Main menu

Background

ပြည်တွင်းနယ်စပ်စီးပွားရေးရာ

နယ်စပ်ပရဆေးကုန်သွယ်မှု ကန်ဒေါ်လာ ဝ ဒသမ ၅ သန်း ကျော် ဆောင်ရွက်

Mon, 06/06/2011 - 08:02 -- Anonymous (not verified)

နယ်စပ်ပရဆေးကုန်သွယ်မှု ကန်ဒေါ်လာ ဝ ဒသမ ၅ သန်း ကျော် ဆောင်ရွက်                   ပရဆေးကုန်ကြမ်းများကို မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံသို့ တင်ပို့မှုရှိပြီး အိန္ဒိယမှ ပရဆေးကုန်ကြမ်းကို တမူး နယ်စပ်မှ တင်သွင်းလျက်ရှိပါတယ်။ ယခုအပတ်မူဆယ်မှ ကန်ဒေါ်လာ ဝ ဒသမ ၅၁၆၅ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၄ဝ၇ တန်ကျော် တင်ပို့မှုရှိခဲ့ပြီး ယခင်အပတ်တင်ပို့မှုမှာ တန်ချိန်အားဖြင့် ၁ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ဝ၅၁ သန်း တင်ပို့မှု ပိုမိုခဲ့ပါ တယ်။                မူဆယ်နယ်စပ်မှ အဓိကတင်ပို့တဲ့ ပရဆေး ကုန်ကြမ်းပစ္စည်းတွေကတော့ နနွင်းတက်၊ နနွင်းခေါင်း၊ ကွမ်းစားဂမုန်း၊ မိကျောင်း ကွမ်းဖတ်စေ့၊ နေလဲစေ့၊ မာလာဥ၊ မာလာဥခေါင်း၊ တောဂျင်း၊ ကျောက် ဂျင်း၊ ဒရင်ကောက်မြစ်၊ အုံတုံခေါက်၊ ကြောင်ပန်းစေ့၊ ကြောင်လျာစေ့၊ တောင်လုံးကျော်၊ ရွေးရွက်နဲ့ စကားပန်းပွင့်ခြောက်တို့ဖြစ်ပါတယ်။ တမူးနယ်စပ်မှ ကန်ဒေါ်လာ ၁၁ဝဝ တန်ဖိုးရှိ တောင်လုံးကျော် ၄ ဒသမ ၅ တန် တင်သွင်းမှု ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တမူးမှ တောင်လုံးကျော် ၃တန် တင်သွင်းမှု ပိုမိုခဲ့ပါတယ်။   MIRT (DOBT)

နယ်စပ်မှ ပြောင်းတင်ပို့မှု တန် ၁၃ဝဝဝ ကျော်ရှိ

Tue, 05/31/2011 - 08:30 -- Anonymous (not verified)

နယ်စပ်မှ ပြောင်းတင်ပို့မှု တန် ၁၃ဝဝဝ ကျော်ရှိ                 မေလ ၁၈ ရက်မှ ၂၄ ရက်ထိ ကာလအတွင်း မူဆယ်နဲ့ လွယ်ဂျယ်နယ်စခန်း တွေကနေပြီး ကန်ဒေါ်လာ ၃ ဒသမ ၆၁၇ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ တန် ၁၃ဝဝ၃ ဒသမ ၅ တန် တင်ပို့နိုင်ခဲ့ပါတယ်။ လွယ်ဂျယ်နယ်စပ်မှ ယခင်အပတ် တင်ပို့မှုထက် တန် ၃၇ဝ ကျော် တင်ပို့မှု ပိုမိုခဲ့ပြီး မူဆယ်နယ်စပ်မှ ၇၉၃ တန် လျော့နည်းတင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ ယခင်အပတ်ကထက် နယ်စပ်မှ ပြောင်း တင်ပို့မှု တန် ၄၂ဝ ကျော် လျော့နည်းခဲ့ပါတယ်။ ယခုအပတ် လွယ်ဂျယ်မှ ၆၇၂ တန်နဲ့ မူဆယ်မှ ၁၂၃၃၁ တန် တင်ပို့နိုင်ခဲ့ ပါတယ်။ လားရှိုးပြောင်းဈေး တစ်တန်ကို ၁၇၁၄၇ဝ ကျပ်ရှိပြီး ပြည်တွင်းဈေး အနည်းငယ်မြင့်တက်လျက်ရှိခြင်း အတွက် ပြည်တွင်းလက်ကျန် ပြောင်းနည်းခြင်းတို့ကြောင့် တင်ပို့မှု လျော့နည်းခဲ့ရ တယ်လို့ မူဆယ်ကုန်စည်ဒိုင်မှ သိရှိရပါတယ်။ မိမိဘက်မှာ နံှစားပြောင်းဈေး အနည်းငယ်မြင့်တက်လျက်ရှိပြီး ပြောင်းဆံဈေးကျလျက်ရှိပါတယ်။ မိမိဘက်နဲ့ တစ် ဖက်နိုင်ငံ မြေပြင်ပြောင်းပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်                                         မိမိဘက်(ကျပ်/တန်)                         တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                        ယခု          ယခင်     ပြောင်းလဲမှု    %        ယခု      ယခင်   ပြောင်းလဲမှု          %ပြောင်းဖူးစေ့    ၂ဝ၈၇၄၅    ၂ဝ၆၅၅၅     ၂၁၉ဝ          ၁        ၂၆၂      ၂၆၁            ၁             ဝ .၄နံှစားပြောင်း    ၂၃၃ဝ၆၅    ၂၃၄၁၉ဝ      ၁၁၂၅       ဝ .၅     ၂၈၃      ၂၈၁             ၂              ဝ .၇MIRT (DOBT) 

နယ်စပ် သစ်သီးဝလံကုန်သွယ်မှု

Tue, 05/31/2011 - 07:20 -- Anonymous (not verified)

နယ်စပ် သစ်သီးဝလံကုန်သွယ်မှု               ယခုအချိန်ဟာ သရက်သီးရာသီချိန်ဖြစ်တဲ့အတွက် နယ်စပ် စခန်းများဖြစ်တဲ့ မူဆယ်မှ ရွှေဟင်္သာ၊ စိန်တလုံးနဲ့ အကြမ်းသီးများ တင်ပို့နေသလို မောင်တော၊ တမူးနဲ့ ချင်းရွှေဟော်တို့မှလည်း သရက်သီးများ တင်ပို့လျက်ရှိပါတယ်။ မေလ ၁၈ ရက်မှ ၂၄ ရက်ထိ ကာလအတွင်း နယ်စပ်စခန်း များမှာ ကန်ဒေါ်လာ ၁ ဒသမ ၃၈၇ သန်းကျော် တန်ဖိုးရှိ သရက်သီး ၃၈၆၄ တန်ကျော် တင်ပို့မှု ရှိခဲ့ပါတယ်။ ဖရဲရာသီကုန်လုပြီဖြစ်လို့ ယခုအပတ်မှာတော့ မူဆယ်မှ ကန်ဒေါ်လာ ဝ ဒသမ ဝ၆၄၅ သန်း တန်ဖိုးရှိ ဖရဲသီး ၄၁၁ တန် မူဆယ်နယ်စပ်မှ တင်ပို့နိုင်ခဲ့ပါတယ်။ ကန်ပိုက်တီးနယ်စပ်မှ ကျပ်သန်း ၂၂ဝ တန်ဖိုးရှိ တစ်သျှူးငှက်ပျော ၂၂ဝ၃ တန် ယခုအပတ်မှာ တင်ပို့နိုင် ခဲ့ပါတယ်။               မိမိရာသီ သီးနံှများ တင်ပို့နေသလို့ တစ်ဘက်နိုင်ငံမှ ကန်ဒေါ်လာ ၄၇၇၄ဝ ကျော် တန်ဖိုးရှိ ပန်းသီး ၁၄၆ တန် ကျော် မူဆယ်နယ်စပ်မှ တင်သွင်းမှုရှိခဲ့ပါတယ်။  MIRT (DOBT)

မန်စီခရိုင်အတွင်း ဖရဲသီးများ ဈေးနှုန်းပိုမိုရရှိခဲ့

Thu, 05/26/2011 - 09:15 -- Anonymous (not verified)

မန်စီခရိုင်အတွင်း ဖရဲသီးများ ဈေးနှုန်းပိုမိုရရှိခဲ့             တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ မန်စီခရိုင်အတွင်း လယ်မြေများ၌ အများဆုံး စိုက်ပျိုးထွက်ရှိချိန်တွင် မိုးလေဝသ ကောင်းမွန်ခဲ့တာကြောင့် အလုံးကြီးပြီး အရသာချိုမြိန်တာကို တွေ့ရှိရပါတယ်။ ယမန်နှစ် ဖရဲသီး စိုက်ရာသီအတွင်း ရာသီဥတု ဖောက်ပြန်ပြီး မိုးရွာသွန်းမှု မမှန်ကန်တာကြောင့်ထွက်ရှိလာသော ဖရဲသီးများကတော့ အလုံးသေးပြီး ရေခမ်း ခြောက်ကာ အရသာမကောင်းတဲ့အတွက် ဖရဲသီး တစ်ကီလိုကို (ဝ ဒသမ ၈ မှ ၁ ) ယွမ်သာ ရရှိခဲ့ပါတယ်။ ဒီနှစ်မှာ မိုးလေဝသ ကောင်းမွန်ခဲ့လို့ ထွက်ရှိလာတဲ့ ဖရဲသီးများကတော့အလုံးကြီးပြီး အရသာချိုမြိန်တဲ့အတွက် ပြည်နယ်ပြင်ပရှိ ကွဲျကျန်းပြည်နယ်၊ ကွမ်းတုံးပြည်နယ်၊ ဟော် နန်း၊ ဟော်ပွေ့၊ ဟူနန်၊ ဟူပေ့စသည်ပြည်နယ်များနဲ့ တရုတ်အလယ်ပိုင်းဒေသ၊ အနောက်ပိုင်းဒေသတွေက ဖရဲသီးကုန်သည်အများစုအနေဖြင့် မန်စီခရိုင်အတွင်းရှိ ဖရဲစိုက်ခင်းများအရောက် အလု အယက်ဝယ်ယူလာတာကြောင့် ဖရဲသီးတစ်ကီလိုကို ၂ ဒသမ ၄ ယွမ်အထိရရှိခဲ့ပါတယ်။ ဖရဲသီးပျမ်းမျှဝယ်ဈေးမှာ တစ်ကီလို ၁ ဒသမ ၈ ယွမ်မှ ၂ ယွမ်ခန့်ရှိပြီး ဖရဲသီး တစ်ဧက ယွမ် ၂ဝဝဝ ခန့်အမြတ်ရရှိနေတဲ့အတွက် ဖရဲ ၆ ဧက စိုက်ပျိုးသူ တစ်ဦးအနေနဲ့ အသားတင်အမြတ်ငွေ ယွမ် ၁၂ဝဝဝ ခန့် အမြတ် ရရှိကြောင်း ဖော်ပြလိုက်ရပါတယ်။ Source: ယူနန်ပြည်နယ်မန်စီခရိုင်၊ အပတ်စဉ်အထူးထုတ်သတင်း၊ တင်လတ်  

ရောင်းပန်းလည်းလှ ဈေးကွက်ရတဲ့ မြန်မာ့သရက်

Thu, 05/26/2011 - 09:12 -- Anonymous (not verified)

ရောင်းပန်းလည်းလှ ဈေးကွက်ရတဲ့ မြန်မာ့သရက်                 မြန်မာသရက်သီးများဟာ တရုတ် သရက်သီးများထက် အနံ့အရသာပိုမို ကောင်းမွန်တာကြောင့် မြန်မာသရက် အမျိုးအစားအားလုံးကို မူဆယ် နယ်စပ်မှာ တရုတ်ဝယ်လက်များက ဝယ်ယူ လျက်ရှိတဲ့အတွက် ခိုင်မာတဲ့ဈေးကွက် ရရှိနေပါတယ်။ နေစဉ်တရုတ်ပြည်တွင်းမှ ကုန်သည် ၁၅ဝ ကနေ ၂ဝဝ ဦးခန့်အထိ မူဆယ် ၁ဝ၅ မိုင် သစ်သီးဝလံ ကုန်စည်ဒိုင်ကို လာရောက်ပြီး တိုက်ရိုက် ဝယ်ယူကြလျက်ရှိပါတယ်။ အရည် အသွေး အမျိုးအစားကောင်းမွန်တာနဲ့ အမျှ ရောင်းသူစိတ်ကြိုက်ဈေးနဲ့ တိုက်ရိုက် ရောင်းချခွင့်၊ အခွင့်အရေးရရှိ နေပါတယ်။ ဒါဟာ မြန်မာ့သရက်ရဲ့ တရုတ်နိုင်ငံသို့တင်ပို့ရာမှာ ရရှိနေတဲ့ အားသာချက်ပဲဖြစ်ပါတယ်။ တရုတ်နိုင်ငံ ဟိုင်နန်၊ ရင်ချန်း၊ လူလန်ဝါ၊ ကွင်းကျန်၊ တောင်စီဒေသ တွေဟာ သရက်သီးအများဆုံး စိုက်ပျိုး တဲ့ ဒေသများဖြစ်ပြီး စိုက်ဧက ၆ဝဝဝဝ ခန့် ရှိတယ်လို့သိရပါတယ်။ တရုတ် နိုင်ငံအတွင်းသို့ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်ကတဆင့် သရက်သီး တင်ပို့ရာမှာ ကြာမြင့်ချိန်တွေကတော့ အနည်းဆုံး ၂ ရက်ကနေ ၅ ရက်ထိ ကြာမြင့်တယ်လို သိရပါတယ်။ မူဆယ် ရွှေလီကနေ သက်ဆိုင်ရာမြို့ အလိုက် ကြာမြင့်ချိန်အချို့ကတော့ စီချွမ်း၊ ချန်ဒူး၊ ပန်ချီဝါး၊ ကူမင်းကိုပို့မယ်ဆိုလျှင် ၂ ရက်စီ ကွမ်တုံ၊ ကွမ်ကျိုးကိုပို့မယ်ဆို လျှင် ၄ ရက်စီနဲ့ ပီကင်းကိုတင်ပို့မယ် ဆိုလျှင် ၅ ရက်စီ အသီးသီး ကြာမြင့်ပါတယ်။     KKCM

ဖရဲတင်ပို့မှုကျ သရက်တင်ပို့မှု အားကောင်း

Thu, 05/26/2011 - 08:59 -- Anonymous (not verified)

ဖရဲတင်ပို့မှုကျ သရက်တင်ပို့မှု အားကောင်း               ဧပြီလ ၂၇ ၇က်မှ မေလ ၃ ရက် ထိကာလအတွင်း မူဆယ်ကုန်သွယ်ရေး ဇုန်ကနေ ဖရဲသီး ၅၈၃၅ တန်၊ တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၉ဝ၁ သန်းနဲ့ သရက်သီးတန် ၂၄ဝဝ ကျော် ကန်ဒေါ်လာ ၁ ဒသမ ဝ၈၄ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က ဖရဲသီးတန် ၁ သောင်းကျော်နဲ့ သရက်သီးတန် ၁ဝဝဝ ကျော်တင်ပို့ခဲ့တာကြောင့် ယခုအပတ်မှာ ဖရဲတင်ပို့မှုကျ ဆင်းပြီး သရက်အားကောင်းတာ တွေ့ ရပါတယ်။ဒါ့အပြင် မောင်တောနယ်စပ် ကနေ တဘက်ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို သရက်သီး ၅ တန်၊ တန်ဖိုး ဝ ဒဿမ ဝဝ၁ သန်းဖိုး တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ဖရဲသီးရဲ့ပေါက်ဈေးကတော့ တစ်တန် ကျပ် ၂ဝ၁ဝဝဝ နဲ့ ၃၃၅ဝဝဝ ကြား၊ တဘက်နိုင်ငံ ဈေးကတော့ ၂၁၅ ဒေါ်လာနဲ့ ၃၈၃ ဒေါ်လာကြားဈေးရလျက်ရှိတာ တွေ့ရပါတယ်။  MIRT (DOBT )

နယ်စပ်မှ သစ်သီးဝလံကုန်သွယ်မှု

Mon, 05/23/2011 - 06:37 -- Anonymous (not verified)

နယ်စပ်မှ သစ်သီးဝလံကုန်သွယ်မှု                    မေလ ၁၁ ရက်မှ ၁၇ ရက်ထိ ကာလအတွင်း မူဆယ်၊ လွယ်ဂျယ်နဲ့ မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၁ ဒသမ ၅၆၂ သန်းတန်ဖိုးရှိ သရက်သီး ၄၃၂၄ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် သရက်သီး တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ စိန်တလုံး ၁၂၂၈ တန်ကျော်၊ ရွှေဟင်္သာ ၁၇၂၁ တန်ကျော်နဲ့ အကြမ်းသီးတန် ၁၁၈ဝ၊ လွယ်ဂျယ်မှ အကြမ်းသီး တန် ၈ဝ နဲ့ မောင်တောမှ အကြမ်းသီး ၃၅ တန်ခန့်ဖြစ်ပါတယ်။ ယခင်အပတ်ကထက် တန် ၂ဝဝဝ ကျော် နယ်စပ်စခန်းများမှ ပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ မူဆယ်နယ်စပ်မှ ၁၅ ကီလိုပါ သရက်သီး ဂျပ်ဖာ တစ်လုံးကို ယွမ် (၆ဝ -၇ဝ) ဈေးပေါက်လျက် ရှိပါတယ်။ ဒါဟာ အိတ်စွပ်သရက်သီးရဲ့ ပေါက်ဈေးဖြစ်ပါတယ်။ အိတ်မစွပ်လျှင် ယွမ် ၂ဝ မှ ၃ဝ ဝန်းကျင်သာ ရတဲ့အတွက် သရက်သီးအိတ်စွပ်ဈေးဟာ အိတ်မစွပ် တဲ့ ဈေးထက် နှစ်ဆကျော်လောက် ရလျက်ရှိပါတယ်။ ယခုအပတ်မှာ ကန်ဒေါ်လာ ၂၈၃ဝဝဝ တန်ဖိုးရှိ ဖရဲသီး တန် ၁၈ဝဝ ကျော် တင်ပို့မှုရှိခဲ့ပြီး ယခင်အပတ်ကထက် တန် ၂ဝဝဝ ကျော် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ ဖရဲရာသီကုန်ပြီးဖြစ်လို့ လက်ကျန်ဖရဲများကို ရသလောက်တင်ပို့နေတာ တွေ့ရပါတယ်။ မိမိဘက်မှ သစ်သီးဝလံတင်ပို့မှု ရှိသိလို တစ်ဘက်နိုင်ငံမှလည်း ကန်ဒေါ်လာ ၄၅၉ဝဝ ကျော် တန်ဖိုးရှိ ပန်းသီး ၁၄၃ တန် တင်သွင်းခဲ့တာမို့ ယခင်အပတ်ကထက် ၄၃ တန် ပိုမို တင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ MIRT (DOBT)

အဆင့်မြင့်ဝန်ဆောင်မှုများ ထည့်သွင်းထားတဲ့ ရွှေလီ - မန္တလေး - ကျောက်ဖြူ ရထားလမ်း

Mon, 05/23/2011 - 06:35 -- Anonymous (not verified)

အဆင့်မြင့်ဝန်ဆောင်မှုများ ထည့်သွင်းထားတဲ့ ရွှေလီ - မန္တလေး - ကျောက်ဖြူ ရထားလမ်း               ကျောက်ဖြူနဲ့ ကူမင်းတို့ကို ဆက်သွယ်တဲ့ မီးရထားလမ်းဖောက်လုပ်မှုနဲ့ စပ်လျဉ်းပြီး ကူမင်းခရိုင်အစိုးရနဲ့ ဟုန်တိုင်း ခရိုင်အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မှု လက်မှတ်ရေးထိုးပွဲကို မေလ ၁၃ ရက်နေ့က ကျင်းပခဲ့ကြပါတယ်။ ကူမင်းခရိုင်က တစ်ဆင့်တရုတ်နိုင်ငံ ရွှေလီခရိုင်အား ဖြတ်သန်းပြီး ကျောက်ဖြူမြို့ထိ ကီလိုမီတာ ၁၂၁၅ ရှည်လျား တဲ့ အဆင့်မြင့်အမြန်လမ်းကြောင်းအပါအဝင် တရုတ်-မြန်မာနှစ်နိုင်ငံ ဆက်သွယ်ဖောက်လုပ်နေတဲ့ မီးရထားလမ်းမကြီးဟာ ယခုအခါ ပေါင်ဆမ်းခရိုင် လုံလင်မြို့၊ လုံဆမ်းဂိတ်စခန်းကို ရောက်ရှိနေပြီလို့ သိရပါတယ်။ တစ်ချိန်တည်းမှာပဲ မြန်မာ တရုတ်နှစ်နိုင်ငံ ဖောက်လုပ်မဲ့ ရေနံပိုက်လိုင်းလမ်းကြောင်းလည်း ပေါ်ထွက်လာတော့မယ်လို့ ဆိုပါတယ်။ ပြည်နယ်အစိုးရနဲ့ နိုင်ငံတော်ရဲ့ ပံ့ပိုးကူညီမှုနဲ့ ကူမင်း-မန်စီ၊ မန်စီ-ရွှေလီတို့မှ မန္တလေး-ကျောက်ဖြူတို့သို့ အဆင့်မြင့် အမြန်မီးရထား လမ်း ဖောက်လုပ်မှုကို တွန်းအားပေး ဆောင်ရွက်သွားမယ်လို့ တာဝန်ရှိသူတွေက လက်မှတ်ရေးထိုးပွဲမှာ ပြောကြားခဲ့တယ်လို့ သတင်းများမှာ ဖော်ပြထားပါတယ်။ ကွန်ရက်ပုံစံအဆင့်မြင့် အမြန်လမ်းကြောင်းအဖြစ် တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာတို့ကို ဆက်သွယ်မဲ့နိုင်ငံတကာ အဆင့်မြင့်လမ်းကြောင်းကို အဓိကဖော်ဆောင်သွားမှာဖြစ်ပြီး လေကြောင်း၊ ရထားလမ်းများကို အဆင့်မြင့် အမြန်လမ်း ကြောင်းနဲ့ လေဆိပ်ဝန်ဆောင်မှုများ၊ ကုန်စည်ပို့ဆောင်မှုနဲ့ သတင်းအချက်အလက်များ အပြန်အလှန် ဖလှယ်နိုင်ရေးပါ ထည့်သွင်း ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ Source:ယူနန်တူးဆီပေါင်း၊တင်လတ်

နယ်စပ်မှ ပရဆေးကုန်ကြမ်း တန် ၄ဝဝ ကျော် တင်ပို့

Mon, 05/23/2011 - 06:33 -- Anonymous (not verified)

နယ်စပ်မှ ပရဆေးကုန်ကြမ်း တန် ၄ဝဝ ကျော် တင်ပို့                မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် တစ်ဖက်နိုင်ငံသို့ ကန်ဒေါ်လာ ဝ ဒသမ ၄၇၉ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၄ဝ၆ တန်ကျော်ကို မေလ ၁၁ ရက်မှ ၁၇ ရက်ထိ ကာလအတွင်း တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ပရဆေးကုန်ကြမ်း ၃၉၅ တန်ကျော် တင်ပို့ခဲ့တာမို့ သိသိသာသာ ပိုမိုတင်ပို့ခြင်း မရှိသော်လည်း ၁၁ တန် တင်ပို့မှု ပိုမိုခဲ့ပါတယ်။             ယခုအပတ် မူဆယ်မှ တင်ပို့တဲ့ ပရဆေး ကုန်ကြမ်းတွေကတော့ ကွမ်းစားဂမုန်း ၁၂၅ တန်ခန့်၊ မိကျောင်းကွမ်းဖတ်စေ့ ၅၆ တန်ကျော်၊ နေလဲစေ့ ၁၆ တန်၊ မာလာဥ တန် ၇ဝ ၊ မာလာဥခေါင်း ၁၈ တန်ကျော်၊ တောဂျင်း ၂ တန်၊ ဒရင်ကောက်မြစ် ၉တန်၊ စမုံစပါး ၁ဝ တန်၊ စမုံနက် ၂ တန်ခန့်၊ ကြောင်ပန်းစေ့ ၁၃ တန်၊ ဖန်းခါးသီးခြောက် ၁၈ တန်ခန့်၊ မုတ်ခါး ၇ တန်ကျော်၊ မျောက်ဥခြောက် ၁၇ တန်၊ တောဂျုးမြစ် ၂၆ တန်ကျော်နဲ့ စကားပန်းပွင့်ခြောက် ၁၆ တန်ကျော် တင်ပို့ခဲ့တာဖြစ်ပါတယ်။ တရုတ်တိုင်းရင်းဆေး ဖော်စပ်ရာမှာ အသုံးပြုရန်အတွက် မြန်မာပရဆေးများ တရုတ်ဈေးကွက်မှာ နေရာရနေတာဖြစ်ပါတယ်။ MIRT (DOBT)

ရာသီကုန်ဆုံး ရှောင်ဖယ်ပုန်းတော့မယ့် ဖရဲသီး

Mon, 05/23/2011 - 06:31 -- Anonymous (not verified)

ရာသီကုန်ဆုံး ရှောင်ဖယ်ပုန်းတော့မယ့် ဖရဲသီး                   လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်နှစ် တစ်ကြိမ် လှိုင်လှိုင်တင်ပို့တဲ့ ဖရဲသီးဟာ မေလဆန်းလောက် ကစပြီး ပျောက်ကွယ်စပြုလာပါတယ်။ ဒီနှစ် မတ်လမှာ ဖရဲသီး တန်ချိန် ၁၂၉၃ ခန့် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်နှစ် မတ်လမှာ တန်ချိန် ၂၇၆၈ ခန့် တင်ပို့နိုင်ခဲ့ပေမဲ့ ဒီနှစ်မှာ ရာသီဥတု အခြေအနေ အပြောင်းအလဲတွေကြောင့် ဖရဲသီး အထွက်နောက်ကျခဲ့ပြီး မတ်လအတွင်း တန်ချိန် ၁၄၇၅ ခန့် တင်ပို့မှုလျော့နည်းခဲ့တာတွေ့ရှိရပါတယ်။ ဧပြီလမှ တန်ချိန် ၆၃၈၅ ခန့်တင်ပို့ခဲ့ပြီး ယခင်နှစ် ဧပြီလမှာ တန်ချိန် ၄၈၈၆ ခန့်ပဲ တင်ပို့နိုင်ခဲ့တာ တွေ့ရှိရပါတယ်။ မေလဆန်းပိုင်းမှာ တန်ချိန် ၁၆၅ ခန့်တင်ပို့နိုင်ခဲ့ တာတွေ့ရှိရပေမဲ့ ယခင်နှစ် မေလမှာတော့ တင်ပို့မှု မရှိခဲ့တာတွေ့ရှိရပါတယ်။ ယခင် နှစ်က တန်ချိန် ၇၆၅၄ ခန့်တင်ပို့နိုင်ခဲ့တဲ့ ဖရဲသီးဟာ ဒီနှစ်မှာ တော့ တန်ချိန် ၇၈၄၃ ခန့် တင်ပို့နိုင်ခဲ့တာကြောင့် တန်ချိန် ၁၉ဝ နီးပါးပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ နှစ်စဉ် ဧပြီလ ဝန်းကျင်မှာ ဗန်းမော်ခရိုင် စင်းခန်းဒေသ ရွှေကူမြို့နယ်နဲ့ ကသာခရိုင် အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးထွက်ရှိတဲ့ ဒေသထွက် ဖရဲသီးတွေကို ဗန်းမော်-မိုးမောက်၊ လွယ်ဂျယ် လမ်းကြောင်းမှ တစ်ဆင့် တစ်ဖက်နိုင်ငံ ယူနန်ပြည်နယ်အတွင်းပိုင်း မြို့များ အထိ ပစ္စည်းအရည် အသွေးကိုကြည့်၍ ဖရဲကားတစ်စီးကို ယွမ် (၄၅ဝဝဝ) မှ ယွမ် (၅၈ဝဝဝ) ခန့်ထိပေး ဝယ်ယူကြပါတယ်။ ကားတစ်စီးမှာ ဖရဲသီး ၁၈ တန်ဝန်းကျင်တင်ဆောင် တယ်လို့သိရပါတယ်။ နကသ (လဂ)၊MIRT

Pages

Subscribe to RSS - ပြည်တွင်းနယ်စပ်စီးပွားရေးရာ