Main menu

Background

ပြည်တွင်းနယ်စပ်စီးပွားရေးရာ

ယခုအပတ် နယ်စပ်မှ ပရဆေးအပို့လျော့

Mon, 09/26/2011 - 04:38 -- Anonymous (not verified)

ယခုအပတ် နယ်စပ်မှ ပရဆေးအပို့လျော့                         ယခုအပတ်မှာ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ သုညဒသမ ၅၈၈ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၃၁၈ တန်ကျော်အပို့ရှိခဲ့ပြီး ယခင်အပတ်တင်ပို့မှုထက် ၂၉၁ တန် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ ယခု အပတ်မူဆယ်နယ်စပ်မှ တင်ပို့တဲ့ ပရဆေး ကုန်ကြမ်းတွေက မိကျောင်းကွမ်းဖတ်စေ့၊ နနွင်းတက် (ရှမ်းစ)၊ ကွမ်းစားဂမုန်း၊ ချဉ်ပေါင်ဖာလာ (အခွံပါ/အခွံမပါ)၊ ကြောင်လျာစေ့၊ ကြောင်ပန်းစေ့၊ တစေး၊ အုံတုံခေါက်၊ တောချင်း၊ နေလဲစေ့နဲ့ တောင်လုံးကျော်တို့ဖြစ်ပါတယ်။ ယခင် အပတ် ကတင်ပို့နိုင်ခြင်းမရှိတဲ့ ချဉ်ပေါင်ဖာလာ၊ ကြောင်လျာစေ့၊ တစေးနဲ့ တောင်လုံး ကျော်တို့ ယခုအပတ်မှာ အပို့ရှိပေမဲ့ ယခင်အပတ်ကအပို့ရှိခဲ့တဲ့ မာလာဥ၊ မာလာဥ ခေါင်း၊ နနွင်ခေါင်း၊ ဖန်ခါးသီးခြောက်၊ စကားပန်းပွင့်ခြောက် ၊ ရှားစေး၊ ကျောက်ချင်း၊ ဒရင်ကောက်မြစ်နဲ့ ရွေးရွက်တို့တော့ ယခုအပတ် တင်ပို့နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါ့ကြောင့်မို့ ယခုအပတ်မှာ ပရဆေးတင်ပို့မှု အမယ်ရော၊ ပမာဏပါလျော့နည်းခဲ့ တာ ဖြစ်ပါတယ်။                    တမူးနယ်စပ်ကနေ ကန်ဒေါ်လာ ၂၀၀ တန်ဖိုးရှိ တောင်လုံးကျော် ၁ တန်သာ ယခုအပတ်မှာ အသွင်းရှိခဲ့ပါတယ်။           MIRT(DOBT) 

နယ်စပ်မှ အေးခဲအမဲသားတင်ပို့မှု ပိုမို

Mon, 09/26/2011 - 04:36 -- Anonymous (not verified)

နယ်စပ်မှ အေးခဲအမဲသားတင်ပို့မှု ပိုမို                    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး စခန်းတွေကနေ သြဂုတ်လ ၃၁ ရက်မှ စက်တင်ဘာလ ၆ ရက်ထိကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၅၂၀၈ သန်းတန်ဖိုးရှိ အေးခဲအမဲသား ၁၅၇ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၃၃ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် တင်ပို့နိုင်မှုကတော့ မူဆယ်မှ ၆၂ တန်ကျော်နဲ့ ချင်းရွှေဟော်မှ ၉၅ တန်ကျော် အသီးသီး ဖြစ်ပါတယ်။ အေးခဲအမဲသားအပြင် ယခုအပတ်မှာ အေးခဲကျွဲသား ၂၈ တန်ကန်ဒေါ်လာသုညဒသမ ၀၇၈ သန်းဖိုး အပို့ရှိခဲ့ပြီး ယခင် အပတ်ကတော့ ၃၃၈ တန်တင်ပို့ခဲ့တာဖြစ်ပါတယ်။  MIRT(DOBT)  

မြန်မာ့ပို့ကုန်ပစ္စည်းများ နယ်စပ်မှတင်ပို့မှု

Mon, 09/26/2011 - 04:30 -- Anonymous (not verified)

မြန်မာ့ပို့ကုန်ပစ္စည်းများ နယ်စပ်မှတင်ပို့မှု                  မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများတင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁၀၅မိုင် ကုန်သွယ်ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-                                                      ယခုအပတ်                                    ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ        မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး        မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး        ပြောင်းလဲမှု                                              (ကျပ်)           (ယွမ်)                          (ကျပ်)     (ယွမ်)ပဲတီစိမ်း          တန်               ၅၇၅၂၈၀         ၅၄၀၀                          ၅၇၈၃၄၂   ၅၅၀၀ပြောင်းဖူးစေ့   တန်                ၁၉၈၅၉၉          ၁၈၄၀                        ၁၉၅၈၉၅    ၁၇၅၀နှမ်းဖြူ            တန်                ၈၆၃၀၀၀          ၇၅၀၀                        ၈၆၄၅၁၄    ၇၅၀၀မြင့်ဆွေ                     မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက် အိန္ဒိယနိုင်ငံသို့ ကွမ်းသီး၊ မုန့်မျိုးစုံ၊ မဝတ်တီရှပ်တို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ ရိဒ်ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်-                                                   ယခုအပတ်                                      ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ        မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး         မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး  ပြောင်းလဲမှု                                                  (ကျပ်)         (ရူပီး)                       (ကျပ်)          (ရူပီး)ကွမ်းသီး         တန်                  ၈၉၂၅၀၀        ၅၈၀၀၀                   ၈၉၂၅၀၀         ၅၄၀၄၀မုန့်မျိုးစုံ         ကီလို                   ၁၃၀၀            ၁၀၀                        ၁၃၀၀             ၁၀၀မဝတ်တီရှပ်    ဒါဇင်                   ၈၀၀၀            ၉၃၀                        ၈၀၀၀             ၉၃၀ဆွေဆွေဝင်း

ယခုအပတ် နယ်စပ်မှ ရော်ဘာ အပို့ ပိုလျက်ရှိ

Sun, 09/25/2011 - 05:02 -- Anonymous (not verified)

ယခုအပတ် နယ်စပ်မှ ရော်ဘာ အပို့ ပိုလျက်ရှိ                      အိမ်နီးချင်းနိုင်ငံများသို့ နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် ရော်ဘာအဆင့်စုံများ တင်ပို့လျက်ရှိရာ စက်တင်ဘာ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၃ ဒသမ ၆၉၈ သန်း တန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၈၂၂ ဒသမ ၂၄ တန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၆၃၅ သန်း တန်ဖိုးရှိ ရော်ဘာဖြတ်စ ၁၄ ဒသမ ၆ တန်အပို့ရှိခဲ့ပါတယ်။ ယခင် အပတ်ကထက် ရော်ဘာအဆင့်စုံ ၁၅၃ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ နယ်စပ်အလိုက် ရော်ဘာ တင်ပို့ နိုင်မှုများကတော့ မူဆယ်မှ RSS-3  ၁၉၃ တန်၊MSR-20  တန် ၁၅၀ ကျော်နဲ့MSR-50 ၁၉ တန်ခန့် ၊ ချင်းရွှေဟော်မှ RSS-3  တန် ၆၀ နဲ့MSR-20  တန် ၁၀၀ ၊ မြိတ်မှ RSS-3  တန် ၁၀၀၊MSR-20  တန် ၁၀၀နဲ့MSR-50 တန် ၁၀၀ အသီးသီးတင်ပို့ခဲ့ပါတယ်။ နယ်စပ် ကုန်သွယ်ရေးစခန်းများရဲ့ ယခုအပတ် ရော်ဘာအဆင့်လိုက်တင်ပို့မှုတွေကတော့ RSS-3 ၃၅၃ တန်၊ MSR-20 ၃၅၀ ကျော်နဲ့MSR-50 ၁၁၉ တန်ခန့်ဖြစ်ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ရော်ဘာဈေးများ ဖော်ပြပေးလိုက်ပါတယ်-                                               မိမိဘက်(ကျပ်/တန်)                    တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                         ယခု               ယခင်        ပြောင်းလဲမှု   %      ယခု         ယခင်  ပြောင်းလဲမှု    %RSS - 3          ၃၄၁၃၈၀၀       ၃၄၁၃၈၀၀         -            -      ၄၄၆၄      ၄၃၆၃      ၁            ၀ .၀၁RSS - 5          ၃၃၀၀၃၁၉       ၃၃၀၀၃၁၉         -            -      ၄၃၀၈       ၄၃၀၇     ၁            ၀ .၀၂MIRT (DOBT)

ပင်လယ်ရေကြောင်းမှာ ရော်ဘာအပို့ သိသိသာသာ အပြောင်းအလဲမရှိ

Sun, 09/25/2011 - 04:41 -- Anonymous (not verified)

ပင်လယ်ရေကြောင်းမှာ ရော်ဘာအပို့ သိသိသာသာ အပြောင်းအလဲမရှိ                စက်တင်ဘာ ၄ ရက်မှ ၁၀ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာတန်ချိန် ၁၂၀၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၅၁၆ သန်းဖိုးကို မလေးရှား တစ်နိုင်ငံထဲကို တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တန် ၁၄၀ တင်ပို့ခဲ့တာကြောင့် တင်ပို့မှု သိသိသာသာအပြောင်းအလ ဲမရှိတာတွေ့ရပါတယ်။ မိုးရွာသွန်းမှု မပြတ်သေးတာ ကြောင့် ရော်ဘာ မထုတ် လုပ်နိုင်သေးဘဲ လက်ကျန်နည်းနေတာကြောင့် တင်ပို့မှုနည်းတာဖြစ်ကြောင်း သိရပါတယ်။ နယ်စပ် ကုန်သွယ်ရေးကတော့ ယခုအပတ်မှာ (၈၂၂) တန်တင်ပို့တာတွေ့ရပါတယ်။ FOB ရန်ကုန်ဈေးတွေကတော့ RSS-3 နဲ့ MSR-20  တစ်တန်ကို ၄၄၀၀ ဒေါ်လာနဲ့ RSS-5  တစ်တန်ကို ၄၃၀၀ ဒေါ်လာဈေးပေါက်ကြောင်း သိရပါတယ်။ KZW 

ချင်းရွှေဟော်မှ ယခုအပတ် ကဏန်းအရှင် အပို့ရှိ

Sun, 09/25/2011 - 04:35 -- Anonymous (not verified)

ချင်းရွှေဟော်မှ ယခုအပတ် ကဏန်းအရှင် အပို့ရှိ                         ယခုအပတ် ချင်းရွှေဟော်နယ်စပ်မှလည်း ကဏန်းအရှင် တင်ပို့မှုရှိတာ တွေ့ရပါတယ်။ ကန်ဒေါ်လာ ၈၇၅၀ တန်ဖိုးရှိ ကဏန်းအရှင် ၂ ဒသမ ၆၁၆ တန် တင်ပို့ခဲ့တာဖြစ်ပါတယ်။ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၉၇၂သန်းတန်ဖိုး ရှိ ငါးရှဉ့် ၃၃၄ တန်ကျော်၊ ကန်ဒေါ်လာ သုည ဒသမ ၄၇၃ သန်းတန်ဖိုးရှိ ကဏန်း ၁၅၁ တန်ခန့်၊ ကန်ဒေါ်လာ သုညဒသမ ၂၅၆ သန်းတန်ဖိုးရှိ ရေငန်ငါး မျိုးစုံ တန် ၁၀၀ နဲ့ ကန်ဒေါ်လာ ၀ ဒသမ ၅၃၆ သန်းတန်ဖိုးရှိ ငါးဆားနယ် ၄၅ တန်ခန့် အပို့ရှိခဲ့ပါတယ်။ ယခုအပတ်မှာ ငါးရှဉ့်နဲ့ ငါး ဆားနယ် အပို့ပိုပြီး ရေငန်ငါးမျိုးစုံ အပို့လျော့ခဲ့ပါတယ်။ ယခု အပတ်မှာ ရေထွက်ကုန်ဈေးများ ကျနေတာ တွေ့ရပါတယ်။ ယခင်အပတ်ကထက် ကုန်တက်ပိုမိုတဲ့ အခါမျိုးနဲ့ အရည်အသွေးပေါ်မူတည်ပြီး ဈေးအတက်အကျ အပြောင်း အလဲရှိတတ်တာ ဖြစ်ပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံ ကဏန်းနဲ့ငါးရှဉ့် မြေပြင်ဈေးများ နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်-  မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                               ယခု             ယခင်      ပြောင်းလဲမှု   %         ယခု        ယခင်  ပြောင်းလဲမှု    %ငါးရှဉ့်                 ၂၀၀၁၆၈၀     ၂၃၅၀၆၀၀     ၃၄၈၉၂၀    ၁၅       ၂၆၂၀     ၃၂၂၀     ၆၀၀           ၁၉ကဏန်း (ဂရမ်)၂၅၀ဂရမ်အထက်   ၂၇၁၂၂၀၀     ၂၇၇၄၀၀၀     ၆၁၈၀၀       ၂        ၃၅၅၀     ၃၈၀၀     ၂၅၀             ၇၂၀၀-၂၅၀ ဂရမ်     ၂၅၅၉၄၀၀     ၂၆၂၈၀၀၀     ၆၈၆၀၀       ၃        ၃၃၃၀     ၃၆၀၀     ၂၇၀           ၇ .၅၁၅၀-၂၀၀ ဂရမ်     ၂၄၀၆၆၀၀     ၂၄၈၂၀၀၀    ၇၅၄၀၀        ၃        ၃၁၅၀     ၃၄၀၀     ၂၅၀           ၇ .၃၁၀၀-၁၅၀ ဂရမ်     ၂၂၉၂၀၀၀     ၂၃၇၂၅၀၀    ၈၀၅၀၀        ၃        ၃၀၀၀     ၃၂၅၀     ၂၅၀           ၇ .၇MIRT(DOBT)

နယ်စပ်မှ ပရဆေးအပို့ပို

Sun, 09/25/2011 - 04:34 -- Anonymous (not verified)

နယ်စပ်မှ ပရဆေးအပို့ပို                     စက်တင်ဘာ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၀ ဒသမ ၆၁၆ သန်းတန်ဖိုးရှိ ပရဆေး ၄၀၃ တန်ခန့် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၈၅ တန်ကျော် တင်ပို့မှု ပိုမိုခဲ့ပါတယ်။ ယခုအပတ်နယ်စပ်မှ အပို့ရှိတဲ့ ပရဆေး ကုန် ကြမ်းတွေကတော့ နနွင်းတက် (ရှမ်းစ)၊ မိကျောင်း ကွမ်းဖတ်စေ့၊ ကြောင်ပန်းစေ့၊ ကွမ်းစားဂမုန်း၊ ဝဥခြောက်၊ ငရုတ် ကောင်း၊ ရွေးရွက်၊ အုံတုံခေါက်၊ ALOSE  (မုတ်ခါး) ၊ ဆေးမြင်းခွာ၊ မာလာဥ၊ ဒရင်ကောက်မြစ်၊တောဂျင်း၊ ကြောင်လျာစေ့၊ တောဂျူးမြစ်နဲ့ တောင်လုံးကျော်တို့ဖြစ်ပါတယ်။ ယခင်အပတ်ကထက် နနွင်းတက် (ရှမ်းစ)၊ ကြောင်ပန်းစေ့တို့ အပို့ပိုပြီး ယခင်အပတ်က တင်ပို့ခဲ့ခြင်းမရှိတဲ့ ဝဥခြောက်၊ ငရုတ်ကောင်း၊ ရွေးရွက်၊ မုတ်ခါး၊ ဆေးမြင်းခွာ၊ မာလာဥ၊ ဒရင်ကောက်မြစ်တို့ကိုတော့ ယခုအပတ်မှာ အပို့ရှိခဲ့တာ ဖြစ်ပါတယ်။ သွင်းကုန်အနေနဲ့ကတော့ တမူးနယ်စပ်မှ ကန် ဒေါ်လာ သုညဒသမ ၀၀၀၅ သန်း တန်ဖိုးရှိ တောင်လုံးကျော် ၂ တန်သာ အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၁ တန် ပိုသွင်းခဲ့တာဖြစ်ပါတယ်။ MIRT(DOBT)

မိုးတွင်းကာလ တမူးကို ကုန်ဝင်ရောက်မှု လျော့နည်း

Sun, 09/25/2011 - 04:32 -- Anonymous (not verified)

မိုးတွင်းကာလ တမူးကို ကုန်ဝင်ရောက်မှု လျော့နည်း                    မိုးတွင်းကာလဖြစ်တဲ့အတွက် သြဂုတ် ၆ ရက်က စပြီး စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းဒေသများမှာ မိုး အဆက် မပြတ် ရွာသွန်းမှုများရှိခဲ့ပြီး မုံရွာ-ဂန့်ဂေါ-ကလေး -တမူး လမ်းမကြီးတစ်လျှောက် လမ်းတံတားပျက်စီးမှုများ ဖြစ်ပေါ် ခဲ့ပါတယ်။ လမ်းတစ်လျှောက် ရွှံ့ဗွက်တန်းများ ဖြစ်ပေါ်နေမှု ကြောင့် ယာဉ်ကြီးများဖြတ်သန်းရာမှာ အချိန်ကြန့်ကြာမှုများ ဖြစ်ပေါ်ခြင်း၊ ယာဉ်ပိတ်ဆို့မှုများ ဖြစ်ပေါ်ခြင်း၊ တံတားများ အား ရှောင်ကွင်းသွားရသော ချောင်းဖြတ်ကွင်းများမှာလည်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဖြတ်သန်း၍ မရခြင်း တို့ကြောင့် ကုန်တင်ယာဉ်များ ဝင်ရောက်မှု နှောင့်နှေးကြန့် ကြာလျက် ရှိနေပါတယ်။ ဒါ့အပြင် မုံရွာ-ဂန့်ဂေါ်-ကလေး လမ်းတစ်လျှောက်တွင်လည်း တန်ပို သယ်ဆောင်မရသဖြင့် ၁၂ ဘီးကားများ လာရောက်မှုမရှိတော့ဘဲ ၈ ဘီး ၊ ၁၀ ဘီး ကုန်တင်ယာဉ်ငယ်များနဲ့သာ တန်ချိန်လျှော့သယ်နေကြရတဲ့ အတွက် တမူးနယ်စပ်သို့ ကုန်ပစ္စည်း ဝင်ရောက်မှု လျှော့နည်း လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။ Source: နကသ၊ MIRT (DOBT)

စစ်တွေနယ်စပ်မှ ရေထွက်ကုန် တန် ၁၈၀ ကျော် အပို့ရှိ

Sun, 09/25/2011 - 04:29 -- Anonymous (not verified)

စစ်တွေနယ်စပ်မှ ရေထွက်ကုန် တန် ၁၈၀ ကျော် အပို့ရှိ                  စစ်တွေနယ်စပ်မှ စက်တင်ဘာ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေထွက်ပစ္စည်း တင်ပို့မှုမှာ ကန်ဒေါ်လာ ၁ ဒသမ ၃၇၉ သန်း တန်ဖိုးရှိ ရေချိုငါး ၁၆၇ တန်ကျော်၊ ကန်ဒေါ်လာ ၀ ဒသမ ၀၁၉ သန်းတန်ဖိုးရှိ ငါးနီတူ ခြောက် ၁၄ တန် ၊ စုစုပေါင်း ၁၈၁ တန် တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၅၇၃ သန်း တင်ပို့နိုင်ခဲ့ပါတယ်။                  ယခင်အပတ်က ရေထွက်ကုန်တင်ပို့မှု မရှိဘဲ ယခုအပတ်မှာ ရေထွက်ကုန် ရေချိုငါး ၊ ငါးနီတူခြောက်၊ တင်ပို့လာတာတွေ့ရပါတယ်။ ရေထွက်ကုန်ပစ္စည်းများရဲ့ မိမိဘက်မြေပြင်ပေါက်ဈေးများကတော့ ရေချိုငါး ၁ တန် ဒေါ်လာ ၇၇၅ မှ ၁၄၂၈ ထိဈေးနဲ့ ငါးနီတူခြောက် ၁ တန် ဒေါ်လာ ၁၃၉၀ ဈေးပေါက်လျက်ရှိပြီး ဈေးနှုန်း ပြောင်းလဲမှုမရှိကြောင်းသိရပါတယ်။ တင်တင်ထွန်း တင်တင်ထွန်း(MIRT )

မြန်မာ့ပို့ကုန်ပစ္စည်းများ နယ်စပ်မှတင်ပို့မှု

Fri, 09/23/2011 - 11:09 -- Anonymous (not verified)

မြန်မာ့ပို့ကုန်ပစ္စည်းများ နယ်စပ်မှတင်ပို့မှု                     မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တော ထွက်ပစ္စည်းများတင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁၀၅မိုင် ကုန်သွယ်ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-                                                     ယခုအပတ်                              ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ          မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး       မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး         ပြောင်းလဲမှု                                                (ကျပ်)       (ယွမ်)                        (ကျပ်)       (ယွမ်)ပဲတီစိမ်း            တန်                  ၆၀၉၃၁၄       ၅၈၀၀                    ၅၇၅၂၈၀        ၅၄၀၀ပြောင်းဖူးစေ့     တန်                   ၂၀၂၄၅၇       ၁၈၂၀                    ၁၉၈၅၉၉       ၁၈၄၀နှမ်းဖြူ              တန်                    ၈၅၃၀၀၀      ၇၇၀၀                     ၈၆၃၀၀၀     ၇၅၀၀မြင့်ဆွေ                         မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက် အိန္ဒိယနိုင်ငံသို့ ကွမ်းသီး၊ မုန့်မျိုးစုံ၊ မဝတ်တီရှပ်တို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ ရိဒ်ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်-                                               ယခုအပတ်                               ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ     မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး       မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု                                         (ကျပ်)        (ရူပီး)                       (ကျပ်)         (ရူပီး)ကွမ်းသီး          တန်             ၈၉၂၅၀၀     ၅၈၀၀၀                   ၈၉၂၅၀၀        ၅၈၀၀၀မုန့်မျိုးစုံ           ကီလို             ၁၃၀၀         ၁၀၀                        ၁၃၀၀           ၁၀၀မဝတ်တီရှပ်       ဒါဇင်           ၈၀၀၀          ၉၃၀                         ၈၀၀၀        ၉၃၀ဆွေဆွေဝင်း                               မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောနယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ငါးနီတူခြောက်၊ ရေငန်ပုစွန်၊ ငါးစုံလေးခြောက်တို့ တင်ပို့ လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ စစ်တွေပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္ကနက် ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် -                                                ယခုအပတ်                                      ယခင်အပတ်ပစ္စည်းအမည်   ရေတွက်ပုံ        မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး         မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး            ပြောင်းလဲမှု                                               (ကျပ်)        (ရူပီး)                       (ကျပ်)         (ရူပီး)ငါးနီတူခြောက်     တန်                 ၉၇၅၀၀        ၉၃၇၅၀                  ၉၇၅၀၀        ၉၃၇၅၀ရေငန်ပုစွန်          တန်                ၄၁၇၅၉၄၀     ၃၈၈၄၆၀               ၄၁၇၅၉၄၀     ၃၈၈၄၆၀ငါးစုံလေးခြောက်  တန်                 ၃၄၅၀၀၀       ၃၃၁၇၃                ၃၄၅၀၀၀        ၃၃၁၇၃ဆွေဆွေဝင်း

Pages

Subscribe to RSS - ပြည်တွင်းနယ်စပ်စီးပွားရေးရာ