ်လေးမျိုးရှိပါတယ်။ အမည် အားဖြင့် Aflatoxin B1, B2, G1, G2  တို့ဖြစ်ကြပါတယ်။ ၎င်းတို့အထဲမှ Aflatoxin B1 ကို Aspergillus Flavus မှိုမျိုးစိတ်မှ ထုတ်လုပ်ပေးနိုင်ပြီး B1, B2, G1, G2လေးမျိုး လုံးကိုတော့ A. Parasiticus မျိုးစိတ်မှ ထုတ်ပေးပါတယ်။
- ၎င်းမှိုဆိပ်များရဲ့ ပြင်းအားများကိုနှိုင်းယှဉ်ကြည့်လျှင် Aflatoxin B1 က အဆိပ်အပြင်းဆုံးဖြစ်ပြီး B2 G2 က အဆိပ် ဓာတ် အပျော့ဆုံးဖြစ်ပါတယ်။G1  ကတော့ အဆိပ်ဓာတ် အသင့် အတင့်ရှိပါတယ်။
- အိမ်မွေးတိရစ္ဆာန်များ (ဥပမာ-နွား)ဟာ Aflatoxin B1 နှင့် G1  တို့ပါဝင်နေတဲ့အစာများကို စားသုံးမိတယ်ဆိုရင် အဆို ပါမှိုဆိပ်တွေဟာ ၎င်းတို့ရဲ့ ခန္ဓာကိုယ်တွင်း ဓာတ်ပြောင်း လဲမှုဖြစ်စဉ်ကြောင့်  Aflatoxin M1 နှင့် M2 အဖြစ် နွားနို့ ထဲမှာ ပြန်ပေါ်လာပါတယ်။ ၎င်းနွားနို့ကို သောက်သုံးမိတဲ့ လူတွေအတွက် မှိုဆိပ်အန္တရာယ် ဆက်လက်ဖြစ်ပေါ်စေနိုင်ပါတယ်။
- Aspergillus Flavus  မှိုမျိုးစိတ်သည် အပူချိန် 10.C  နှင့် 45.C ကြား ပတ်ဝန်းကျင်စိုထိုင်းဆ ၇၅ ရာခိုင်နှုန်းနှင့် အထက်တို့မှာ ပေါက်ပွားနိုင်ကြသော်လည်း မှိုဆိပ်ကိုတော့ အပူချိန် 25.C နှင့် 30.C အကြား ပတ်ဝန်းကျင် စိုထိုင်းဆ ၈၅ ရာခိုင်နှုန်းမှာ ထုတ်ပါတယ်။ ဒါကြောင့် စိုက်ပျိုးသီးနှံ များတွင် အဏုဇီဝမှိုကျရောက်ခြင်းမှ ကာကွယ်ရန် ရိတ်သိမ်း ပြီးစသီးနှံရဲ့ အစိုဓာတ်ကို ဖြစ်နိုင်သမျှ မြန်မြန်လျှော့ချရ ပါမယ်။ ပတ်ဝန်းကျင်စိုထိုင်းဆမြင့်နေမယ်ဆိုရင် နေဖြင့် အခြောက်ခံခြင်းကို အချိန်ကြာကြာ ဆောင်ရွက်ရပါမယ်။လိုအပ်ပါက စက်အားကိုသုံးပြီး အခြောက်ခံရပါမယ်။ သီးနှံ တစ်မျိုးချင်းအလိုက် စိတ်ချရသော အစိုဓာတ်အထိ ရောက် အောင် အခြောက်ခံပြီးမှ သိုလှောင်သင့်ပါတယ်။ ဥပမာ ပြောင်းဖူးးစေ့ ၁၃.၅ ရာခိုင်နှုန်း၊ ပဲမျိုးစုံ ၁၅.ဝရာခိုင်နှုန်း၊ မြေပဲ၈.၅ရာခိုင်နှုန်း၊ မြေပဲဖတ် ၁၀ ရာခိုင်နှုန်းမှ ၁၃ ရာခိုင်နှုန်းတို့ဟာ ၎င်းသီးနှံများကို သိုလှောင်သင့်သော စိတ် ချရတဲ့ အစိုဓာတ်များ ဖြစ်ကြပါတယ်။
- သီးနှံများကို အစုလိုက်အပုံလိုက် (Piled) လုပ်ပြီး နေလှန်း အခြောက်ခံနေစဉ်မှာ မိုးရေကြောင့်သော် လည်းကောင်း ပြန်လည်စိုစွတ်ခြင်း (Rewetting) ဟာ မှိုကျရောက်မှုကို အားပေးသကဲ့သို့ဖြစ်စေပါတယ်။ ဒါကြောင့် သီးနှံအခြောက် လှန်းနေစဉ်မှာ ပြန်လည်စိုစွတ်ခြင်းမရှိအောင် အထူးဂရုပြုဆောင်ရွက်ရန် လိုအပ်ပါတယ်။
- ခြောက်သွေ့သီးနှံများကို သိုလှောင်မယ့်နေရာဟာ လေဝင်လေထွက်ကောင်းပြီး ခြောက်သွေ့ သန့်ရှင်းနေရပါမယ်။မိုးယို၍ ကြမ်းခင်းမှာရေဝပ်လျှင် သီးနှံကို မှိုစွဲကပ်စေနိုင်ပါတယ်။
- သီးနှံကို အပုံလိုက်(Mass)  အထူးဂရုပြု ဆောင်ရွက်ရန် လိုအပ်ပါတယ်။ သိုလှောင်ပါက အပုံတွင်း အပူအောင်း အစိုပြန်ပြီး သီးနှံများ ပြန်လည်စိုစွတ်စေနိုင်ပါတယ်။ ဒါ ကြောင့် သီးနှံပုံအတွင်း လေမှုတ်သွင်းခြင်းနှင့် သီးနှံအပုံ ပြောင်းပေးခြင်း၊ အထက်အောက် လှန်ခြင်းတို့ကို ပြုလုပ်ပေး သင့်ပါတယ်။ ဤကဲ့သို့ ပြုလုပ်ပေးခြင်းဖြင့် သီးနှံပုံအတွင်း အပူချိန်မြင့်တက်ခြင်းကို ကာကွယ်ပေးပြီး မှိုကျရောက်ခြင်းမှ တားဆီးပေးနိုင်ပါတယ်။
- ပတ်ဝန်းကျင် အစိုဓာတ်မြင့်မားနေချိန်မှာ သိုလှောင်သီးနှံ များဟာ ပတ်ဝန်းကျင်မှ အစိုဓာတ်ကို ပြန်လည်စုပ်ယူနိုင်တဲ့ အတွက် လေလုံဘူး (သို့) လေလုံပိတ်ပလတ်စတစ်အိတ်နဲ့ ထုပ်ပိုးထားသင့်ပါတယ်။
- သိုလှောင်သီးနှံမှာ ပိုးမွှားမကျရောက်စေရန် ပိုးသတ်ဆေး ဖျန်းခြင်း၊ ပိုးသတ်ဆေးမှုန့်ဖြူးခြင်းနှင့် လိုအပ်ပါက ပိုးသတ် မှိုင်းတိုက်ခြင်းတို့ကို ဆောင်ရွက်ရပါမယ်။ ပိုးမွှားများ ဖျက်ဆီး ထားသော သီးနှံအပိုင်းအစ၊ အမှုန်အမွှားများကို ဖယ်ရှား ရှင်းလင်းပေးရပါမယ်။ ပိုးသတ်မှိုင်းတိုက်ခြင်းဟာ အင်းဆက် ပိုးမွှားများနှင့်တကွ ဥများအပါအဝင် သားလောင်းများကိုပါ သေစေရုံမျှမကမှိုအန္တရာယ်မှလည်းကာကွယ်ပေးနိုင်ပါတယ်။
- အဏုဇီဝမှိုဆိပ်များဟာ လူနှင့်တကွ တိရစ္ဆာန်များကို ပတ် ပတ်လည် ဒုက္ခပေးနိုင်တဲ့အတွက် သီးနှံတင်သွင်းသည့် နိုင်ငံ များအနေဖြင့် Aflatoxin  မှိုဆိပ်ပါဝင်မှုကို ကန့်သတ်ထိန်း ချုပ်လာကြပါတယ်။ ဒါကြောင့် လယ်ယာထွက်စိုက်ပျိုး သီးနှံများကို အဓိကထားပြီး စိုက်ပျိုး၊ သိုလှောင်၊ ရောင်းချ သူများအနေဖြင့် မိမိတို့ရဲ့ သီးနှံများမှာ Aflatoxin  မှိုဆိပ် ကင်းရှင်းနေရင် အကောင်းဆုံးပါ။
- မှိုဆိပ်ကင်းဖို့ဆိုရင် သိုလှောင်တဲ့အဆင့်မတိုင်မီ စတင်စိုက် ပျိုး ထုတ်လုပ်သောနေရာ (Farm Level)  ကစပြီး ကာ ကွယ်နိုင်လျှင် ပိုပြီးထိရောက်နိုင်ပါတယ်။ သို့ဖြစ်ပါ၍ စိုက်ပျိုး ထုတ်လုပ်သူများအနေဖြင့်-
(က) မျိုးကောင်းမျိုးသန့်ကို ရွေးချယ်စိုက်ပျိုးခြင်း
(ခ) သီးနှံကို အလှည့်ကျပြောင်းလဲစိုက်ပျိုးခြင်း
(ဂ) စိုက်ပျိုးရေးဌာန၏ ထောက်ခံမှုရရှိထားသော ပိုးသတ်ဆေး/ပေါင်းသတ်ဆေးများကိုသာ အသုံးပြုခြင်း
(ဃ) သီးနှံအမျိုးအစားအလိုက် သတ်မှတ်ထားသော ကြားအကွာအဝေးထား၍ စိုက်ပျိုးခြင်း
(င) မြက်ပင်၊ ပေါင်းပင်နှင့်အခြားမသက်ဆိုင်သော အပင် များကို ဖျက်ဆီး ဖယ်ရှားခြင်း
(စ) စိုက်ပျိုး၊ ရိတ်သိမ်း၊ ခြွေလှေ့သည့် လုပ်ငန်းစဉ် အချိန် အတွင်း ပျက်စီးမှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက် ခြင်း၊ ပျက်စီးသောသီးနှံအစအနများကို ဖယ်ရှားခြင်း
(ဆ) သီးနှံအားလုံး တစ်ညီတစ်ညာတည်း ရင့်မှည့်မှ ရိတ်သိမ်းခြင်း
(ဇ) သင့်တော်သော မှိုသတ်ဆေးများသုံးစွဲခြင်း စသည်တို့ ကို စနစ်တကျ ဆောင်ရွက်သင့်ပါကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။ အိအိချော