Main menu

Background

ပြည်တွင်းနယ်စပ်စီးပွားရေးရာ

ငါးရှဉ့်နဲ့ ရေငန်ငါးမျိုးစုံ တင်ပို့မှု ပိုမို

Mon, 09/05/2011 - 05:29 -- Anonymous (not verified)

ငါးရှဉ့်နဲ့ ရေငန်ငါးမျိုးစုံ တင်ပို့မှု ပိုမို               မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ ရေထွက်ကုန် ကုန်စည်ဒိုင်မှ သြဂုတ်လနောက်ဆုံးပတ်မှာ ကန်ဒေါ်လာ ၁ ဒသမ ၉၉၂ သန်းရှိ ငါးရှဉ့် ၃၂၄ တန်ကျော်၊ ကန်ဒေါ်လာ ၀ ဒသမ ၃၉ သန်းကျော် တန်ဖိုးရှိ ဂဏန်း ၁၅၅ တန်ခန့်နဲ့ ကန်ဒေါ်လာ ၀ ဒသမ ၂၆၈ သန်းတန်ဖိုးရှိ ရေငန်ငါး မျိုးစုံ ၃၉ တန်ခန့် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ငါးရှဉ့် ၆၆ တန်ကျော်နဲ့ ရေငန်ငါးမျိုးစုံ ၈၅ တန်ကျော် တင်ပို့မှု ပိုမိုခဲ့ပြီး ကဏန်း တင်ပို့မှုမှာတော့ ၂၄ တန်ခန့် လျော့နည်း ခဲ့ပါတယ်။ ငါးရှဉ့်အဝင်များတဲ့အတွက်ငါးရှဉ့်ဈေးကျပြီး ကဏန်းကုန်တက်နည်းတဲ့အတွက် ဈေးတော့ ယခင်အပတ် ထက် မြင့်ရခဲ့ပါတယ်။ ယခုအပတ် မူဆယ် ရေထွက်ကုန် ကုန်စည်ဒိုင်ရဲ့ ငါးရှဉ့်နဲ့ ဂဏန်းလေလံဈေးများကို ဖော်ပြပေး လိုက်ရပါတယ်                                        မိမိဘက်(ကျပ်/တန်)                         တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                              ယခု            ယခင်      ပြောင်းလဲမှု     %     ယခု     ယခင်  ပြောင်းလဲမှု    %ငါးရှဉ့်                   ၂၁၂၁၇၆၀   ၂၂၅၆၀၀၀    ၁၃၄၂၄၀     ၆    ၂၉၈၀    ၃၂၀၀   ၂၂၀           ၇ကဏန်း (ဂရမ်)၂၅၀ဂရမ်အထက်  ၂၄၂၀၈၀၀    ၂၂၂၀၇၅၀    ၂၀၀၀၅၀    ၉     ၃၄၀၀    ၃၁၅၀   ၂၅၀           ၈၂၀၀-၂၅၀ ဂရမ်   ၂၂၇၈၄၀၀     ၂၀၇၉၇၅၀     ၁၉၈၆၅၀   ၁၀   ၃၂၀၀    ၂၉၅၀   ၂၅၀           ၈၁၅၀-၂၀၀ ဂရမ်   ၂၁၃၆၀၀၀     ၁၉၃၈၇၅၀     ၁၉၇၂၅၀   ၁၀   ၃၀၀၀   ၂၇၅၀   ၂၅၀            ၉၁၀၀-၁၅၀ ဂရမ်   ၂၇၄၁၂၀၁     ၁၈၃၃၀၀၀     ၉၀၈၂၀၀    ၅၀  ၃၈၅၀   ၂၆၀၀    ၁၂၅၀        ၄၈MIRT(DOBT)

ပွဲတော်အမီ တင်ပို့နေတဲ့ တမူးအုန်းသီးဈေးကွက်

Mon, 09/05/2011 - 04:54 -- Anonymous (not verified)

ပွဲတော်အမီ တင်ပို့နေတဲ့ တမူးအုန်းသီးဈေးကွက်               သီတင်းကျွတ်လမှာ ကသည်းလူမျိုးများ အုန်းမျော ပွဲတော်အတွက် တမူးနန့်ဖာလုံဈေးကွက်မှ အုန်းသီးများ စတင်ဝယ်ယူနေတာကြောင့် အရောင်းအဝယ် သွက်နေတယ်လို့ သိရပါတယ်။ အုန်းသီးများထွက်တဲ့ ပင်လောင်း၊ ကလေး၊ ကလေးဝမှ အုန်းသီးများလည်း တမူး နန့်ဖာလုံ ဈေးကွက်သို့ စတင်တင်ပို့နေပြီလို့ သိရပါတယ်။ ဒေသတွင်း ဈေး အုန်းသီးတစ်လုံး ၁ဝဝ ကျပ်-၁၅ဝ ကျပ်ရှိနေပြီး အုန်းမျောပွဲတော်ချိန် နေ့စဉ် အုန်းသီးလုံးရေ သိန်းဂဏန်း ဝယ်ယူ တဲ့အတွက် သြဂုတ်လအတွင်းမှာ အုန်းသီးလုံးရေ ၁၁ဝဝဝ ကျော်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ သန်းသန်းတင်

ယခင်အပတ်ကထက် ပရဆေး တန် ၂၆ဝ ကျော် နယ်စပ်မှ ပိုမိုတင်ပို့နိုင်

Mon, 09/05/2011 - 04:52 -- Anonymous (not verified)

ယခင်အပတ်ကထက် ပရဆေး တန် ၂၆ဝ ကျော် နယ်စပ်မှ ပိုမိုတင်ပို့နိုင်               သြဂုတ်လ ၂၄ ရက်မှ ၃ဝ ရက်ထိကာလအတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၈၈၉ သန်း ကျော်တန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၆၁ဝ တန်ခန့်အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က ထက် တန် ၂၆ဝ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်မှာ ချင်းရွှေဟော် နယ်စပ်မှအပို့မရှိခဲ့ဘူးလို့သိရပါတယ်။ ယခုအပတ်မှာ ပိုမိုတင်ပို့ခဲ့တဲ့ ပရဆေး ကုန်ကြမ်းတွေကတော့ မိကျောင်းကွမ်းဖတ်စေ့၊ နနွင်းတက် (ရှမ်းစ)၊ နေလဲစေ့၊ မာလာဥ၊ ကြောင်ပန်းစေ့၊ ကွမ်းစားဂမုန်း၊ နနွင်းခေါင်း၊ စကားပန်းပွင့်ခြောက်နဲ့ ကျောက်ချင်း တို့ဖြစ်ပြီး အုံတုံခေါက်၊ ဒရင်ကောက်မြစ်၊ ရွေးရွက်နဲ့ တောချင်းတို့ တင်ပို့မှုကတော့ လျော့နည်းခဲ့ပါတယ်။ တမူးနယ်စပ်မှ ယခုအပတ်မှာ  ကန်ဒေါ်လာ ဝ ဒသမ ဝဝ၃၂ သန်းဖိုး တောင်လုံးကျော် ၁ တန်နဲ့ ကျောက်ချဉ် ၈ တန်အသွင်း ရှိခဲ့ပါတယ်။ ယခင်အပတ်က တောင်လုံးကျော်နဲ့ မင်သော်အသွင်းရှိခဲ့တာ ဖြစ်ပါတယ်။ MIRT(DOBT)  

ယခုအပတ် နယ်စပ်မှ အေးခဲကွဲျသားအပို့ရှိ

Mon, 09/05/2011 - 04:50 -- Anonymous (not verified)

ယခုအပတ် နယ်စပ်မှ အေးခဲကွဲျသားအပို့ရှိ                 မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်မှ ကန်ဒေါ်လာသုည ဒသမ ၉၄၇ဝ သန်း တန်ဖိုးရှိ အေးခဲကွဲျသား ၃၃၈ တန်ကျော်အပို့ရှိခဲ့ပါတယ်။ သြဂုတ် ၂၄ မှ ၃ဝ ရက်ထိကာလအတွင်း မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်စခန်းများမှ ကန် ဒေါ်လာ သုည ဒသမ ၃၉ဝ သန်းတန်ဖိုးရှိ အေးခဲအမဲသား ၁၂၄ တန်ကျော် အပို့ ရှိခဲ့ပါတယ်။ ကွဲျနွားသားရေဆားနယ်အစို ၃၉ တန်ခန့် တန်ဖိုးအားဖြင့် ကန် ဒေါ်လာသုည ဒသမ ဝ၈၈ သန်းဖိုးလည်း အပို့ရှိခဲ့ပါတယ်။ ကွဲျသားကို သြဂုတ်လ အတွင်း ယခုအပတ်မှာသာ အပို့ရှိခဲ့တာလို့သိရပါတယ်။ အေးခဲအမဲသားတင်ပို့မှုက ယခင်အပတ်ကထက် တန် ၁ဝဝ ကျော်လျော့နည်းခဲ့သော်လည်း ကွဲျနွားသားရေဆားနယ်အစို တင်ပို့မှုကတော့ ၇၄ တန်ပိုမိုခဲ့တယ်လို့ သိရပါတယ်။ သြဂုတ်လ တစ်လလုံး တိရစ္ဆာန်နဲ့ တိရစ္ဆာန်ထွက်ပစ္စည်း တင်ပို့မှုကိုကြည့်လျင် ကွဲျသား ၃၃၈ တန်၊ အေးခဲအမဲသား ၆၃၉ တန်၊ အသီးသီးဖြစ်ပါတယ်။ သြဂုတ်လ ၂၄ ရက် ကစပြီး ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုလိုက်တဲ့ ပို့ကုန်အမျိုးအစား ခုနှစ်မျိုးမှာ တိရစ္ဆာန်နဲ့ တိရစ္ဆာန်ထွက်ပစ္စည်း (ကန့်သတ်ကုန် ပစ္စည်းများမှအပ) ပါဝင်တဲ့အတွက် ယခုအပတ်မှာ ကွဲျနွားသားရေစို တင်ပို့မှုမှာ ပိုမိုသလို ကွဲျသား များလည်း အပို့ရှိလာတာတွေ့ရပါတယ်။MIRT(DOBT) 

နယ်စပ်မှ အေးခဲအမဲသားတင်ပို့မှု ပိုမို

Tue, 08/30/2011 - 06:33 -- Anonymous (not verified)

နယ်စပ်မှ အေးခဲအမဲသားတင်ပို့မှု ပိုမို               မူဆယ် ၁ဝ၅ မိုင်နဲ့ ချင်းရွှေဟော်နယ်စပ်စခန်းများမှ မန္တလေးနဲ့ မိတ္ထီလာတို့က စုဆောင်းရရှိတဲ့ အေးခဲအမဲသား များကို တစ်ဘက်နိုင်ငံကို တင်ပို့နေရာမှာ သြဂုတ်လ ၁၇ မှ ၂၃ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၇၂၉ သန်းတန်ဖိုးရှိ အေးခဲအမဲသား ၂၂၉ တန်ခန့်ကိုတင်ပို့နိုင် ခဲ့ပါတယ်။ ယခင်အပတ် က ၁၇၇ တန်သာ အပို့ရှိခဲ့တာမို့ ယခုအပတ်မှာ ၈၈ တန် တင်ပို့မှု ပိုမိုခဲ့ပါတယ်။ နယ်စပ် အလိုက် အေးခဲအမဲသားတင်ပို့မှုတွေကတော့ မူဆယ်မှ ၈၁ တန်နဲ့ ချင်းရွှေဟော်မှ ၁၄၈ တန်ခန့် ဖြစ်ရာ မူဆယ်မှ ၂ တန်၊ ချင်းရွှေဟော်မှ ၈၆ တန် အသီးသီး ယခင်အပတ်က ထက် ပိုမိုတင်ပို့နိုင်ခဲ့တာဖြစ် ပါတယ်။ မူဆယ်မှ အေးခဲ အမဲသားအပြင် ယခုအပတ်မှာ ကန်ဒေါ်လာ သုည ဒသမဝ၄၅ သန်းတန်ဖိုးရှိ ကွဲျနွားသားရေအစို ၇၉ တန်အပို့ရှိခဲ့ပြီး ယခင်အပတ်တင်ပို့မှုထက် ၉၈ တန်ခန့် တင်ပို့မှု လျော့နည်းခဲ့ပါတယ်။

စစ်တွေမှ ရေထွက်ကုန် ၁၆၅ တန် တင်ပို့

Tue, 08/30/2011 - 06:28 -- Anonymous (not verified)

စစ်တွေမှ ရေထွက်ကုန် ၁၆၅ တန် တင်ပို့               စစ်တွေနယ်စပ်မှ သြဂုတ်လ ၁၇ ရက်မှ သြဂုတ်လ ၂၃ ရက်ထိကာလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေထွက်ပစ္စည်းတင်ပို့မှု ရေချိုငါး ၁၅၈ တန်ကျော် တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၁၃ဝ သန်း၊ ရေငန်ပုစွန် ၅ တန်ကျော် တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ဝ၃၅ သန်းနှင့် ငါးနီတူ ခြောက် ၂ တန် တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ဝ၁၁ သန်း၊ စုစုပေါင်း ၁၆၅ တန်ကျော် တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၁၆၆ သန်းတင်ပို့နိုင်ခဲ့ပါတယ်။                ယခင်အပတ်က တန်ချိန် ၃၆၃ ကျော် တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၃၃၂ သန်းတင်ပို့နိုင်ခဲ့ပြီး၊ ယခု အပတ်မှာ တန်ချိန် ၁၉၈ တန် လျော့နည်းတင်ပို့ခဲ့တာ တွေ့ရ ပါတယ်။  ရေထွက်ပစ္စည်းရဲ့ မိမိဘက်မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ် ရေထွက်ကုန်        ယခုအပတ်        ယခင်အပတ်         ပြောင်းလဲမှု           ရာခိုင်နှုန်းရေချိုငါး               ၉၃ဝ-၁၉ဝဝ       ၇၇၅-၁၄၂၈           ၁၅၅ - ၄၇၂             ၁၇ - ၃၃ရေငန်ပုစွန်           ၄၂ဝဝ-၁၃၆ဝဝ     ၄၂ဝဝ-၁ဝ၅ဝဝ          - - ၃၁ဝဝ             -  -  ၃ဝ

ကဏန်း နဲ့ ရေငန်ငါးမျိုးစုံ ယခုအပတ်မူဆယ်မှ ပိုမိုတင်ပို့

Tue, 08/30/2011 - 06:25 -- Anonymous (not verified)

ကဏန်း နဲ့ ရေငန်ငါးမျိုးစုံ ယခုအပတ်မူဆယ်မှ ပိုမိုတင်ပို့                     မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ ရေထွက်ကုန် ကုန်စည်ဒိုင်မှ သြဂုတ်လ ၁၇ ရက်မှ ၂၃ ရက်ထိ ကာလ အတွင်း ကန်ဒေါ်လာ ၁ ဒသမ ၄ဝ၂ သန်း တန်ဖိုးရှိ ငါးရှဉ့် ၂၅၈ တန်ခန့်၊ ကဏန်း ၁၅၅ တန်ခန့်နဲ့ ရေငန်ငါး မျိုးစုံ ၃၉ တန်ခန့် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က တင်ပို့မှုနဲ့ နှိုင်း ယှဉ်လျှင် ကဏန်း ၂၅ တန်နဲ့ ရေငန်ငါးမိုျးစုံ ၃၆ တန် တင်ပို့မှုပိုမိုခဲ့ပြီး ငါးရှဉ့်တင်ပို့မှုကတော့ တန် ၆ဝ ခန့် တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ ယခုအပတ်မှာ ငါးရှဉ့်ဈေးမြင့်သော် လည်း ကဏန်းဈေးမှာမူ ဈေးလျော့နေပါတယ်။ အရည် အသွေး၊ ကုန်အတက် အနည်းအများပေါ်မူတည်ပြီး ဈေး အတက် အကျရှိနေတာဖြစ်ပါတယ်။ ယခုအပတ် ရေထွက် ကုန် ငါးရှဉ့်နဲ့ ကဏန်းဈေးများကို ဖော်ပြပေးလိုက်ရပါတယ်                      မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                              ယခု          ယခင်         ပြောင်းလဲမှု    %         ယခု          ယခင်      ပြောင်းလဲမှု     %ငါးရှဉ့်                 ၂၂၅၆ဝဝဝ   ၂၁ဝ၄၆၉ဝ       ၁၅၁၃၁ဝ      ၇         ၃၂ဝဝ         ၂၈ဝဝ        ၃၉ဝ         ၁၄ကဏန်း (ဂရမ်)၂၅ဝဂရမ်အထက်   ၂၂၂ဝ၇၅ဝ    ၂၅၂၄၁၃ဝ       ၃ဝ၃၃၈ဝ     ၁၄       ၃၁၅ဝ         ၃၃၇ဝ        ၂၂ဝ           ၇၂ဝဝ-၂၅ဝ ဂရမ်       ၂ဝ၇၉၇၅ဝ  ၂၃၇၄၃၃ဝ       ၂၉၄၅၈ဝ      ၁၄       ၂၉၅ဝ        ၃၁၇ဝ         ၂၂ဝ          ၇၁၅ဝ-၂ဝဝ ဂရမ်       ၁၉၃၈၇၅ဝ   ၂၂၂၄၅၃ဝ      ၂၈၅၇၈ဝ      ၁၅       ၂၇၅ဝ         ၂၉၇ဝ         ၂၂ဝ          ၈၁ဝဝ-၁၅ဝ ဂရမ်        ၁၈၃၃ဝဝဝ  ၂၁၁၂၁၈ဝ       ၂၇၉၁၈ဝ      ၁၃      ၂၆ဝဝ          ၂၈၂ဝ         ၂၂ဝ         ၈MIRT(DOBT)

ယခုအပတ် ချင်းရွှေဟော်မှလည်း ပရဆေးကုန်ကြမ်းအပို့ရှိ

Tue, 08/30/2011 - 06:23 -- Anonymous (not verified)

ယခုအပတ် ချင်းရွှေဟော်မှလည်း ပရဆေးကုန်ကြမ်းအပို့ရှိ                        သြဂုတ် ၁၇ ရက်မှ သြဂုတ် ၂၃ ရက်ထိကာလအတွင်းမှာ မြန်မာ-တရုတ် နယ်စပ်ရှိ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကျပ် ၃ သန်းကျော် တန်ဖိုးရှိ ပရဆေးကုန်ကြမ်းများဖြစ်တဲ့ ဒရင်ကောက်မြစ် ၁၅ တန်နဲ့ တောဂျင်း ၁ဝ တန်အပို့ရှိခဲ့တယ်လို့ သိရပါတယ်။ မူဆယ်နယ်စပ်မှ ပရဆေးတင်ပို့မှုဟာ ယခင် အပတ်ကဲ့သို့ တန် ၃၂ဝ ကျော်အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က တင်ပို့ခြင်းမရှိတဲ့ အုံတုံခေါက်၊ နနွင်းခေါင်း၊ ကျောက်ဂျင်း၊ တောင်လုံးကျော်၊ နေလဲစေ့နဲ့ ရွေးရွက် များကို ယခုအပတ်မှာတင်ပို့မှုရှိပြီး ဒရင်ကောက်မြစ်၊နနွင်းတက် (ရှမ်းစ)၊ မာလာဥ ခေါင်းများကို ယခင်အပတ်ကထက် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မာလာဥ၊ ကွမ်းစား ဂမုန်း၊ စကားပန်းပွင့်ခြောက်၊ မိကျောင်းကွမ်းဖတ်စေ့၊ ကြောင်ပန်းစေ့နဲ့ တောချင်း များတော့ ယခင်အပတ်ကထက် တင်ပို့မှုလျော့နည်းခဲ့တယ်လို့ သိရပါတယ်။                              တမူးနယ်စပ်မှ ယခုအပတ်မှာ တောင်လုံးကျော် ၂ တန်ခွဲနဲ့ မင်သော် တန်ဝက်ခန့် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုည ဒသမ ဝ၁၁ သန်းဖိုး အသွင်းရှိခဲ့ပါ တယ်။ ယခင်အပတ်ကတော့ ဖာလာ၊ ဇာတိပ္ဖိုလ်သီး၊ မင်သော်နဲ့ ရှိန်းခိုစသဖြင့် အမယ် ၄ မယ်ခန့် အသွင်းရှိခဲ့တာ ဖြစ်ပါတယ်။ MIRT(DOBT) 

မူဆယ်နယ်စပ်မှ ငါးရှဉ့်နဲ့ ရေငန်ငါးမျိုးစုံ အပို့ပို

Wed, 08/24/2011 - 07:14 -- Anonymous (not verified)

မူဆယ်နယ်စပ်မှ ငါးရှဉ့်နဲ့ ရေငန်ငါးမျိုးစုံ အပို့ပို                မူဆယ် ၁ဝ၅ မိုင် ရေထွက်ကုန်ကုန်စည်ဒိုင်မှတစ်ဆင့် ရေထွက်ကုန် ငါးရှဉ့်၊ ကဏန်းနဲ့ ရေငန်ငါး မျိုးစုံများကို ယခုအပတ်မှာ တင်ပို့မှုရှိခဲ့ပါတယ်။ ငါးရှဉ့် ၄၄ တန်နဲ့ ရေငန် ငါးမျိုးစုံ ၃၈ တန်ကျော် ယခင်အပတ်ကထက် ပိုမိုတင်ပို့ နိုင်ခဲ့ပြီး ကဏန်းတင်ပို့မှုမှာတော့ ၁၇ တန် လျော့နည်း တင်ပို့ခဲ့တယ်လို့ သတင်းရရှိပါတယ်။ ယခုအပတ် ရေထွက် ကုန် တင်ပို့နိုင်မှုတွေကတော့ ကန်ဒေါ်လာ ဝ ဒသမ ၁၉ သန်းတန်ဖိုးရှိ ငါးရှဉ့် ၃၁၈ တန်ခန့်၊ ကန်ဒေါ်လာ ဝ ဒသမ ၃၈၁ သန်းတန်ဖိုးရှိ ဂဏန်း တန် ၁၃ဝ ကျော်နဲ့ ကန်ဒေါ်လာ ဝ ဒသမ ၁၈၃ တန်ဖိုးရှိ ရေငန်ငါးမိုျးစုံ ၇၅ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခုအပတ်မှာ မိမိဘက် ကဏန်းဈေး ကျနေပေမဲ့ တစ်ဖက်နိုင်ငံဈေး အနည်းငယ်တက်နေပါတယ်။ ငါးရှဉ့် ဈေးကတော့ မိမိဘက်မှာရော တစ်ဘက် နိုင်ငံမှာပါ ဈေးပိုရနေပါတယ်။ ကုန်တက်နဲ့ ပစ္စည်းအရည်အသွေးကို မူတည်ပြီး ရေထွက်ကုန်ဒိုင်က ကြားခံဈေး သက်မှတ်ပေး နေတယ်လို့သိရပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံမြေပြင် ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ရပါတယ်                                          မိမိဘက်(ကျပ်/တန်)                          တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                                ယခု              ယခင်   ပြောင်းလဲမှု    %        ယခု     ယခင်  ပြောင်းလဲမှု   % ငါးရှဉ့်                   ၂၁ဝ၄၆၉ဝ       ၁၉၃၂၅ဝဝ   ၁၇၂၁၉ဝ   ၈       ၂၈၁ဝ  ၂၅ဝဝ       ၃၁ဝ        ၁၁ကဏန်း (ဂရမ်)၂၅ဝဂရမ်အထက်     ၂၅၂၄၁၃ဝ    ၂၅၄၃၁၇ဝ    ၁၉ဝ၄ဝ     ဝ .၇    ၃၃၇ဝ    ၃၂၉ဝ      ၈ဝ           ၂၂ဝဝ-၂၅ဝ ဂရမ်       ၂၃၇၄၃၃ဝ    ၂၃၈၈၅၇ဝ     ၁၄၂၄ဝ    ဝ .၆    ၃၁၇ဝ    ၃ဝ၉ဝ      ၈ဝ           ၃၁၅ဝ-၂ဝဝ ဂရမ်      ၂၂၂၄၅၃ဝ     ၂၂၃၃၉၇ဝ     ၉၄၃၅      ဝ .၄    ၂၉၇ဝ    ၂၈၉ဝ      ၈ဝ           ၃၁ဝဝ-၁၅ဝ ဂရမ်      ၂၁၁၂၁၈ဝ     ၂၁၁၈ဝ၂ဝ     ၅၈၄ဝ      ဝ .၃    ၂၈၂ဝ    ၂၇၄ဝ      ၈ဝ           ၃MIRT(DOBT)

ဝက်သားရောင်းဝယ်ရေးလုပ်ငန်းရှင်အဖွဲ့မှ ဝက်သားဈေးနှုန်း ထိန်းချုပ်သတ်မှတ်ပေးသွားမည်

Wed, 08/24/2011 - 07:10 -- Anonymous (not verified)

ဝက်သားရောင်းဝယ်ရေးလုပ်ငန်းရှင်အဖွဲ့မှ ဝက်သားဈေးနှုန်း ထိန်းချုပ်သတ်မှတ်ပေးသွားမည်                  ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်မှာ ဝက်သားတစ်ကီလိုကို ဘတ် ၁၅ဝ မှ ၁၆ဝ ဈေးမြင့်တက်လာပြီး ရောင်းအား ၅ဝ ရာခိုင် နှုန်းခန့်ထိကျဆင်းသွားတဲ့အတွက် ချင်းရိုင်းဈေးမှာ ဝက်သားရောင်းသူများအား ထိခိုက်တဲ့အပြင် စားသုံးသူပြည်သူများလည်း အဆမတန်ဈေးကြီးပေးဝယ်နေကြရပါတယ်။ ဒါ့ကြောင့် သြဂုတ်လ ၁၄ ရက်မှ ၂၂ ရက်ထိကာလအတွင်း ဝက်သားမရောင်းဟု ကြေညာခဲ့ကြတယ်လို့သိရပါတယ်။ ကုမ္ပဏီကြီးများက ဝက်သား ၁ ကီလိုဘတ် ၂၅ဝ နှုန်းနဲ့ အိမ်နီးချင်းနိုင်ငံများကို တင်ပို့ နေတာကြောင့် ပြည်တွင်းဈေးကွက်မှာ ဝက်သားပြတ်လတ်နေရတာဖြစ်ပါတယ်။                              ဝက်သားရောင်းချမှုအားအစိုးရက ထိန်းချုပ်ပေးမှုမရှိဘဲ ယခုအတိုင်းဆက်လက်ဖြစ်ပွားနေပါက နောင်တစ်ချိန်တွင် ဝက် မွေးမြူရေးသမားများအတွက် အခက်အခဲရှိနိုင်ပြီး ကုမ္ပဏီကြီးများက လက်ဝါးကြီးအုပ် ဈေးနှုန်းခုျပ်ကိုင်သတ်မှတ် လာနိုင်ဖွယ် ရှိတယ်လို့ ဝက်သားရောင်းဝယ်ရေးလုပ်ငန်းရှင်များကဆိုကြပါတယ်။                                 သြဂုတ် ၁၅ ရက် မွန်းလွဲပိုင်းမှာ ချင်းရိုင်းခရိုင်၊ ဟော့ဝိန်းရပ်ကွက်၊ ချာခမ်းဘန့်ဆန်နှောင် စားသောက်ဆိုင်မှာ ပြုလုပ်တဲ့ ဝက်သားရောင်းဝယ်ရေးလုပ်ငန်းရှင် ၈ဝ ဦးခန့် စုရုံးစည်းဝေးခဲ့ကြပြီးနောက် ယခုလို စီးပွားရေးကျဆင်းနေချိန်မှာ ပြည်သူများ ဝက်သားဈေးကြီးပေးဝယ်စားရခြင်းမရှိစေရန် ဝက်သားရောင်းဝယ်တဲ့ လုပ်ငန်းရှင်အဖွဲ့မှ ဝက်သားဈေးနှုန်းကို သတ်မှတ် ပေးသွားမယ်လို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။                              ကုမ္ပဏီကြီးများက ဝက်သားဈေးကွက်အား လက်ဝါးကြီးအုပ်ပြီး ဝက်မွေးမြူသူများထံက ဈေးနှိမ်ဝယ်ယူကာ ပြည်ပသို့ တင်ပို့ရောင်းချနေတာကြောင့် ဝက်မွေးမြူမှုမှာ ဝင်ငွေလျော့နည်းထိခိုက် လာနိုင်ခြင်း၊ ပြည်တွင်းစားသုံးရန် လုံလောက်မရှိသဖြင့် ဈေးကြီးပေးဝယ်စားရခြင်းတို့ကြောင့် လုပ်ငန်းရှင်များ စုပေါင်းပြီးဝက်သားဈေးနှုန်းထိန်းချုပ်သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ပါတယ်။ Source: ထိုင်းရက်သတင်းစာ၊ကျော်လင်းထွန်း

Pages

Subscribe to RSS - ပြည်တွင်းနယ်စပ်စီးပွားရေးရာ