Main menu

Background

ပြည်တွင်းနယ်စပ်စီးပွားရေးရာ

မူဆယ်နဲ့ တမူးတို့မှ ပရဆေးကုန်ကြမ်း ကုန်သွယ်မှုအခြေအနေ

Mon, 04/09/2012 - 04:21 -- Anonymous (not verified)

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်မှ ကန်ဒေါ်လာ ၁ ဒသမ ၇၀၉ သန်းတန်ဖိုးရှိ ပရဆေး တန် ၈၅၀ ကျော် အပို့ရှိ ခဲ့ပါတယ်။ယခုအပတ်မှာ ချဉ်ပေါင်ဖာလာ (အခွံပါ/အခွံမပါ)၊ တောဂျူးမြစ်၊ နနွင်းတက် (ရှမ်း)၊ မိချောင်းကွမ်းဖတ်စေ့၊ ကွမ်းစား ဂမုန်း၊ တောချင်း၊ နေလဲစေ့၊ ခပေါင်းစေ့၊ ရှားစေး၊ ဒရင်ကောက်မြစ်၊ မာလာခေါင်းနဲ့ မာလာဥတို့ အပို့ရှိခဲ့တာ ဖြစ်ပါတယ်။

ကုန်သွယ်မှုဆိုင်ရာလုပ်ထုံးလုပ်နည်းသင်တန်း မြိတ်နယ်စပ်ကုန်သွယ်ရေး ညွှန်ကြားရေးမှူးရုံးမှ ကြီးမှူးဖွင့်လှစ်

Mon, 04/09/2012 - 04:21 -- Anonymous (not verified)

    မြိတ်နယ်စပ်ကုန်သွယ်ရေးညွှန်ကြားရေးမှူးရုံးမှ ကြီးမှူးပြီး ကုန်သွယ်မှုမူဝါဒ လုပ်ထုံးလုပ်နည်းသင်တန်းကို ဧပြီလ ၂ ရက်မှ ၆ ရက်အထိ မြိတ်မြို့ အထက (၁) ကျောင်းမှာ ဖွင့်လှစ်ပို့ချခဲ့တယ်လို့ သတင်းရရှိပါတယ်။

ချင်းရွှေဟော်မှ ကဏန်းရောငါးရှဉ့်ပါ တင်ပို့မှုရှိ

Mon, 04/02/2012 - 09:01 -- Anonymous (not verified)

    မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ သုည ဒသမ  ၀၁၅ သန်း တန်ဖိုးရှိ ကဏန်း ၄ တန်ခန့်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၁၇၇ သန်းတန်ဖိုးရှိ ငါးရှဉ့် ၂၈ တန်ခန့် အပို့ရှိခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၅၉ သန်းတန်ဖိုးရှိ ငါးရှဉ့် ၁၄၆ တန်ကျော်ကိုလည်း မတ် ၂၁ ရက် မှ ၂၇ ရက်ထိကာလအတွင်းမှာ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဝယ်လက်နှစ်သက်တဲ့ အရွယ်နဲ့ အရည်အသွေးရှိလို့ မြန်မာ့သခွားမွှေး တင်ပို့မှု ပိုမိုလျက်ရှိ

Mon, 04/02/2012 - 08:59 -- Anonymous (not verified)

    မိမိတို့မြန်မာ့သခွားမွှေးများမှာ တစ်ဖက်နိုင်ငံမှ ကြိုက်နှစ်သက်တဲ့အရွယ် အစားနဲ့ အရည်အသွေးရှိတာကြောင့် သခွားမွှေး တင်ပို့မှုများ ကောင်းလျက်ရှိပါ တယ်။ ယမန်နှစ်ကာလတူထက် ၁၁၁၇ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုည  ဒသမ ၄၆၈ သန်းဖိုး၊ အနီးစပ်ဆုံးကာလထက် ၃၀၁၈ တန်၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာ သုည ဒသမ ၆၆၆ သန်းဖိုး ပိုမိုတင်ပို့နိုင်တယ်လို့ သိရပါတယ်။

ကြံသကာနဲ့ သကြားတင်ပို့မှုအပေါ် ဝင်ငွေခွန် ၂ ရာခိုင်နှုန်းသာ ကောက်ခံပေးစေလို

Mon, 04/02/2012 - 08:58 -- Anonymous (not verified)

    ယခုအခါ သကြားတင်ပို့ခွင့်ရရှိနေပြီဖြစ်တဲ့အတွက် ကြံသကာ၊ သကြား တင်ပို့မှုအပေါ် သစ်သီးဝလံနဲ့ ဥယျာဉ်ခြံမြေထွက်ပစ္စည်းများကဲ့သို့ ကုန်သွယ်လုပ် ငန်းခွန် ၅ ရာခိုင်နှုန်းလျှော့ချပြီး ဝင်ငွေခွန် ၂ ရာခိုင်နှုန်းသာ ကောက်ခံပါက ပိုမို အကျိုးအမြတ်ရရှိနိုင်မည်ဖြစ်တဲ့အတွက် တင်ပို့မှုလည်းပိုမိုလာနိုင်မယ်လို့ ကုန်သည် လုပ်ငန်းရှင်များက ပြောဆိုနေကြတယ်လို့ သတင်းရရှိပါတယ်။

အေးခဲအမဲသား တန် ၅၀၀ ကျော် တင်ပို့နိုင်

Mon, 04/02/2012 - 08:57 -- Anonymous (not verified)

    မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်း များမှ ကန်ဒေါ်လာ  ၁ ဒသမ ၉၃၉ သန်းတန်ဖိုးရှိ အေးခဲအမဲသား တန် ၅၁၀ ကျော်ကို မတ်လ ၂၁ ရက် မှ ၂၇ ရက်ထိကာလ အတွင်းမှာ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၃၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ နွားဘေးထွက်ပစ္စည်း တင်ပို့နိုင်မှုကတော့ ကန်ဒေါ်လာ သုည ဒသမ

ငါးနီတူ၊ ငါးကုန်းညိုနဲ့ ငါးစုံလေးအခြောက်များ မောင်တောနယ်စပ်မှ ယခုအပတ်တင်ပို့မှုရှိ

Mon, 04/02/2012 - 08:55 -- Anonymous (not verified)

    မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောနယ်စပ်မှ ကန်ဒေါ်လာသုညဒသမ ၀၈၉ သန်းတန်ဖိုးရှိ ငါးနီတူခြောက် ၂၂ တန်၊ ငါးကုန်းညိုခြောက် ၇၈ တန်နဲ့ ငါးစုံလေးခြောက် ၁၀ တန်ကို မတ်လ ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်းမှာ တင်ပို့မှု ရှိခဲ့ပါတယ်။ ယခင်အပတ်က ငါးနီတူခြောက်တစ်မျိုးသာ ၁၂၂ တန်ကျော် အပို့ရှိခဲ့ပြီး ယခုအပတ်မှာ ငါးခြောက် အမယ်စုံစုံ တင်ပို့နိုင်ခဲ့တဲ့

မူဆယ်မှ ပရဆေးတင်ပို့မှု တန် ၉၀၀ ကျော်ရှိ

Mon, 04/02/2012 - 08:53 -- Anonymous (not verified)

    မတ်လ ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်းမှာ မူဆယ်မှ ကန်ဒေါ်လာ ၁ ဒသမ ၈၂၁ သန်းတန်ဖိုးရှိ ပရဆေး ကုန်ကြမ်း တန် ၉၂၀ ခန့်ကို တင်ပု့ိနိုင်ပြီး မြန်မာ-အိန္ဒိယ နယ်စပ်ရှိတမူးမှ ကန်ဒေါ်လာ သုညဒသမ  ၀၂၂ သန်းတန်ဖိုး ရှိ ရှိန်းခိုနဲ့ ဇာတိပ္ဖိုလ်သီး ၄ တန်ကျော် တင်သွင်းမှုရှိခဲ့တယ်လို့ သိရပါတယ်။

နယ်စပ်ကုန်သွယ်ရေးစခန်းအသီးသီးမှ လုပ်ထုံးလုပ်နည်းနဲ့အညီ ထီးတင်သွင်းခွင့်ပြု

Mon, 04/02/2012 - 08:51 -- Anonymous (not verified)

    နယ်စပ်ကုန်သွယ်ရေးစခန်းအသီးသီးမှ သွင်းကုန်လိုင်စင်ဖြင့် လုပ်ထုံးလုပ်နည်းနဲ့အညီ ထီး  တင်သွင်းခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း မတ် ၂၃ ရက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် ပို့ကုန်သွင်းကုန်လုပ်ငန်းများ ညှိနှိုင်းရေး အစည်းအဝေးက ဆုံးဖြတ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

မိုးညှင်းမြို့နယ်မှာ ဆန်စပါးလုပ်ငန်းရှင်များနဲ့ ဆွေးနွေး

Mon, 04/02/2012 - 08:50 -- Anonymous (not verified)

    ၂၀၁၂ ခုနှစ်၊ မတ်လ ၂၁ ရက်က ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမမှာ မြို့နယ်ဆန်စပါး ကုန် သည်ကြီးများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ကုန်သည်များနဲ့ တွေ့ဆုံခဲ့ပါတယ်။

Pages

Subscribe to RSS - ပြည်တွင်းနယ်စပ်စီးပွားရေးရာ