Background
ပြည်ပဈေးကွက်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဇွန် ၂၄ ရက်မှ ၃၀ ရက်တာ ကာလအတွင်း မန်ကျည်း ၁၆၂ တန်တင်ပို့ခဲ့ပါတယ်။ စင်ကာပူနိုင်ငံ ကို ၆၆ တန်နဲ့ မလေးရှားနိုင်ငံကို ၉၆ တန်အသီးသီးတင်ပို့ခဲ့ပါတယ်။ ယခင်သီတင်း ပတ်မှာလည်း ၁၆၉ တန်ကျော်တင်ပို့နိုင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာ မန်ကျည်းတင် ပို့မှုက ၇ တန်လျော့နည်းခဲ့ပါတယ်။ ဇွန်အတွင်းမှာ မန်ကျည်းတင်ပို့ခဲ့တဲ့နိုင်ငံတွေ က စင်ကာပူ၊ ဂျပန်၊ မလေးရှား၊ ထိုင်းနိုင်ငံတို့ဖြစ်ပါတယ်။
အောင်ပန်းဈေးကွက်မှာ ချင်း(ဥမ)တွေအဝင်များနေပါတယ်။ တစ်ရက်ကို ပိဿာချိန် ၅၀၀၀ - ၁၀၀၀၀ ခန့် ဝင်နေတာကြောင့် အဝင်လှိုင်တယ်လို့ ဆိုရပါမယ်။ အဝင်များပေမယ့် ဝယ်လိုအားကတော့ ပုံမှန်သာရှိပါတယ်။ ဥမတွေ အဝင်လှိုင်နေ တာကြောင့် ချင်းတက်တွေကိုလည်း ထပ်မဖော်ကြပါဘူး။ တချို့ ချင်းတက်တွေ ကတော့ နှစ်ထပ်ချင်းတွေဖြစ်ကုန်ပြီလို့လည်း သိရပါတယ်။ ချင်းတက်ကမဖော်ဘဲ တစ်နှစ်လောက်ထားလို့ရပါတယ်။ ချင်းဥမ ကိုဆယ်ရင် အပင်ပိုသန်တာကြောင့် ချင်းဥမတွေကိုတော့ မဖော်မဖြစ် ဖော်ကြတာလို့လည်းသိရပါတယ်။ ဥမက အဝင် များလာလို့ ဈေးနည်းနည်းကျလာပြီး၊ တစ်ပိဿာကို ၁၀၀ ကျပ် - ၁၅၀ ကျပ်ဈေးရှိပါ တယ်။ချင်းတက်ကတော့ တစ်ပိဿာ ၂၀၀ ကျပ်မှ ၃၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါ တယ်။
ပြည်မြို့ချင်းဈေးကွက်အတွင်း တစ်ရက်ကို ချင်း(တက်)နဲ့ ချင်း(ဥမ)များ ပိဿာ ချိန် ၅၀၀ ခန့်နဲ့ ပုံမှန်အရောင်း အဝယ်ဖြစ်နေပြီး၊ ယခုတစ်ပတ်မှာ အောင်ပန်း တောင်ကြီးဘက်မှ ချင်း(ဥမ)များသာ ပိဿာ ၃၀ ဝင်အိတ် ၁၅၀ ခန့် အဝင်ရှိပြီး၊ ချင်းအတက်များ အဝင်မရှိတော့ကြောင်း သိရပါတယ်။ ဝယ်လက်များကလည်း လက်ကျန်ချင်းတက်များကို အဝယ်နည်းနေပြီး၊ ချင်း(ဥမ)များကို အဝယ်များနေတယ် လို့ ချင်းပွဲရုံများက သိရပါတယ်။ ဈေးကွက်အတွင်း ယခုတစ်ပတ် ချင်းဈေးမှာ ချင်း(ဥမ) တစ်ပိဿာကို ၃၅၀ ကျပ်၊ ချင်းအတက်(ဂျွန်) ၅၀၀ ကျပ်နဲ့ ဈေးငြိမ်နေ လျက် ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့ကို ပိဿာချိန် ၁၅၀၀ ခန့် ဈေးကွက်မှတစ်ဆင့် တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ဝင်းဝင်းခိုင်
ယခုနှစ်မှာ ကုလားပဲအထွက်လျော့ခြင်းနဲ့ လက်ကျန်မှာလည်း တော်တော်များများကျဆင်းနေခြင်းတို့ကြောင့် လာမယ့်ရက် တွေမှာ ကုလားပဲဈေးက စံချိန်သစ်တင်တဲ့အထိ မြင့်တက်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်ကလည်း ကုလားပဲ အထွက်လျော့လို့ လက်ကျန်ပြတ်လုနီးပါးဖြစ်ခဲ့ဘူးတဲ့အတွက် ကုလားပဲတစ်တန် ရူပီး ၄၈၀၀၀-၅၀၀၀၀ (ကန်ဒေါ်လာ ၈၈၁ - ၉၁၈)အထိ မြင့်တက်ရင်တောင် ဆိုးဝါးလာနိုင်မှာ မဟုတ်ပါဘူးလို့ ကုလားပဲ လက်ကားကုန်သည် Mr Prakash Vora မှ ပြောကြားပါတယ်။
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခုတစ်ပတ်အချို့ဈေးကွက်မှာ ဈေးငြိမ်ပေမဲ့ အချို့ဈေးကွက်မှာတော့ ကုလားပဲဈေး ဆက်လက်တိုးလာပါတယ်။ ယခုနှစ်အတွင်း လက်ကျန်လျော့ကျခြင်းနဲ့ အထွက်လျော့ကျခြင်း တို့ကြောင့် ကုလာပဲဈေးမြင့် တက်ေ နပါတယ်။ ထုတ်လုပ်မှုလျော့တဲ့အတွက် လွန်ခဲ့တဲ့ ၂ နှစ်အတွင်း လက်ကျန် ကျဆင်းနေပါတယ်။ လှောင်လက်များနဲ့ ဝယ်လက် များက ဈေးတက်မယ့် မျှော်လင့်ချက်ကြောင့် ဝယ်ယူစုဆောင်းထားခြင်းနဲ့ ပဲဝင်ရောက်မှု ကျဆင်းခြင်းတွေကြောင့် ဈေးဆက် လက်မြင့်တက်ဖွယ်ရှိပါတယ်။ ဈေးကွက်တွေမှာဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်-
ပြည်တွင်းလက်ကျန်နည်းလာပြီဖြစ်သလို လှောင်လက်များက ဈေးထိန်းပြီးရောင်းနေကြတဲ့အတွက် ဝယ်သူတစ်ဈေး ရောင်းသူ တစ်ဈေးဖြစ်နေလို့ အရောင်းအဝယ်ရော တင်ပို့မှုပါ လျော့နေကြောင်း သိရပါတယ်။ ယခုတစ်ပတ် ဇွန် ၂၅-၂၉ ရက်အတွင်း ကုလားပဲတန်ချိန် ၆၀၀ ကျော်သာ တင်ပို့မှုရှိခဲ့ပြီး ဇွန်လ တစ်လလုံးမှာ တန်ချိန် ၅၈၀၀ ကျော်တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။မေအတွင်းမှာတန်ချိန် ၂၁၀၀၀ ကျော်ထိတင်ပို့မှုတိုးတက်ခဲ့ပြီး ၂၀၁၁ ဇွန်အတွင်းမှာ တန်ချိန် ၇၃၀၀ ကျော် တင်ပို့နိုင်ခဲ့လို့ ယခုနှစ်ဇွန်လအတွင်းမှာ တင်ပို့မှု ကျဆင်းလာခဲ့ပါတယ်။
ဝမ်းတွင်းဈေးကွက်ကို ဧပြီလအတွင်း ရေသွင်းစိုက်ပျိုးခဲ့တဲ့ ပဲတီစိမ်းနဲ့ နွေနှမ်း များဝင်ရောက်လာပြီဖြစ်ပါတယ်။ ယခုတစ်ပတ်အတွင်း ဈေးကွက်ကို ပဲတီစိမ်းတင်း ၃၀ - ၄၀ ခန့် နေ့စဉ်ဝင်ရောက်ပြီး၊ ဈေးကွက်ပေါက်ဈေးမှာ ပဲတီစိမ်း(စိမ်းပြောင် လုံးကြီး)တစ်ပိဿာ ၁၀၃၅ ကျပ်၊ အစိမ်းလုံးသေး တစ်ပိဿာ ၈၉၅ ကျပ်၊ နွေနှမ်း (အညို) တစ်ပိဿာ ၁၆၀၀ ကျပ်၊ နှစ်ဟောင်းနှမ်း တစ်ပိဿာ ၁၄၀၀ ကျပ်ဖြစ်ပြီး၊ ကုလားပဲ (V2)တစ်ပိဿာ ၁၀၂၅ ကျပ်၊ ထိုင်ဝမ် တစ်ပိဿာ ၁၀၁၅ ကျပ်၊ ပဲစင်းငုံ (နီလုံးသေး) တစ်ပိဿာ ၈၅၀ ကျပ်၊ အလတ် တစ်ပိဿာ ၇၇၅ ကျပ် ဖြစ်ကြောင်း သိရပါတယ်။ ခင်စန်းမြင့်-ဝမ်းတွင်း
ယခင်တစ်ပတ်က အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲတီစိမ်းဈေးအနည်းငယ် တိုးခဲ့ရာမှ ယခုတစ်ပတ် မှာ ပြန်လည်ေ လျာ့ကျခဲ့ပါတယ်။ ပဲတီစိမ်းခွဲခြမ်းများကို ဝယ်လိုအားနည်းလာတဲ့အတွက် ဈေးကွက်အများစု လျော့ကျ ခဲ့ပြီး အချို့ဈေးကွက် တွေ မှာတော့ ဈေးငြိမ်နေတာ တွေ့ရပါတယ်။ အိန္ဒိယအချို့ဒေသတွေမှာ မိုးရွာ သွန်းမှုနှေးလို့ စိုက်ဧရိယာတွေလျော့ကျမှုရှိသလို အချို့ဒေသတွေမှာ ဈေးပိုရတဲ့ ဆီထွက်သီးနှံကို ပြောင်းလဲစိုက်ပျိုးလာကြတဲ့အတွက် ပဲတီစိမ်းစိုက်ပျိုးမှု ကျဆင်း မယ်လို့ ဈေးကွက်မှ ခန့်မှန်းကြပါတယ်။ ဇွန် ၂၉ ရက် မွန်ဘိုင်းဆိပ်ကမ်းကို မြန်မာ ပဲတီစိမ်းကွန်တိန်နာ ၃ လုံး ဝင်ရောက်ကြောင်း သိရပါ တယ်။ ဈေးကွက်တွေမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်-
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၄၁၄ သန်းတန်ဖိုးရှိ ပဲတီစိမ်း တန် ၂၁၀၀ ကျော်ကို ဇွန်လ ၂၇ ရက်မှ ဇူလိုင် ၃ ရက်ထိကာလအတွင်းမှာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်တင်ပို့မှုထက် တန် ၂၀၉၄ လျော့နည်းတင်ပိုခဲ့ပါတယ်။ ဧပြီလမှ ဇွန်လကုန်ထိ နယ်စပ်မှကန် ဒေါ်လာ ၁၆ သန်းကျော်တန်ဖိုးရှိ ပဲတီစိမ်းတန် ၂၃၆၁၀ တင်ပို့ထားပြီးဖြစ်ပါတယ်။ မိမိဘက်ရောတစ်ဖက်နိုင်ငံမြေပြင် ဈေးများ အနည်းငယ်တက်လျက်ရှိပါတယ် -
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲတီစိမ်းက ခပ်ပါးပါးသာ အရောင်းအဝယ် ဖြစ်နေပါတယ်။ အညာပဲတီစိမ်းအချို့ ဝင်ရောက်မှုရှိပေမဲ့ အရည် အသွေးကောင်းဈေးကွက်တွေ အတွက်သာ အရောင်းအဝယ်ရှိတယ်လို့ သိရပါ တယ်။ ဇွန် ၂၉ ရက်မှ ဇူလိုင် ၅ ရက်အတွင်း တန်ချိန် ၂၃၀၀ ခန့် အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ အရောင်းအဝယ်ဖြစ်မှုနည်းပေမဲ့ အခြားပဲဈေးများနည်းတူ ပဲတီစိမ်း FOB ဈေးလည်း တိုးလာခဲ့ပါတယ်။
