Main menu

Background

ပြည်တွင်းနယ်စပ်စီးပွားရေးရာ

ကျောက်ဆည် နွေစပါးများ စတင်ပေါ် ပြီ

Mon, 06/13/2011 - 07:28 -- Anonymous (not verified)

ကျောက်ဆည် နွေစပါးများ စတင်ပေါ် ပြီ                မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အနေဖြင့် နွေစပါး ၆၂၈၂၇ ဧက စိုက်ပိုျးနိုင်ခဲ့ပါတယ်။ ဇွန်လဆန်းမှစ၍ နွေစပါးများ စတင်ရိတ်သိမ်းနေကြပါပြီ။ နွေစပါးကို သက်ငယ် မျိုးစပါးဖြစ်တဲ့ ရွှေသွယ်ရင်၊ ဆင်းသွယ်လတ်၊ ဆင်းသုခ၊ မနောသုခ စပါးများကို စိုက်ပျိုးကြပါတယ်။ ယခုနှစ်မှာ မိုးရွာ သွန်းမှု အားကောင်းသောကြောင့် စပါးအထွက်နှုန်းလည်း ကောင်းကြပါတယ်။ တစ်ဧကကို ၈ဝ တင်းမှ ၉၅ တင်းအထိ ထွက်ရှိကြပါတယ်။                   ယခုနှစ် စပါးဈေးကွက်မှာ စပါးတင်း ၁ဝဝ ကို ကျပ် ၃၅ဝဝဝဝ ဈေးနှုန်းနဲ့ ဆန် ၂၄ ပြည် တစ်အိတ် ကျပ် ၁၅ဝဝဝ ဈေးနှုန်းဖြင့် အရောင်းအဝယ်သွက်လျက် ရှိပါတယ်။ ယခင်နှစ် နွေစပါးဈေးကွက်မှာ စပါးတင်း ၁ဝဝ ကို ၃၂ဝဝဝဝ ကျပ်ဈေးနှုန်းနဲ့ ဆန် ၂၄ ပြည်တစ်အိတ်ကို ၁၂ဝဝဝ ကျပ်ဈေးနှုန်းဖြင့် ဈေးကွက်စခဲ့ပေါတယ်။ ယခုနှစ်မှာ တောင်သူ များအနေဖြင့် စပါးအရည်အသွေးကောင်း၍ အထွက်နှုန်း ကောင်းပြီး ဈေးကောင်းရရှိလျက်ရှိကြောင်းသိရပါတယ်။ ဝင်းမာ

ဝါဆိုအမီ သင်္ကန်းဈေး

Mon, 06/13/2011 - 07:25 -- Anonymous (not verified)

ဝါဆိုအမီ သင်္ကန်းဈေး                  မကြာမီကာလတွင် မြန်မာတို့ရဲ့ ဗုဒ္ဓသားတော်များဖြစ်တဲ့ ရဟန်းသံဃာတော်များ ဝါဝင်တော့မယ့်အချိန် ဖြစ်ပါတယ်။ ဝါဝင်တဲ့အချိန်မှာ ဗုဒ္ဓဘာသာဝင်များက ရဟန်းသံဃာများကို ဝါဆိုသင်္ကန်းများ ကပ်လှူကြပါတယ်။ ဝါဝင်ရန် ရက်သတ္တ ခြောက်ပတ်လောက်သာလိုတော့တဲ့အတွက် ဝါဆိုသင်္ကန်းများကို ရန်ကုန်၊ နေပြည်တော်၊ တောင်ကြီး နဲ့ လားရှိုးတို့ကို သင်္ကန်းရောင်းဝယ်တဲ့ လုပ်ငန်းရှင်များက ပေးပို့နေရကြောင်း၊ ယခုနှစ်တွင် အရောင်းသွက် အမှာသွက် တဲ့ အမျိုးအစားနဲ့ ဈေးနှုန်းများကတော့ မလေးရှား စီဝိုင်စီဒွိစုံ တစ်စုံကို ၉၅ဝဝ ကျပ်၊ ၁ဝ စုံ ၈၇ဝဝဝ ကျပ်၊ မလေးရှား တက်ထရွန်ဒွိစုံ တစ်စုံ ၈၅ဝဝ ကျပ်၊ ၁ဝ စုံ ၈ဝဝဝဝ ကျပ်၊ ရွှေတောင်တက်ထရွန်ဒွိစုံ တစ်စုံ ၇၅ဝဝ ကျပ်၊ ၁ဝ စုံ ၇ဝဝဝဝ ကျပ်၊ ချည်သားဒွိစုံ တစ်စုံ ၁၂ဝဝဝ ကျပ်၊ ၁ဝ စုံ ၁၁ဝဝဝဝ ကျပ်၊ လီနင်သားဒွိစုံ တစ်စုံ ၁၃ဝဝဝ ကျပ်၊ ၁ဝ စုံ ၁၂ဝဝဝဝ ကျပ် ဈေးအသီးသီးရှိကြောင်း၊ ယခုလောလောဆယ်မှာယူနေတဲ့ ရန်ကုန်၊ နေပြည်တော်၊ တောင်ကြီး၊ လားရှိုးမြို့များသို့ ပို့ပေးနေရကြောင်း မန္တလေးမြို့ အိမ်တော်ရာ ရဟန်းသံဃာများအတွက် သင်္ကန်းချုပ်လုပ် ရောင်း ချနေတဲ့ လုပ်ငန်းရှင်တစ်ဦးထံမှ သိရပါတယ်။ တင်ဇာမျိုး

မူဆယ်နယ်စပ်မှ သစ်သီးဝလံတင်ပို့မှု အခြေအနေ

Sun, 06/12/2011 - 07:08 -- Anonymous (not verified)

မူဆယ်နယ်စပ်မှ သစ်သီးဝလံတင်ပို့မှု အခြေအနေ                 မြန်မာ တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်ကုန်သွယ်ရေးမှ တစ်ဆင့် ရာသီသီးနံှ ဖရဲသီး၊ သခွားမွှေးနဲ့ သရက်သီးများကို တစ်ဘက်နိုင်ငံသို့ တင်ပို့လျက်ရှိရာ ၂ဝ၁၁ ခုနှစ် မေလအတွင်း ဖရဲသီးတန်ချိန် ၉၁၇၅ ကျော်ကို ကား ၄ဝ၆ စီး၊ သခွားမွှေး ၅၇၂ တန်ကိုကား ၇၅ စီးနဲ့ သရက်သီး တန်ချိန် ၁၆၅၄၁ ကို ကားအစီး ၂၂၁၁ နဲ့ တင်ပို့နိုင်ခဲ့တယ်လို့ နယ်စပ်ကုန်သည် အသင်းမှ သတင်းရရှိပါတယ်။    မောင်မောင်အောင်

နယ်စပ်မှ အေးခဲအမဲသားနဲ့ တိရစ္ဆာန်ထွက်ပစ္စည်း တင်ပို့မှု

Sun, 06/12/2011 - 07:08 -- Anonymous (not verified)

နယ်စပ်မှ အေးခဲအမဲသားနဲ့ တိရစ္ဆာန်ထွက်ပစ္စည်း တင်ပို့မှု                  ဇွန်လ ၁ ရက်မှ ၇ ရက်ထိကာလအတွင်း မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် ကန်ဒေါ်လာ ဝ ဒသမ ၂၇၄ သန်း တန်ဖိုးရှိ အေးခဲအမဲသား ၉၄ တန်ကျော်၊ ကန်ဒေါ်လာ ဝ ဒသမ ၁၄ဝ သန်းတန်ဖိုးရှိ အရိုးမပါ အမဲ/ကွဲျသား ၅၆ တန်၊ ကန် ဒေါ်လာ ဝ ဒသမ ဝ၈၉ သန်းတန်ဖိုးရှိ ဆားစိမ်အစာရေမျိုနဲ့ ဝမ်းတွင်းသား ၁၆၁ တန်ကျော်၊ ချင်းရွှေဟော်နယ်စပ်မှ ကန်ဒေါ်လာ ဝ ဒသမ ဝ၁၇ သန်း တန်ဖိုးရှိ ကွဲျနွားသားရေ တန် ၃ဝ တန်ပို့မှုရှိပါတယ်။ ပြီးခဲ့တဲ့အပတ်က မူဆယ်နယ်စပ်မှ အေးခဲအမဲသား တန် ၁ဝဝ ကျော်တင်ပို့မှုရှိခဲ့တဲ့အတွက် ယခုအပတ်မှာ ၆ တန်ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။ MIRT(DOBT)

နယ်စပ်မှ သစ်သီးဝလံကုန်သွယ်မှု

Sun, 06/12/2011 - 07:07 -- Anonymous (not verified)

နယ်စပ်မှ သစ်သီးဝလံကုန်သွယ်မှု                ဇွန်လ ၁ ရက်မှ ၇ ရက်ထိကာလအတွင်း မူဆယ်နဲ့ မောင် တောနယ်စပ်မှ သရက်သီး တင်ပို့မှုမှာ တန် ၅ဝ၉ဝ ကျော်၊ တန်ဖိုး အားဖြင့် ၁ ဒသမ ၆၂၆ သန်းဖိုးဖြစ်ပါတယ်။ သရက်သီးအပြင် မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ဝ ဒသမ ၂ဝ၉ သန်းတန်ဖိုးရှိ သရက်ပြားခြောက် ၂၃၇ တန်ခန့် တင်ပို့ခဲ့ပါတယ်။ မူဆယ်မှာ အိတ်စွပ် သရက်သီးတစ်ဖာယွမ် ၆ဝ ဝန်းကျင်ထိဈေးရသော် လည်းအိတ် မစွပ်ပါက ယွမ် ၂ဝ မှ ၂၅ ခန့်သာ ဈေးရပါတယ်။ ကန်ပိုက်တီး နယ်စပ်မှ ကျပ် ၄ဝ၇၉ သန်းတန်ဖိုးရှိ တစ်သျှုး ငှက်ပျော ၄ဝ၇၉ တန် တင်ပို့နိုင်ခဲ့ပါတယ်။ သွင်းကုန်အနေနဲ့ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၃ဝ၅၅၅ တန်ဖိုးရှိ ပန်းသီး ၈၉ တန် ကျော် တင်သွင်းမှု ရှိခဲ့ပါတယ်။ MIRT (DOBT)

(၁၉) ကြိမ်မြောက် ကူမင်းအပြည်ပြည်ဆိုင်ရာကုန်စည်ပြပွဲသို့ မူဆယ်နမ့်ခမ်းကုန်သည်လုပ်ငန်းရှင်များ တက်ရောက်

Sun, 06/12/2011 - 07:04 -- Anonymous (not verified)

(၁၉) ကြိမ်မြောက် ကူမင်းအပြည်ပြည်ဆိုင်ရာကုန်စည်ပြပွဲသို့ မူဆယ်နမ့်ခမ်းကုန်သည်လုပ်ငန်းရှင်များ တက်ရောက်                      ယခုလ ၆ ရက်မှ ၁ဝ ရက်ထိ ယူနန်ပြည်နယ် ကူမင်းအပြည်ပြည်ဆိုင်ရာကုန်စည်ပြပွဲသို့ မူဆယ် နမ့်ခမ်းကုန်သည်များ အသင်းမှ ကုန်သည်လုပ်ငန်းရှင်များ ၁၅ဝ ခန့် သွားရောက်ပြသကြတယ်လို့ သတင်းရရှိပါ တယ်။ မြန်မာနိုင်ငံမှ ရေထွက်ကုန်၊ သစ်သီးဝလံ၊ ပဲပြောင်းနှမ်းနဲ့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ သစ်တောထွက်ကုန်သစ် အချောထည်များ၊ ပရိဘောဂများ၊ ရော်ဘာနဲ့ ပရဆေးကုန်ကြမ်းပစ္စည်းများ အပါအဝင် ကျောက်စီပန်းချီကားများ ပါဝင်ပြသ သွားမှာ ဖြစ်ပါတယ်။                 မူဆယ်နမ့်ခမ်းကုန်သည်အသင်းမှ ပြခန်း ၆ ခန်း၊ သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက် စိုက်ပိုျးထုတ်လုပ်သူများမှ ၄ ခန်းနဲ့ အတူအမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီလီမိတက်ရဲ့ ရေထွက်ကုန်ပစ္စည်းဒိုင်၊သစ်သီးဝလံကုန်စည်ဒိုင်၊ ပဲပြောင်းနှမ်းနဲ့ လယ်ယာထွက်ကုန်ပစ္စည်းကုန်စည်ဒိုင်၊ပုလဲမြို့တော်ကုမ္ပဏီများမှလည်း ပြခန်းများလည်းပါဝင်ပြသကြတယ် လို့ သတင်းရရှိပါတယ်။ တင်လတ်

ဇွန်လ ပထမအပတ်အတွင်း ပရဆေးကုန်ကြမ်းကုန်သွယ်မှု

Sun, 06/12/2011 - 06:58 -- Anonymous (not verified)

ဇွန်လ ပထမအပတ်အတွင်း ပရဆေးကုန်ကြမ်းကုန်သွယ်မှု                  မူဆယ်နယ်စပ်မှ ဇွန်လ ၁ ရက်မှ ၇ ရက်ထိ ကာလ အတွင်း ကွမ်းစားဂမုန်း ၁ဝ တန်ကျော်၊ မိကျောင်းကွမ်း ဖတ်စေ့ ၂၇ တန်ခွဲ၊ နနွင်းတက် တန် ၉ဝ ကျော်၊ နနွင်းခေါင်း ၂၁ တန်၊ မာလာဥ ၆ တန်ခွဲ၊ မာလာဥခေါင်း ၂၂ တန်ခန့်၊ တောဂျင်း ၃ တန်၊ ဒရင်ကောက်မြစ်တန်ဝက်၊ အုံတုံခေါက် ၄၅ တန်ခွဲ၊ ကြောင်ပန်းစေ့ ၄၂ တန်ခွဲ၊ ကြောင်လျာစေ့ ၈တန်ခွဲ၊ တောင်လုံးကျော် ၂ တန်ခန့်၊ ရွေးရွက် ၅၄ တန်ကျော်၊  စကာပန်းပွင့်ခြောက် ၂ တန်ကျော်၊ ဖန်းခါးသီးခြောက် ၆ တန်ခွဲ၊ ပီလောပီနံဥမှုန့် ၁၇ တန်နဲ့ တောဂျူးမြစ် ၂ တန်ကျော် စုစုပေါင်း ၃၆၃ တန်၊ ကန်ဒေါ်လာ ဝ ဒသမ ၆၅၅ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်ကထက် တန်ချိန်အားဖြင့် ၄၄ သန်းတင်ပို့မှုလျော့နည်းခဲ့ပေမဲ့ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ဝ၃၉ သန်းဖိုး ပိုမို ရရှိခဲ့ပါတယ်။ ယခုအပတ်မှာ ယခင်အပတ်ကထက် နနွင်း တက်၊ နနွင်းခေါင်း၊ မိကျောင်းကွမ်းဖတ်စေ့၊ မာလာဥခေါင်း၊ အုံတုံခေါက်၊ ကြောင်ပန်းစေ့၊ ကြောင်လျာစေ့၊ တောင်လုံး ကျော်၊ ရွေးရွက်တို့ ပိုမိုတင်ပို့ခဲ့ပြီး ယခင်အပတ်က တင်ပို့ခဲ့ခြင်း မရှိတဲ့ ဖန်ခါးသီးခြောက်၊ ပီလောပီနံဥမှုန့်နဲ့ တောဂျုးမြစ် များယခုအပတ်မှာ တင်ပို့မှုရှိခဲ့ပါတယ်။                   ကွမ်းစားဂမုန်း၊ မာလာ ဥ၊ တောဂျင်း၊ ဒရင်ကောက်မြစ်နဲ့ စကားပန်းပွင့်ခြောက် တင်ပို့မှုမှာမူ ယခင်အပတ်တင်ပို့မှုထက် လျော့နည်းတင်ပို့ခဲ့ပါ တယ်။ တမူးနယ်စပ်မှ ဇီယာ၊ မင်သော်၊ ရှိန်းခို၊ ဇာတိပ္ဖိုလ်သီးနဲ့ တောင်လုံးကျော် ၁၇ ဒသမ ၆၇ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ဝ၅၃ သန်းဖိုး တင်သွင်းမှုရှိခဲ့ပြီး ယခင် အပတ်က တောင်လုံးကျော် ၄ တန်ခွဲသာ တင်သွင်းမှုရှိခဲ့တဲ့ အတွက် ယခုအပတ် ပရဆေးကုန်ကြမ်း အမယ်စုံ တင်သွင်းမှု ရှိခဲ့ပါတယ်။         MIRT (DOBT)

ဥပုသ်လအတွက် ကုလားပဲလုံး ဘင်္ဂလားဒေ့ရှ်မှ တင်သွင်းလ

Mon, 06/06/2011 - 08:08 -- Anonymous (not verified)

ဥပုသ်လအတွက် ကုလားပဲလုံး ဘင်္ဂလားဒေ့ရှ်မှ တင်သွင်းလ                 ဇွန်လမှာကျရောက်မဲ့ ဥပုသ်လအတွက် ကုလားပဲလုံးများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တင်သွင်း လိုကြောင်း မောင်တော နယ်စပ်ကုန်သွယ်ရေးကို အကြောင်းကြားလာသည်ဟု သတင်း ရရှိပါတယ်။ မောင်တောနယ်စပ်ရှိ ကုန်သည်များသာမက အခြားစိတ်ပါဝင်စားသူများအနေဖြင့် ဇွန်လ ဥပုသ် ရာသီ အမီ ဘင်္ဂလားဒေ့ရှ်သို့ ကုလားပဲ လုံး တင်ပို့နိုင်ကြောင်း အသိ ပေးလိုက်ရပါတယ်။                 Source : နကသ MIRT (DOBT)

နယ်စပ်မှ သစ်သီးဝလံကုန်သွယ်မှု

Mon, 06/06/2011 - 08:06 -- Anonymous (not verified)

နယ်စပ်မှ သစ်သီးဝလံကုန်သွယ်မှု                    သရက်သီးရာသီချိန်ဖြစ်လို့ နယ်စပ်သစ်သီးဝလံ ကုန်သွယ်မှုမှာ ထိပ်ဆုံးကရောက်နေတဲ့ သီးနံှက သရက်သီး ဖြစ်ပါတယ်။ မေလ ၂၅ ရက်မှ ၃၁ ရက်ထိ ကာလအတွင်း မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၁ ဒသမ ၆၅၅ သန်းတန်ဖိုးရှိ ရွှေဟင်္သာ ၂၆၂၁ တန်ကျော်၊ စိန်တလုံး ၅၃၃ တန်နဲ့ အကြမ်းသီး ၁၉၂၇ တန် တင်ပို့ခဲ့သလို မောင်တောနယ်စပ်မှ လည်း ကန်ဒေါ်လာ ဝ ဒသမ ဝ၁၄ သန်းတန်ဖိုးရှိ သရက်သီး (အကြမ်းသီး) ၆၂ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်မှာ သရက်သီးအပြင် ကန်ဒေါ်လာ ဝ ဒသမ ၂၂၄ သန်းတန်ဖိုးရှိ သရက်ပြားခြောက် ၂၆၂ တန်ကျော် တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် သရက်သီး တန် ၁၂၈ဝ နီးပါး ယခုအပတ်မှာ တင်ပို့မှု ပိုမိုခဲ့ပါတယ်။ သရက်သီးအပြင် ရာသီချိန်ကုန်နေပြီဖြစ်တဲ့ ဖရဲသီး ၅၁ တန်၊ ကန်ဒေါ်လာ ဝ ဒသမ ဝဝ၈ သန်းဖိုးလည်း မူဆယ်မှ တင်ပို့နိုင်ခဲ့ပါတယ်။ ကန်ပိုက်တီးနယ်စပ်မှ ကန်ဒေါ်လာ ဝ ဒသမ ၅ဝ၃ သန်းတန်ဖိုးရှိ တစ်သျှူးငှက်ပျော ၄၁၆၉ တန်လည်း တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၂ဝဝဝ နီးပါး ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်နယ်စပ်မှ သစ်သီးဝလံ ကန်ဒေါ်လာ ၂ ဒသမ ၁၈ သန်းဖိုး တင်ပို့ နိုင်ခဲ့ပါတယ်။ သွင်းကုန်အနေနဲ့ မူဆယ်နယ်စပ်မှ ကန် ဒေါ်လာ ဝ ဒသမ ဝ၁၁ သန်း တန်ဖိုးရှိ ပန်းသီး ၃၃ တန် ကျော် တင်သွင်းမှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၁ဝဝ ကျော် တင်သွင်းမှုလျော့နည်းခဲ့ပါတယ်။ MIRT (DOBT)

ရောင်းအားသွက်တဲ့ မူဆယ်သရက်သီးဈေးကွက်

Mon, 06/06/2011 - 08:02 -- Anonymous (not verified)

ရောင်းအားသွက်တဲ့ မူဆယ်သရက်သီးဈေးကွက်                    မေလအတွင်း ကျောက်ဆည်၊ အုန်းချော၊ စဉ့်ကိုင်၊ ပလိပ်၊ ဟန်မြင့်မိုရ်တို့က ထွက်ရှိတဲ့ သရက်သီးများ မူဆယ် သစ်သီးဝလံကုန်စည်ဒိုင်သို့ လှိုင်လှိုင်ဝင်ရောက်နေပြီး အရည် အသွေးကောင်းတာကြောင့် တရုတ် ဝယ်လက်များကလည်း ဈေးကောင်းပေးကာ အပြိုင်အဆိုင်ဝယ်ယူလျက်ရှိပါတယ်။ မူဆယ်ဈေးကွက်မှ တစ်ဖက်နိုင်ငံသို့ သရက်သီးတင်ပို့ရာမှာ စိန်တလုံး၊ ရွှေဟင်္သာနဲ့ အကြမ်းဆိုပြီး အမျိုးအစား (၃) မျိုးကို နေ့စဉ် ကားအကြီး၊ အလတ်၊ အငယ်တို့ဖြင့် ပုံမှန်တင်ပို့ လျက်ရှိပါတယ်။ သရက်သီးများကို ဧပြီလက စပြီး နေ့စဉ် ကားစီးရေ ၄ဝ ကျော်တင်ပို့ခဲ့ရာမှ ယခုမေလမှာ နေ့စဉ် ကားစီးရေ ၇ဝ မှ ၈ဝ ကျော်ထိ တင်ပို့ရောင်းချရလျက် ရှိပါတယ်။ ဟိုင်းလတ်ကားတစ်စီးမှာ သရက်သီးဖာ ၂ဝဝ မှ ၂၂ဝ ဖာ၊ ကားလတ် ကင်တာတစ်စီးမှာ သရက်သီးဖာ ၅၅ဝ မှ ၆ဝဝ ဖာ၊ PE ကားတစ်စီးမှာ သရက်သီးဖာ ၉ဝဝ မှ ၁ဝဝဝ အထိ သယ်ဆောင်နိုင်ပါတယ်။ သရက်သီး ကုန်စည်ဒိုင်များအနေနဲ့ တင်ပို့ရာမှာ ထုပ်ပိုးမှုအား တစ်ပြေး ညီ ဖြစ်စေရန် သရက်သီး စက္ကူတစ်ပုံး (တစ်ဖာ)မှာ ၁၅ ကီလိုဂရမ်ထည့်သွင်းထုပ်ပိုးပြီး အလုံးအသေး၊ အကြီးပေါ် မူတည်၍ ၄၅ လုံးမှ ၅ဝ လုံးထိ ပါဝင်တယ်လို့သိရပါတယ်။ မေလအတွင်း သရက်သီးဈေးရရှိမှုများအနေဖြင့် သရက်သီးကြမ်း တစ်တန်လျှင် အနိမ့်ဆုံးဈေး ၂၃ဝ ဒေါ်လာမှ အမြင့် ဆုံးဈေး ၃၈၅ ဒေါ်လာ၊ ဟင်္သာ တစ်တန်လျှင် အနိမ့်ဆုံး ဈေး ၄၆၂ ဒေါ်လာမှ အမြင့်ဆုံးဈေး၆၉၃ ဒေါ်လာ၊ စိန်တလုံး တစ်တန်လျှင် အနိမ့်ဆုံးဈေး ၆၁၆ ဒေါ်လာမှ အမြင့်ဆုံးဈေး ၇၇ဝ ဒေါ်လာထိ ဈေးရရှိပြီး နေ့စဉ် သရက်သီးတန်ချိန် ၄ဝဝ မှ ၆ဝဝ တင်ပို့လျက်ရှိပါတယ်။ ဧပြီလ ၁ ရက်နေ့မှ မေလ ၂၁ ရက်နေ့ထိ တစ်ဖက်နိုင်ငံသို့ ကန်ဒေါ်လာ ၆ ဒသမ ၈၆၉ သန်းတန်ဖိုးရှိ သရက်သီး တန်ချိန် ၁၃၂၆၅ ဒသမ ၅ တန် တင်ပို့နိုင်ခဲ့ပြီး အရောင်းအဝယ်ကောင်းသော သစ်သီးဝလံအဖြစ် ရပ်တည်နေပါတယ်။    လှအောင်

Pages

Subscribe to RSS - ပြည်တွင်းနယ်စပ်စီးပွားရေးရာ