Main menu

Background

Wednesday, 29 Aug 2012

ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်အတွင်း အိန္ဒိယက ပဲတင်သွင်းမှုဟာ တန်ချိန် ၃ ဒသမ ၃၁ သန်း တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၈၂၁ ဒသမ ၉၅ သန်း (ရူပီး ကုဋေ ၁၀၁၄၉ ဒသမ ၅)ဖိုးရှိခဲ့လို့ ပြီးခဲ့တဲ့ နှစ်ထက် ၂၃ ရာခိုင်နှုန်း ပိုမိုတင်သွင်းခဲ့ပါတယ်။ ၂၀၁၀-၁၁ ဘဏ္ဍာနှစ်မှာ ပဲမျိုးစုံတန်ချိန် ၂ ဒသမ ၆၉ သန်း၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၅၆၅ ဒသမ ၄၄ သန်း(ရူပီး ၈၇၂၅ ကုဋေ)ဖိုး တင်သွင်းခဲ့ကြောင်း၊ စားနပ်ရိက္ခာ ဝန်ကြီး ကေဗွီသောမတ်စ်မှ ပြောကြားပါတယ်။

Wednesday, 29 Aug 2012

အိန္ဒိယနိုင်ငံ အချို့ဒေသတွေမှာ မိုးခေါင်နေတဲ့အခြေ အနေကြောင့် လယ်ယာထွက်ကုန်ထုတ်လုပ်မှုကို ထိခိုက်နိုင်ပြီး အဓိက ကုန်စည်တွေရဲ့ဈေးနှုန်းအပေါ် ရိုက်ခတ်လိမ့်မယ်လို့ စားနပ်ရိက္ခာ ဝန်ကြီး၊ ကေဗွီသောမတ်စ် မှ ပြောကြားပါတယ်။ အိန္ဒိယမိုးလေဝသ ဌာန (IMD)  ရဲ့ ထုတ်ပြန်ချက်အရ ဇွန် ၁ ရက်နဲ့ သြဂုတ် ၅ ရက်အတွင်း မိုးရွာသွန်းမှုဟာ ပုံမှန် အောက် ၁၇ ရာခိုင်နှုန်း လျော့ကျနေပါတယ်။ ကာနာတာ ကာ၊ ရာဂျက်စသန်၊ ဂူဂျာရက်နဲ့ မဟာရပ်ရှတရာတို့ဟာ မိုး ခေါင်ခြင်းနဲ့ ရင်ဆိုင်နေရပါတယ်။

Wednesday, 29 Aug 2012

အိန္ဒိယအစိုးရ စိုက်ပျိုးရေးဝန်ကြီးဌာနမှ ပဲမျိုးစုံအတွက် အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်း(MSP) ကို နောက်ဆုံး ပြင်ဆင် သတ်မှတ်ခဲ့ပါတယ်။ ၂၀၁၂-၁၃ အတွက် ပဲစင်းငုံနဲ့ ပဲတီစိမ်း တို့ရဲ့MSP ဈေးနှုန်းမှာ တစ်တန် ရူပီး ၃၈၄၀၀ (ကန် ဒေါ်လာ ၆၉၂)နဲ့ ရူပီး ၄၄၀၀၀ (ကန်ဒေါ်လာ ၇၉၂)အဖြစ် သတ်မှတ် ခဲ့ပါတယ်။ အဲဒီဈေးနှုန်းများ ဟာ လယ်ယာထွက်ကုန် ကုန်ကျ စရိတ်နဲ့ဈေးနှုန်းကော်မရှင် (ဃဗဃဏ)မှ အကြံပြုခဲ့တဲ့ ဈေးနှုန်း ထက်လျော့ကျကြောင်း သိရပါတယ်။

Wednesday, 29 Aug 2012

ယခုသီတင်းပတ် အိန္ဒိယအချို့ဒေသတွေမှာ မိုးရွာသွန်းမှု တိုးတက်လာပြီး အချို့ပြည်နယ်တွေမှာ မိုးသည်းထန်ခဲ့ပါ တယ်။ ဒါပေမဲ့လည်း အချို့ဒေသတွေမှာတော့ မိုးရွာသွန်းမှုက ပုံမှန်အောက် လျော့နည်းနေ ဆဲ ဖြစ်ပါတယ်။ သြဂုတ်လ ဒုတိယပတ် ပဲစိုက်ပျိုးမှုမှာတော့ ယခင်တစ်ပတ်ထက် တိုး တက်လာပေမဲ့ ပုံမှန်နှစ် ကာလတူ ထက်တော့ လျော့နည်းနေ ဆဲရှိပါတယ်။ အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ သြဂုတ်လ ၉ ရက်နေ့အထိ မိုးပဲစိုက်ပျိုးမှု စာရင်းကိုကြည့်ရင် ဟက်တာ ၇၄ ဒသမ ၄၈ သိန်း စိုက်ပျိုးထားပြီးဖြစ်လို့ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ကာလတူ စိုက်ပျိုးမှုဟက်တာ ၈၉ ဒသမ ၃ သိန်းထက် နည်းလာသလို ပုံမှန်စိုက်ပျိုးမှုဟက်တာ ၉၂ ဒသမ ၈၁ သိန်းထက်လည်း လျော့ကျနေပါတယ်။

Monday, 27 Aug 2012

မြန်မာနဲ့ ထိုင်းကြက်သွန်ဖြူထွက်ရှိတဲ့ ရာသီဥတု တူ ညီတာကြောင့် မြန်မာဘက်မှကြက်သွန်ဖြူများအား နှစ်စဉ် ဇူလိုင်လမှ အောက်တိုဘာလထိ တင်သွင်းခွင့်ပြုထားတယ်လို့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ အကောက်ခွန်ဌာန တာဝန်ရှိသူနဲ့ တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်းတာဝန်ခံတို့ ဇူလိုင်လ ၂၄ ရက်က တွေ့ဆုံစဉ်က ပြောကြားခဲ့ကြောင်း သတင်း ရရှိ ပါတယ်။

Monday, 27 Aug 2012

အိန္ဒိယနနွင်းဈေးကွက်မှာ လှောင်လက်များက ကမ်း လှမ်း ဈေးလျော့တာကြောင့် နနွင်းလက်ငင်းဈေး တစ်တန် ရူပီး ၂၀၀၀ - ၄၀၀၀ (ကန်ဒေါ်လာ ၃၆-၇၂) ကျဆင်း ခဲ့ပါတယ်။ ပြည်တွင်းဈေးကွက်အတွင်း ကြိုပွိုင့် ဈေးလည်း ၄ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။

Monday, 27 Aug 2012

ရှမ်းနနွင်းဈေးက ဒီတစ်ပတ်မှာထပ်ပြီးတက်လာပါတယ်။ ဒါပေမယ့် ပစ္စည်းက အဝင်လည်းမရှိ၊ လာရောင်းမယ့်သူလည်း မရှိဖြစ်နေပါတယ်။ လက်ကျန်တွေရှိနေပေမယ့် ဈေးကွက်မှာ အဝင်မရှိဘူးလို့ သိရပါတယ်။

Monday, 27 Aug 2012

သြဂုတ်လ ၁ ရက်မှ ၇ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုညဒသမ ၅၆၈ သန်းတန်ဖိုးရှိ နနွင်းတက်များကို မူဆယ်မှ ၂၇၉ တန်ကျော်နဲ့ မြဝတီမှ ၁၇ တန်ခွဲအပို့ရှိခဲ့ပါတယ်။ ယခုအပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၀၁၃ သန်းတန်ဖိုးရှိ နနွင်းခေါင်း ၁၀ တန်နီးပါးကိုလည်း မူဆယ်နယ်စပ်မှ အပို့ရှိခဲ့တယ်လို့ သိရပါတယ်။ MIRT(DOBT)
 

Monday, 27 Aug 2012

ပြည်ပကို ဇူလိုင်လ ၂၉ ရက်မှ သြဂုတ်လ ၄ ရက်နေ့တာကာလအတွင်း နနွင်းတင်ပို့မှုပျောက်ခဲ့ပါတယ်။ ယခင်သီတင်း ပတ်မှာတော့ တန် ၃၀ ကျော်တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ဇူလိုင်လအတွင်း တင်ပို့ခဲ့တဲ့နိုင်ငံက စင်ကာပူနိုင်ငံပဲ ဖြစ်ပါ တယ်။ ဇူလိုင်လအတွင်း စုစုပေါင်းတင်ပို့ခဲ့တဲ့ တန်ချိန်က ၄၉ ဒသမ ၁ တန်ဖြစ်ခဲ့ပြီး ဇွန်လရဲ့ စုစုပေါင်းတင်ပို့မှုတန်ချိန်က ၇၆ ဒသမ ၄၆ တန်ဖြစ်ခဲ့တာကြောင့် ဇူလိုင်လမှာ အပို့နည်းခဲ့တယ်လို့ ဆိုရပါမယ်။ ကာလတူကာလဖြစ်တဲ့ ၂၀၁၁ ခုနှစ် ဇူလိုင်လမှာ နနွင်းတင်ပို့မှုက ၂၀၅ တန်ရှိခဲ့တာကြောင့် ဒီနှစ်ဇူလိုင်လမှာ အပို့ နည်းခဲ့ပါတယ်။                  MIRT(DOT)

Monday, 27 Aug 2012

ဒီသီတင်းတစ်ပတ်ဖြစ်တဲ့ ဇူလိုင် ၂၉ ရက်မှ သြဂုတ်လ ၄ ရက်တာ ကာလ အတွင်း မန်ကျည်းတင်ပို့မှုပျောက်ခဲ့ပါတယ်။ ယခင်သီတင်းပတ်မှာတော့ တန် ၁၇၀ တင်ပို့နိုင်ခဲ့ပါတယ်။ ဇူလိုင်လအတွင်း တင်ပို့ခဲ့တဲ့ နိုင်ငံတွေက စင်ကာပူနိုင်ငံ၊ ထိုင်း နိုင်ငံနဲ့ မလေးရှားနိုင်ငံတို့ဘဲဖြစ်ပါတယ်။

Pages