Main menu

Background

ပြည်တွင်းနယ်စပ်စီးပွားရေးရာ

အလုပ်သမားခနဲ့ ညအိပ်ရပ်နားခ ငွေကြေးများ တစ်ပြေးညီကောက်ခံစေလိုတဲ့ ဆန္ဒဖော်ထုတ်တဲ့ မူဆယ်ကုန်သည်များ

Mon, 03/26/2012 - 09:10 -- Anonymous (not verified)

    မူဆယ် ၁၀၅ မိုင်မှာ ပေးဆောင်ရတဲ့ အလုပ်သမားခမှာ မြေဆီတစ်တန်လျှင် ၁၀၀၀ိ/-နှုန်းနဲ့ ကားတစ်စီးကို ၁၈၀၀၀ိ/-နှုန်း ပေးချေနေရသဖြင့် သယ်ယူခ နှုန်းထားလျှော့ချပေးရန်ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးမှာ နယ်စပ်ကုန်သည် အသင်း ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက အဆိုပြုခဲ့တာဖြစ်ပါတယ်။ ဦးဌေးဦးက ဆက် လက်ပြီး ၁၀၅ မိုင်ကုန်သွယ်ရေးစခန်းမှာ

နယ်စပ်မှ သစ်သီးဝလံကုန်သွယ်မှု ကန်ဒေါ်လာ ၃ သန်းကျော်ဖိုး ဆောင်ရွက်နိုင်

Mon, 03/26/2012 - 09:08 -- Anonymous (not verified)

    မတ်လ ၁၄ ရက်မှ ၂၀ ရက်အထိကာလအတွင်းမှာ မြန်မာ - တရုတ်နယ်စပ်၊ ထိုင်းနယ်စပ်နဲ့ အိန္ဒိယ နယ်စပ်များမှ ကန်ဒေါ်လာ ၃ သန်းကျော်ဖိုး သစ်သီးဝလံကုန်သွယ်မှုကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ပို့ကုန်အနေနဲ့ မူဆယ်နဲ့ ချင်းရွှေဟော်မှ ကန်ဒေါ်လာ၂ သန်းနီးပါးတန်ဖိုးရှိ ဖရဲသီး တန် ၁၂၃၀၀ ကျော်နဲ့ ကန်ဒေါ်လာ ၁ သန်းကျော် တန်ဖိုးရှိ သခွားမွှေး ၅၄၁၉ တန်ကို မူဆယ်နယ်စပ်မှ

မူဆယ်၊ ချင်းရွှေဟော်နဲ့ စစ်တွေတို့မှ ပရဆေးကုန်ကြမ်းများ တင်ပို့မှုရှိ

Mon, 03/26/2012 - 09:07 -- Anonymous (not verified)

    မူဆယ် ၁၀၅ မိုင်၊ ချင်းရွှေဟော်နဲ့ စစ်တွေနယ်စပ်စခန်း များမှ ယခုအပတ်မှာ ကန်ဒေါ်လာ ၁ သန်းကျော် တန်ဖိုးရှိ ပရဆေး ကုန်ကြမ်း တန် ၆၉၀ ကျော် တင်ပို့နိုင်ခဲ့ရာ ယခင် အပတ်ကထက် ၁၂၅ တန်ကျော် ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ချဉ်ပေါင်ဖာလာ (အခွံပါ/အခွံမပါ)၊ ချင်း ခြောက်၊ နနွင်းတက်(ရှမ်း)၊ မိကျောင်း ကွမ်းဖတ်စေ့၊ ကွမ်းစား

အရည်အသွေးမြင့် ငစိန်နဲ့ ဧည့်မထဆန်များပါ တရုတ်မှ အဝယ်လိုက်လျက်ရှိ

Mon, 03/26/2012 - 09:05 -- Anonymous (not verified)

    မူဆယ်နယ်စပ်မှ ဖေဖော်ဝါရီလတွင် ဧည့်မထ ၄၁၇၀၀ တန်၊ ငစိန် ၁၃၆၃၀ တန်၊ ဆန်ကွဲ တန် ၁၄၀၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂၃ သန်းကျော်ဖိုး တင်ပို့မှုရှိခဲ့ပါတယ်။

နယ်စပ်စခန်းများမှ ရေထွက်ကုန် တန် ၅၀၀ ကျော် တင်ပို့မှုရှိ

Mon, 03/12/2012 - 09:49 -- Anonymous (not verified)

    ဖေဖော်ဝါရီလ ၂၉ ရက်မှ မတ်လ ၆ရက်အထိကာလအတွင်း တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော် စခန်း၊ ထိုင်းနယ်စပ်ရှိ မြဝတီစခန်းနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေ၊ မောင်တော  နယ်စပ်စခန်းများမှ  ရေထွက်ကုန် ၅၄၂ တန်ကျော် တန်ဖိုးဒေါ်လာ ၁ ဒသမ ၄၉၃ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ရေထွက်ကုန်တွေ ကတော့ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်မှ ငါးရှဉ့် ၁၇၆ တန်ကျော်၊ မူဆယ်၊ ချင်းရွှေ ဟော်နဲ့ မြဝတီနယ်စပ်များမှ ကဏန်း ၃၆ တန်ကျော်၊ မြဝတီနဲ့ မောင်တောနယ်စပ်မှ ရေချိုပုစွန် ၁၀ တန်နီးပါး၊ ရေငန်ပုစွန် ၁၆၂ တန်ကျော် တင်ပို့ခဲ့ပြီး စစ်တွေနဲ့ မောင်တောနယ်စပ်များမှ ငါးစုံလေးခြောက် ၄၂ တန်နီးပါးနဲ့ ငါးနီတူခြောက် ၁၁၅ တန်ကျော် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ MIRT (DOBT)

မူဆယ်နယ်စပ်မှ အေးခဲအမဲသား တန် ၇၀ ကျော် ယခင်အပတ်ထက် အပို့ပို

Mon, 03/12/2012 - 09:49 -- Anonymous (not verified)

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ ၁ ဒသမ ၄၆၉ သန်း တန်ဖိုးရှိ အေးခဲအမဲသား ၃၈၇ တန်ခန့်ကို ဖေဖော်ဝါရီလ ၂၉ ရက်မှ မတ်လ ၆ ရက်ထိကာလအတွင်းမှာ တင်ပို့ခဲ့ရာ ယခင်အပတ်ကထက် ၇၇ တန်ခန့် အပို့ပိုခဲ့တယ်လို့ သိရပါတယ်။ ယခုအပတ်မှာ အေးခဲအမဲသားကို မူဆယ်မှ ၃၈၇ တန်နဲ့ ချင်းရွှေဟော်မှ ၂၆ တန်၊ မူဆယ်မှ နွားကြော ၆၇ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၆၂၉ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။    MIRT(DOBT)

ရိဒ်နယ်စပ်မှ ဝက်အရှင် ၁၈၉၄၀ ကီလိုဂရမ် တင်ပို့နိုင်

Mon, 03/12/2012 - 09:48 -- Anonymous (not verified)

    ဖေဖော်ဝါရီလ ၂၉ ရက်မှ မတ်လ ၆ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၀ ဒသမ ၀၃၂ သန်း တန်ဖိုးရှိ ဝက်အရှင် ၁၈၉၄၀ ကီလိုဂရမ် တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၁၅၉၃ ကီလိုဂရမ် လျော့နည်း တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ဖေဖေါ်ဝါရီလ တစ်လလုံးမှ ဝက်အရှင် ၁၇၉၆၃၃ ကီလိုဂရမ် မြန်မာ - အိန္ဒိယနယ်စပ်မှ တင်ပို့ထားပြီးဖြစ်တယ်လို့ သိရပါတယ်။MIRT (DOBT)

နယ်စပ်မှ ယခုအပတ် သစ်တောထွက်ကုန် ကန်ဒေါ်လာ ၂၁၀၀၀ ကျော်ဖိုး တင်ပို့မှုရှိ

Mon, 03/12/2012 - 09:47 -- Anonymous (not verified)

    ဖေဖော်ဝါရီလ ၂၉ ရက်မှ မတ်လ ၆ ရက်ထိကာလ အတွင်းမှာ ကန်ဒေါ်လာ ၉၀၀၀ တန်ဖိုးရှိ သစ်ခေါက် ၁၆ တန်ကို တာချီလိတ်နဲ့ ၉ တန်ကို စစ်တွေနယ်စပ်များမှလည်း ကောင်း၊ ကန်ဒေါ်လာ ၁၀၀၀ တန်ဖိုးရှိ ဝါးတူ ကုန်ကြမ်း ၁၀ တန်ကို တာချီလိတ်နယ်စပ်မှလည်းကောင်း တင်ပို့နိုင်ခဲ့ပါ တယ်။ မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေမှ ကန်ဒေါ် လာ ၁၄၀၀ တန်ဖိုးရှိ ဝါးကြီးနဲ့ ဝါးသေးအလုံး ၁၀၀၀၀ စီ၊ မောင်တောမှ ကန်ဒေါ်လာ ၁၀၀၀၀ တန်ဖိုးရှိ ဝါးကြီးအလုံး ၇၀၀၀၀ နဲ့ ဝါးသေး ၉၉၃၃၃ လုံး တင်ပို့နိုင်ခဲ့တယ်လို့ သိရပါ တယ်။ ယခင်အပတ်ကထက် ကန်ဒေါ်လာ ၁၀၀၀၀ ကျော် ဖိုး အပို့ပိုခဲ့ပါတယ်။                    MIRT (DOBT)

နယ်စပ်မှ ဆန်အပို့ တန် ၁၄၀၀၀ ကျော် အပို့ရှိ

Mon, 03/12/2012 - 09:44 -- Anonymous (not verified)

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော်နယ်စပ်များမှ ကန်ဒေါ်လာ ၄ ဒသမ ၆၉၃ သန်းတန်ဖိုးရှိ ဧည့်မထ ၁၃၃၃၀ တန်ခန့်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၂၉၁ သန်းတန်ဖိုးရှိ ငစိန်ဆန်၇၄၄ တန်ခန့်ကို ဖေဖော်ဝါရီလ ၂၉ ရက်မှ မတ်လ ၆ ရက်ထိကာလအတွင်းမှာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ် ကထက် တန် ၄၀၀၀ ကျော်ခန့် လျှော့နည်း တင်ပို့ခဲ့တယ်လို့ သိရပါတယ်။

မန္တလေး - မူဆယ် ကုန်စည်သယ်ယူစရိတ် အပြောင်းအလဲဖြစ်ရခြင်း အကြောင်း

Mon, 03/12/2012 - 09:43 -- Anonymous (not verified)

    အများဆုံးတင်ပို့နေတဲ့ ပဲတီစိမ်းနဲ့ ရော်ဘာကား ဝင်ရောက်မှုနည်းခြင်း၊ သွင်းကုန်ကားများ မန္တလေးသို့ ဆင်းတဲ့ အရေအတွက်များခြင်းတို့ကြောင့် မန္တလေး-မူဆယ်သယ်ယူ စရိတ် နှုန်းထားများ ၁ ပိဿာ ၅ ကျပ်စီ ကျဆင်း သွားခဲ့တယ် လို့ သိရပါတယ်။ ယခင်က ပြောင်း ၁ ပိဿာ ၁၃၀ ကျပ်၊ ပဲတီစိမ်း/ ရော်ဘာ ၁ ပိဿာ ၁၃၅ ကျပ် နဲ့ နှမ်း ၁ ပိဿာ ၁၄၀ ကျပ်နှုန်းနဲ့ အတန်ကြာဈေးငြိမ်နေရာမှ မတ်လ ၄ ရက်နေ့ကစပြီး ပြောင်း ၁ ပိဿာ   ၁၂၅ ကျပ်၊ ပဲတီစိမ်း/ ရော်ဘာ ၁ ပိဿာ ၁၃၀ ကျပ်နဲ့ နှမ်း ၁ ပိဿာ ၁၃၅ ကျပ်ထိ ကျဆင်းသွားတာ ဖြစ်ပါတယ်။ သွင်းကုန်ကားခပိုင်းမှာ လည်း လူသုံးကုန်ပစ္စည်းတင်သွင်းမှု ကျဆင်းခဲ့တဲ့အတွက် မြေဆီသယ်ယူခ ၁ ပိဿာလျှင် ၂ ကျပ်နဲ့ ဖယောင်း ၁ ပိဿာ ၅ ကျပ်စီ ကျဆင်းသွားပါတယ်။ ယခင်က မြေဆီ (ဓာတ်မြေသြဇာ) ၁ ပိဿာ၄၀ - ၄၅ ကျပ်နဲ့ ဖယောင်း ၁ ပိဿာ ၅၅ ကျပ်နဲ့ ငြိမ်နေရာကနေ မတ် ၅ရက်မှာ မြေဆီ (ဓာတ်မြေသြဇာ) တစ်ပိဿာလျှင် ၃၈ မှ ၄၃ကျပ်၊ ဖယောင်း တစ်ပိဿာလျှင် ၅၀ ကျပ်ထိ ကျဆင်းသွားတယ်လို့ သတင်း ရရှိပါတယ်။                          MIRT (DOBT)

Pages

Subscribe to RSS - ပြည်တွင်းနယ်စပ်စီးပွားရေးရာ