Background
အပတ်စဉ် ပဲမျိူးစုံတင်ပို့မှုနဲ့ FOB အရောင်းအဝယ်ဖြစ်မှု အခြေအနေ ရေတွက်ပုံ- တန်ချိန်ထောင်ပေါင်း ပဲအမျိူးအစား ပြည်ပတင်ပို့မှု ပြောင်းလဲမှု FOB ရန်ကုန်စာချုပ် ချုပ်ဆိုမှုပြောင်းလဲမှု ယခင်တစ်ပတ် ယခုတစ်ပတ် ယခင်တစ်ပတ် ယခုတစ်ပတ် (13-7-12ထိ) (20-7-12 ထိ) (၁၃/၇-၁၈/၇) (၂၀/၇-၂၆/၇) မတ်ပဲ 18700 13154 15476 12116 ပဲတီစိမ်း 2550 2300 2418 8374 ပဲစင်းငုံ 6096 4470 13788 11279 ကုလားပဲ 293 677 629 817 ပဲလွန်းဖြူ 155 122 277 265 မြေထောက်ပဲ 167 140 82 88
အီးယူဒေသ ကြွေးမြီ အကျပ် အတည်းကို ထိန်းချုပ်နိုင်ရန်အတွက် ခက်ခဲစွာ ကြိုးပမ်းနေရချိန်မှာ တရုတ် နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုနှုန်းဟာ နှေးနေပြီးနောက် ထပ်လည်းအေးနေ လိမ့်မယ်လိ့ု တရုတ် ဗဟိုဘဏ်မှ အကြံ ပေးပညာရှင် တစ်ဦးက ခန့်မှန်းပြော ကြားလိုက်ရာ ကမ္ဘာ့ရွှေ၊ ရေနံစိမ်းဈေး နှုန်းတွေအပြင်ရော်ဘာဈေးနှုန်းပါ အား နည်းလာခဲ့ပါတယ်။
ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုဧရိယာချဲ့ထွင်နိုင်ခြင်းဖြင့် ရော်ဘာစိုက်တောင်သူများရဲ့ အသက်မွေးဝမ်းကျောင်းနဲ့ လူနေမှုဘ၀ မြှင့်တင်နိုင်ရေး ရေးဆွဲထားတဲ့အစီအစဉ်များကို ပြန်လည်သုံးသပ်လျက်ရှိကြောင်း ဖိလစ်ပိုင်နိုင်ငံလယ်ယာစိုက်ပျိုးရေး သုတေ သန ဗျူရိုဌာန (Bureau of Agricultural Research- BAR) မှ ညွှန်ကြားရေးမှူး Nicomedes P. Eleazar က ပြောကြားခဲ့ ပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်မှ ဇူလိုင် ၁၈ ရက်မှ ၂၄ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၇၁၀ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၅၈၀ ဒသမ ၁၀၄ တန် တင်ပို့နိုင်ခဲ့ပါတယ်။
တရုတ်နိုင်ငံသို့ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှတစ်ဆင့် RSS-3 တန် ၅၀၀ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၄၀၀ သန်းဖိုးကို ဇူလိုင် ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်းမှာ ပိုမိုတင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က MSR-50 ၁၆ တန် ကျော်သာ ဖိလစ်ပိုင်နိုင်ငံသို့ တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ တန် ၄၈၀ ကျော် ပိုမိုတင်ပို့ ခဲ့ပါတယ်။
မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၁၇၄ သန်း တန်ဖိုးရှိ ဂျုံစေ့ ၆၆၅ တန်ခန့်ကို ဇူလိုင် ၁၈ ရက်မှ ၂၄ ရက်ထိ ကာလအတွင်းမှာတင်သွင်းခဲ့ပါတယ်။ ယခင်အပတ်က ၂၆၃ တန်ခန့်သာ တင်သွင်းခဲ့ရာ ယခုအပတ်မှာ ၄၀၂ တန် ပိုမိုတင်သွင်းခဲ့တာ ဖြစ်ပါတယ်။ MIRT(DOBT)
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ဇူလိုင် ၁၈ ရက်မှ ၂၄ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၁၉၃ သန်းတန်ဖိုးရှိ သကြားဖြူ ၃၂၂ တန်ခန့်နဲ့ကန်ဒေါ်လာသုညဒသမ ၀၂၈ သန်းတန်ဖိုးရှိ သကြားညို ၄၇ ဒသမ ၄၀၀ တန် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် သကြားဖြူ ၁၅၆ တန် အပို့ပိုခဲ့ သော်လည်း သကြားညို ၁၄၁ တန်ကျော် အပို့လျော့ခဲ့ပါတယ်။ MIRT(DOBT)
ဟင်္သာတပြောင်းဈေးကွက်ရှိ အစေ့ထုတ်ပြောင်းဈေးမှာ တဖြည်းဖြည်းမြင့်လာ သော်လည်း ပြောင်းဝင်ရောက်မှု နည်းပါးလာပါတယ်။ယခင်တစ်ပတ်ကအစေ့ထုတ် ပြောင်းဈေးမှာ ပိဿာ ၂၀ တစ်တင်းကို ၈၆၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ် ပြု လုပ်ကြပြီး၊ ယခုတစ်ပတ်မှာ တစ်တင်းကို ၉၃၀၀ ကျပ်ဈေးအထိ မြင့်တက်လာတာ တွေ့ရပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုညဒသမ ၀၈၄ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ တန် ၃၀၀ ကို ဇူလိုင်လ ၁၈ ရက် မှ ၂၄ ရက်ထိကာလအတွင်းမှာ တင်ပု့ိနိုင်တယ်လို့ သိရပါတယ်။
ယခုနှစ်မိုးနဲ့မျိုးကြောင့်ငရုတ်အထွက်နည်းခဲ့တယ်လို့ သိရ ပါတယ်။ မန္တလေးဈေးကွက်ကို ယခုကာလ မှာ ကျောက်ဆည်၊ မြစ်သားနယ်များမှ ဝင်ရောက်လေ့ရှိပါတယ်။ မန္တလေးမှ ရှမ်း ပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ် စတဲ့ ဒေသစုံကို တင်ပို့ လျက် ရှိပြီး၊ ယခုနောက်ပိုင်း လားရှိုးမှ အဝယ် ပိုလိုက်တယ်လို့ သိရပါတယ်။