Background
ဇူလိုင်လ ၂၅ ရက်မှ ၃၁ ရက် ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၀၃၈ သန်းတန်ဖိုးရှိ MSR-20 ၁၄ တန်ခွဲကို မူဆယ်နယ်စပ်နဲ့ချင်းရွှေဟော်နယ်စပ်မှ ကန်ဒေါ်လာ ၁ ဒသမ ၁၃၂ သန်းတန်ဖိုးရှိ RSS-3 ၃၆၈ တန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၂၆ သန်းတန်ဖိုးရှိ MSR-20 ၈ ဒသမ ၇၂ တန်အပို့ရှိခဲ့ပါတယ်။ နယ်စပ်မှ ယခုအပတ်မှာ ရော်ဘာအဆင့်စုံ ၃၉၁ တန်ကျော်အပို့ရှိခဲ့ရာ ယခင်အပတ်တင်ပို့မှုနဲ့နှိုင်းယှဉ်လျှင် ၈၉ တန်ခန့် အပို့လျော့ခဲ့ပါတယ်။
ဇူလိုင်လ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်းမှာ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ကန်ဒေါ်လာ ၁ ဒသမ ၂၈၅ သန်းတန်ဖိုးရှိတဲ့ ရော်ဘာတန် ၄၂၀ ကျော်အပို့ရှိခဲ့ပါတယ်။ တရုတ်နိုင်ငံသို့ MSR-20 တန် ၁၆၀၊ MSR-50 တန် ၂၀၀ ကျော်နဲ့ မက္ကဆီကိုသို့ RSS-3 တန် ၆၀ တင်ပို့ခဲ့တာလို့သိရပါတယ်။
ကြံနှင့်သကြားကော်မတီအဖွဲ့အစည်းမှ အတည်ပြုချက်အရ ၂၀၁၁-၂၀၁၂ ခုနှစ်စားသုံးရန်အတွက် ထားရှိသည့် သကြားခွဲတန်း quota အား တန်ချိန် ၂ ဒသမ ၄ သန်းမှ ၂ ဒသမ ၃ သန်းသို့လျှော့ချပေးခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်က ကျန်ရှိသော သကြား ၃၅၂၀၀၀ တန်အား ၂၀၁၁-၂၀၁၂ သကြားတန်ချိန်နဲ့ ပေါင်း မှာဖြစ်လို့ စီးပွားရေး ပြန်လည်ထူထောင်နေချိန်၌ သကြားစားသုံးမှု လုံလောက်မယ် လို့ ယုံကြည်ကြောင်း၊ ကြံနဲ့ သကြားကော်မတီက ပြောကြားခဲ့ပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ် လာသုညဒသမ ၀၆၈ သန်း တန်ဖိုးရှိ သကြား ၁၁၃ တန်ကျော်ကိုဇူလိုင်၂၅ ရက် မှ ၃၁ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။ မူဆယ်နယ်စပ်မှတော့ ကန်ဒေါ် လာ သုညဒသမ ၀၅၂ သန်းတန်ဖိုးရှိ သကြားဖြူ ၈၆ တန်ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၆၄ သန်းတန်ဖိုးရှိ သကြားညို ၁၀၈ တန်တင်ပို့နိုင်ခဲ့ပါတယ်။MIRT(DOBT)
ရှမ်းပြောင်းကတော့ ရာသီကုန်ချိန်နီးလေ ပိုတက်လာလေပါပဲ။ ပြောင်းသစ် ကတော့ သြဂုတ်လကုန်၊ စက်တင်ဘာလဆန်းမှသာ ဈေးကွက်ကို ပြန်ပြီးဝင်လာမှာ ဖြစ်ပါတယ်။ ဒီနှစ်က ပြောင်းလှိုင်လှိုင်ပေါ်ချိန်မှ ဝယ်သမား သိပ်မရှိပဲ အီလည်လည် သာရှိပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ် လာ သုည ဒသမ ၁၁၈ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ တန် ၄၂၀ ကိုဇူလိုင်၂၅ရက် မှ ၃၁ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့တယ်လို့ သိရပါတယ်။ ယခင်အပတ်က ချင်းရွှေဟော်နယ်စပ်မှ အပို့မရှိခဲ့သော်လည်း ယခုအပတ်မှာ အပို့ရှိလာတာ ဖြစ်ပါ တယ်။
စက်မှုကုန်ကြမ်း သီးနှံတစ်မျိုးဖြစ်တဲ့ ပီလောပီနံဥတွေကို အချိုမှုန့်၊ ကော်မှုန့်ပြုလုပ်ရာမှာ ထည့် သွင်းအသုံးပြုကြတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ စက္ကူချောတွေကိုထုတ်လုပ်ရာမှာ အပေါ်ယံကြွေ သားကောင်းမွန်စေဖို့အတွက် ပီလောပီနံမှုန့်တွေကို ထည့်သွင်းအသုံးပြုကြောင်း သိရှိရပါတယ်။
မြန်မာ-တရုတ်နယ်စပ် ချင်းရွှေဟော်နယ်စပ်စခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၀၂ သန်းတန်ဖိုးရှိ ဒရင်ကောက် မြစ် ၅ တန်၊ အုံတုံခေါက် ၅ တန်၊ မူဆယ်နယ်စပ်မှ ကန် ဒေါ်လာ ၂ ဒသမ ၄၉၆ သန်းတန်ဖိုးရှိ ပရဆေး ၃၁၃၁ တန်ကျော် အပို့ရှိခဲ့ရာ နယ်စပ်မှပရဆေး ၃၁၄၁ တန်ကျော်ကို ဇူလိုင် ၂၅ ရက်မှ ၃၁ ရက် ထိကာလအတွင်းမှာ အပို့ရှိခဲ့ပါ တယ်။
နနွင်းစိုက်ဧရိယာကျဆင်းမှုနဲ့ နနွင်းစိုက်နယ်မြေတွေမှာ မိုးပါးတဲ့အတွက် ဈေးကစားလိုသူတိုင်း အလှောင်များတဲ့ အတွက် နနွင်းကြိုပွိုင့်ဈေးက သြဂုတ် ၃ ရက်တွင် တစ်ကွမ် တယ်ကို ၁၁၂ ရူပီး မြင့်တက်ပြီး ၅၆၄၈ ရူပီးနှုန်းရှိခဲ့ပါတယ်။
ရှမ်းနနွင်းကလည်း အဝယ်လိုက်နေပါတယ်။ ဒီတစ်ပတ်မှာလည်း ဈေးကတက်ရိပ်ပြနေပါတယ်။ အဝင် ကတော့ ထုံးစံ အတိုင်းများများစားစားမဝင်လာဘဲ လက်လီလောက်သာ အဝင်ရှိနေတယ်လို့လည်း သိရပါတယ်။ လှောင်လက်တွေဆီကသာ လက်လီလိုက်ပြီး ဝယ်နေရတယ်လို့လည်း သိရပါတယ်။