Main menu

Background

ပြည်တွင်းနယ်စပ်စီးပွားရေးရာ

သြင်္ကန်တွင်းမှာ ထိုင်းနယ်စပ်မှ ရေထွက်ကုန် တန် ၂၅၇၀ ဝန်းကျင်တင်ပို့

Mon, 05/14/2012 - 07:05 -- Anonymous (not verified)

ဧပြီ ၁၁ ရက်မှ ၁၇ ရက်ထိကာလ အတွင်းမှာ  ကန်ဒေါ်လာ ၂ ဒသမ ၇၄၂ သန်း  တန်ဖိုးရှိ ရေထွက်ကုန် ၂၅၆၉ ဒသမ ၈၆၇ တန်ကို ထိုင်းနယ် စပ်စခန်းများမှအပို့ရှိခဲ့ရာ ယခင်အပတ် နဲ့နှိုင်းယှဉ်လျင် ၁၆၉ တန် တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ နယ်စပ်အလိုက် တင်ပို့နိုင်မှုတွေကိုကြည့်လျှင် မြဝတီမှ ငါးမျိုးစုံ ၄ တန်ကျော်၊ ပုစွန် ၂ တန် ကျော်နဲ့ ကဏန်း ၃ တန်ကျော် တန်ဖိုး အားဖြင့်  ကန်ဒေါ်လာ သုည ဒသမ ၀၅၀ သန်းဖိုး၊ ကော့သောင်းမှ   ငါးမျိုးစုံ ၂၇ ဒသမ ၂၆၆တန်နဲ့ ငါးစီဖေါင်း ၈ ဒသမ ၅၅၀ တန် တန်ဖိုးအားဖြင့်

ကန်ပိုက်တီးမှ တစ်သျှူးငှက်ပျော တန် ၂၉၀ ကျော် တင်ပို့နိုင်

Mon, 05/14/2012 - 07:02 -- Anonymous (not verified)

ဧပြီလ ၁၈ ရက်မှ ၂၄ ရက်ထိ ကာလအတွင်းမှာ ကျပ် ၂၉ သန်းတန်ဖိုးရှိ တစ်သျှူးငှက်ပျော တန် ၂၉၀ ကန်ပိုက်တီးနယ်စပ်မှ အပို့ရှိခဲ့ပါတယ်။ ဧပြီလဆန်းမှ ၂၄ ရက်ထိ တစ်သျှူးငှက်ပျော တန် ၇၀၀ ကျော် နယ်စပ်မှ တင်ပို့ထားပြီးဖြစ်ပါ တယ်။ MIRT (DOBT)

သြင်္ကန်ကာလမှာ သရက်သီးမှည့်များ စတင် တင်ပို့မှုရှိလာ

Mon, 05/14/2012 - 07:01 -- Anonymous (not verified)

ဧပြီ ၄ ရက်မှ ၁၀ ရက်တာကာလအတွင်းမှာ ပေါ်ဦးပေါ်ဖျား စိန်တစ်လုံး သရက်များ မူဆယ် ၁၀၅ မိုင်မှ တစ်ဖက်နိုင်ငံသို့ စတင်တင်ပို့မှုရှိလာနေတာ တွေ့ရပါတယ်။ ကန်ဒေါ်လာ ၂၇၉ တန်ဖိုးရှိ  သရက်သီး တစ်တန်ခွဲကို ယခု အပတ်မှာ တင်ပို့နိုင်ခဲ့တာလို့ သိရပါတယ်။ဧပြီ ၁၁ ရက်မှ ၁၇ ရက်တာကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၀၃၆ သန်းတန်ဖိုးရှိ သရက်သီး တန် ၇၀ ဝန်းကျင် မူဆယ်မှ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က ၁ တန်ခွဲသာအပို့ရှိခဲ့တာမို့ ယခုအပတ်မှာ သရက်သီးပို့အား တက် လာတာ တွေ့ရပါတယ်။ MIRT (DOBT)

သဘာဝရော်ဘာဝယ်လိုအားက ရောင်းလိုအားကို ကျော်လွန်ဖွယ်ရှိ

Mon, 04/09/2012 - 04:59 -- Anonymous (not verified)

    ၂၀၁၂ ဇန်နဝါရီမှမတ်အထိ ပထမသုံးလပတ်မှာ သဘာဝရော်ဘာဝယ်လိုအား ၃ ဒဿမ ၁ ရာခိုင်နှုန်း ခန့် မြင့်တက် ခဲ့ကြောင်း သိရပါတယ်။ ယခုနှစ်တစ်နှစ်လုံးမှာအိန္ဒိယရဲ့သုံးစွဲမှုက ၄ ဒဿမ ၇ ရာခိုင်နှုန်းမြင့်တက်ပြီးယခင်နှစ်က ၁ ဒဿမ ၄ ရာခိုင်နှုန်းသာ တိုးတက်မှုရှိခဲ့ကြောင်း ရော်ဘာထုတ်လုပ်သောနိုင်ငံများအသင်း ANRPC  ကပြောကြားခဲ့ပါတယ်။

ဂျပန် ယန်းငွေတန်ဖိုး တက်ခြင်းကြောင့် တိုကျိုရော်ဘာ ကြိုပွိုင့်ဈေးနှုန်းများ ကျဆင်း

Mon, 04/09/2012 - 04:55 -- Anonymous (not verified)

ဂျပန်ယန်းငွေတန်ဖိုးတက်ခြင်းကြောင့် တိုကျိုကြိုပွိုင့် ရောင်းဝယ် ရေးမှာ ဧပြီ ၃ ရက်အစောပိုင်းက ရော်ဘာကြိုပွိုင့်ဈေးနှုန်းတွေ ကျဆင်း သွားခဲ့တယ်။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်တို့မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အလားအလာတွေနဲ့ ရောင်းလို အားကျဆင်းမယ့် အခြေ အနေတွေကို တွေ့ရှိနေရတယ်။

ရိဒ်နယ်စပ်မှ မတ်လမှာဝက်အရှင် တန် ၁၂၀ ကျော် အပို့ရှိ

Mon, 04/09/2012 - 04:48 -- Anonymous (not verified)

    ၂၀၁၂ ခုနှစ် ဧပြီလမှာ အိန္ဒိယနယ်စပ်ရှိ ရိဒ်နဲ့ တမူးနယ်စပ်တို့မှ တစ်ဖက် နိုင်ငံသို့ ကန်ဒေါ်လာသုည ဒသမ ၁၈၅ သန်းတန်ဖိုးရှိ ဝက်အရှင် ၁၂၀ ဒသမ ၈၈၈ တန် တင်ပို့နိုင်ခဲ့ပါတယ်။ မတ်လနောက်ဆုံးပတ်မှာ ကန်ဒေါ်လာ သုညဒသမ ၀၂၉၉ သန်းတန်ဖိုးရှိ ဝက်အရှင် ၂၇ တန်ကျော် တင်ပို့ခဲ့တာဖြစ်ပြီး မတ်လအတွင်း မှာ အများဆုံးတင်ပို့ခဲ့တဲ့ ရက်သတ္တပတ်လည်း ဖြစ်ပါတယ်။          MIRT(DOBT)

အေးခဲအမဲသားနဲ့ နွားဘေးထွက် အပို့လျော့

Mon, 04/09/2012 - 04:45 -- Anonymous (not verified)

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်း များမှ ကန်ဒေါ်လာ ၁ ဒသမ ၂၅၅ သန်းတန်ဖိုးရှိ အေးခဲအမဲသား တန် ၃၃၀ ကျော် တင်ပို့မှုရှိပြီး ကန်ဒေါ်လာ သုည ဒသမ ၀၃၈ သန်း

ချင်းရွှေဟော်နယ်စပ်မှ ဆန်တန်ချိန် ၃၄၀၀ ကျော်တင်ပို့မှုရှိ

Mon, 04/09/2012 - 04:43 -- Anonymous (not verified)

    မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်မှ ကန်ဒေါ်လာ ၁ ဒသမ ၄၄၇ သန်းတန်ဖိုးရှိ ဧည့်မထ ၂၈၁၃ တန်နဲ့ ငစိန် ၅၉၅ တန်ကို မတ်လ ၂၈ ရက်မှ ဧပြီ လ ၃ ရက်ကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က ချင်းရွှေဟော်မှ ဧည့်မထ ဆန်တစ်မျိုးသာ ၁၈၉၆ တန်ကျော် အပို့ရှိခဲ့တဲ့အတွက် ယခုအပတ်မှာ ဧည့်မထ ၉၁၇ တန်နဲ့ ငစိန် ၅၉၅ တန် အပို့ပိုခဲ့ပါတယ်။

ဆူအိုစင်ကိုကုမ္ပဏီ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်

Mon, 04/09/2012 - 04:35 -- Anonymous (not verified)

    ဆူအိုစင်ကိုကုမ္ပဏီ (ထိုင်းနိုင်ငံ) သည် Striders Corporation  (ဂျပန်နိုင်ငံ) ကုမ္ပဏီဖြင့်MOU သဘောတူလက်မှတ် ရေးထိုး ခဲ့ကြောင်း ၃၁-၁-၂၀၁၂ နေ့တွင် ကုမ္ပဏီဥက္ကဌ မစ္စတာခဘူယူကိမိဆုမာချီက ပြောကြားခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံမှု အတွက် မှတ်ပုံ တင်ထားသည့်ငွေမှာ အမေရိကန်ဒေါ်လာ ၃ သိန်းဖြစ်ပြီး မဟာမိတ်ကုမ္ပဏီသည် အကျိုးဆောင် ကိုယ်စားလှယ် အဖြစ် ဆောင် ရွက်ပြီး မြန်မာနိုင်ငံမှ ကြော်ငြာလုပ်ငန်းများအား လက်ခံဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။

ချင်းရွှေဟော်နယ်စပ်မှ ငါးရှဉ့်အပို့ပို

Mon, 04/09/2012 - 04:35 -- Anonymous (not verified)

    မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၂၂၃ သန်းတန်ဖိုးရှိ ငါးရှဉ့် ၄၅ တန်ဝန်းကျင်ကို မတ်လ ၂၈ ရက်မှ ဧပြီလ ၃ ရက်ထိကာလအတွင်းမှာ တင်ပို့မှုရှိခဲ့ရာ ယခင်အပတ်ကထက် ၁၇ တန် အပို့ပိုခဲ့တယ်လို့ သိရ ပါတယ်။ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၄၂၈ သန်းတန်ဖိုးရှိ ငါးရှဉ့် ၁၁၉ တန် အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ၂၇ တန်

Pages

Subscribe to RSS - ပြည်တွင်းနယ်စပ်စီးပွားရေးရာ