Main menu

Background

Monday, 9 Jul 2012

    ဇွန် ၂၄ ရက်မှ ၃၀ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာတင်ပို့မှု တန် ၆၀၊ တန်ဖိုးဒေါ်လာ သုညဒသမ ၁၇၄ သန်းဖိုးကို မလေးရှားတစ်နိုင်ငံတည်းကိုတင်ပို့ခဲ့တယ်လို့သိရပါတယ်။ ယခင်ရက်သတ္တပတ်ထက် ခုနှစ်ပုံတစ်ပုံသာ အပို့ ရှိခဲ့တယ်လို့သိရပါတယ်။ တရုတ်နယ်စပ်ကတော့ တင်ပို့မှု တန် ၁၉၀ သာရှိတဲ့ အတွက် တင်ပို့မှုလျော့ကျခဲ့ပါတယ်။ မိုးတွင်း ကာလ ရော်ဘာအစေးထုတ်လုပ်ငန်းများ ခေတ္တရပ်ဆိုင်း ထားတဲ့အတွက် တင်ပို့မှုနှောင့်နှေးနေခြင်းဖြစ်ကြောင်းသိရပါတယ်။ FOB (ရန်ကုန်) ဈေးကတော့ RSS-3   တစ်တန်ကို ဒေါ်လာ (၂၈၀၀-၂၉၀၀) ကြားနဲ့RSS-5  တစ်တန်ကိုဒေါ်လာ (၂၇၀၀-၂၈၀၀) ကြားဈေးရတယ်လို့ သတင်း ရရှိပါတယ်။                                                          KZW            

Monday, 9 Jul 2012

    ၂၀၁၂-၂၀၁၃ မှာ အိန္ဒိယနိုင်ငံရဲ့ ပြောင်းအများဆုံး စိုက်ပျိုးတဲ့ ကာနာတာက၊ အန်ဒရာပရာဒေ့ရှ်နဲ့  မဟာရာရှပ်ထရာတို့မှာ မိုးနည်းပါးပြီး ကြက်ဘဲမွေးမြူရေးကဏ္ဍက နေ ဝယ်လိုအားတက်လာတာကြောင့် လာမယ့် ကာလများမှာပြောင်းဈေးနှုန်းမြင့်တက် ဖွယ် ရှိကြောင်းသိရပါတယ်။

Monday, 9 Jul 2012

    အမေရိကန်မှာ ရာသီဥတုပူပြင်းခြောက်သွေ့မှုကြောင့် ပြောင်းအထွက်နှုန်း ကျဆင်းကာ ဈေးကွက်တွေမှာ ကုန်စည်ဈေးနှုန်း မြှင့်တင်နိုင်တဲ့အပေါ် စိုးရိမ်မှု တွေကြောင့် ကမ္ဘာ့စားသောက်ကုန်ဈေးနှုန်းများ ၃ လအတွင်း ဆက်တိုက် ကျဆင်း ခဲ့ရာမှ ဇူလိုင်မှာ ပြန်လည်မြင့်တက်ဖွယ်ရှိတယ်လို့ ဇူလိုင်လ ၅ ရက်နေ့မှာ  FAO  မှ ဆိုပါတယ်။ ရာသီဥတု ဆိုးဝါးခြင်းကြောင့် သီးနှံအထွက်ကျဆင်းမှုအလားအလာ ရှိပြီး၊ အမေရိကန်မှာ ပြောင်းကအထွက် ကျဆင်းနိုင်တဲ့အတွက် ကုန်စည်ဈေးများ မကြာခင်ကစပြီး တစ်ဖန်ပြန်မြင့်တက်လာတယ်လို့  FAO မှ ဆိုပါတယ်။ ဒါကြောင့် ယခုလအတွင်း  FAO  ရဲ့ စားနပ် ရိက္ခာ ဈေးနှုန်းညွှန်းကိန်း မြင့်တက်လာဖွယ်ရှိနေ တယ်လို့ ဆိုပါတယ်။

Monday, 9 Jul 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နှင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေး စခန်း များမှ  ကန်ဒေါ်လာ ၂ ဒသမ ၂၁၂ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၇၉၀၄ တန်ကျော်ကို ဇွန် ၂၇ ရက်မှ ဇူလိုင်လ ၃ ရက်အတွင်းမှာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ထက် တန်ချိန် ၁၃၆၃ တန်ခန့်အပို့ပိုခဲ့ပါတယ်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ပထမ (၃) လ တာကာလမှာ နယ်စပ်မှပြောင်း တင်ပို့မှုကိုကြည့်မယ်ဆိုလျှင် ကန်ဒေါ်လာ ၂၄ ဒသမ ၆၁ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၂၆၇၃၉ တန်ကျော်တင် ပို့ထားပြီး ဖြစ်ပါတယ်။ ပြောင်းဖူးစေ့မြေပြင်ဈေးများကို ကြည့်ရာမှာ မိမိဘက် ရောတစ်ဘက် နိုင်ငံမှာ အနည်းငယ်မျှမြင့်တက်နေပါတယ် -

Monday, 9 Jul 2012

    ဇွန် ၂၄ ရက်မှ ၃၀ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း တင်ပို့မှုမရှိဘူးလို့ သိရပါတယ်။ ယခင်အပတ်ကလည်း စတိသာတင်ပို့မှုရှိခဲ့ပါတယ်။ တရုတ်နယ်စပ်ကတော့ တန် ၈၀၀၀ နီးပါးတင်ပို့မှုရှိတယ်လို့ သိရပါတယ်။ FOB (ရန်ကုန်)ဈေး ကတော့ ပြောင်းလဲမှုမရှိဘဲ တစ်တန်ကို ဒေါ်လာ (၂၇၅-၂၉၅) ဈေး ပေါက်တယ်လို့ သိရပါတယ်။                                KZW                                                                         

Sunday, 8 Jul 2012

    အိန္ဒိယနိုင်ငံမှာ မုတ်သုံမိုးရွာသွန်းမှု ကျဆင်းခြင်းကြောင့် ကြက်သွန်အထွက်ကျဆင်းမယ့် ခန့်မှန်းချက်များ နဲ့ အစိုးရက ဇွန် ၂၉ ရက်မှာ အနိမ့်ဆုံး တင်ပို့ဈေးနှုန်း (MEP)မထားဘဲ ပြည်ပကို ကြက်သွန်နီ တင်ပို့ခွင့်ပြုဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် ဇူလိုင် ၃ ရက်လက်ငင်းဈေးကွက်မှာ ကြက်သွန်နီဈေး ၂၅ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံတော် ဟင်းသီး ဟင်းရွက် သုတေသနနဲ့ ဖွံ့ဖြိုးရေးအဖွဲ့က ထုတ်ပြန်တဲ့စာရင်းတွေအရ ကြက်သွန် နမူနာဈေးနှုန်းက ယခင်ရက်မှာ တစ်တန် ရူပီး ၁၅၀၀ (ကန်ဒေါ်လာ ၂၇)တက်ပြီး၊ တစ်တန် ရူပီး ၇၅၀၀ (ကန်ဒေါ်လာ ၁၃၈)နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။

Sunday, 8 Jul 2012

    ဒီတစ်ပတ်ရှမ်းနနွင်းကို မန္တလေးဝယ်လက်တွေ ဝယ်ယူ နေတာကြောင့် ပုံမှန်အရောင်းအဝယ်ဖြစ်နေပါတယ်။ မန္တလေးဝယ်လက်တွေကအောင်ပန်းဈေးကွက်မှာ ဆင် တောင်နနွင်းကိုအဓိကဝယ်ယူနေပေမယ့် ပင်လောင်းစတွေကို လည်းဈေး နည်းတာကြောင့် ဝယ်ယူမှုရှိနေတယ်လို့လည်း သိရပါတယ်။ ရိုးရိုးနနွင်းတွေကိုတော့ ဈေးပတ် သမားတွေက ဝယ်ယူနေတယ် လို့လည်း ဆိုပါတယ်။ အောင်ပန်းဈေးကွက် မှာ ပင်လောင်းနနွင်းက တစ်ပိဿာ ၃၅၀ ကျပ် - ၃၆၀ ကျပ်ဈေးရှိပြီး၊ ရိုးရိုးနနွင်းက ၆၀၀ ကျပ်ပတ်ချာလည်လောက် သာရှိပါတယ်။ ဆင်တောင်နနွင်းကတော့ အရင်ပတ်တွေ ကထက် ဈေးနည်းနည်းတက်လာပြီး၊ တစ်ပိဿာ ၁၀၀၀ ကျပ် - ၁၁၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။

Sunday, 8 Jul 2012

    မူဆယ်နဲ့ မြဝတီနယ်စပ်များမှ ဇွန်လ ၂၇ ရက်မှ ဇူလိုင် ၃ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၅၀၀ သန်းတန်ဖိုးရှိ နနွင်းတက် ၃၂၁ တန်ကျော် အပို့ရှိခဲ့ပါတယ်။ မူဆယ်မှ ၂၉၁ တန်ကျော်နဲ့ မြဝတီမှ တန် ၃၀ တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ယခုအပတ်မှာ နနွင်းခေါင်းအပို့မရှိခဲ့ပါဘူး။ ဇွန်လတစ်လလုံးမှာတော့ နနွင်းခေါင်း ၅၃ တန်ကျော် တင်ပို့နိုင်ခဲ့ တယ်လို့ သိရပါတယ်။ ဇွန်လတစ်လလုံးမှာ  ကန်ဒေါ်လာ ၁ ဒသမ ၈၅ သန်းတန်ဖိုးရှိ နနွင်းတက် ၁၁၉၁ တန် နယ်စပ်မှ တင်ပို့နိုင်ခဲ့ပါတယ်။ ဧပြီလမှ ဇွန်လထိဘဏ္ဍာနှစ်ပထမ ၃ လတာကာလမှာတော့ ၃၅၂၀ တန် နယ်စပ်မှ တင်ပို့ထားပြီးဖြစ် တယ်လို့ သိရပါတယ်။                           MIRT(DOBT)                                                                                              

Sunday, 8 Jul 2012

    ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ နနွင်း ၁၆ ဒသမ ၅ တန် ကိုဒီတစ်ပတ်ဖြစ်တဲ့ ဇွန် ၂၄ ရက်မှ ၃၀ ရက်နေ့တာကာလအတွင်း ထိုင်းနိုင်ငံကို တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ် တန် သုံးဆယ်တင်ပို့နိုင်ခဲ့လို့ ဒီတစ်ပတ်မှာ နနွင်းတင်ပို့မှုလျော့ခဲ့ပါတယ်။ လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် ဇွန်လနနွင်းတင်ပို့မှု က ၇၆ ဒသမ ၄၆ တန်ရှိခဲ့ပြီး မေလတင်ပို့မှုက ၁၀၂ ဒသမ ၉၈ တန်ရှိခဲ့တာကြောင့် ဇွန်လမှာ နနွင်းတင်ပို့မှု ၂၆ ဒသမ ၅၂ တန်လျော့နည်းပြီး တင်ပို့နိုင်ခဲ့ပါတယ်။ FOB ဈေးက တစ်တန်ကို ကန်ဒေါ်လာ ငါးရာဝန်းကျင်ရရှိခဲ့လို့ စုစုပေါင်းပို့ကုန် ဝင်ငွေကန်ဒေါ်လာ ရှစ်ထောင့်နှစ်ရာကျော်ရရှိခဲ့ပါတယ်။   MIRT(DOT)

Sunday, 8 Jul 2012

    မလေးရှားနိုင်ငံမှရောင်းချမှု အကန့်အသတ်သာရှိတာကြောင့် တရုတ်ကြက်သွန်ဖြူ ဈေးနှုန်းမြင့်တက်နေတယ်လို့ သိရပါတယ်။ ပြည်တွင်းမှာလက်ကျန် ၃၀ ရာခိုင်နှုန်းဝန်း ကျင်ကျဆင်းခဲ့တာကြောင့် အချို့ဒေသတွေမှာ ဈေးနှုန်း ၂ ဆမြင့်တက်ပြီး၊ အချို့ဒေသ တွေမှာ ၃ ဆအထိပင် မြင့်တက်ကြောင်း သိရပါတယ်။ စစ်တမ်းကောက်ယူ ချက်များ အရ ကလန်ချိုင့်ဝှမ်းဒေသမှာ ကြက်သွန်ဖြူတစ်ကီလိုကန်ဒေါ်လာ ၁ ဒသမ ၆ ရှိရာမှ တစ်လအတွင်း ကန်ဒေါ်လာ ၂ ဒသမ ၈၄ ကိုမြင့်တက်ခဲ့ပြီး ပီနန်မှာ တစ်တန် ကန် ဒေါ်လာ သုည ဒသမ ၉၅မှ ကန်ဒေါ်လာ ၂ဒသမ ၈၄ ကိုတိုးလာကြောင်းသိရပါတယ်။

Pages