Main menu

Background

Sunday, 1 Jul 2012

    မန္တလေးဝယ်လက်တွေ အဝယ်ရှိနေတာကြောင့် ဟိုပုံးနနွင်းကတော့ အရောင်းအဝယ်ဖြစ်နေပါတယ်။ မန္တလေးကတစ်ဆင့် မူဆယ်ကို တင်ပို့နေပြီး၊ ဟိုပုံးနနွင်းက ဆင်တောင်နနွင်းထက်ဈေးချိုတာရယ်၊ ကျစ်တာရယ် ကြောင့် ဝယ်ယူမှုပိုများတယ်လို့ သိရပါတယ်။ ဟိုပုံးနနွင်းကို ၁ လပိုင်းကနေ ၆ လပိုင်းအထိ ၆ လအတွင်း ပိဿာချိန် ၆ သိန်းကျော်အရောင်းအဝယ် ဖြစ်ခဲ့ တယ်လို့လည်း သိရပါတယ်။ ဒီတစ်ပတ်နနွင်းပေါက်ဈေးက ၆၅၀ ကျပ်ဈေးရှိပါတယ်။

Sunday, 1 Jul 2012

    နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မူဆယ်နဲ့မြဝတီတို့မှ ကန်ဒေါ်လာ သုည ဒသမ ၅၄၀ သန်းတန်ဖိုးရှိတဲ့ နနွင်းတက် ၃၄၈ တန်ခန့်ကို ဇွန် ၂၀ ရက်မှ ၂၆ ရက်ထိကာလအတွင်းမှာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၁၁၂ တန် အပို့ ပိုခဲ့ပါတယ်။ နယ်စပ်အလိုက်တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ ၃၃၄ တန်နဲ့ မြဝတီမှ ၁၄ တန်ခန့် ဖြစ်ပါတယ်။MIRT(DOBT)

Sunday, 1 Jul 2012

    ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ နနွင်းတန် ၃၀ ကို တင်ပို့ခဲ့ ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက အာရပ်စော်ဘွား များပြည်ထောင်စုပဲဖြစ်ပါတယ်။ မေလကုန်အထိသာ အပို့ရှိခဲ့ပြီး နှစ်ပတ်ဆက်တိုက်အပို့ပျောက်နေခဲ့တဲ့ နနွင်းက ဒီတစ်ပတ်မှသာ ပြန်လည်တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ယခင်မေလတင်ပို့ခဲ့တဲ့ နနွင်းက FOB ဈေးကန်ဒေါ်လာ ခုနှစ်ရာနီးပါးရရှိခဲ့တဲ့ နနွင်းဈေးက ဒီတစ်ပတ်မှာ ကန်ဒေါ်လာ ငါးရာဝန်းကျင်သာ ရရှိခဲ့ပါတယ်။MIRT(DOT)

Sunday, 1 Jul 2012

    ပြည်ကြက်သွန်နီဈေးကွက်ကို ယခုတစ်ပတ်အတွင်း ရေနံချောင်း၊ ပခုက္ကူ ဘက်မှ ကြက်သွန်နီများ၃၅ ပိဿာဝင်အိတ် ၅၀၀ ခန့် ရက်ခြားအဝင်ရှိပြီး၊ အရောင်း အဝယ်မှာလည်း တစ်ရက်ကို အိတ် ၆၀ ခန့်သာ အရောင်း အဝယ်ဖြစ်ပြီး၊ ဈေးကွက် အတွင်း အရောင်းအဝယ်ပါးတာကြောင့် ဈေးအေးသွားခဲ့ကြောင်းသိရပါတယ်။ ပြည် ပွဲရုံများရဲ့ ဈေးနှုန်းမှာ ယခင်အပတ်ထက် တစ်ပိဿာကို ၅၀ ကျပ်ခန့်ဈေးကျပြီး၊ ကြက်သွန်နီ(ကြီး) တစ်ပိဿာ ၆၀၀ ကျပ်၊ (လတ်) ၅၅၀ ကျပ်၊ (သေး) ၅၃၀ ကျပ်တို့နဲ့ ရောင်းဝယ်လျက်ရှိနေပါတယ်။                        ဝင်းဝင်းခိုင်

Sunday, 1 Jul 2012

    ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ပြည်ပကိုမန်ကျည်း ၁၆၉ ဒသမ ၉၈ တန်ကို ဇွန် ၁၇ ရက်မှ ၂၃ ရက်တာ ကာလအတွင်း တင်ပို့ခဲ့ပါတယ်။ ဒီ သီတင်းပတ် အတွင်း မလေးရှားနိုင်ငံကို ၁၄၄ ဒသမ ၉၈ တန်နဲ့ ထိုင်းနိုင်ငံကို ၂၅ တန်တင်ပို့နိုင်ခဲ့ ပါတယ်။ ယခင်သီတင်းပတ်မန်ကျည်းတင်ပို့မှုက တန်တစ်ရာငါးဆယ် ကျော်ရှိခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ ယခင်သီတင်းပတ်ထက် ဆယ်တန်ကျော်ပိုမို တင်ပို့နိုင်ခဲ့ပါ တယ်။ FOB ဈေးကတစ်တန်ကိုကန်ဒေါ်လာငါးရာနှစ်ဆယ်ကျော်ရရှိခဲ့လို့ စုစုပေါင်း ပို့ကုန်ဝင်ငွေကန်ဒေါ်လာ ကိုးသောင်းနီးပါးရရှိခဲ့ပါတယ်။                                      MIRT (DOT)

Sunday, 1 Jul 2012

    ချင်း(ဥမ)တွေကတော့ အောင်ပန်းဈေးကွက်မှာ ပုံမှန်အဝင်ရှိနေပါတယ်။ တစ် ရက်ကို ပျမ်းမျှ ပိဿာချိန် ၁၀၀၀ ခန့်အဝင်ရှိနေပါတယ်။ ချင်းထိုးသမားတွေက ချင်း(ဥမ)ကိုပိုပြီးကြိုက်ကြပါတယ်။ဥမကဖောင်းပြီးကြီးတာကြောင့် လှီးရတာလွယ်ကူ တယ်လို့ ဆိုပါတယ်။ ချင်းတက်ကတော့ လှီးရတာ လက်ဝင်တာကြောင့် ဥမပေါ်ချိန် ဆို ဥမကိုသာအဆွဲများပါတယ်။

Sunday, 1 Jul 2012

    ယခုတစ်ပတ်မှာအောင်ပန်း၊ တောင်ကြီးတို့မှ ချင်းပိဿာ ၃၀ ဝင်အိတ် ၂၅၀ ခန့်အဝင်ရှိပြီး၊ ယခင်အပတ်ထက် အဝင်ပိုများလာကာ ဈေးနှုန်းများမှာလည်း တစ် ပိဿာကို ချင်း(ရှယ်) ၅၀၀ ကျပ် (ဂျွန်) ၃၅၀ ကျပ်တို့နဲ့ ရောင်းဝယ်လျက်ရှိလို့၊ ယခင်တစ်ပတ်ထက်တစ်ပိဿာကို ၁၀၀ ကျပ်ခန့် ဈေးကျသွားခဲ့ပါတယ်။ အရောင်း အဝယ်အားဖြင့် ယခုတစ်ပတ် ပြည်ဈေးကွက်အတွင်းမှာ လက်လီ၊ လက်ကား ရောင်း ဝယ်သူများအပြင် ဧရာဝတီနဲ့ ရခိုင်ကို တင်ပို့မှုအပါအဝင် တစ်ရက်ကို ပိဿာချိန် ၁၀၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ဝင်းဝင်းခိုင်

Sunday, 1 Jul 2012

    အိန္ဒိယပြည်တွင်း ပဲမျိုးစုံဈေးကွက်အားလုံးနီးပါးမှာ ပဲမျိုးစုံဈေးနှုန်းတွေမြင့်မားနေပါတယ်။ အိန္ဒိယ ပြည်တွင်း မိုးတွင်း ကာလမှာ ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်ရရှိနိုင်မှု နည်းပါးတဲ့အတွက် ပဲမျိုးစုံဝယ်လိုအားမြင့်မား လေ့ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဇွန်မှာ ကုန်ဆုံးမယ့်လက်ရှိသီးနှံနှစ်အတွင်း ပဲမျိုးစုံအထွက်နှုန်းကို ၁၇ ဒသမ ၀၂ သန်းသာရှိမယ် ခန့်မှန်းထားရာ  ယခင်နှစ်ပဲမျိုးစုံထွက်နှုန်း ၁၈ ဒသမ ၄၂ သန်းနဲ့ ယှဉ်ရင် ကျဆင်းလျက်ရှိပါတယ်။

Sunday, 1 Jul 2012

    မုတ်သုံမိုးက ပျမ်းမျှမိုးရေချိန်အောက်ကိုရောက်ရှိနေခြင်းဟာ နိုင်ငံရဲ့ ပဲထုတ်လုပ်မှုကို ထိခိုက်နိုင်တဲ့ စိုးရိမ်မှုတွေနဲ့အတူ ဥပုသ်လပွဲတော်နီးကပ်လာတဲ့ ကာလအတွင်း စားသုံးသူဝယ်လိုအား မြင့်တက်ဖွယ်ရှိခြင်း တို့ကြောင့် ဇွန်လ ၂၇ ရက် အိန္ဒိယ ကုလားပဲကြိုပွိုင့်ဈေးမြင့်တက်ခဲ့ပါတယ်။ NCDEX  မှာဇူလိုင် ကုလားပဲ စာချုပ်ဈေးက တစ်တန်ကို သုည ဒသမ ၈၄ ရာခိုင် နှုန်း မြင့်တက်ပြီး၊ ရူပီး ၄၃၁၅၀ (ကန်ဒေါ်လာ ၇၅၆)ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Sunday, 1 Jul 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ သုည ဒသမ ၅၁၈ သန်းတန်ဖိုးရှိ ပဲယင်း ၁၂၆၁ တန်ကျော်ကို ဇွန်လ ၂၀ ရက်မှ ၂၆ ရက်အတွင်းမှာ တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်တင်ပို့မှုနဲ့နှိုင်းယှဉ်ပါက တန် ၉၉၀ ဝန်းကျင် ယခုအပတ်မှာပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေး လိုက်ပါတယ် -

Pages