Background
မုံရွာခရိုင် ၈ မြို့နယ်ရဲ့ မိုးသီးနှံပဲမျိုးစုံ စိုက်ဧက ၃ သိန်းခွဲနီးပါးရှိတဲ့အနက် ပဲစင်းငုံစိုက်ပျိုးမှုက ဧက ၂ သိန်းခွဲရှိတဲ့အတွက် စုစုပေါင်း ပဲစိုက်ဧကရဲ့ ၃ ပုံ ၂ ပုံခန့်ထိ ပမာဏများပြားခဲ့တာတွေ့ရပါတယ်။
ကမ္ဘာ့ဒေသ တော်တော်များများမှာ မိုးခေါင်ခြောက်သွေ့ ခြင်းက ပဲမျိုးစုံနဲ့စားဆီတင်သွင်းဖို့စီစဉ်ထားတဲ့ ပမာဏ ကိုလျှော့ချဖို့ တွန်းအားပေးနေပါတယ်။ အကြောင်းကတော့ ကာလတိုအတွင်း ဈေးနှုန်းများထပ်မံမြင့်တက် လာနိုင်တာ ကြောင့်ပဲ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ မိုးရေမလုံလောက်တဲ့ အတွက် ပဲမျိုးစုံနဲ့ ဆီထွက်သီးနှံထုတ်လုပ်မှု ကျဆင်းဖွယ် ရှိတဲ့ အတွက် ဗဟိုအစိုးရက တင်သွင်းခြင်းဖြင့် ပြည်တွင်း ပဲရရှိ မှုမြှင့်တင်ဖို့ စီစဉ်နေခြင်းဖြစ်ပါတယ်။
အိန္ဒိယမိုးရွာသွန်းမှုက ယခင်သီတင်းပတ်တွေထိ ပုံမှန် အောက် ၂၀ ရာခိုင်နှုန်းခန့်လျော့ကျနေခဲ့ရာမှ ဒီတစ်ပတ်မှာ တော့ ပုံမှန်အောက် ၁၇ ရာခိုင်နှုန်းခန့်သာ လျော့ကျလာလို့ မိုးရွာသွန်းမှုတိုးတက်လာတဲ့ အခြေအနေ ရှိလာပါတယ်။
ပဲခူးတိုင်းဒေသကြီး၊ ပြည်ဈေးကွက် ပဲမျိုးစုံသီးနှံမှာ ပဲတီစိမ်းသာ အဝင်များပြီး လက်ကျန်လည်းရှိတာကြောင့် အရောင်းအဝယ်ဖြစ်မှု ကောင်းနေပေမယ့် အခြားပဲမျိုးစုံ သီးနှံ များက ပဲအဝင်နည်းလာခဲ့သလို ဈေးကွက် အတွင်းမှာ လက် ကျန်နည်းခဲ့ပြီ ဖြစ်ပါတယ်။
ရော်ဘာလက်အိတ်ထုတ်လုပ်မှုလုပ်ငန်းရှင်များတွေ့ဆုံပွဲမှာ ကမ္ဘာ့ရော်ဘာပစ္စည်းအများဆုံးထုတ်လုပ် တဲ့ နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နိုင်ရေး မလေးရှားရော်ဘာလက်အိတ်ထုတ်လုပ်သူများအသင်း (Malaysia Rubber Glove Manufacturers Association - MARGMA) ဥက္ကဌ Lin Kwee Shyan ကတိုက်တွန်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
မလေးရှားနိုင်ငံဟာကမ္ဘာ့ရော်ဘာလက်အိတ် လိုအပ်ချက်ရဲ့ ၆၀ ရာခိုင်နှုန်းခန့်ကို ထုတ်လုပ်ပေးနေတာ ဖြစ်ပါတယ်။ ထိပ်တန်း မှာ ရှိနေတဲ့ ရော်ဘာပစ္စည်းများ ထုတ်လုပ်တဲ့ မလေးရှားလက်အိတ်ကုမ္ပဏီတွေကတော့ Top Glove Corp: Bhd ၊ Supermax Corp: Bhd ၊ Kossan Rubber Industries Bhd နဲ့ Hartalega Holdings Bhd တို့ဖြစ်ကြပါတယ်။ လက်ရှိသဘာဝရော်ဘာဈေးများနည်းနေခြင်း ဟာ ရော်ဘာလက်အိတ်ထုတ်လုပ်သူများအား ၎င်းတို့ရဲ့ ထုတ်လုပ်မှုကိုမြင့်တက် စေပြီး ပိုမိုမြင့်မားနေတဲ့ ကမ္ဘာ့လိုအပ်ချက်ကိုဖြည့်ဆည်ပေးနိုင်မယ်လို့ဆိုပါတယ်။ ရော်ဘာလက်အိတ်ထုတ်လုပ်မှုလုပ်ငန်းတွင် အများအပြား ထုတ်လုပ်နိုင်သူဟာ အောင်မြင်မှုကို ရရှိမှာဖြစ်ကြောင်း ဥပမာအားဖြင့် Top Glove ကော်ပိုရေးရှင်းဟာ မလေးရှားမှာစက်ရုံ ၁၆ ခု၊ ထိုင်းမှာ ၂ ခုနဲ့ တရုတ်မှာ ၂ ခု ပိုင်ဆိုင်မှုရှိပြီး နှစ်စဉ်လက်အိတ် ၃၈ ဘီလီယံကျော်ထုတ်လုပ်နေတာဖြစ်ပါတယ်။ ဒုတိယအများဆုံးထုတ်လုပ်တဲ့ Supermax ကော်ပိုရေးရှင်း ကတော စက်ရုံ ၁၁ ရုံထိ ပိုင်ဆိုင်ထားပြီးနှစ်စဉ်လက်အိတ် ၂၁ ဒသမ ၆ ဘီလီယံ ကျော် ထုတ်လုပ်နိုင်တယ်လို့သိရပါတယ်။ ရော်ဘာလက်အိတ်ထုတ်လုပ်သူအများစုဟာ ကိုယ်ပိုင်ရော်ဘာခြံများစိုက်ပျိုးထုတ်လုပ်ရန်စီစဉ်ထားပြီးဖြစ် ပါတယ်။ Top Glove Corp: ဟာ ကမ္ဘောဒီးယားမှာ ရော်ဘာများကို ဟက်တာ ၈၀၀၀ခန့် စိုက်ပျိုးသွားရန် စီမံချက် ရှိတယ်လို့ သိရပါတယ်။ ပြည်တွင်းရော်ဘာထုတ်လုပ်သူများအား လုပ်သားမလုံလောက်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ မလေးရှားရော်ဘာ လက်အိတ်ထုတ်လုပ်သူများအသင်းဥက္ကဌကပြောကြားခဲ့ပါတယ်။ အသစ်တည်ထောင်တဲ့ စက်ရုံတွေရဲ့ ထုတ်လုပ်မှုပိုင်းမှာ အလုပ်သမားမလုံလောက်မှု အခက်အခဲနဲ့ ရင်ဆိုင်နေရကြောင်း၊ သဘာဝဓာတ်ငွေ့ ပံ့ပိုးမှုဖြတ်တောက်ခြင်းနဲ့ အနိမ့်ဆုံး လုပ်သားခသတ်မှတ်ထားတဲ့မူဝါဒများဟာ ရော်ဘာထုတ်လုပ်မှုမှာ အခက်အခဲများ ဖြစ်စေသော်လည်း တရုတ်၊ အိန္ဒိယနဲ့ လက်တင်အမေရိကတို့မှာ ကျန်းမာရေးမြှင့်တင်ရေးလုပ်ငန်းများကြောင့် ထိုနိုင်ငံများသို့ ရော်ဘာလက်အိတ်အများအပြား တင်ပို့နိုင်ခြေရှိတယ်လို့ MARGMA ကဆိုပါတယ်။Source: The Star.com,CMK
ဇူလိုင်လ ၂၅ ရက်မှ ၃၁ ရက် ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၀၃၈ သန်းတန်ဖိုးရှိ MSR-20 ၁၄ တန်ခွဲကို မူဆယ်နယ်စပ်နဲ့ချင်းရွှေဟော်နယ်စပ်မှ ကန်ဒေါ်လာ ၁ ဒသမ ၁၃၂ သန်းတန်ဖိုးရှိ RSS-3 ၃၆၈ တန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၂၆ သန်းတန်ဖိုးရှိ MSR-20 ၈ ဒသမ ၇၂ တန်အပို့ရှိခဲ့ပါတယ်။ နယ်စပ်မှ ယခုအပတ်မှာ ရော်ဘာအဆင့်စုံ ၃၉၁ တန်ကျော်အပို့ရှိခဲ့ရာ ယခင်အပတ်တင်ပို့မှုနဲ့နှိုင်းယှဉ်လျှင် ၈၉ တန်ခန့် အပို့လျော့ခဲ့ပါတယ်။
ဇူလိုင်လ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်းမှာ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ကန်ဒေါ်လာ ၁ ဒသမ ၂၈၅ သန်းတန်ဖိုးရှိတဲ့ ရော်ဘာတန် ၄၂၀ ကျော်အပို့ရှိခဲ့ပါတယ်။ တရုတ်နိုင်ငံသို့ MSR-20 တန် ၁၆၀၊ MSR-50 တန် ၂၀၀ ကျော်နဲ့ မက္ကဆီကိုသို့ RSS-3 တန် ၆၀ တင်ပို့ခဲ့တာလို့သိရပါတယ်။
ကြံနှင့်သကြားကော်မတီအဖွဲ့အစည်းမှ အတည်ပြုချက်အရ ၂၀၁၁-၂၀၁၂ ခုနှစ်စားသုံးရန်အတွက် ထားရှိသည့် သကြားခွဲတန်း quota အား တန်ချိန် ၂ ဒသမ ၄ သန်းမှ ၂ ဒသမ ၃ သန်းသို့လျှော့ချပေးခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်က ကျန်ရှိသော သကြား ၃၅၂၀၀၀ တန်အား ၂၀၁၁-၂၀၁၂ သကြားတန်ချိန်နဲ့ ပေါင်း မှာဖြစ်လို့ စီးပွားရေး ပြန်လည်ထူထောင်နေချိန်၌ သကြားစားသုံးမှု လုံလောက်မယ် လို့ ယုံကြည်ကြောင်း၊ ကြံနဲ့ သကြားကော်မတီက ပြောကြားခဲ့ပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ် လာသုညဒသမ ၀၆၈ သန်း တန်ဖိုးရှိ သကြား ၁၁၃ တန်ကျော်ကိုဇူလိုင်၂၅ ရက် မှ ၃၁ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။ မူဆယ်နယ်စပ်မှတော့ ကန်ဒေါ် လာ သုညဒသမ ၀၅၂ သန်းတန်ဖိုးရှိ သကြားဖြူ ၈၆ တန်ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၆၄ သန်းတန်ဖိုးရှိ သကြားညို ၁၀၈ တန်တင်ပို့နိုင်ခဲ့ပါတယ်။MIRT(DOBT)
ရှမ်းပြောင်းကတော့ ရာသီကုန်ချိန်နီးလေ ပိုတက်လာလေပါပဲ။ ပြောင်းသစ် ကတော့ သြဂုတ်လကုန်၊ စက်တင်ဘာလဆန်းမှသာ ဈေးကွက်ကို ပြန်ပြီးဝင်လာမှာ ဖြစ်ပါတယ်။ ဒီနှစ်က ပြောင်းလှိုင်လှိုင်ပေါ်ချိန်မှ ဝယ်သမား သိပ်မရှိပဲ အီလည်လည် သာရှိပါတယ်။
