Main menu

Background

ပြည်တွင်းနယ်စပ်စီးပွားရေးရာ

ယခုအပတ်မူဆယ်မှ ပရဆေးကုန်ကြမ်း အပို့လျော့ပေမဲ့ တမူးမှ အသွင်းပို

Tue, 08/09/2011 - 05:42 -- Anonymous (not verified)

ယခုအပတ်မူဆယ်မှ ပရဆေးကုန်ကြမ်း အပို့လျော့ပေမဲ့ တမူးမှ အသွင်းပို                   မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင်မှ တစ်ဖက်နိုင်ငံသို့ ဇူလိုင် ၂၇ ရက်မှ သြဂုတ် ၂ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ဝ ဒသမ ၄ဝ၁ သန်းတန်ဖိုး ရှိ ပရဆေးကုန်ကြမ်း ၂၈၇ တန်ကျော်တင်ပို့ခဲ့ပြီး ယခင်အပတ်တင်ပို့မှုထက် တန် ၁ဝဝဝ ကျော် လျော့နည်းခဲ့ပါတယ်။                      ယခုအပတ်တင်ပို့တဲ့ ပရဆေးကုန်ကြမ်းတွေကတော့ မိကျောင်းကွမ်းဖတ် စေ့၊ စကားပန်းပွင့်ခြောက်၊ နေလဲစေ့၊ နနွင်းတက်၊ နနွင်းခေါင်း၊ မာလာဥ၊ ရှားစေး၊ ကွမ်းစားဂမုန်း၊ ကြောင်ပန်းစေ့၊ အုံတုံခေါက်၊ တောချင်းနဲ့ တောဂျူးမြစ်တို့ ဖြစ်ပါ တယ်။ ပြီးခဲ့တဲ့အပတ်က မုတ်ခါး၊ ဒရင်ကောက်မြစ်၊ စမုံစပါး၊ ဖန်ခါးသီးခြောက်၊ ကျောက်ဂျင်း၊ ရွေးရွက်တို့အပို့ရှိခဲ့ပေမဲ့ ယခုအပတ်မှာ တင်ပို့မှုမရှိခဲ့တဲ့အတွက် ယခုအပတ်မှာ တင်ပို့မှုပမာဏလျော့နည်းခဲ့တာ ဖြစ်ပါတယ်။                   တမူးနယ်စပ်မှ ယခုအပတ် အိန္ဒိယဘက်မှတင်သွင်းတဲ့ ပရဆေးကုန်ကြမ်း တွေကတော့ ကန်ဒေါ်လာ ဝ ဒသမ ဝ၁၅ သန်း တန်ဖိုးရှိတဲ့ မင်သော် ဝ ဒသမ ၆ တန်၊ ရှိန်းခို ၁ ဒသမ ၉၆ တန်နဲ့ ဆောင်မေခါး ဝ ဒသမ ၅ တန်ဖြစ်ပြီး ယခင် အပတ်က တောင်လုံးကျော် ၁ တန်သာ အသွင်းရှိခဲ့တာဖြစ်ပါတယ်။ MIRT(DOBT) 

အနိမ့်ဆုံးလုပ်ခများ တိုးမြှင့်ပေးသင့်ကြောင်း ထိုင်းလုပ်ငန်းရှင်ကြီးတစ်ဦး ထောက်ခံ

Sun, 07/31/2011 - 10:46 -- Anonymous (not verified)

အနိမ့်ဆုံးလုပ်ခများ တိုးမြှင့်ပေးသင့်ကြောင်း ထိုင်းလုပ်ငန်းရှင်ကြီးတစ်ဦး ထောက်ခ                လူနေမှုစရိတ်မြင့်မားခြင်း၊ အိမ်နီးချင်းနိုင်ငံများသို့ လုပ်သားများရွှေ့ပြောင်းထွက်ခွာသွားနိုင်ခြင်းတို့ကြောင့် အနိမ့်ဆုံး လုပ်အားခများ တိုးမြှင့်ပေးသင့်ကြောင်း ထိုင်းစက်မှုလုပ်ငန်းရှင်ကြီးများထဲက အကြီးဆုံးထိုင်း ဘိလပ်မြေထုတ်လုပ်ရေးအုပ်စု (Siam Cement Group -SCG) အကြီးအကဲက ပြောကြားခဲ့ပါတယ်။ လူနေမှုစရိတ် မြင့်တက်မှုကို ရှင်းရှင်းလင်းလင်း တွေ့မြင်နေရတဲ့အတွက် ၎င်းရဲ့ ကိုယ်ပိုင်ဆန္ဒအရ အနိမ့်ဆုံးလုပ်ခ တိုးမြှင့်သင့်တယ်လို့ သူယူဆကြောင်း ပြောပြပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ အခြေခံစက်မှုလုပ်ငန်းများမှာ ယှဉ်ပြိုင်ဆောင်ရွက်ရန် မသင့်ဘဲ သုတေသနခိုင်မာစွာ ပြုလုပ်ပြီး တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်မှုကို ယှဉ်ပြိုင်သင့်ကြောင်း၊ စက်မှုလုပ်ငန်းတွေမှာ စရိတ်သက်သာမှုကိုသာ ဦးစားပေးရင် ဗီယက် နမ်လို နိုင်ငံမျိုးကို လုပ်သားများရွှေ့ပြောင်းသွားနိုင်ကြောင်း၊ တရုတ်နိုင်ငံမှာလည်း လုပ်ခတိုးမြှင့်ပေးတဲ့အတွက် အထည်ချုပ် လုပ်ငန်းများကဲ့သို့ စက်မှုလုပ်ငန်းများမှာ ထုတ်လုပ်မှုစရိတ်တက်လာကြောင်း၊ လုပ်ခတွေမြင့်လာတဲ့အတွက် ဝယ်ယူနိုင်စွမ်းများ မြင့်တက်လာပြီး စီးပွားရေးတစ်ရပ်လုံးတိုးတက်လာရ တယ်လို့လည်း ှဃွ အကြီးအကဲခန်တရာကူဟွန်က ညွှန်ပြပြောဆို ခဲ့ပါတယ်။          Source ထိုင်းရတ် သတင်းစာ သောင်းနိုင်

စစ်တွေနယ်စပ်မှ ရေထွက်ပစ္စည်း တင်ပို့မှု

Sun, 07/31/2011 - 10:39 -- Anonymous (not verified)

စစ်တွေနယ်စပ်မှ ရေထွက်ပစ္စည်း တင်ပို့မှု                   ဇူလိုင်လ ၂ဝ ရက်မှ ၂၆ ရက်ထိကာလအတွင်း စစ်တွေနယ်စပ်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေချိုငါး တန် ၁၈ဝ ကျော် တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၁၅၇ သန်း၊ ရေငန်ပုစွန် ၉ တန်ကျော် တန်ဖိုး ဝ ဒသမ ဝ၅၇ သန်း၊ စုစုပေါင်းတန် ချိန် ၁၉ဝ ကျော် တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၂၁၄ သန်းတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ယခုအပတ်မှာ ရေချိုငါး တန် ၃ဝ ကျော်နဲ့ ရေငန်ပုစွန် ၆ တန်ခန့် ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ ရေချိုငါး ၁ တန်ရဲ့ မိမိဘက်မြေပြင်ပေါက်ဈေး ကန် ဒေါ်လာ ၇၇၅ မှ ၁၄၂၈ ထိဖြစ်ပြီး ၊ ရေငန်ပုစွန် ၁ တန်ကို မိမိဘက်မြေပြင် ပေါက်ဈေး ကန်ဒေါ်လာ ၄၂ဝဝ မှ ၁ဝ၅ဝဝ ထိဈေးပေါက်လျက်ရှိပြီး ယခင်အပတ် အတိုင်းပြောင်းလဲမှု မရှိဘူးလို့ သိရပါတယ်။ တင်တင်ထွန်း၊MIRT(DOBT)ှု

မိုးများသဖြင့် ဝက်အရှင်တင်ပို့မှု လျော့နည်းနေ

Sun, 07/31/2011 - 10:37 -- Anonymous (not verified)

မိုးများသဖြင့် ဝက်အရှင်တင်ပို့မှု လျော့နည်းနေ                   ဇူလိုင်လ ၂ဝ ရက်မှ ၂၆ ရက်ထိ ကာလအတွင်း ရိဒ်နယ်စပ်မှ ကျပ် ၁ ဒသမ ၆၄၅ သန်း တန်ဖိုးရှိ ဝက်အရှင် ၁၂၃၇ ကီလို တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ကီလို ၂၁ဝဝ ကျော်တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ လျော့ နည်းရခြင်းအကြောင်းမှာ မိုးများသဖြင့် ဝယ်ယူစုဆောင်းရာမှာလည်းကောင်း၊ သယ် ယူရာမှာ လည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေး အပါအဝင် အခက်အခဲများ ရှိနေတဲ့ အတွက်ကြောင့်လို့ သိရပါတယ်။                 နယ်စပ်တွေကနေတင်ပို့တဲ့အခါ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ စစ်ဆေးပြီးကြောင်း ထောက်ခံချက်များနဲ့ တင်ပို့လျက်ရှိတာဖြစ်ပါတယ်။ ဝက်အရှင် ၁ တန်ကို ကျပ် ၁ ဒသမ ၃၇ သန်းဈေးရလျက်ရှိပြီး ဇူလိုင်လအတွင်း ဝက်အရှင် တင်ပို့မှုမှာ ၈၄၆၇ ကီလိုရှိပြီဖြစ်ပါတယ်။ MIRT(DOBT)

နယ်စပ်မှ အေးခဲအမဲသားတင်ပို့မှု ပိုမို

Sun, 07/31/2011 - 10:33 -- Anonymous (not verified)

နယ်စပ်မှ အေးခဲအမဲသားတင်ပို့မှု ပိုမို                 ဇူလိုင်လ ၂ဝရက်မှ ၂၆ ရက်ထိကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ဝ ဒသမ ၉၂၆ သန်းတန်ဖိုးရှိ အေးခဲအမဲသား ၃ဝ၃ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က ၁၁၆ တန်ခန့် အပို့ရှိခဲ့တာမို့ ယခုအပတ်မှာ ၁၈၇ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ချင်းရွှေဟော်မှ တင်ပို့မှု ၉ တန်ခန့် လျော့နည်းခဲ့သော်လည်း မူဆယ်မှ ၁၉၈ တန်တင်ပို့မှု ပိုမိုခဲ့တာဖြစ်ပါတယ်။ တနင်္သာရီ၊ မွန်၊ ကရင်ဒေသထွက် အေးခဲ အမဲသားများကို တင်ပို့နေတာဖြစ်ပြီး မိမိဘက်ပေါက်ဈေးကျပ် ၂ ဒသမ ၆၅၄ သန်းရှိပြီး တစ်ဖက်နိုင်ငံပေါက်ဈေးက ယွမ် ၂၂ဝဝဝ(၃၄ဝဝ ဒေါ်လာ)ဝန်းကျင်ရှိတယ်လို့သိရပါတယ်။ ချင်းရွှေဟော် နယ်စပ်အနေနဲ့ ယခုနှစ် ဇူလိုင်လမှာမှ စတင် စမ်းသပ်တင်ပို့နေတာဖြစ်ပြီး ချင်းရွှေဟော်နယ်စပ်မှ အေးခဲအမဲသား ၁၇၁ ဒသမ ၃ တန် တင်ပို့ထားပြီးဖြစ်ပါတယ်။         MIRT(DOBT)

နယ်စပ်မှ ကန်ဒေါ်လာ ၇ သန်းကျော် တန်ဖိုးရှိ ပရဆေးကုန်ကြမ်းများ တင်ပို့

Sun, 07/31/2011 - 10:31 -- Anonymous (not verified)

နယ်စပ်မှ ကန်ဒေါ်လာ ၇ သန်းကျော် တန်ဖိုးရှိ ပရဆေးကုန်ကြမ်းများ တင်ပို့                   မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံသို့ ကန်ဒေါ်လာ ၇ ဒသမ ၄၄၂ သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၁၃၅၅ တန်ကို ဇူလိုင်လ ၂ဝ ရက်မှ ၂၆ ရက်ထိကာလအတွင်း တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၁ဝ၅၇ တန် တင်ပို့မှုပိုမိုခဲ့တာ ဖြစ်ပါ တယ်။ ယခုအပတ်တင်ပို့ခဲ့တဲ့ ပရဆေးကုန်ကြမ်းတွေကတော့ မုတ်ခါး၊ မာလာဥ၊ မာလာဥခေါင်း၊ ရှားစေး၊ ဒရင်ကောက်မြစ်၊ အုံတုံခေါက်၊ ကွမ်းစားဂမုန်း၊ စကားပန်းပွင့်ခြောက်၊ စမုံစပါး၊ တောဂျူးမြစ်၊ နနွင်းခေါင်း၊ နနွင်းတက်(ရှမ်းစ)၊ ဖန်ခါးသီးခြောက်၊ မိကျောင်းကွမ်းဖတ်စေ့၊ ကျောက်ဂျင်း၊ ကြောင်ပန်း စေ့၊ တောဂျင်း၊ တောင်လုံးကျော်နဲ့ ရွေးရွက်တို့ ပဲဖြစ်ပါတယ်။                     ယခုအပတ်မှာ မာလာဥ၊ ရှားစေး၊ ကွမ်းစားဂမုန်း၊ စကား ပန်းပွင့်ခြောက်၊ တောဂျူးမြစ်၊ နနွင်းခေါင်း၊ နနွင်းတက်၊ မိချောင်းကွမ်းဖတ်စေ့၊ ကြောင်ပန်းစေ့၊ တောဂျင်း၊ တောင်လုံး ကျော်နဲ့ ရွေးရွက်များ ယခင်အပတ်ကထက် ပိုမိုတင်ပို့ နိုင်ခဲ့သလို ယခင်အပတ်က တင်ပို့ခဲ့ခြင်းမရှိတဲ့ မုတ်ခါး၊ ဒရင် ကောက်မြစ်၊ အုံတုံခေါက်၊ မာလာဥခေါင်းနဲ့ ကျောက်ဂျင်းများ ကိုယခုအပတ်မှာ တင်ပို့နိုင်ခြင်းကြောင့်လည်း ယခင်အပတ် ကထက် တင်ပို့မှု တန် ၁ဝဝဝ ကျော် ခဲ့တာဖြစ်ပါတယ်။ ပရဆေးကုန်ကြမ်းတင်သွင်းမှုအပိုင်းမှာတော့ တမူးနယ် စပ်မှ ကန်ဒေါ်လာ ဝ ဒသမ ဝဝဝ၃ သန်း တန်ဖိုးရှိ တောင် လုံးကျော် ၁ တန်သာအသွင်းရှိခဲ့တယ်လို့ သိရပါတယ်။            MIRT(DOBT) 

သစ်သီးဝလံ ကုန်သွယ်မှု

Sun, 07/31/2011 - 10:30 -- Anonymous (not verified)

သစ်သီးဝလံ ကုန်သွယ်မှု                   ယခုအပတ် မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှာ ရာသီချိန်ကုန်နေပြီဖြစ်ပေမဲ့ သရက်သီးနဲ့ နာနတ်သီးများ တင်ပို့မှု ရှိနေသေးတာတွေ့ရပါတယ်။ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၁ ဒသမ ၆၉၃ သန်းတန်ဖိုးရှိ သရက်သီး ၂၉၇၄ တန်၊ ကန်ဒေါ်လာ ဝ ဒသမ ၄၁၄ သန်းတန်ဖိုးရှိတဲ့ သရက်ပြားခြောက် ၄၆၇ တန်ခန့် အပို့ရှိခဲ့ပါတယ်။ ဖရဲသီး များလည်း ပြန်လည်တင်ပို့လာပြီဖြစ်ရာ ယခုအပတ်မှာ ကျပ် ၆၆ ဒသမ ၂၉ သန်းတန်ဖိုးရှိ ဖရဲသီး ၁၁၅ တန်နဲ့ ကျပ် ၁ ဒသမ ၅၃ သန်းတန်ဖိုးရှိ သခွားမွှေး ၈ ဒသမ ၅ တန်လည်း တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် သရက်သီး ၂၁၆၆ တန်၊ နာနတ်သီး တန် ၁ဝဝခန့်၊ ဖရဲသီး ၇၇ တန်နဲ့ သခွား မွှေး ၁ တန်ခွဲခန့် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ တမူးနယ်စပ်မှလည်း သရက်သီး ၂၃ တန်နဲ့ ပန်းသီး ၁၁၉ သေတ္တာ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ဝဝ၇ သန်းဖိုး တင်ပို့မှုရှိခဲ့ပါတယ်။                        MIRT(DOBT)

စီးပွားရေးဖွံ့ ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေးနည်းလမ်း သင်တန်းပို့ချ

Tue, 07/26/2011 - 07:36 -- Anonymous (not verified)

စီးပွားရေးဖွံ့ ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေးနည်းလမ်း သင်တန်းပို့ချ                        ဇူလိုင် ၁၃ ရက်က တပ်ခရိုင်၊ မဲဆောက်မြို့နယ်၊ ကူးသန်းရောင်းဝယ်ရေး အစည်းအဝေးခန်းမမှာASEAN Economic Commuity AEC  လက်အောက်ရှိ East West Economic Corridor (EWEC)  အရ ထိုင်း-မြန်မာ နယ်စပ်ဒေသ စီးပွားရေးကူးသန်းရောင်းဝယ်မှု နိုင်ငံတကာ အဆင့်မီစေရန် စီးပွားရေးလုပ်ငန်းရှင်များအား '' စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရေးနည်းလမ်း'' သင်တန်း ပို့ချခဲ့ပြီး သင်တန်းသို့ အစိုးရနဲ့ ပုဂ္ဂလိက ကဏ္ဍမှစီးပွားရေး လုပ်ငန်းရှင် ၁ဝဝ ကျော်ခန့်တက်ရောက်ခဲ့တယ်လို့ သတင်း ရရှိပါတယ်။                        Source: မတ်တိချွန်းသတင်းစာ၊သောင်းနိုင်

နို့ထွက်ပစ္စည်းများ တင်သွင်းမှုအပေါ်အကောက်ခွန်သက်သာခွင့်ပေးရတော့မည်ဖြစ်၍ ပြည်တွင်းနို့ထွက်ကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရန် တွန်းအားပေးလျက်ရှိ

Tue, 07/26/2011 - 07:18 -- Anonymous (not verified)

နို့ထွက်ပစ္စည်းများ တင်သွင်းမှုအပေါ်အကောက်ခွန်သက်သာခွင့်ပေးရတော့မည်ဖြစ်၍ ပြည်တွင်းနို့ထွက်ကုန် ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရန် တွန်းအားပေးလျက်ရှိ                   အစိုးရ၏ ရာခိုင်နှုန်းပြည့်သန့်စင်သော နို့ထွက်ပစ္စည်းရောင်းချမှု တိုးတက်ရေးအစီအစဉ်မှာ ပူးပေါင်းပါဝင်ကြရန် နို့စား နွားမွေးမြူသူများအား တိုက်တွန်းလျက်ရှိပါတယ်။ နိုင်ငံခြား ကုန်သွယ်မှုဌာန (Foreign Trade Department)  အနေ နဲ့၂ဝ၁၅ ခုနှစ်မှာနို့မှုန့်တင်သွင်းခြင်းအပေါ် အကောက် ခွန် ကင်းလွတ်ခွင့်ပြုရမဲ့ FTA အစီအစဉ်အရပြည်တွင်း လုပ်ငန်းရှင်များအား ယှဉ်ပြိုင်နိုင်စွမ်းရည်ရှိတဲ့ ဒေသတွင်း နို့ထွက်လုပ်ငန်းစက်ရုံအင်အား တောင့်တင်းစေရန် ရည်ရွယ် တယ်လို့ သိရပါတယ်။               ဌာနအနေနဲ့ FTA  ရဲ့ ထောက်ပံ့ရန်ပုံငွေနဲ့ Chula Unisearch မှဈေးကွက်သုတေသနပြုချက်အရ ဒေသတွင်း နို့ထွက်လုပ်ငန်းစက်ရုံများအနေနဲ့ သဘာဝစစ်စစ်ကုန်ကြမ်း ရာခိုင်နှုန်းပြည့်သန့်စင်သောနို့ဖြစ် ကြောင်းအရည်အသွေး အာမခံချက် ဖော်ပြရန်လိုအပ်တယ်လို့ သုတေသနအဖွဲ့ခေါင်း ဆောင်က ပြောကြားခဲ့ပါတယ်။ သုတေသနအဖွဲ့အနေနဲ့ ကုန်သွယ်မှုအမှတ်အသား နှစ်ခု တီတွင်ပေးခဲ့ကြောင်း၊ တစ်ခု မှာ ရွှေရောင်ဖဲပြား Golden Ribbon  ဖြစ်ပြီးသဘာဝနို့ စစ်စစ်မှ ထုတ်လုပ်ခြင်းကိုညွှန်းကြောင်း၊ ကျန်တစ်ခုမှာ Smile Milk Logo  ဖြစ်ပြီး ရေခဲမုန့်၊ နို့ဖျော်ရည်ထုတ်လုပ်မှုများ အတွက်သဘာဝ မှရရှိသောပစ္စည်းများသာ ပါရှိသည်ကို ညွှန်း ကြောင်း၊ ယခုအမှတ်အသားနှစ်ခုလုံးကို မူပိုင်ခွင့် မှတ်ပုံ တင်ထားပြီးဖြစ် တယ်လို့ဆိုပါတယ်။                   ထိုင်းနိုင်ငံရှိ အိမ်ထောင်စု ၂၃ဝဝဝ ရှိသော မွေးမြူရေး သမားများသည် နှစ်စဉ် ထုတ်လုပ်မှု တန်ဖိုးဘတ် ၆ဝ ဘီလီယံ အတွက် အာမခံပေးနိုင်မယ်လို့ မျှော်လင့်လျက်ရှိပါတယ်။ နို့စားနွားမွေးမြူရေးလုပ်ငန်းမှ ၂ဝ၁ဝ ပြည့်နှစ်မှာ နို့်ကုန်ကြမ်း ၈၆၂၄၉၅ တန်ထုတ်ပေးနိုင်ခဲ့ပြီး ဝယ်လိုအားမှာ ၉၃၇၆၇၂ တန်ဖြစ်သည့်အတွက် လိုအပ်ချက်ကို ပြည့်မီမှုမရှိခဲ့ပါဘူး။ အကျိုးဆက်အဖြစ် နို့မှုန့် ၊ ချီးစ်၊ ထောပတ်စတဲ့ နို့ထွက် ပစ္စည်းများတင်သွင်းနေရကြောင်း၊ နို့ထွက်ပစ္စည်းထုတ်လုပ်သူ များအနေနဲ့ ချီးစ်၊ ထောပတ်များပါ ထုတ်လုပ်ရန် တိုက်တွန်း ပြောကြားခဲ့ပါတယ်။                  ၂ဝဝ၅ ခုနှစ်မှာ သြစတြေးလျ၊ နယူးဇီးလန်နိုင်ငံတို့နဲ့ အကောက်ခွန်ကင်းလွတ်ခွင့်သဘောတူလက်မှတ် ရေးထိုးခဲ့ပြီး၁ဝနှစ်အတွင်းသွင်းကုန် နို့ထွက်ပစ္စည်းများအပေါ် ကင်းလွတ်ခွင့်ပြုရမှာဖြစ်ကြောင်းနဲ့ သွင်းကုန်ခွန် ကင်းလွတ်ခွင့် ပေးခြင်းအပေါ် နို့ထွက်ပစ္စည်းတင်သွင်းသော ကုမ္ပဏီများကို တွန်းအားပေးလျက် ရှိတယ်လို့ သတင်းမှာဖော်ပြထား ပါ တယ်။Source:ဘန်ကောက်ပို့စ်၊သောင်းနိုင်

ကန်ပိုက်တီးမှ ကြိမ်အပို့ရှိ

Tue, 07/26/2011 - 07:15 -- Anonymous (not verified)

ကန်ပိုက်တီးမှ ကြိမ်အပို့ရှိ                      မြန်မာ တရုတ် နယ်စပ်ရှိ ကန်ပိုက်တီးနယ်စပ် ကုန်သွယ်ရေး စခန်းမှ ဇူလိုင်လ ၁၃ ရက်မှ ၁၉ ရက်ထိ ကာလအတွင်း ကျပ် ၁၆ ဒသမ ၅ သန်းတန်ဖိုးရှိ ကြိမ် တန် ၃ဝ အပို့ရှိခဲ့ပါတယ်။ကန်ပိုက်တီးနယ်စပ်အနေနဲ့ ပထမဆုံးအကြိမ် တင်ပို့မှု ဖြစ်ပြီး ကန်ပိုက်တီးနယ်စပ်မှ ပုံမှန်တင်ပို့နေတဲ့ ပို့ကုန်အမယ် တစ်သျှူး ငှက်ပျောတော့ ယခုအပတ်မှာ တင်ပို့နိုင်ခြင်း မရှိပါဘူး။MIRT (DOBT)

Pages

Subscribe to RSS - ပြည်တွင်းနယ်စပ်စီးပွားရေးရာ