Main menu

Background

ပြည်တွင်းနယ်စပ်စီးပွားရေးရာ

နယ်စပ်မှ အေးခဲအမဲသား အပို့ ပို

Mon, 05/14/2012 - 07:26 -- Anonymous (not verified)

    ဧပြီလ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒဿမ ၆၄၂ သန်းတန်ဖိုးရှိ မူဆယ်မှ အေးခဲအမဲသား ၁၂၄ တန်ကျော်နဲ့  ချင်းရွှေဟော်မှ  ၄၅ တန်ခန့်ကို အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ၈၂ တန်ကျော် အပို့ပိုခဲ့ပါတယ်။ ဒါ့အပြင် မူဆယ်မှ နွားကြော ၉ တန်၊ နွားသားရေ ၁၆၉ တန်ခန့် တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၁၁၆ သန်းဖိုးနဲ့ ချင်းရွှေဟော်မှ နွားဘေးထွက် ၂ တန်ကျော် ကန်ဒေါ်လာ သုည ဒသမ ၀၀၂ သန်းဖိုးတင်ပို့မှုရှိခဲ့တယ်လို့သိရပါ တယ်။  MIRT (DOBT)

သခွားမွှေး ပို့အား ကျသထက်ကျ

Mon, 05/14/2012 - 07:24 -- Anonymous (not verified)

     ရာသီချိန်ကုန်ပြီးဖြစ်လို့ သခွားမွှေးတင်ပို့မှုများ ကျသထက်ကျလျက်ရှိရာ ဧပြီလ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၄၂၈ သန်းတန်ဖိုးရှိ သခွားမွှေး ၁၉၅၆ တန်သာ တင်ပို့နိုင် ပါတော့တယ်။ တစ်နေ့ကို သခွားမွှေးကား ၂ စီးမှ ၃ စီးသာ အတက်ရှိတာဖြစ်ပါတယ်။ ရာသီချိန်ကုန်လာ တာနဲ့အမျှ လဆန်းပထမပတ်မှာ တန် ၄၀၀၀ ကျော်၊ ဒုတိယပတ်မှာ တန် ၃၅၀၀ ကျော်နဲ့ ယခုတတိယပတ်မှာ တန် ၂၀၀၀ နီးပါးသာ အပို့ရှိတော့တာဖြစ်ပါတယ်။MIRT (DOBT)

မြန်မာနှစ်သစ်ကူးလွန်ကာလဆန် တန် ၆၀၀၀ ကျော် နယ်စပ်မှအပို့ရှိ

Mon, 05/14/2012 - 07:22 -- Anonymous (not verified)

    မြန်မာနှစ်သစ်ကူးလွန်ကာလဖြစ်တဲ့ ဧပြီလ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၂ ဒသမ ၆၄၄ သန်းတန်ဖိုးရှိ ဆန် ၆၀၁၄ ဒသမ ၁၅၆ တန်အပို့ရှိခဲ့ရာ သြင်္ကန်အကြိုအပတ်ကထက် တန်ချိန် ၅၈၆၀ ကျော် အပို့ပိုခဲ့ပါတယ်။ နယ်စပ်အလိုက်တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ ဧည့်မထ ၁၀ မှတ် တန် ၅၀၀၀ ကျော်နဲ့ ဆန်ကွဲ ၆၃ တန်၊ လွယ်ဂျယ်မှ ငစိန် ၃၇၈ တန်ကျော်၊ ချင်းရွှေဟော်မှ ငစိန် တန် ၅၀၀ နဲ့ ကန်ပိုက်တီးမှ ဧည့်မထ ၂၅ မှတ် ၆၂ တန်ကျော်တင်ပို့ခဲ့တာ ဖြစ်ပါတယ်။                                                                                                                                                                                                                                                           MIRT (DOBT)

သြင်္ကန်လွန်ကာလမှာ ဖရဲသီး ပို့အားကောင်း

Mon, 05/14/2012 - 07:19 -- Anonymous (not verified)

     မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်နဲ့ ကန် ပိုက်တီး နယ်စပ်များမှ ဧပြီလ ၁၈ ရက်မှ ၂၄ ရက်ထိကာလ အတွင်းမှာ ကန်ဒေါ်လာ ၂ ဒသမ ၇၇၄ သန်းတန်ဖိုးရှိ ဖရဲသီး ၁၇၅၉၃ တန်ဝန်းကျင်အပို့ရှိခဲ့ ပါတယ်။မူဆယ်မှ ၁၇၁၂၃ တန်ကျော်၊ လွယ်ဂျယ်မှ ၂၂၉ တန်နဲ့ ကန်ပိုက်တီးမှ ၂၄၁ တန်ဝန်းကျင်အသီးသီး တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခုရက်ပိုင်း အတွင်းမူဆယ်ကို ဖရဲသီးကားတွေ တစ်နေ့ကိုအစီး ၁၀၀ ဝန်း ကျင် အဝင်ရှိနေတယ်လို့ သိရပါတယ်။    MIRT (DOBT)

မူဆယ်နယ်စပ်မှ ပရဆေးအပို့ကောင်း

Mon, 05/14/2012 - 07:18 -- Anonymous (not verified)

    ဧပြီလ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၄၁၁ သန်းတန်ဖိုးရှိ ပရဆေး ကုန်ကြမ်း ၈၁၅ တန်ကျော်ကို မူဆယ်နယ်စပ်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၀၅ သန်းတန်ဖိုးရှိ ဒရင်ကောက်မြစ် တန် ၂၀ ကို ချင်းရွှေဟော် နယ်စပ်မှ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ပရဆေးကုန်ကြမ်း တန် ၄၅၀ ကျော် နယ်စပ်မှ အပို့ပိုခဲ့တာဖြစ်တယ်။

သြင်္ကန်ကာလအလွန် ထိုင်းနယ်စပ်မှ ရေထွက်ကုန် တင်ပို့မှု တန် ၄၀၀၀ ကျော်ထိရှိ

Mon, 05/14/2012 - 07:16 -- Anonymous (not verified)

    မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီ၊ ကော့သောင်းနဲ့ မြိတ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဧပြီလ ၁၈ ရက်မှ ၂၄ ရက် ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ ၃ ဒသမ ၆၈၉ သန်း တန်ဖိုးရှိ ရေထွက်ကုန် ၄၀၀၂ တန် ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက်တင်ပို့မှုတွေကတော့  မြဝတီ နယ်စပ်မှ ငါး မျိုးစုံ ၁၃ တန်ကျော် ပုစွန် သုည ဒသမ ၆ တန်ကျော်၊ ကဏန်း ၄ တန်ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုည  ဒသမ ၀၄၉ သန်း တန်ဖိုးတင်ပို့ခဲ့ရာ ယခင်အပတ်ကထက် ၈ တန်ကျော်အပို့ပိုခဲ့ပါတယ်။  ကော့သောင်း

ပထမအဆင့်အနေနဲ့ တင်သွင်းခွင့်ပြုသော စားသောက်ကုန်ပစ္စည်း ငါးမျိုးအား နယ်စပ်မှ တင်သွင်းထားမှုအခြေအနေ

Mon, 05/14/2012 - 07:13 -- Anonymous (not verified)

    ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှစပြီး စားသောက်ကုန်ပစ္စည်းများဖြစ်တဲ့ အချိုမှုန့်၊ အချိုရည်၊ ဘီစကစ်မျိုးစုံ၊ စည်သွပ်ဘူးများ (အသားနှင့်သီးစုံ) နဲ့ ခေါက်ဆွဲခြောက်အမျိုးမျိုးကို ပထမအဆင့်အနေနဲ့ ကျန်းမာရေး ဝန်ကြီး ဌာန၊ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန(FDA) ရဲ့ ထောက်ခံချက်ပါရှိပါက နယ်စပ်ကုန်သွယ်ရေး စခန်းများမှ တင်သွင်းခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါတယ်။

မူဆယ်နယ်စပ်မှ ဝက်နဲ့ ဆိတ်အရှင် အပို့ရှိ

Mon, 05/14/2012 - 07:11 -- Anonymous (not verified)

ဧပြီ ၁၁ ရက်မှ ၁၇ ရက်ထိ ကာလအတွင်းမှာ မူဆယ်နယ်စပ်မှ တစ်ဆင့် တစ်ဖက်နိုင်ငံသို့  ကန်ဒေါ်လာ သုည ဒသမ ၀၀၄ သန်းတန်ဖိုးရှိ ဝက်အရှင် အကောင် ၆၀ နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၁၃ သန်းတန်ဖိုးရှိ ဆိတ်အရှင် အကောင် ၃၀၀ လည်းအပို့ရှိခဲ့တယ်လို့ သိရှိရပါတယ်။  MIRT (DOBT)

သြင်္ကန်အပြီး ရိဒ်နယ်စပ်က ဝက်ပုံမှန်တင်ပို့

Mon, 05/14/2012 - 07:09 -- Anonymous (not verified)

ဧပြီ ၄ ရက်မှ ၁၀ ရက်ထိကာလမှာ ရိဒ်နယ်စပ်မှ ကျပ် ၂၅ ဒသမ ၆၄၉ သန်းတန်ဖိုးရှိ  ဝက်အရှင် ၁၈၇၂၂ ကီလိုဂရမ် တင်ပို့မှုရှိခဲ့ပြီး ဧပြီ ၁၁ ရက်မှ ၁၇ ရက်ထိကာလမှာ ကျပ် ၁၆ ဒသမ ၅၄၉ သန်းတန်ဖိုးရှိ  ဝက်အရှင် ၁၂၀၈၀ ကီလိုဂရမ်တင်ပို့နိုင်ခဲ့ပါတယ်။ သြင်္ကန်ကာလဖြစ်လို့  ကီလို ၆၀၀၀ ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။ ဧပြီ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၀၃၃ သန်း တန်ဖိုးရှိ ဝက်အရှင် ကီလို ၁၉၅၄၇ ကို ရိဒ်နယ်စပ်မှ အပို့ရှိခဲ့ရာ ယခင်အပတ် ကထက် ကီလို ၇၄၆၇ အပို့ပိုခဲ့ပါတယ်။MIRT (DOBT)

မူဆယ်မှ အေးခဲအမဲသား အပို့ပို

Mon, 05/14/2012 - 07:08 -- Anonymous (not verified)

ဧပြီ ၄ ရက်မှ ၁၀ ရက်ထိကာလအတွင်းမှာ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ ၁ ဒဿမ ၀၄၄ သန်းတန်ဖိုးရှိ အေးခဲအမဲသား ၂၇၄ ဒသမ ၇၂၅ တန်၊ ကန်ဒေါ်လာ သုည ဒသမ ၀၄၂ သန်းတန်ဖိုးရှိ နွားကြော ၅၄ တန်ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၄၅ သန်းတန်ဖိုးရှိ ကျွဲနွားသားရေ ၆၈ တန် အပို့ရှိခဲ့ပြီး ချင်းရွှေဟော်နယ်စပ်မှ ကန်ဒေါ်လာ ၀ ဒသမ ၁၅၈ သန်းတန်ဖိုးရှိ အေးခဲအမဲသား ၄၁ ဒသမ ၆၆၂ တန် တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၁၅၄ သန်း တန်ဖိုးရှိ ကျွဲနွားကလီစာ ၃၆ တန်ကျော်၊ အမဲခြောက် ၂၄ တန်ခန့်နဲ့ အမဲအူကြမ်း ၁၀ တန်ခန့်လည်း ယခုအပတ်မှာ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ် အေးခဲအမဲသားတင်ပို့မှုနဲ့ နှိုင်းယှဉ် လျှင် ယခုအပတ်မှာ မူဆယ်မှ ၁၆ တန်ခန့် အပို့ပိုခဲ့ပြီး ချင်းရွှေဟော်မှ တန် ၃၀ ခန့် အပို့လျော့နည်းခဲ့ပါတယ်။MIRT (DOBT)

Pages

Subscribe to RSS - ပြည်တွင်းနယ်စပ်စီးပွားရေးရာ