Main menu

Background

ပြည်တွင်းနယ်စပ်စီးပွားရေးရာ

ဝက်အရှင် တင်ပို့မှု ပုံမှန်

Sun, 07/17/2011 - 08:38 -- Anonymous (not verified)

ဝက်အရှင် တင်ပို့မှု ပုံမှန်              ဇူလိုင်လ ၆ ရက်မှ ၁၂ ရက်ထိကာလအတွင်း ရိဒ်နယ်စပ်မှ ကျပ် ၃ ဒသမ ၉၅၄ သန်းတန်ဖိုးရှိ ဝက်အရှင် ၂ ဒသမ ၈၉ တန် တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ဝ ဒသမ ၁၉ တန် တင်ပို့မှုပိုမိုခဲ့ပါတယ်။ ၂ဝ၁၁ -၂ဝ၁၂ ဘဏ္ဍာနှစ် ဧပြီ၊ မေ၊ ဇွန် ၃ လတာကာလမှာ ရိဒ်နယ်စပ်မှ ဝက်အရှင် တင်ပို့မှုဟာ တန် ၆ဝ နီးပါးရှိပြီဖြစ်ပါတယ်။ လအလိုက် တင်ပို့နိုင်မှုတွေကတော့ ဧပြီလမှာ တန် ၂ဝ၊ မေလမှာ ၂၄ တန်ကျော်နဲ့ ဇွန်လမှာ ၁၄ တန်ကျော်အသီးသီးဖြစ်ပါတယ်။ ဇွန်လလယ်မှာ ရူပီးဈေးကျနေတဲ့အတွက် ဝက်တင်ပို့သူများက ချိန်ဆတင်ပို့ခဲ့တာမို့ လျော့နည်းခဲ့တာဖြစ်ပါတယ်။ ဇူလိုင်လ ၁ ရက်မှ ၁၂ ရက်ထိကာလအတွင်း ရိဒ်နယ်စပ်မှ ဝက်အရှင် ၅ တန်ခွဲကျော်တင်ပို့ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ MIRT(DOBT)

နယ်စပ်မှ ပရဆေး ပိုမိုတင်ပို့

Sun, 07/17/2011 - 08:36 -- Anonymous (not verified)

နယ်စပ်မှ ပရဆေး ပိုမိုတင်ပို့                   မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှ ဇူလိုင်လ ၆ ရက်မှ ၁၂ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ဝ ဒသမ ၄၈၅ သန်းတန်ဖိုးရှိ ကွမ်းစားဂမုန်း ၄၂ တန်ခန့်၊ စကားပန်း ပွင့်ခြောက် ၁၃ တန်ကျော်၊ တောဂျူးမြစ် ၃ တန်ကျော်၊ နနွင်းခေါင်း ၃၄ တန်ခန့်၊ နနွင်းတက်ရှမ်းစ တန် ၁ဝဝ ကျော်၊ မိကျောင်းကွမ်းဖတ်စေ့ တန် ၃ဝ၊ ကျောက်ဂျင်း ၉ တန်ကျော်၊ တောဂျင်း ၇ တန်ကျော်၊ ရွေးရွက် ၁၇ တန်ခန့်၊ ရှားစေး ၃၈ တန်ခန့်၊ မာလာဥ ၁၁ တန်ကျော်၊ မုတ်ခါး ၉ တန်ခန့်၊ မာလာဥခေါင်း ၄ တန်ကျော်၊ အုံတုံခေါက် ၁၇ တန်၊ ဒရင်ကောက်မြစ် ၁ဝ တန်ကျော်နဲ့ တောင်လုံးကျော် ၆ တန်ခွဲ စုစုပေါင်း ပရဆေးကုန်ကြမ်း ၃၅၇ တန်ခန့် တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၁၆၈ တန် ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။                     တမူးနယ်စပ်မှ ပရဆေးကုန်ကြမ်းတင်ပို့နိုင်မှုကတော့ ကန်ဒေါ်လာ ၂ဝဝဝ တန်ဖိုးရှိ တောင်လုံးကျော် ၃တန်ခွဲနဲ့ ချဉ်ပေါင်ဖာလာ ဝ ဒသမ ၃ တန် တင်သွင်းမှုရှိခဲ့ပါတယ်။ MIRT (DOBT)

သရက်အထွက် နာနတ်အတက်

Sun, 07/17/2011 - 08:32 -- Anonymous (not verified)

သရက်အထွက် နာနတ်အတက်                  ယခုအခါ သရက်သီး ရာသီချိန် ကုန်နေပြီဖြစ်တဲ့အတွက် မူဆယ် (၁ဝ၅) မိုင် သစ်သီးဝလံကုန်စည်ဒိုင် သို့ သရက်သီးအဝင် ဆုတ်လာပြီဖြစ်သော်လည်း နာနတ်သီးများ တစ်နေ့ပျမ်းမျှ တန် ၁ဝဝ ဝန်းကျင်ဝင်နေပြီ လို့သိရ ပါတယ်။ ယခုအပတ်မှာ ကန်ဒေါ်လာ ဝ ဒသမ ဝ၇၅ သန်းတန်ဖိုးရှိ နာနတ် သီး ၅၄၃ တန်ခန့်ကို ဇူလိုင်လ ၆ ရက်မှ ၁၂ ရက်ထိ ကာလအတွင်း အပို့ ရှိခဲ့ပါတယ်။ သရက်သီး တင်ပို့မှုမှာ ဟင်္သာအဝင်နည်းနေပြီး ရင်ကွဲသရက် သီးများ အဝင်များနေပါတယ်။ ယခု အပတ်မှာ ကန်ဒေါ်လာ ဝ ဒသမ ၁၉၃ သန်းတန်ဖိုးရှိ သရက်သီးမှည့် ၈၃၄ တန် အပို့ရှိခဲ့ပြီး ကန်ဒေါ်လာ ဝ ဒသမ ဝ၈၂ သန်းတန်ဖိုးရှိ သရက်ပြားခြောက် တန် ၂ဝဝ ကျော် တင်ပို့နိုင်ခဲ့ပါသေး တယ်။ ပြီးခဲ့တဲ့ အပတ်ကထက် သရက်သီး ၇၆၂ တန်လျော့နည်း တင်ပို့ခဲ့သော်လည်း သရက်ပြားခြောက် ၇၈ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်မှာ ကန်ပိုက်တီးမှာ တစ်သျှူး ငှက်ပျောတင်ပို့မှု မရှိခဲ့ပါဘူး။ MIRT(DOBT)

ဧရာဝဏ် ဆန်စပါးအထူးပြုကုမ္ပဏီမှ တောင်သူများနဲ့ လယ်ယာကုန်ထုတ်အသင်းများရဲ့ ဒါရိုက်တာများသို့ မိုးစပါး စိုက်ပျိုးစရိတ်နဲ့ သွင်းအားစုများ ပေးအပ်ပြီ

Sun, 07/17/2011 - 08:30 -- Anonymous (not verified)

ဧရာဝဏ် ဆန်စပါးအထူးပြုကုမ္ပဏီမှ တောင်သူများနဲ့ လယ်ယာကုန်ထုတ်အသင်းများရဲ့ ဒါရိုက်တာများသို့ မိုးစပါး စိုက်ပျိုးစရိတ်နဲ့ သွင်းအားစုများ ပေးအပ်ပြီ                      ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်တွင် ဧရာဝဏ် ဆန်စပါးအထူးပြုကုမ္ပဏီမှ မိုးစပါးအတွက် စိုက်ပျိုးစရိတ်နဲ့ သွင်း အားစုများကို လယ်ယာကုန်ထုတ်အသင်းများရှိ ဒါရိုက်တာများနဲ့ တောင်သူ များသို့ ဇူလိုင် ၁၃ရက်က ပေးအပ်ခဲ့ရာ ကျေးရွာအုပ်စု ၁၃ အုပ်စု၊ စိုက်ဧက ၁၆ဝဝ ဧက၊ တောင်သူ ၉၄ ဦးအတွက် စိုက်ပျိုးစရိတ်ငွေ ကျပ်သိန်း ၁၆ဝဝ နဲ့ ယူရီးယာမြေသြဇာအိတ် ၂၈ဝဝ ကို ထုတ်ပေးခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း နှင့် စီးပွားရေးဝန်ကြီးဌာန ဝန်ကြီး ဦးလှခိုင်၊ စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ဝင်းနိုင်၊ ခရိုင်မြို့နယ်များမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဧရာဝဏ်ဆန်စပါးအထူးပြုကုမ္ပဏီမှ နယ်မြေခံဒါရိုက်တာ ဦးမြတ်စိုး၊ ဒေါ်ဝေဝေစိုးနဲ့ တာဝန်ရှိပုဂ္ဂိုလ်များ၊ လယ်ယာကုန်ထုတ်အသင်းများမှ ဒါရိုက်တာနှင့် တောသူများတက်ရောက်ကြကြောင်း သိရပါတယ်။ဇော်လင်းအောင် 

ယခုတစ်ပတ် မောင်တောမှ ငါးစုံလေးခြောက် တင်ပို့မှုပိုမို

Sun, 07/17/2011 - 08:20 -- Anonymous (not verified)

ယခုတစ်ပတ် မောင်တောမှ ငါးစုံလေးခြောက် တင်ပို့မှုပိုမို                  ဇူလိုင် ၆ ရက်မှ ၁၂ ရက်ထိကာလအတွင်း မောင်တောနယ်စပ်မှ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေထွက်ကုန်များ တင်ပို့ရာတွင် ကန်ဒေါ်လာ ဝ ဒသမ ၁၁ဝ သန်းတန်ဖိုးရှိ ရေငန်ပုစွန် ၂ဝ တန်၊ ကန်ဒေါ်လာ ဝ ဒသမ ဝ၁၆ သန်း တန်ဖိုးရှိ ငါးစုံလေးခြောက် ၃၅ တန်၊ ကန်ဒေါ်လာ ဝ ဒသမ ဝဝ၄ သန်းတန်ဖိုးရှိ ငါးနီတူခြောက် ၃ တန်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ရေထွက် ၃၅ တန် ကျော်သာ တင်ပို့နိုင်ခဲ့ပြီး ဒီတစ်ပတ်မှာတော့ ၅၈ တန် တင်ပို့ခဲ့တဲ့အတွက် ၂၂ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်မှာ ငါးစုံလေးခြောက် ၂၂ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့တဲ့အတွက်ဖြစ်ပါတယ်။ မြင့်မြင့်မာ (MIRT)

နယ ်စပ်မှာ ရော်ဘာ အပို့ကျလျက်ရှိ

Tue, 07/12/2011 - 08:49 -- Anonymous (not verified)

နယ်စပ်မှာ ရော်ဘာ အပို့ကျလျက်ရှိ               မြန်မာတရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းများရှိ မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်နဲ့ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ရော်ဘာအဆင့်စုံ ၂၃၂ တန်ကို ဇွန်လ ၂၉ ရက်မှ ဇူလိုင်လ ၅ ရက်အထိ ကာလအတွင်း တင်ပို့နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်က ရော်ဘာအဆင့်စုံ တန် ၉ဝဝ ကျော် တင်ပို့ခဲ့တာမို့ ယခုအပတ်မှာ ၆၆၈ တန် လျော့နည်းတင်ပို့ခဲ့ပါတယ်။ ရော်ဘာအဆင့်လိုက် တင်ပို့နိုင်မှုကတော့ ကန်ဒေါ်လာ ဝ ဒသမ ၈ သန်းတန်ဖိုးရှိ RSS-3  ၁၇၄ တန်၊ ကန်ဒေါ်လာ ဝ ဒသမ ၁၂၆ သန်းတန်ဖိုးရှိ RSS-5 ၂၈ တန်နဲ့ ကန်ဒေါ်လာဝ ဒသမ ၁၃၆ သန်းတန်ဖိုးရှိ MSR-50 တန် ၃၁ တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ရော်ဘာဈေးများ ကျလျက်ရှိတာကလည်း တင်ပို့မှုကိုလျော့နည်းစေလျက်ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဘက် နိုင်ငံ ရော်ဘာမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ် ်မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)               ယခု               ယခင်        ပြောင်းလဲမှု     %       ယခု       ယခင်   ပြောင်းလဲမှု    %RSS-3     ၃၄၈၆၂၃၂      ၃၆ဝ၉၂၁ဝ    ၁၂၂၉၇၈     ၃ .၅     ၄၄၈ဝ     ၄၄၈၇        ၇           ဝ .၂RSS-5     ၃၃ဝ၁၃ဝ၆      ၃၄၂၁၈၆၁    ၁၂ဝ၅၅၅     ၃ .၇     ၄၄ဝ၃     ၄၄၁ဝ        ၇           ဝ .၂                                                                          MIRT (DOBT)  

ဇူလိုင်လ ပထမပတ် အပို့မရှိ

Tue, 07/12/2011 - 08:47 -- Anonymous (not verified)

ဇူလိုင်လ ပထမပတ် အပို့မရှိ                  ဇူလိုင်လ ၁ ရက်မှ ၇ ရက်အထိ ကာလအတွင်း ပင်လယ် ရေကြောင်းမှ ရော်ဘာတင်ပို့နိုင်ခြင်းမရှိတာ တွေ့ရပါ တယ်။ ရော်ဘာအထွက်ကျတဲ့ ရာသီဖြစ်တာကြောင့် တင်ပို့မှု လျော့နည်းတာဖြစ်ကြောင်း သိရပါတယ်။ ပင်လယ် ရေကြောင်း တင်ပို့မှုမရှိပေမယ့် နယ်စပ်ကုန်သွယ်ရေးကနေ တန် ၂၃ဝ ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ FOB (ရန်ကုန်) ဈေးနှုန်း ကတော့ RSS-3 တစ်တန်ကို ၄၄ဝဝ ဒေါ်လာ၊RSS-5  တစ်တန်ကို ၄၃ဝဝ ဒေါ်လာ၊ MSR-20  တစ်တန်ကို ၄၄ဝဝ ဒေါ်လာ အသီးသီးဈေးပေါက်လျက်ရှိပါတယ်။  KZW 

ပရဆေးကုန်သွယ်မှု ပုံမှန်

Tue, 07/12/2011 - 08:44 -- Anonymous (not verified)

ပရဆေးကုန်သွယ်မှု ပုံမှန်                  မူဆယ် ၁ဝ၅ မိုင်၊ ကုန်သွယ်ရေးဇုန်မှ ဇွန်လ ၂၉ ရက်မှ ဇူလိုင် ၅ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ဝ ဒသမ ၂၉၆ သန်း တန်ဖိုးရှိ ပရဆေး ၁၈၉ တန်ကျော် တင်ပို့ခဲ့ပါ တယ်။ ယခင်အပတ်ကထက် ၁၂၆ တန်ကျော် တင်ပို့မှုလျော့ နည်းခဲ့ပါတယ်။ ယခုအပတ်မှာ တင်ပို့ခဲ့တဲ့ ပရဆေးကုန်ကြမ်း ၉ မျိုးရှိပြီး ၎င်းတို့မှာ မာလာဥခေါင်း ၁ဝ တန်ကျော်၊ ဒရင် ကောက်မြစ် ၄ တန်၊ အုံတုံခေါက် ၁၂ တန်ကျော်၊ ကွမ်းစား ဂမုန်း ၄၈ တန်ကျော်၊ စကားပန်းပွင့်ခြောက် ၁ တန်ခွဲခန့်၊ ရှမ်းစနနွင်းတက် တန် ၇ဝ ကျော်၊ မိချောင်းကွမ်းဖတ်စေ့ ၃၁ တန်ကျော်၊ တောင်လုံးကျော် ၆ တန်နီးပါးနဲ့ ရွေးရွက် ၄ ဒသမ ၈ တန် တင်ပို့ခဲ့တာဖြစ်ပါတယ်။ယခုအပတ်မှာ ယခင်အပတ်က တင်ပို့နိုင်ခဲ့တဲ့ မုတ်ခါး၊ မာလာဥ၊ ရှားစေး၊ ချဉ်ပေါင်ဖာလာ၊ ငရုတ်ကောင်း၊ တောဂျူးမြစ်၊ ကျောက်ဂျင်း၊ တောဂျင်း၊ ကြောင်ပန်းစေ့၊ ကြောင်လျှာစေ့၊ ဖန်ခါးသီး ခြောက်နဲ့ တောဂျူးမြစ်တင်ပို့မှု မရှိခဲ့ပါဘူး။ မြန်မာ-အိန္ဒိယ နယ်စပ်ရှိ တမူးနယ်စပ်စခန်းမှ ကန်ဒေါ်လာ ၂၇ဝဝ တန်ဖိုးရှိ တောင်လုံးကျော် ၂ ဒသမ ၇ တန်နဲ့ ဖာလာ ဝ ဒသမ ၃ တန် တင်ပို့မှုရှိခဲ့ပါတယ်။ MIRT (DOBT)

စစ်တွေနယ်စပ်ရဲ့ ရေထွက်ပစ္စည်းတင်ပို့မှု ပိုလာ

Tue, 07/12/2011 - 08:42 -- Anonymous (not verified)

စစ်တွေနယ်စပ်ရဲ့ ရေထွက်ပစ္စည်းတင်ပို့မှု ပိုလာ                ဇွန်လ ၂၉ ရက်မှ ဇူလိုင်လ ၅ ရက်ထိ ကာလအတွင်း စစ်တွေနယ်စပ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကန်ဒေါ်လာ ဝ ဒသမ ၃ဝ၇ သန်းတန်ဖိုးရှိ ရေခိုျငါးတန် ၃ဝဝ ကျော်၊ ကန်ဒေါ်လာ ၂၂၂ဝ တန်ဖိုးရှိ ရေငန်ငါးသလောက် ၂ တန်နဲ့ ကန်ဒေါ်လာ ဝ ဒသမ ဝ၄ သန်းတန်ဖိုးရှိ ရေငန်ပုစွန် ၇ တန်၊ ရေထွက်ကုန် စုစုပေါင်းတန် ၃ဝဝ ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က တန် ၁၇ဝ ကျော်သာ တင်ပို့နိုင်ခဲ့ပြီး ယခုအပတ်မှာတော့ တန် ၂ဝဝ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ရေခိုျငါးတင်ပို့မှုဟာ ယခင် အပတ်ကထက် တန် ၂ဝဝ နီးပါး ပိုမိုတင်ပို့နိုင်တဲ့အတွက် ဖြစ်ပါတယ်။               မိမိဘက်မြေပြင်ပေါက်ဈေးများကတော့ ရေချိုငါး ၁ တန်ကို ကန်ဒေါ်လာ ၇၆ဝ မှ ၁၄ဝဝ ထိဖြစ်ပြီး ရေငန်ငါးသလောက် ၁ တန်ကို ကန်ဒေါ်လာ ၁၈၅ဝ နှင့် ရေငန်ပုစွန် ၁ တန်ကို ကန်ဒေါ်လာ ၄၉၅ဝ မှ ၁ဝ၄ဝဝထိဈေးပေါက်လျက်ရှိပြီး ယခင် အပတ်အတိုင်း ပြောင်းလဲမှု မရှိဘူးလို့ သိရပါတယ်။     တင်တင်ထွန်း၊MIRT

ပုစွန်ထွက်ရာသီမှ ပိုမိုတင်ပို့နိုင်ရေး ကုမ္ပဏီလုပ်ငန်းရှင်များ ကြိုးပမ်းဆောင်ရွက်ရန်လို

Tue, 07/12/2011 - 08:39 -- Anonymous (not verified)

ပုစွန်ထွက်ရာသီမှ ပိုမိုတင်ပို့နိုင်ရေး ကုမ္ပဏီလုပ်ငန်းရှင်များ ကြိုးပမ်းဆောင်ရွက်ရန်လို                   မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ရေငန်ပုစွန်နဲ့ ငါးခြောက်တို့ကို အဓိကထားတင်ပို့လျက် ရှိရာ ဇွန်လ အတွင်းမှာကန်ဒေါ်လာ ဝ ဒသမ ၂၉၉ သန်းတန်ဖိုးရှိ ရေငန် ပုစွန် တန် ၅ဝ ကျော်၊ ကန်ဒေါ်လာ ဝ ဒသမ ဝ၃၉ သန်း တန်ဖိုးရှိ ငါးခြောက်မိုျးစုံ ၅၇ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ မိုးတွင်းကာလမှာတော့ ငါးခြောက်ပို့ကုန်အနည်းငယ်သာရှိပြီး ရာသီကုန်ဖြစ်တဲ့ ရေငန်ပုစွန်မှာလည်း ရာသီဥတု၊ လမ်းပန်း ဆက်သွယ်ရေး အခြေအနေပေါ် မူတည်ပြီး စစ်တွေမှ လာမှ သာ အပို့ရှိတာဖြစ်ပါတယ်။ လာမဲ့ ဇူလိုင်လ ပုစွန်ထွက်ရာသီ မှာ ကုမ္ပဏီလုပ်ငန်းရှင်များ ပုစွန်ပိုမိုတင်ပို့နိုင်ရေး ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားရန် မောင်တော ငါးလုပ်ငန်းဦးစီးဌာန စစ်ဆေးရေးအရာရှိက မောင်တောနယ်စပ်ကုန်သည် အသင်း မှာ ပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးမှာ ရေလုပ်ငန်းရှင်များကို တိုက်တွန်းပြောကြားခဲ့တယ်လို့ သိရပါ တယ်။                ခရိုင်ငါးဦးစီး မန်နေဂျာကလည်း မောင်တောဒေသဟာ ရေငန်ပုစွန်အများဆုံးထွက်သောဒေသ ဖြစ်ကြောင်း၊ မောင် တော မြောက်ပိုင်းဒေသမှာ ဧပြီ၊မေ၊ ဇွန်လများမှာ ရေငန်ပုစွန် ထွက်ရှိတဲ့ကာလဖြစ်ပြီး တောင်ပိုင်းဒေသဟာ ဇူလိုင်လ နောက်ပိုင်းမှာ ရေငန်ပုစွန်ထွက်ရှိမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဇွန်လမှာ တင်ပို့ခဲ့တဲ့ ရေငန်ပုစွန်တန် ၅ဝ ကျော်မှာ ခရိုင်ပြင်ပမှ ပုစွန် ၄၇ တန်ကျော်ပါဝင်ပြီး မောင်တောမှ တင်ပို့မှုမှာ ၄ တန်သာရှိတဲ့အတွက် ငါးခူရဒေသမှ ထွက်ရှိတဲ့ ရေငန်ပုစွန်များ တင်ပို့နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနဲ့ ကုမ္ပဏီလုပ်ငန်းရှင်များ ညှိနှိုင်းဆောင်ရွက်ရန်နဲ့ ငါးလုပ်ငန်း ဦးစီးဌာနကလည်း လိုအပ်သည်များကို အချိန်မရွေး ကူညီ ပေးမယ်လို့ ခရိုင်ငါးဦးစီး မန်နေဂျာကလည်း ပြောကြားခဲ့ တယ်လို့ သိရပါတယ်။         Source: မောင်တောMIRT(DOBT)

Pages

Subscribe to RSS - ပြည်တွင်းနယ်စပ်စီးပွားရေးရာ