Main menu

Background

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

Tue, 12/20/2022 - 11:35 -- journal_editor

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ဒီဇင်ဘာ  ၇ ရက်မှ  ၁၃ ရက်အထိ ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံ ဈေးနှုန်းများမှာ ကျောက်မဲ၊ ရေတာရှည်မှ ဖရဲသီး အလုံးကြီး ကျပ် ၆၀ဝ၀၊ အလုံးလတ် ကျပ် ၅၀ဝ၀၊ အလုံးသေး ကျပ် ၄၀ဝ၀ မှ ၃၀ဝ၀၊   တောင်ငူ၊ ဘီးလင်းမှ  ဖရဲသီး ၂၁၁ အလုံးကြီး  ကျပ် ၃၅၀ဝ၊ အလုံးလတ် ကျပ် ၂၅၀ဝ၊  အလုံးသေး  ကျပ် ၂၀ဝ၀  မှ  ၁၅၀ဝ၊ မော်လမြိုင်မှ   ကျွဲကောသီး (ပန်းရောင်) အလုံးကြီး ကျပ် ၂၅၀ဝ၊ အလုံးလတ် ကျပ် ၂၀ဝ၀၊ အလုံးသေး ကျပ် ၁၀ဝ၀၊ တိုက်ကြီးမှ  ကျွဲကောသီး (အဖြူ)အလုံးကြီး   ကျပ် ၁၅၀ဝ၊ အလုံးလတ် ကျပ် ၁၀ဝ၀၊ အလုံးသေး ကျပ် ၇၀ဝ ဖြစ်သည်။
မှော်ဘီ၊ တိုက်ကြီးမှ   မာလကာသီး အလုံးကြီး ကျပ် ၅၀ဝ၊ အလုံးလတ် ကျပ် ၄၀ဝ၊  အလုံးသေး ကျပ် ၃၀ဝ၊  သီပေါမှ  နာနတ်သီး အလုံးကြီး ကျပ် ၁၅၀ဝ မှ ၁၃၀ဝ၊  အလုံးလတ်  ကျပ် ၁၀ဝ၀၊  အလုံး သေး  ကျပ် ၈၀ဝ မှ ၅၀ဝ၊ တိုက်ကြီးမှ    ပီလောပီနံ တစ်ပိဿာ အလုံးကြီး  ကျပ် ၁၀ဝ၀၊ အလုံးလတ် ကျပ် ၈၀ဝ၊ ပုပ္ပားမှ သြဇာသီး အလုံးကြီး တစ်ဖာ၃၀ လုံးပါ ကျပ် ၁၃၀ဝ၀၊ အလုံးလတ် ၆၀ လုံးပါ ကျပ် ၁၀ဝ၀ဝ၊ အောင်ပန်း၊ မော်လမြိုင်မှ    လိမ္မော်သီး တစ်ပိဿာ အလုံးကြီး ကျပ် ၂၅၀ဝ၊  အလုံးလတ် ကျပ် ၁၉၀ဝ၊ အလုံးသေး ကျပ် ၁၃၀ဝ ၊ ရေနံချောင်း မှ ဆီးသီး(အချဉ်သီး) အလုံးကြီးတစ်ခြင်း ရှစ်ပြည် ပါ ကျပ် ၁၂၀ဝ၀၊ ဆင်ဖြူကျွန်းမှ  ဆီးသီး(အစေ့ လွတ်)အလုံးကြီး တစ်ခြင်း ရှစ်ပြည်ပါကျပ် ၁၄၅၀ဝ ဈေးတို့ရှိကြောင်း  သီရိမင်္ဂလာဈေးရှိ    မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်  ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှ သိရှိရသည်။
STDT
(Yangon)