Background
ဒီတစ်ပတ်မှာ ဟိုပုံးချင်းက အဝင်မရှိသလောက်ဖြစ်နေပါတယ်။ ခြံရှင်တွေ ကလည်း ဈေးမကြိုက်တော့ ထုတ်မရောင်းကြပါဘူး။ မိုးရွာနေတာရယ်၊ ဝယ်လက် တွေကလည်း သိပ်မဝယ်ကြတာကြောင့် ဈေးကလည်း ခပ်အေးအေးပါပဲ။ ချင်း (ဥမ)တွေကိုမှ အခက်သေးရင် ၁၀၀ ကျပ်ဈေးသာရှိပြီး၊ အခက်ကြီးရင်တော့ ၁၃၀ ကျပ်ဈေးရှိပါတယ်။ လက်လီသမားတွေကသာ ဒေသတွင်းသုံးဖို့ ဝယ်ယူနေတယ်လို့ လည်းသိရပါတယ်။ ချင်းခြောက်ကလည်း အဝင်သိပ်မရှိတော့တာကြောင့် ဈေး ကွက်မှာ ပစ္စည်းလက်ကျန်လည်းနည်းေ နပါပြီ။ ဈေးကတော့ တစ်ပိဿာ ၁၄၀၀ ကျပ်ဈေးရှိပါတယ်။
သီတင်းတစ်ပတ်ဖြစ်တဲ့ စက်တင်ဘာ ၂ ရက်မှ ၈ ရက်တာကာလအတွင်း ချင်း ၁၂ တန်ကိုပင်လ ယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့ တဲ့နိုင်ငံက ပါကစ္စတန်နိုင်ငံဖြစ်ပါတယ်။ ယခင်သီတင်း ပတ်မှာ ချင်းတင်ပို့မှုပျောက် ခဲ့ပြီး ဒီတစ်ပတ်မှသာ ပြန်လည်တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ သြဂုတ်လအတွင်း ချင်းတင်ပို့မှုမှ ရရှိခဲ့တဲ့ FOB ဈေးက တစ်တန်ကို ကန်ဒေါ်လာ ၁၄၄၀ ဝန်းကျင် ရရှိခဲ့ပေမဲ့ ဒီတစ်ပတ်တင်ပို့ခဲ့တဲ့ FOB ဈေးက တစ်တန်ကို ကန်ဒေါ်လာ ၁၀၀၀ ဝန်းကျင်သာရရှိခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT)
ပြည်ပဲဈေးကွက်အတွင်း ပဲမျိုးစုံလက်ကျန်များနည်းလာခဲ့သလို ပဲဈေးနှုန်း များကလည်း အကျဘက်ကို ဦးတည်နေပါတယ်။ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ ဈေးနှုန်းများမှာ ယခင်အပတ်ကဈေးနဲ့ယှဉ်ရင် သိပ်ကွာခြားမှုမရှိဘဲ ပဲကြီးဈေးနှုန်း ကတော့ မြင့်တက်နေခဲ့ပါတယ်။ ယခုစက်တင်ဘာ ဒုတိယပတ်အတွင်း မတ်ပဲသီးနှံ မှာလည်း တစ်တင်း ၁၆၃၀၀ ကျပ်ဖြင့်သာ ပဲအဝင်ပါးလာခဲြ့ပီး၊ လှောင်လက် အချို့ငွေလိုလို့ ထုတ်ရောင်းချသူများရှိခဲ့တဲ့အတွက် တစ်ရက်အိတ် ၂၅၀၊ ၃၀၀ ကျော် ရန်ကုန်ဝယ်လက်များဖြင့်သာ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။
၂၀၁၂ ခုနှစ်၊ သြဂုတ်လလယ်ပိုင်းမှာ မန္တလေး ပဲတီစိမ်းကြီးထိပ်စဈေး တစ်ပိဿာ ၁၁၃၈ ကျပ်နဲ့ နေ့စဉ် ၃ တင်းအိတ် ၈၀၀ ဝန်းကျင်ခန့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း၊ တရုတ်ဝယ်လက်နဲ့ ဒေသတွင်း ပဲခွဲစက်များမှ ကုန်ပစ္စည်းရဲ့ အရည် အသွေးအပေါ်မူတည်ပြီး၊ ဈေးနှုန်း သတ်မှတ်ဝယ်ယူကြောင်းသိရပါတယ်။ ယခု စက်တင်ဘာ လလယ်ပိုင်းမှာ ပဲတီစိမ်းကြီးထိပ်စ တစ်ပိဿာ ၁၀၁၃ ကျပ်နှုန်းနဲ့ နေ့စဉ် ၃ တင်းအိတ် ၃၀၀ မှ ၆၀၀ ကြားသာ အရောင်းအဝယ်ဖြစ်လို့ ယခင်လနဲ့ နှိုင်းယှဉ်ရင် ဈေးအေးပြီး၊ အရောင်းအဝယ်ပိုအေးသွားကြောင်း သိရပါတယ်။ မန်းပဲတီစိမ်းကြီးဈေးကွက်မှာ တရုတ်ပြည်အထိ ကျယ်ပြန့်တာကြောင့် ဈေးအတက်အကျမှာလည်း ဝယ်လက်ရဲ့ ဝယ်လိုအားနဲ့ ပစ္စည်းရဲ့ အရည်အသွေး ပေါ်တွင်လည်း မူတည်ကြောင်း၊ ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှုနဲ့ လမ်းပန်း ဆက် သွယ်မှုသည်လည်း အဓိကအရေးကြီးပါကြောင်း ကုန်ပစ္စည်းအရည်အသွေး၊ ရောင်း လိုအား၊ ဝယ်လိုအား ဈေးကွက်မျှတမှသာ ဈေးနှုန်းတည်ငြိမ်ပြီး ရောင်းဝယ် ဖောက် ကားမှု အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ပဲတီစိမ်းကြီး ကုန်သည်တစ်ဦးက ဆိုပါတယ်။စိုးအောင်
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ သုညဒသမ ၄၄၄ သန်းတန်ဖိုးရှိ ပဲတီစိမ်းလုံးပြည့် ၅၂၇ တန်နဲ့ကန်ဒေါ်လာ သုညဒသမ ၁၆၄ သန်းတန်ဖိုးရှိ Value Added ပဲတီစိမ်းလုံးခြမ်း ၁၅၃ တန်ခန့်ကို စက်တင်ဘာလ ၅ ရက်မှ ၁၁ ရက်ထိကာလအတွင်းမှာအပို့ရှိခဲ့ပါတယ်။ တစ်ဘက်နိုင်ငံမြေပြင် ဈေးမှာ တစ်တန်ကို ၈၀၉ ဒေါ်လာဖြစ်ပြီး ပြောင်းလဲမှု မရှိသော်လည်း မိမိဘက် မြေပြင်ဈေးမှာ ၆၈၉၂၅၅ ကျပ်ဖြစ်ရာ ယခင်အပတ်ကထက် ၁၃၉၁ ကျပ် လျော့နည်း ခဲ့ရာ ရာခိုင်နှုန်းအားဖြင့် သုညဒသမ ၂၀ ရာခိုင်နှုန်း လျော့နည်းခဲ့ပါတယ်။ MIRT(DOBT)
မုံရွာကုန်စည်ဒိုင် စက်တင်ဘာလ ဒုတိယပတ် ပဲဈေး ကွက်မှာ လက်ကျန်နည်းလာတဲ့ ကုလားပဲမျိုး စုံဈေး ပြန်ခုန် လာပြီး၊ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ ရန်ကုန် မန္တလေးဝယ်လက် ထက် ဒေသခံခွဲစက်နဲ့ ကြာဇံစက်သမား တွေ အဝယ်များတယ်လို့ဆိုပါတယ်။ ကချင်နဲ့ ရခိုင်ပြည်နယ် အတွက် ကုလားပဲခွဲခြမ်းစီးဆင်းမှုအားကောင်းလာလို့ အခုလို ခွဲစက်သမား အဝယ်သွက်ခြင်းဖြစ်ကြောင်း ကုန်သည်တချို့က ပြောပါတယ်။
ဈေးနှုန်းမြင့်တက်ခြင်းနဲ့အလေးထားစိုက်ပျိုးမှုတိုးတက်လာခြင်းတို့ကြောင့် ယခုနှစ်ကတော့ သြစတြေးလျ နိုင်ငံအနေနဲ့ ကုလားပဲဖြူလုံးကြီး စံချိန်တင်ထွက်ရှိမယ့်နှစ်လို့ Pulse Australia မှ ဆိုပါတယ်။ ပဲစုစုပေါင်း ထုတ်လုပ်မှုဟာ ပြီးခဲ့တဲ့နှစ်ထက် ၅၆ ရာခိုင်နှုန်း ပိုမိုလာမယ်လို့လည်းဆိုပါတယ်။ ကုလားပဲဖြူလုံးကြီးကို တစ်နိုင်ငံလုံးမှာဟက်တာ ၅ သိန်းအထက် စိုက်ပျိုးတဲ့ အတွက် တစ်နိုင်ငံလုံး အများဆုံးထွက်မယ်လို့ဆိုပါတယ်။
လတ်တလော Pulse Australia က ခန့်မှန်းရာမှာ ကုလားပဲဖြူလုံးကြီးထုတ်လုပ်မှုဟာ ၂၀၀၉-၁၀ မှာ စံချိန်တင်ထွက်ရှိခဲ့တဲ့ တန်ချိန် ၄၈၀၀၀၀ ထက်ပိုပြီး၊ တန်ချိန် ၇၅၀၀၀၀ ထိရှိမယ်လို့ဆိုပါတယ်။ ကုလားပဲဈေး မြင့်တက်ခြင်းနဲ့ ဂျုံဈေးနိမ့်ခြင်းတို့အပြင် ကုလားပဲစိုက်ပျိုးဖို့ ရာသီဥတုကောင်းခြင်းတို့ကြောင့် ဒီနှစ်မှာ ကုလားပဲဖြူလုံးကြီးစိုက်ပျိုးမှု သိသိသာသာတက်လာခြင်းဖြစ်တယ်လို့ Pulse Australia ရဲ့ ဝါရင့်သီးနှံမန်နေဂျာ Gorodon Cumming မှ ပြောကြားပါတယ်။ သြစတြေးလျမှာ ၁၉၉၀ ပြည့်နှောင်းပိုင်း မှိုရောဂါကျရောက်မှုဖြစ်ပြီးတဲ့နောက် စိုက်ပျိုးမှုနည်းခဲ့ရာမှ လွန်ခဲ့တဲ့ ၅ နှစ်အတွင်းမှာတော့ ကုလားပဲဖြူလုံးကြီး စိုက်ပျိုးမှုပြန်လည်တိုးတက်လာခဲ့ပါတယ်။ ပဲစေ့ပိုကြီးတဲ့ ကုလားပဲဖြူလုံးကြီးကို စားသုံးသူ ဈေးကွက်တွေမှာ လူကြိုက်ပိုများလာတာကြောင့် တန်ဖိုးပိုမိုတက်လာတဲ့ အတွက်လည်း ပိုစိုက်လာခြင်းဖြစ် တယ်လို့ဆိုပါတယ်။ ပဲထုတ်လုပ်ရာဇုန်တွေမှာ အရည်အသွေးကောင်းတဲ့ မျိုးစေ့တွေကို Pulse Breeding Australia မှ ထုတ်လုပ် လျက်ရှိကြောင်းသိရပါတယ်။ ဒါ့အပြင် Wimmera မှာ စိုက်ပျိုးမှုများစွာဖြစ်ထွန်းနေတဲ့ ကာဘူလီ ကုလားပဲ အသေးမျိုးလို သင့်တော်တဲ့ဒေသတွေမှာ သင့်တော်တဲ့မျိုးတွေစိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိ ဖို့ ဆောင်ရွက် နေတယ်လို့ သိရပါတယ်။ ကာဘူလီကုလားပဲဟာ ပုံမှန်အားဖြင့် အဓိကကုလားပဲအမျိုးအစား၊ ဒေစီ ကုလားပဲထက် အလုံးကြီးပါတယ်။ နိုင်ငံမြောက်ပိုင်း မှာ ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးတဲ့ ဒေစီကုလားပဲမျိုးကို အိန္ဒိယနဲ့ အရှေ့အလယ်ပိုင်း မှ ဝယ်လိုအားခိုင်မာလျက်ရှိကြောင်း သိရပါတယ်။ ယမင်းခင်၊Source: pulses austria
စက်တင်ဘာလ ဒုတိယပတ်ကုန်စည်ဒိုင်မှာ စက်တင် ဘာလ ၉ ရက်မှ ၁၄ ရက်အထိ ပဲစင်းငုံနီ တစ်ပိဿာ ဈေးနဲ့ အရောင်းအဝယ်ဖြစ်မှုပမာဏတွေကတော့ ၉ ရက်မှာ တစ်ပိဿာ ၁၀၃၀ နဲ့ ၅၄၅ အိတ် ၁၀ ရက်နေ့မှာ တစ် ပိဿာ ၁၀၂၅ ကျပ်နဲ့ အိတ် ၇၀၀၊ ၁၁ ရက်နေ့မှာ တစ် ပိဿာ ၉၇၅ ကျပ်နဲ့ အိတ် ၁၈၀၀၊ ၁၂ ရက်နေ့မှာ တစ်ပိဿာ ၉၄၅ ကျပ်နဲ့ အိတ် ၅၀၊ ၁၃ ရက်နေ့မှာ တစ်ပိဿာ ၉၈၅ ကျပ်နဲ့ ၇၅ အိတ်၊ ၁၄ ရက်နေ့မှာ တစ်ပိဿာ ၉၉၀ ကျပ်နဲ့ အိတ် ၈၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ဈေးဟာအကျဘက် မှာရှိတာတွေ့ရပါတယ်။ ရန်ကုန်အပို့ ၁၁၅ အိတ်သာ ရှိခဲ့ တာဆိုတော့ ပခုက္ကူကုန်သည်ပွဲစား များ လှောင်လက်တစ်ခု မှ နောက်တစ်ခုကို ပြောင်းနေတယ်လို့ သုံးသပ်ရမှာပါ။
ပြည်တွင်း ပဲမျုးိစုံဈေးကွက်မှာ ယခုတစ်ပတ်အရောင်းအဝယ် အေးပြီး ဈေးလျော့လာသလို ပြည်ပတင်ပို့မှု လည်းကျလာတာ တွေ့ရပါတယ်။ အိန္ဒိယဈေးကွက် တချို့ကို မတ်ပဲ အသစ်ဝင်လာ မှုတွေ တိုးလာတဲ့အပြင် main crop က စက်တင်ဘာ နောက်ဆုံး ပတ်လောက်မှာ ဝင်လာတော့မှာဖြစ်လို့ မြန်မာမတ်ပဲကို ဝယ်လို အားကျလာတယ်လို့ သိရပါတယ်။ ပြည်တွင်းမှာလည်း ရောင်းသူ တချို့နဲ့ ဝယ်သူများဈေးမတည့်ခြင်းအတွက် လည်း အရောင်း အဝယ်နည်းတယ်လို့ သိရပါတယ်။ ပြည်တွင်းကုန်သည်ကြီးတွေ လက်ထဲမှာ လက်ကျန်ရှိနေေ သးတဲ့ မတ်ပဲက အိန္ဒိယမှာလည်း ဈေးကွက်ထဲဝင်လာတော့မှာဖြစ်လို့ လာမယ့်ကာလတွေမှာ ဝယ်လို အား ဆက်ပြီးကျနိုင်တယ်လို့ ကုန်သည်ကြီးတချို့က ခန့်မှန်းကြပါ တယ်။
အိန္ဒိယ ပဲဈေးကွက်တွေမှာ မိုးပဲအခြေအနေကောင်းလာ တဲ့ လက္ခဏာကြောင့် လှောင်လက်သမားတွေ ထုတ်ရောင်း လာတဲ့အတွက် ပဲဈေးဆက်ပြီး အေးနေပါတယ်။ ဈေးကွက် ထဲမှာလက်ကျန်ရှိနေသေးတာရယ်၊ ဝယ်လိုအားနည်းနေတာရယ် ကြောင့် မတ်ပဲဈေးက တစ်တန်ကို ကန်ဒေါ်လာ ၂၀-၃၀ ခန့်လျော့ကျလာခဲ့ပါတယ်။ အလားတူ ပဲစင်းငုံအနေနဲ့လည်း ပဲခွဲစက်များက ဝယ်လိုအားမရှိတဲ့အပြင် တင်သွင်းပဲဈေးလျော့ ကျတဲ့အတွက် ပြည်တွင်းဈေးပါ လျော့ကျနေပါတယ်။ လက် ကားဈေးကွက်တွေမှာ တစ်ပတ်အတွင်း ပဲစင်းငုံတစ်တန် ၁၀ ဒေါ်လာနီးပါးကျဆင်းခဲ့တာ တွေ့ရပါတယ်။
