Main menu

Background

Monday, 27 Aug 2012

မြန်မာနဲ့ ထိုင်းကြက်သွန်ဖြူထွက်ရှိတဲ့ ရာသီဥတု တူ ညီတာကြောင့် မြန်မာဘက်မှကြက်သွန်ဖြူများအား နှစ်စဉ် ဇူလိုင်လမှ အောက်တိုဘာလထိ တင်သွင်းခွင့်ပြုထားတယ်လို့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ အကောက်ခွန်ဌာန တာဝန်ရှိသူနဲ့ တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်းတာဝန်ခံတို့ ဇူလိုင်လ ၂၄ ရက်က တွေ့ဆုံစဉ်က ပြောကြားခဲ့ကြောင်း သတင်း ရရှိ ပါတယ်။

Monday, 27 Aug 2012

အိန္ဒိယနနွင်းဈေးကွက်မှာ လှောင်လက်များက ကမ်း လှမ်း ဈေးလျော့တာကြောင့် နနွင်းလက်ငင်းဈေး တစ်တန် ရူပီး ၂၀၀၀ - ၄၀၀၀ (ကန်ဒေါ်လာ ၃၆-၇၂) ကျဆင်း ခဲ့ပါတယ်။ ပြည်တွင်းဈေးကွက်အတွင်း ကြိုပွိုင့် ဈေးလည်း ၄ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။

Monday, 27 Aug 2012

ရှမ်းနနွင်းဈေးက ဒီတစ်ပတ်မှာထပ်ပြီးတက်လာပါတယ်။ ဒါပေမယ့် ပစ္စည်းက အဝင်လည်းမရှိ၊ လာရောင်းမယ့်သူလည်း မရှိဖြစ်နေပါတယ်။ လက်ကျန်တွေရှိနေပေမယ့် ဈေးကွက်မှာ အဝင်မရှိဘူးလို့ သိရပါတယ်။

Monday, 27 Aug 2012

သြဂုတ်လ ၁ ရက်မှ ၇ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုညဒသမ ၅၆၈ သန်းတန်ဖိုးရှိ နနွင်းတက်များကို မူဆယ်မှ ၂၇၉ တန်ကျော်နဲ့ မြဝတီမှ ၁၇ တန်ခွဲအပို့ရှိခဲ့ပါတယ်။ ယခုအပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၀၁၃ သန်းတန်ဖိုးရှိ နနွင်းခေါင်း ၁၀ တန်နီးပါးကိုလည်း မူဆယ်နယ်စပ်မှ အပို့ရှိခဲ့တယ်လို့ သိရပါတယ်။ MIRT(DOBT)
 

Monday, 27 Aug 2012

ပြည်ပကို ဇူလိုင်လ ၂၉ ရက်မှ သြဂုတ်လ ၄ ရက်နေ့တာကာလအတွင်း နနွင်းတင်ပို့မှုပျောက်ခဲ့ပါတယ်။ ယခင်သီတင်း ပတ်မှာတော့ တန် ၃၀ ကျော်တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ဇူလိုင်လအတွင်း တင်ပို့ခဲ့တဲ့နိုင်ငံက စင်ကာပူနိုင်ငံပဲ ဖြစ်ပါ တယ်။ ဇူလိုင်လအတွင်း စုစုပေါင်းတင်ပို့ခဲ့တဲ့ တန်ချိန်က ၄၉ ဒသမ ၁ တန်ဖြစ်ခဲ့ပြီး ဇွန်လရဲ့ စုစုပေါင်းတင်ပို့မှုတန်ချိန်က ၇၆ ဒသမ ၄၆ တန်ဖြစ်ခဲ့တာကြောင့် ဇူလိုင်လမှာ အပို့နည်းခဲ့တယ်လို့ ဆိုရပါမယ်။ ကာလတူကာလဖြစ်တဲ့ ၂၀၁၁ ခုနှစ် ဇူလိုင်လမှာ နနွင်းတင်ပို့မှုက ၂၀၅ တန်ရှိခဲ့တာကြောင့် ဒီနှစ်ဇူလိုင်လမှာ အပို့ နည်းခဲ့ပါတယ်။                  MIRT(DOT)

Monday, 27 Aug 2012

ဒီသီတင်းတစ်ပတ်ဖြစ်တဲ့ ဇူလိုင် ၂၉ ရက်မှ သြဂုတ်လ ၄ ရက်တာ ကာလ အတွင်း မန်ကျည်းတင်ပို့မှုပျောက်ခဲ့ပါတယ်။ ယခင်သီတင်းပတ်မှာတော့ တန် ၁၇၀ တင်ပို့နိုင်ခဲ့ပါတယ်။ ဇူလိုင်လအတွင်း တင်ပို့ခဲ့တဲ့ နိုင်ငံတွေက စင်ကာပူနိုင်ငံ၊ ထိုင်း နိုင်ငံနဲ့ မလေးရှားနိုင်ငံတို့ဘဲဖြစ်ပါတယ်။

Monday, 27 Aug 2012

တရုတ်နိုင်ငံမှာ ယခုနှစ်သြဂုတ်လ ၂ ရက်အထိ ချင်းပျမ်းမျှဈေးက ယခင် နှစ်ထက် ၅၃ ဒသမ ၇ ရာခိုင်နှုန်း အထိ ကြီးမားစွာကျဆင်းကြောင်းသိရပါတယ်။ Guangming ဟင်းသီးဟင်းရွက် လက်ကားဈေးမှာ ချင်းဈေးက ၁၀ နှစ်အတွင်း အနိမ့်ဆုံးဖြစ်ခဲ့ပြီး၊ ယခင်တစ်ပတ်က တစ်ကီလိုယွမ် ၁ ဒသမ ၄ (ကန်ဒေါ်လာ သုည ဒသမ ၂၂) ဈေး ရှိခဲ့ပါတယ်။ အဲဒီဒေသလက်လီဈေးမှာ ယွမ် ၂ ဒသမ ၆ (ကန်ဒေါ်လာ သုည ဒသမ ၄) ရှိကြောင်းသိရပါတယ်။ယမင်းခင်၊Source: chinadaily.com

Monday, 27 Aug 2012

ချင်းကတော့ ဈေးကွက်မှာ ပုံမှန်အဝင်ရှိဆဲပါပဲ။ သီတင်းကျွတ်လောက်ဆိုရင် တော့ ချင်း(ဥမ)တွေကုန်တော့မှာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာပဲ ချင်း တက်တွေက ဈေးကွက်ကိုစပြီး ဝင်လာတော့မှာဖြစ်ပါတယ်။

Monday, 27 Aug 2012

သြဂုတ်လ ၁ ရက်မှ ၇ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၀၂၈ သန်းတန်ဖိုးရှိ ချင်းခြောက် ၁၂ တန်ကျော် မြဝတီနယ်စပ်မှ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်မှအပို့ရှိခဲ့ပြီး ယခုအပတ်မှာတော့ မြဝတီနယ်စပ်မှသာ အပို့ ရှိခဲ့တာဖြစ်ပါတယ်။                                                             MIRT(DOBT)

Monday, 27 Aug 2012

ပြည်ပကို ဇူလိုင် ၂၉ ရက်မှ သြဂုတ် ၄ ရက်တာ ကာလအတွင်း ချင်း ၅၂ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။

Pages