Main menu

Background

ပြည်တွင်းနယ်စပ်စီးပွားရေးရာ

ယခုအပတ် နယ်စပ်မှ ပရဆေးကုန်သွယ်မှုပိုမို

Wed, 08/24/2011 - 07:01 -- Anonymous (not verified)

ယခုအပတ် နယ်စပ်မှ ပရဆေးကုန်သွယ်မှုပိုမို               ယခုအပတ်မှာ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ဝ ဒသမ ၆ဝဝ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း တန် ၃၂ဝ ကျော်အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ထက် ၁၂၂ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ယခုအပတ်တင်ပို့တဲ့ ပရဆေးကုန်ကြမ်းတွေကတော့ မာလာဥ၊ ဒရင်ကောက်မြစ်၊ ကွမ်းစားဂမုန်း၊ ချဉ်ပေါင်ဖာလာ (အခွံပါ/အခွံမပါ)၊ စကားပန်းပွင့်ခြောက်၊ နနွင်းတက် (ရှမ်းစ)၊ မိကျောင်း ကွမ်းဖတ်စေ့၊ မာလာဥခေါင်း၊ ကြောင်လျှာစေ့၊ ကြောင်ပန်းစေ့နဲ့တောဂျင်းတို့ပဲဖြစ်ပါတယ်။ ယခင်အပတ်ကထက် ကွမ်းစားဂမုန်း၊ နနွင်းတက်၊ မိကျောင်းကွမ်းဖတ်စေ့၊ ကြောင်ပန်းစေ့များကို ပိုမိုတင်ပို့နိုင်ခဲ့ပြီး မာလာဥသာ ယခင်အပတ် တင်ပို့မှုထက် လျော့ နည်းခဲ့ပါတယ်။ ယခုအပတ်မှာ ယခင်အပတ်က တင်ပို့နိုင်ခြင်းမရှိတဲ့ ဒရင် ကောက်မြစ်၊ ချဉ်ပေါင်ဖာလာ၊ စကားပန်းပွင့်ခြောက်၊ မာလာဥခေါင်း၊ ကြောင်လျှာ စေ့နဲ့ တောဂျင်းများလည်း တင်ပို့မှုရှိခဲ့တာဖြစ်ပါတယ်။                    တမူးနယ်စပ်မှ ယခုအပတ်မှာ ကန်ဒေါ်လာ ဝ ဒသမ ဝ၃၆ သန်းတန်ဖိုးရှိ ဖာလာ ဝ ဒသမ ၇ တန်၊ ဇာတိပ္ဖိုလ်သီး ဝ ဒသမ ၂ တန်၊ မင်သော် ၂ တန်နဲ့ ရှိန်းခို ၁ ဒသမ ၄၄ တန်၊ စုစုပေါင်း ၄ ဒသမ ၃၄ တန် အပို့ရှိခဲ့ပါတယ်။ ယခင် အပတ်ကနဲ့ နှိုင်းယှဉ်လျှင် တင်သွင်းမှု ပမာဏနည်းသော်လည်း တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ဝ၃၁ သန်းဖိုးပိုမိုခဲ့ပါတယ်။MIRT(DOBT) 

နယ်စပ်မှ သစ်သီးဝလံတင်ပို့မှု ကျပ် ၄၁ သန်းကျော် ဆောင်ရွက်

Tue, 08/23/2011 - 07:08 -- Anonymous (not verified)

နယ်စပ်မှ သစ်သီးဝလံတင်ပို့မှု ကျပ် ၄၁ သန်းကျော် ဆောင်ရွက်                ယခုအပတ်မှာ မူဆယ်နဲ့ တမူးနယ်စပ်ကုန်သွယ်ရေး စခန်းများမှတဆင့် တစ်ဖက်အိမ်နီးချင်းနိုင်ငံများသို့ ကျပ် ၄၁ သန်းကျော်တန်ဖိုးရှိ နာနတ်သီးတန် ၂ဝဝ၊ ဖရဲသီး ၇၃ တန် ခန့်၊ သခွားမွှေး ၁၆ တန်၊ သရက်သီး ၁ဝ တန်ခွဲနဲ့ တမူးမှ ပန်းသီး ၈ တန်နီးပါးအပို့ရှိခဲ့ပါတယ်။မူဆယ်နယ်စပ်ကတော့ ယခုအပတ်မှာ ကျပ် ၁၅၄ သန်းဖိုး တန်ဖိုးရှိ ပန်းသီး ၄၄၄ တန်ခန့် အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ပန်းသီး ၇၄ တန်ပိုမိုတင်သွင်းခဲ့ပါတယ်။                                ရာသီချိန်ကုန်ပြီဖြစ်တဲ့အတွက် သရက်သီးတင်ပို့နိုင်မှုမှာ သိသိသာသာလျော့နည်းသွားပြီဖြစ်ပါတယ်။ ယခုအပတ်မှာ သခွားမွှေးတင်ပို့မှု ၁ တန်သာပိုမိုခဲ့သော်လည်း နာနတ်နဲ့ ဖရဲတင်ပို့မှုမှာတော့ လျော့ကျသွားတာတွေ့ရပါတယ်။ MIRT(DOBT)

တရုတ်နယ်စပ်မှ အေးခဲအမဲသားတင်ပို့မှု ပိုမို

Tue, 08/23/2011 - 07:07 -- Anonymous (not verified)

တရုတ်နယ်စပ်မှ အေးခဲအမဲသားတင်ပို့မှု ပိုမို            သြဂုတ်လ ၃ ရက်မှ ၉ ရက်ထိကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ဝ ဒသမ ၄၅၂ သန်းတန်ဖိုးရှိ အေးခဲအမဲသား ၁၃၇ တန် တင်ပို့ခဲ့ပြီး မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ဝ ဒသမ ၂၁၄ သန်း တန်ဖိုးရှိ အေးခဲအမဲသား ၇၁ တန်ကျော် တင်ပို့မှု ရှိခဲ့ ပါတယ်။ ယခင်အပတ်ကထက် အေးခဲအမဲသား တန် ၆ဝ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ချင်းရွှေဟော်နယ်စပ်မှ ဇူလိုင်လက စတင်ပြီး စမ်းသပ်တင်ပို့ခဲ့ရာ စုစုပေါင်း ၃၉၈ တန် တင်ပို့ ထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။MIRT(DOBT)

ယခုအပတ် နယ်စပ်မှ ဂဏန်းတင်ပို့မှုပို

Tue, 08/23/2011 - 07:04 -- Anonymous (not verified)

ယခုအပတ် နယ်စပ်မှ ဂဏန်းတင်ပို့မှုပို            မူဆယ် ၁ဝ၅ မိုင် ရေထွက်ကုန်ကုန်စည်ဒိုင်မှတစ်ဆင့် ရေထွက်ကုန်များ တင်ပို့လျက်ရှိရာ ယခု အပတ်မှာ ကဏန်း တင်ပို့မှု ၂၇ တန် ပိုမိုခဲ့ပါတယ်။ မူဆယ်မှ ယခုအပတ်မှာ ကန်ဒေါ်လာ ဝ ဒသမ ၆၉၅ သန်း တန်ဖိုးရှိ ငါးရှဉ့် ၂၇၄ တန်ကျော်၊ ကန်ဒေါ်လာ ဝ ဒသမ ၃၈၁ သန်းတန်ဖိုးရှိ ဂဏန်း ၁၄၈ တန်ခန့်နဲ့ ကန်ဒေါ်လာ ဝ ဒသမ ၁၁၇ သန်းတန်ဖိုးရှိ ရေငန်ငါးမျိုးစုံ ၃၇ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ငါးရှဉ့် ၄၈ တန်၊ ရေငန်ငါးမျိုးစုံ ၅ တန်တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ ကုန်ကြမ်းစတင် စုဆောင်းသောအရပ်များတွင် မိုးသည်းထန်စွာရွာသွန်းနေမှုများကြောင့် ပစ္စည်းစုဆောင်းရခက်ခဲခြင်း၊ သယ်ယူပို့ဆောင်မှု အခက်အခဲ များရှိခြင်းကြောင့် ကုန်တက်နည်းရခြင်းဖြစ်ပါတယ်။ ယခုအပတ်မှာ ဂဏန်းဈေးများ ပိုရတာတွေ့ရပါတယ်။ ကုန်တက်နဲ့ ပစ္စည်းအရည်အသွေးပေါ် မူတည်ပြီး ငါးရှဉ့်ဒိုင်မှ ကြားခံဈေးသတ် မှတ်ပေးလျက်ရှိတာဖြစ်ပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေး လိုက်ရပါတယ်                                          မိမိဘက်(ကျပ်/တန်)                  တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                         ယခု            ယခင်        ပြောင်းလဲမှု    %      ယခု     ယခင်    ပြောင်းလဲမှု   %ငါးရှဉ့်                  ၁၉၃၂၅ဝဝ    ၁၉၆၃ဝဝဝ     ၃ဝ၅ဝဝ      ၁ .၆   ၂၅ဝဝ  ၂၆ဝဝ        ၁ဝဝ        ၄ကဏန်း (ဂရမ်)၂၅ဝဂရမ်အထက်   ၂၅၄၃၁၇ဝ    ၂၃၄ဝ၅ဝဝ      ၂ဝ၂၆၇ဝ     ၈      ၃၂၉ဝ   ၃၁ဝဝ       ၁၉ဝ         ၆၂ဝဝ-၂၅ဝ ဂရမ်     ၂၃၈၈၅၇ဝ    ၂၁၈၉၅ဝဝ      ၁၉၉ဝ၇ဝ     ၈      ၃ဝ၉ဝ   ၂၉ဝဝ       ၁၉ဝ         ၆၁၅ဝ-၂ဝဝ ဂရမ်    ၂၂၃၃၉၇ဝ     ၂ဝ၃၈၅ဝဝ      ၁၉၅၄၇ဝ     ၉      ၂၈၉ဝ   ၂၇ဝဝ       ၁၉ဝ         ၇၁ဝဝ-၁၅ဝ ဂရမ်    ၂၁၁၈ဝ၂ဝ     ၁၉၂၅၂၅ဝ      ၁၉၂၇၇ဝ     ၉     ၂၇၄ဝ    ၂၅၅ဝ       ၁၉ဝ          ၇MIRT(DOBT)

ယခင်အပတ်ထက် ပရဆေး အဝင်လျော့

Tue, 08/23/2011 - 07:02 -- Anonymous (not verified)

ယခင်အပတ်ထက် ပရဆေး အဝင်လျော့              ယခုအပတ်မှာ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ဝ ဒသမ ၃၁၁ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၂ဝ၁ တန် အပို့ရှိခဲ့ပြီး ယခင်အပတ်ထက် ၈၆ တန် လျော့နည်းတင်ပို့ခဲ့တာတွေ့ရပါတယ်။ ယခုအပတ်တင်ပို့တဲ့ ပရဆေးကုန် ကြမ်းတွေကတော့ မိကျောင်းကွမ်းဖတ်စေ့၊ စကားပန်းပွင့်ခြောက်၊ နေလဲစေ့၊ နနွင်းတက် (ရှမ်းစ)၊ နနွင်းခေါင်း၊ မာလာဥ၊ ကွမ်းစားဂမုန်း၊ ကြောင်ပန်းစေ့၊ အုံတုံခေါက်၊ တောဂျူးမြစ် နဲ့ တောင်လုံးကျော် တို့ဖြစ်ပါတယ်။ယခင်အပတ် တင်ပို့မှုရှိခဲ့တဲ့ တောဂျင်းကတော့ ယခုအပတ်မှာ တင်ပို့မှုမရှိပါဘူး။ ယခင်အပတ်က တင်ပို့ခဲ့ခြင်းမရှိပေမဲ့ ယခုအပတ်မှာ တောင်လုံးကျော် တင်ပို့မှု ရှိခဲ့ပါတယ်။ နေလဲစေ့၊ ကြောင်ပန်းစေ့၊ မာလာဥနဲ့ တောဂျူးမြစ်တို့ ယခင်အပတ်ကထက် ပိုမိုတင်ပို့နိုင်ခဲ့ပြီး မိကျောင်းကွမ်းဖတ်စေ့၊ နနွင်းတက် (ရှမ်းစ)၊ နနွင်းခေါင်း၊ စကားပန်းပွင့်ခြောက်၊ အုံတုံခေါက်နဲ့ ကွမ်းစားဂမုန်းတို့ လျော့နည်းတင်ပို့ခဲ့ပါတယ်။ တမူးနယ်စပ်မှ ကန်ဒေါ်လာ ဝ ဒသမ ဝဝ၁ သန်းတန်ဖိုးရှိ တောင်လုံးကျော် ၅ ဒသမ ၅ တန်နဲ့ ကန်ဒေါ်လာ ဝ ဒသမ ဝဝ၄ သန်းတန်ဖိုးရှိ ဖာလာ ဝ ဒသမ ၅ တန်အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တင်သွင်းမှု ပမာဏ ပိုမိုခဲ့သော်လည်း တန်ဖိုးမှာမူ ယခင်အပတ်ကို မမီခဲ့ပါဘူး။ ယခင်အပတ်က မင်သော်၊ ရှိန်းခို၊ ဆောင်မေခါးတို့ကို ၃ တန်ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ဝ၁၅ သန်းဖိုး တင်သွင်းခဲ့တာ ဖြစ်ပါတယ်။MIRT(DOBT)

စစ်တွေနယ်စပ်မှ ယခုအပတ်ရေထွက်ပစ္စည်း တင်ပို့မှုလျော့

Tue, 08/23/2011 - 06:57 -- Anonymous (not verified)

စစ်တွေနယ်စပ်မှ ယခုအပတ်ရေထွက်ပစ္စည်း တင်ပို့မှုလျော့                  သြဂုတ် ၃ ရက်မှ သြဂုတ် ၉ ရက်ထိ ကာလအတွင်း စစ်တွေနယ်စပ်မှ ရေငန်ပုစွန် ၅ တန်ကျော် တန်ဖိုးကန်ဒေါ်လာ ဝ ဒသမ ဝ၃၁ သန်း၊ ငါးနီတူခြောက် ၃ တန် တန်ဖိုးကန်ဒေါ်လာ ဝဒသမ ဝဝ၄ သန်း၊ရေချိုငါးတန် ၁၄ဝကျော် တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၁၁၉ သန်း၊ စုစုပေါင်းတန်ချိန် ၁၅ဝကျော်တန်ဖိုး ကန် ဒေါ်လာ ဝ ဒသမ ၁၅၄သန်းတင်ပို့နိုင်ခဲ့ပါတယ်။                 ယခင်အပတ်က တန်ချိန် ၄၂ဝကျော်တင်ပို့နိုင်ခဲ့ပြီး၊ ယခုအပတ်မှာတော့ တန်ချိန် ၂၇ဝ ကျော်လျော့နည်းတင်ပို့တာတွေ့ရပေမဲ့လည်း ယခုအပတ်မှာ ငါးနီတူ ခြောက် ပါတင်ပို့နိုင်တာ တွေ့ရပါတယ်။ ရာသီဥတုအခြေအနေကြောင့် မိုးသည်း ထန်စွာရွာသွန်းနေတဲ့ အတွက် ရေထွက်ကုန်များစုစည်းရရှိမှုနည်းခြင်း၊ လမ်းပန်း ဆက်သွယ်ရေးအခက်အခဲများကြောင့် တင်ပို့မှုလျော့နည်းခဲ့ ရခြင်းဖြစ်ပါ တယ်။ စစ်တွေနယ်စပ်မှ တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဇူလိုင်လတစ်လလုံး ရေထွက်ပစ္စည်းတန်ချိန် ၁၄၃၇ ကျော် တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၃၅၇ သန်း တင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။              မိမိဘက်မြေပြင်ပေါက်ဈေးများကတော့ ရေချိုငါး ၁ တန်ကို ကန်ဒေါ်လာ ၇၇၅ မှ ၁၄၂၈ ထိ ဖြစ်ပြီး၊ ငါးနီတူခြောက် ၁ တန်ကို ကန်ဒေါ်လာ ၁၃၉ဝ နဲ့ ရေငန် ပုစွန် တန် ၁ တန်ကို ကန်ဒေါ်လာ ၄၂ဝဝ မှ ၁ဝ၅ဝဝ ထိဈေးပေါက်လျက် ရှိပြီး ယခင်အပတ်အတိုင်း ဈေးပြောင်းလဲ မှု မရှိဘူးလို့သိရပါတယ်။ တင်တင်ထွန်း၊MIRT(DOBT)

စစ်တွေနယ်စပ်ရဲ့ ရေထွက်ပစ္စည်းတင်ပို့မှု ပိုလာ

Tue, 08/09/2011 - 05:56 -- Anonymous (not verified)

 စစ်တွေနယ်စပ်ရဲ့ ရေထွက်ပစ္စည်းတင်ပို့မှု ပိုလာ               ဇူလိုင် ၂၇ ရက်မှ သြဂုတ် ၂ ရက်ထိ ကာလအတွင်း စစ်တွေနယ်စပ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေငန်ငါးသလောက် ၁ တန် တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ဝဝ၂ သန်း၊ ရေငန်ပုစွန် ၃ တန်ကျော် တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ဝ၁၈ သန်းနှင့် ရေချိုငါး တန်ချိန် ၄ဝဝ ကျော် တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ၃၄၆သန်း၊ စုစုပေါင်းတန်ချိန် ၄၂ဝ ကျော် တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၃၆၆ သန်း တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က တန်ချိန် ၁၉ဝ ကျော်သာ တင်ပို့နိုင်ခဲ့ပြီး ယခုအပတ်မှာ တန်ချိန် ၂၃ဝ ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုလိုပိုမိုတင်ပို့နိုင်ခြင်းဟာ ယခင်အပတ်က ရေချိုငါးတန်ချိန် ၁၈ဝ ကျော်သာ တင်ပို့နိုင်ခဲ့ပြီး၊ ယခုအပတ်မှာ တန်ချိန် ၄ဝဝ ကျော် တင်ပို့နိုင်ခဲ့တဲ့အပြင် ရေငန်ငါးသလောက်ပါ တင်ပို့နိုင်ခဲ့လို့ဖြစ်ပါတယ်။ မိမိဘက်မြေပြင်ပေါက်ေ ဈးများကတော့ ရေချိုငါး ၁ တန်ကို ကန်ဒေါ်လာ ၇၇၅ မှ ၁၄၂၈ ထိ ဖြစ်ပြီး၊ ရေငန်ပုစွန် ၁ တန်ကို ကန်ဒေါ်လာ ၄၂ဝဝ မှ ၁ဝ၅ဝဝ ထိနှင့် ရေငန်ငါးသလောက် ၁ တန်ကို ကန်ဒေါ်လာ ၁၆ဝဝ ဈေးပေါက်လျက်ရှိပြီးယခင်အပတ်အ တိုင်း ပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ်။ တင်တင်ထွန်း၊MIRT(DOBT)

မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ရေထွက်ကုန် တင်ပို့မှု လျော့ကျ

Tue, 08/09/2011 - 05:51 -- Anonymous (not verified)

မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ရေထွက်ကုန် တင်ပို့မှု လျော့ကျ              ဇူလိုင်လ ၂၇ ရက်မှ သြဂုတ်လ ၂ ရက်ထိ ကာလ အတွင်း မူဆယ် ၁ဝ၅ မိုင်မှ ရေထွက်ကုန် ကဏန်း၊ ငါးရှဉ့်၊ ရေငန်ငါးမျိုးစုံများ တင်ပို့မှု ယခင်အပတ်ကထက် သိသိ သာသာ လျော့ကျလျက် ရှိပါတယ်။ မူဆယ်မှ တင်ပို့တဲ့ရေထွက်ကုန်များ စုဆောင်းရာ မြစ်ဝကျွန်းပေါ်ဒေသများနဲ့ ရခိုင်ပြည်နယ် စစ်တွေတို့မှာ မိုးသည်းထန်စွာ ရွာသွန်းနေမှု များကြောင့် စုဆောင်းရရှိမှုနည်းခြင်း၊ သယ်ယူပို့ဆောင်မှု ခက်ခဲခြင်းတို့ကြောင့် လို့သိရပါတယ်။ ဈေးနှုန်းများမှာလည်း သိသိသာ သာလျော့နည်းနေပြီး ငါးရှဉ့်၊ကဏန်းဒိုင်များ အနေ နဲ့လည်း ပစ္စည်းဝင်ရောက်မှု (ကုန်တက်) ပမာဏနဲ့ ပစ္စည်း အရည်အသွေးပေါ်မူတည်ပြီး ကြားခံဈေးများ သတ် မှတ်ပေး ရတာ ဖြစ်ပါတယ်။ မိမိဖက်နဲ့ တစ်ဖက် နိုင်ငံ မြေပြင် ပေါက် ဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ရပါတယ်                                             မိမိဘက်(ကျပ်/တန်)                         တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                             ယခု              ယခင်     ပြောင်းလဲမှု      %      ယခု       ယခင်     ပြောင်းလဲမှု     %ငါးရှဉ့်                   ၁၉၃၅ဝဝဝ  ၂၃၂၂၆ဝဝ      ၃၈၇၆ဝဝ      ၂ဝ      ၂၅ဝဝ     ၂၇၄ဝ        ၂၄ဝ         ၁ဝကဏန်း (ဂရမ်)၂၅ဝဂရမ်အထက်   ၂၁၄၃၉၈ဝ    ၃၁၆ဝဝဝဝ    ၁ဝ၁၆ဝ၂ဝ    ၄၇        ၂၇၇ဝ    ၄၁၅ဝ       ၁၃၈ဝ        ၅ဝ၂ဝဝ-၂၅ဝ ဂရမ်     ၁၉၈၉၁၈ဝ    ၃ဝဝ၂ဝဝဝ   ၁ဝ၁၂၈၂ဝ     ၅ဝ        ၂၅၇ဝ   ၃၉၅ဝ       ၁၃၈ဝ         ၅၄၁၅ဝ-၂ဝဝ ဂရမ်     ၁၈၃၄၃၈ဝ   ၂၈၄၄ဝဝဝ     ၁ဝဝ၉၆၂ဝ    ၅၅        ၂၃၇ဝ    ၃၇၅ဝ       ၁၃၈ဝ        ၅၈၁ဝဝ-၁၅ဝ ဂရမ်     ၁၇၁၈၂၈ဝ   ၂၇၂၅၅ဝဝ     ၁ဝဝ၇၂၂ဝ    ၅၉        ၂၂၂ဝ    ၃၆ဝဝ       ၁၃၈ဝ        ၆၂            ယခုအပတ် မူဆယ်နယ်စပ်မှ ရေထွက်ကုန်တင်ပို့မှုများကတော့ ကန်ဒေါ်လာ ဝ ဒသမ ၈၆၄ သန်းတန်ဖိုးရှိ ငါးရှဉ့် ၃၂၂ တန်၊ ကန်ဒေါ်လာ ဝ ဒသမ ၃၇ဝ သန်းတန်ဖိုးရှိ ကဏန်း တန် ၁၂ဝ၊ ကန်ဒေါ်လာ ဝ ဒသမ ဝ၈၃ သန်းတန်ဖိုးရှိ ရေငန်ငါးမျိုးစုံ ၄၂ ဒသမ ၂၇၈ တန်နဲ့ ကန်ဒေါ်လာ ဝ ဒသမ ဝ၇၉ သန်းတန်ဖိုးရှိ ငါးဆားနယ် ၆၆ တန်ခန့်ဖြစ်ပါတယ်။ ယခင်အပတ်ကထက် ငါးရှဉ့် ၇၂၇ တန်၊ ကဏန်း ၃၉၅ တန်၊ ရေငန်ငါးမိုျးစုံ ၂၅ တန်လျော့ နည်းတင်ပို့ခဲ့ပြီး ယခင်အပတ်က တင်ပို့ခဲ့ခြင်း မရှိပေမဲ့ ယခုအပတ်မှာ ငါးဆားနယ် အပို့ရှိခဲ့ပါတယ်။        MIRT(DOBT)

အရှိန်ရဆဲ ချင်းရွှေဟော် အေးခဲအမဲသား တင်ပို့မှု

Tue, 08/09/2011 - 05:50 -- Anonymous (not verified)

အရှိန်ရဆဲ ချင်းရွှေဟော် အေးခဲအမဲသား တင်ပို့မှု            မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ဝ ဒသမ ၂၉၇ သန်း တန်ဖိုးရှိ အေးခဲအမဲသား တန် ၉ဝ ကို ဇူလိုင် ၂၇ ရက်မှ သြဂုတ် ၂ ရက်ထိ ကာလအတွင်း တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ထက် ၃၄ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ချင်းရွှေဟော်နယ်စပ်အနေနဲ့ ယခုနှစ် ဇူလိုင်လမှာ စပြီးတင်ပို့တာဖြစ်ပါတယ်။ ဇူလိုင်လတစ်လလုံး ချင်းရွှေဟော်နယ်စပ်မှ အေးခဲအမဲသား ၂၆၁ တန်တင်ပို့ထားပြီးဖြစ်ပါတယ်။ မူဆယ်နယ်စပ်မှ ယခု အပတ်မှာ အေးခဲအမဲသား ၅၇ ဒသမ ၅ တန်တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝဒသမ ၁၇၉ သန်းဖိုး တင်ပို့နိုင်ခဲ့ပြီး ယခင် အပတ်တင်ပို့မှုထက် တန် ၁၉ဝ ခန့် လျော့နည်းတင်ပို့ခဲ့တာဖြစ်ပါတယ်။       MIRT(DOBT)

နာနတ်သီးရာသီ ရောက်နေပြီ

Tue, 08/09/2011 - 05:48 -- Anonymous (not verified)

နာနတ်သီးရာသီ ရောက်နေပြီ               ဇူလိုင် ၂၇ ရက်မှ သြဂုတ်လ ၂ ရက်ထိကာလအတွင်း မှာ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှာ တစ်ဖက်နိုင်ငံသို့ တင်ပို့နေတဲ့ ရာသီချိန်သီးနံှကတော့ နာနတ်သီးပဲဖြစ်ပါတယ်။ တစ်နေ့ကို တန် ၆ဝ ခန့်အဝင်ရှိနေပြီး ၁ တန်ကို ယွမ် ၁၃ဝဝ ဝန်းကျင်ဈေးရတယ်လို့ သိရပါတယ်။ သရက်ရာသီ ကုန်ပြီ ဖြစ်လို့ သရက်သီးအကြမ်း (ရင်ခွဲ) သီးများ ဂျပ်ဖာ ၃ဝဝ ဝန်းကျင်ခန့်သာ နေ့စဉ်အဝင်ရှိနေပါတယ်။ ဖရဲသီးကားများ လည်း တစ်ရက်ကို ၁ စီးစ ၂ စီးစ အဝင်ရှိနေပြီး သခွားမွှေး များလည်း ဝင်စပြုနေပြီလို့ သိရပါတယ်။                    ယခုအပတ် မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ဝ ဒသမ ၂၄၉ သန်းတန်ဖိုးရှိ နာနတ်သီး တန် ၅၇ဝ ၊ ဖရဲသီး တန် ၁၂ဝ၊ သခွားမွှေး ၁၅ တန်နဲ့ သရက်အကြမ်းသီး တန် ၂၅ဝ ကျော်အပို့ရှိခဲ့ပါတယ်။ တစ်ဖက်နိုင်ငံမှလည်း ပန်းသီးအဝင်က ကြည့်လျှင် ကန်ဒေါ်လာ ဝ ဒသမ ၁၆၈ သန်းတန်ဖိုးရှိတဲ့ ပန်းသီးတန် ၃၇ဝ ကျော်အဝင်ရှိခဲ့တယ်လို့ သိရပါတယ်။      MIRT(DOBT)

Pages

Subscribe to RSS - ပြည်တွင်းနယ်စပ်စီးပွားရေးရာ